ချစ်အလင်္ကာ

lulinmgDecember 13, 20111min631

ဝင်္ကဝုတ္တိအလင်္ကာလို

သွယ်ဝိုက်ကာချစ်စကားဆို

ပွင့်လန်းမယ့်ပန်းလေးလို…………

ရွှေမြင့်မိုရ်ပုံပမာ

ဥပမာထားကာ

ချစ်လင်္ကာတစ်ဖန်ပျိုး

မောင့်မေတ္တာမျိုး………………….

ရူပကအလင်္ကာ

နှစ်ဖေါ်ကြင်စမှာ

ချစ်ရည်တူတုလို့ပြိုင်

သူငိုင်မှာစိုး…………………….

မြည်သံစွဲအလင်္ကာ

သူ့အသံသာလိုက်တာမှ

မောင့်နားဝယ်ပျားသကာရယ်ဆမ်းပါလို့

ဥဩငယ်မှိုင်………………

အတိသယအလင်္ကာ

ဒီဘဝမှာမကြင်ရရင်ဖြင့်

နောင်သံသရာအဆက်ဆက်

ဆယ်ကမ္ဘာထက်ဝယ်

ချစ်စိတ်မပျယ်…………..

 

One comment

  • lulinmg

    December 22, 2011 at 9:43 pm

    ဘာဖြစ်လဲကွာ ဘယ်လိုချစ်ချစ်ချစ်တာပဲလေ

Leave a Reply