ဝင်္က၀ုတ္တိအလင်္ကာလို

သွယ်ဝိုက်ကာချစ်စကားဆို

ပွင့်လန်းမယ့်ပန်းလေးလို…………

ရွှေမြင့်မိုရ်ပုံပမာ

ဥပမာထားကာ

ချစ်လင်္ကာတစ်ဖန်ပျိုး

မောင့်မေတ္တာမျိုး………………….

ရူပကအလင်္ကာ

နှစ်ဖေါ်ကြင်စမှာ

ချစ်ရည်တူတုလို့ပြိုင်

သူငိုင်မှာစိုး…………………….

မြည်သံစွဲအလင်္ကာ

သူ့အသံသာလိုက်တာမှ

မောင့်နားဝယ်ပျားသကာရယ်ဆမ်းပါလို့

ဥသြငယ်မှိုင်………………

အတိသယအလင်္ကာ

ဒီဘ၀မှာမကြင်ရရင်ဖြင့်

နောင်သံသရာအဆက်ဆက်

ဆယ်ကမ္ဘာထက်ဝယ်

ချစ်စိတ်မပျယ်…………..

 

About lulinmg

has written 31 post in this Website..

   Send article as PDF