လူမျိုးကြီးဝါဒ မြန်မာပြည်

Mg OggaDecember 13, 20111min24228

အခြေခံဥပဒေ ရေးဆွဲပြီးကာစ ကျွန်တော်တို့ လူငယ်တစ်သိုက် ၂၀၀၈ အခြေခံ ဥပဒေကိုဘာများ ပါမလဲ သဲကြီးမဲကြီး လေ့လာနေတဲ့ ကာလဖြစ်သည်။ လေ့လာနေရင် အခွင့်အရေးတစ်ခု ပေါ်လာသည် CE Civil Education Multiplier သင်တန်း တတ်ခွင့်ရလိုက်သည်။ Multiplier ဆိုတာ အမြင့်ဖွင့် အခြေခံအဆင့်လောက်လည်းမဟုတ် ဆရာဖြစ် သင်တန်း ToT လို့လည်း မမြင် ဒီနှစ်ခုကြားက အမျိုးအစားဖြစ်သည်။ သင်တန်းတတ်သူများ က ဗမာမဟုတ်သည့် တိုင်းရင်းသား များသည်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ လူငယ်ကွန်ရက် က ကျွန်တော်ရယ် ပပ ရယ် တတ်ခွင့် ရသည်။ ပပ ကလည်း မွန်ဗမာ ကျွန်တော်တစ်ယောက်သာ ဗမာပါသည်။

နောက် သင်တန်းမှာ ကိစ္စတစ်ခု အပြန်အလှန် ဆွေးနွေးစရာတစ်ခု ပေါ်လာသည်။ ဤသည်ကား ဒု သမ္မတ နေရာ တိုင်းရင်းသားများ ရနိုင်မရနိုင်ဖြစ်သည်။ သူတို့ ဆိုလိုသည့် တိုင်းရင်းသားမှာ ဗမာ မဟုတ်သည် အခြား လူမျိုးများကို ဆိုလိုသည်။ ဗမာကို တိုင်းရင်းသားလို့ လက်မခံ။ ဒီပြဿနာ အတော်ကြီးသည်။ အားလုံးက ဗမာကို အုပ်ချုပ်သူ လူတန်းစားနဲ့ တစ်တန်းထဲထားသည်။ စကားပြောရင် နင်တို့ ဗမာတွေ ကလို့ ပြောသည်။ ကျွန်တော် စကားပြောမည့် အလှည့်ရောက်လာသည်။ လူအနည်းစု ဗမာမဟုတ်သည် တိုင်းရင်းသားများက လူအများစု ဗမာများကို ခွဲခြားဆက်ဆံတာ ရင်ထဲမကောင်း။ ဗမာ လူမျိုးလည်း စစ် ဖိနပ်အောက် အခြားတိုင်းရင်းသားတွေလည်း စစ်ဖိနပ်အောက် ကွာခြင်းကွာ ဘယ်ဘက် ဖိနပ် နဲ့ ညာဖက် ဖိနပ်သာကွာမည်။ အုပ်ချုပ်သူက ဗမာမို့ ဗမာတွေ ကို မုန်းကြသည်။ ကျွန်တော် အမေလည်း ဗမာ အဖေလည်း ကျွန်တော် လည်း ဗမာ ကျွန်တော်အတွက် ရွှေးချယ်ခွင့် မရှိ။ ကျွန်တော် ကချင်ဖြစ်ချင်လို့ မရ ကျွန်တော် ကရင် ဖြစ်ချင်လို့ မရ။ ကျွန်တော် စကားပြောရင်း အသံ တ်ိမ်ဝင်လာသည်။ မျက်ဝန်းမှာ မျက်ရည် စို့တတ်လာသည်။

ကျွန်တော် ဗမာတစ်ယောက် ပါ ဒါပေမယ့် ကျွန်တော် တိုင်းရင်းသား အားလုံးကို ညီအကိုလို သဘောထားလျက် ကျွန်တော်ကို ကျွန်တော်လို့ ပြန်သဘောမထားတာ ဝမ်းနည်းမိသည်။ မျက်ရည်တွေ အပြင်ကိုတော့ မစီး ရင်ထဲ၌သာ ကျိတ်၍ငိုသည်။

နောက်ပိုင်း စဉ်းစားမိမှ သူတို့ မှန်းတာလည်း အကြောင်းရှိသည်။ တိုင်းရင်သားလူမျိုးအများစု ရှိသည် ဒေသများက လူသူအရောက်အပေါက်နည်းကသည် ဒီနေရာကို ရောက်သည် ဗမာဆိုသူများက ကျွန်တော်တို့ မဟုတ် သူတို့။ သူတို့ ရွာ မီးနဲ့ ရှို့ကြသည်၊ မိန်းကလေးများကို မုဒိန်းကျင့် ကြသည်။ ကြက်ဆွဲ ချက်စား ကြသည်။ ထိုသူတို့ သည် ကျွန်တော်တို့ မဟုတ် သူတို့သာဖြစ်သည်။ ရာဇဝင် သမိုင်း ကြောင်းအရလည်း ဗမာတွေ ကို မုန်းကြသည်။ ရခိုင်တွေ မြတ်နိုးတန်ဖိုးထားသည် မဟာမြတ်မုနိဘုရားကြီး ကို အနိုင်ကျင့် ယူဆောင်ခံရသည်။ မွန်တို့ မင်းနေပြည်သည်လည်း ဗမာဘုရင်များကြောင့် ဖျက်ဆီးခံရသည်။ သမိုင်းကြောင်းအရ အစော်ကားခံခဲ့ရတာတွေ ကို မမေ့ပျောက်ကြ။ သူတစ်ပါး နယ်မြေကို ကိုယ်က ကျူးကျော်တော့ နယ်ပယ် ချဲထွင်သည်ဟု ရေးပြီး သူတစ်ပါး ကိုယ့်ဒေသကို ကျူးကျော်တော့ နယ်ချဲ့ သည်ဟုပြောသော သမိုင်းသင်ခန်းစာကို ကျွန်တော်တို့ သင်ကြားရသည်။

ကျောင်းမှာ စာသင်ကြားတော့လည်း သူတို့ လူမျိုးတွေ ကို အနိုင်ကျင့်ခဲ့တဲ့ ဗမာ့ သူရဲကောင်းတွေ ကို အမျိုးသား သူရဲကောင်း အဖြစ်သင်ကြားခဲ့ရသည်။ ကျောင်းအသင်းအဖွဲ့များကလည်း ကျန်စစ်သား၊ ဘုရင်နောင်၊ အလောင်းဘုရား၊ တပင်ရွှေထီး အသင်းတဲ့ ရာဇာဓရာဇ်အသင်းမပါ၊ လဂွန်းအိမ် အသင်းမပါ၊ ထော့မဲပါ အသင်းမပါ၊ ဖုံကန်ဇီဝါ အသင်းမပါ၊ စော်လဖော် အသင်းမပါ မလည်း မရှိ ကြားလည်းမကြားဘူး။ တိုင်းရင်းသား ဒေသခံဘာသာစကားကို လည်း ကျောင်းတွင် မသင်ရ မပြဌာန်း၊ အခြားပြင်ပ ရိုးရာယဉ်ကျေးမှု အသင်းတွေ က ကိုယ်ပိုင်တိုင်းရင်းသား ဘာသာစကားကို သင်ပေးမှ တတ်ကြသည်။ ထိုအသင်းများက လည်း လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့်ရသည်မဟုတ်။ ထို်တိုင်းရင်းသား စာပေယဉ်ကျေးမှု အသင်းများ မရှိရာ အရပ်က တိုင်းရင်းသားများမှာ မိမိတို့ ကိုယ်ပိုင်ဘာသာစကား ကို မေ့ပျောက်ပြီး မြန်မာစကားသာ ပြောဆိုကြတော့သည်။ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတွင် ဘာသာစကား စာပေပျောက်ပြီး နောက် လူမျိုးပါ ပျောက်သွားသည့် လူမျိုးမနည်း။

လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသား မှတ်ပုံတင် ဌာနကလည်း ဗမာလူမျိုး ဗုဒ္ဓဘာသာဆို မှတ်ပုံတင်ရရန် လွယ်ကူသည် တခြားတိုင်းရင်းသား ဘာသာခြားဆို မလွယ်လှ။ ဒီလိုနှင့် တိုင်းရင်သားတို့ မှာ မှတ်ပုံတင် လွယ်ကူစွာ ရစေရန် မှတ်ပုံတင်ထဲတွင် ဗမာ ဗုဒ္ဓဟူတည့်ရသည်။ ဗုဒ္ဓဘာသာဆို ဗမာဖြစ်ရသည်။ ဗုဒ္ဓဘာသာ မွန်လည်းရှျိသည် ရခိုင်လည်းရှိသည် ကရင်လည်းရှိသည် သို့သော် ဗမာဖြစ်ရလေသည်။ လူမျိုးရေး အမှတ်သဏ္ဏန် ပျောက်ဆုံးပေတည်း။

ရိုးရာယဉ်ကျေးမှု နဲ့ ပတ်သက်ပြီးတော့လည်း ယဉ်ကျေးမှု ထိန်းသိမ်းတယ်လို့ ဆိုကာ ဆိုကရေးတီး ပြိုင်ပွဲတိုင်းတွင်လည်း ဆိုရ ကရ ရေးရ တီးရ သည်မှာ ဗမာသီချင်းများ ဗမာအကများ ပင်ဖြစ်သည်။ ရှမ်းအိုးစည်ဖြင့်အတီးပြိုင်သည်မကြားဖူး ကရင်ဒုံးယမ်း ကသည် မမြင်ဖူး။ ရခိုင်သီချင်း ဆိုသည် မကြားဖူး။ မွန်သီချင်းရေးသည် မမြင်ဖူး။ အားလုံး ဗမာ အက ဗမာ သီချင်း များသာ။

တိုင်းရင်းသား စာပေယဉ်ကျေးမှုများကို ထိန်းသိမ်ရာတွင်လည်း မဆလ ခေတ်တွင် လူမျိုးများအကြောင်း လမ်းစဉ်ပါတီက ထုတ်ဝေခဲ့သော်လည်း(မဆလကို တမ်းတခြင်းမဟုတ်) အခု တိုင်းရင်းသားယဉ်ကျေးမှု တွေ အကြောင်း အဓိကလေ့လာသည် မနုဿဗေဒဌာနသည်ပင် တက္ကသို်လ်နယ်ပယ်တွင် အမေ့ခံ ဌာန တစ်ခု ဖြစ်နေပါပြီ။ တိုင်းရင်းသားများ ကို်ယ်ထူကိုယ်ထ လုပ်သည် စာပေယဉ်ကျေးမှု အသင်းများကို လည်း လွတ်လွတ်လပ်လပ် ဖွဲ့စည်းခွင့် မရှိ အောင် လုပ်ထားကြသည်။

နောက် ဆိုးဝါးသည် တစ်ခုမှာ တိုင်းရင်းသားများ ဗိုလ်သင်တန်း တတ်ခွင့် မရခြင်းဖြစ်သည်။ တိုင်းရင်းသားများသည် အမိမြန်မာပြည်မြေပေါ်နေပြီး အမိမြန်မာပြည်ရေးသောက် အမိမြန်မာပြည် လေကို ရှုရှိုက်ရသော်လည်း အမိမြန်မာပြည်ကို ကာကွယ်ခွင့် မရကြပေ။

ဗမာ လူမျိုးကြီးဝါဒနဲ့ အတူ ကပ်ပါလာတာက ဗုဒ္ဓဘာသာ။ အစိုးရဌာန ဝန်ထမ်းလောကမှာလည်း ဗုဒ္ဓဘာသာ မဟုတ်ရင် ရာထူးအတက်နှေးသည် အခွင့်အရေးနည်းသည်။ ဒီလိုမူဝါဒ ချမှတ်တာကော ဗုဒ္ဓအလိုဟုတ်ပါ သလော ကျွန်တော် မတွေးတတ်ပါ။ လူအခွင့်အရေးကြေညာစာတမ်းအရ လူသားတိုင်း နှစ်သက်ရာ ဘာသာတရား လွတ်လွတ်လပ်လပ်ကိုးကွယ်ခွင့် ပြုခဲ့သည် ဆိုသည် အချက်ပါသည်။ ဗုဒ္ဓဘာသာ မှ မဟုတ်ရင် နိုင်ငံတာဝန်ထမ်းဆောင်ရာတွင် အခွင့်အရေးတန်းတူမရကြပေ။ နောက် ပိုဆိုး သည်က လောက သုံးပါး သတ္တဝါ အားလုံးအတွက် ဟောကြားထားသည် ဗုဒ္ဓတရားတော်များသည် ဗမာ လူမျိုးများ၏ မူပိုင်အဖြစ် အချို့ ဘာသာရေးသင်တန်းများတွင် သင်ကြားကြသည် ကို ကိုယ်တိုင် မြင်ခဲ့ဖူးသည်။ မသိနားမလည် မစဉ်းစားတတ်သေးသည့် နှငယ်သည် ကလေးသူငယ်များကို လူမျိုးရေးမုန်းတီမှု အဆိပ်ခတ်လိုက်သည်ဟု ကျွန်တော်ရိုးသားစွာမြင်မိပါသည်။ ဤသည့် ဗုဒ္ဓအလိုကျ လုပ်ပါသလော့ မုန်းတီမှုသည် ဒေါသဖြစ်သည် ဗုဒ္ဓကား ရန်သူကိုပင် မေတ္တာ(ကောင်းစေချင်သည့် စေတနာ) ထားရမည်ဟု လမ်းညွန်ပြထားသည် မဟုတ်ပါလော။

ထိုအထက်ပါ ကိစ္စတွေ အားလုံး ကျွန်တော် ကိုယ်နဲ့သော်လည်းကောင်း စိတ်ဖြင့်သော်လည်းကောင်း အားမပေး မလုပ်လို ကျွန်တော်မကြိုက် ကျွန်တော် ကိုယ်နဲ့သော်လည်းကောင်း စိတ်ဖြင့်သော် လည်းကောင်း နှုတ်ဖြင့်သော်လည်း ကောင် ဆန့်ကျင်ပါသည်။

သို့သော် ထိုကိစ္စများကို ပြုလုပ်သူများ အကောင်အတည်ဖော်သူများမှာ အုပ်ချုပ်သူ လူတန်းစား ဗမာများ ဖြစ်သည်။ ကျွန်တော်သည်လည်း ဗမာဖြစ်သည်။ ထိုကိစ္စသည် ကျွန်တော်မပြုလုပ်ခဲ့သော်ဌား ကျွန်တော်တွင် တာဝန်ရှိသည်။ တာဝန်ရှိ၍ တာဝန်ယူရမည်ဖြစ်သည်။ ဒုတိယ ကမာ္ဘစစ်အတွင်း ဖက်ဆစ် ဂျပန်တို့ နိုပ်စက်ကြလို့ အရှေ့တောင်အာရှ နိုင်ငံ အတော်အများ ဒုက္ခရောက် ကြသည်။ ယခု ဂျပန်အစိုးရ ကား ဒုတိယကမာ္ဘစစ်က ဖက်ဆစ် အစိုးရနဲ့ ဘာမှ မဆိုင် သို့သော် အခုထိ စစ်တွင်းကိစ္စများကို ယခုထိ တောင်းပန်ကြသည်။ ကျွန်တော်လည်း ယခု တိုင်းရင်းသား လူမျိုးများအပေါ် ယခင်ပြုခဲ့သည် ကိစ္စရပ်များ အားလုံးကို ဝန်ချတောင်းပန်ပါသည်။

တိုင်းရင်းသား ယဉ်ကျေးမှု ကိစ္စရပ်များကိုလည်း ပုံပြောသူများ အဖွဲ့ဝင်အဖြစ်အနေနဲ့ လည်းကောင်း ဘာသာခြားများအခွင့်အရေးရတန်းတူရရှိရေး ကိစ္စရပ်များကို လူမှုအကျိုးပြု ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် လည်းကောင်း တတ်စွမ်းသမျှ ထိန်းသိမ်းသွားပါမည်။

ဗဟုယဉ်ကျေးမှု ဖြစ်ထွန်းပါစေ လူမျိုးကြီးဝါဒ ကျဆုံးပါစေ ပဋိပက္ခများ ချုပ်ငြိမ်းပါစေ

မေတ္တာဖြင့်

မောင်ဥဂ္ဂါ

28 comments

  • kai

    December 13, 2011 at 4:40 pm

    မြန်မာပြည်က..ကမ္ဘာနိုင်ငံတွေထဲ.. ဘာသာရေးခွဲခြားဖိနှိပ်မှု အများဆုံးနိုင်ငံ ၃နိုင်ငံထဲပါတယ်..။
    ဆိုတော့..
    အယူအဆမတူရင်.. ဝိုင်းနှိပ်ကွပ်ယုံတင်မဟုတ.်…အာဏာပိုင်နဲ့ပေါင်းပြီး..ထောင်ချ.. သတ်တာမျိုးအထိ..လွယ်လွယ်နဲ့လုပ်တတ်တယ်..။
    ပြီးတော့.. ဗုဒ္ဓဘာသာကို.. မြန်မာကပဲပိုင်သလိုလို…လို…။
    ကာကွယ်စောင့်ရှောက်ဖို့.. ဗုဒ္ဓကပဲ..အခွင့်ပေးထားသလိုလို…။

    ဗမာလည်း..ဗမာ..ဗမာချင်းချဖို့..သိပ်တော်ကြတာ…။
    ဘာပဲဖြစ်ဖြစ်…
    တိုင်းရင်းသားတွေကိုတော့.. သက်ဆိုင်ရာအာဏာပိုင်အစိုးရတွေက.. လုပ်ခဲ့တဲ့… အမှားအယွင်းတွေဝန်ချတောင်းပန်တာ.. ကျေးဇူးတင်တာမျိုးအတွက်.. နေ့ရက်သတ်မှတ်လုပ်ပေးသင့်တယ်ထင်ပါကြောင်း…
    “ကျေးဇူးတော်နေ့”မြန်မာပြည်မှာ သတ်မှတ်လုပ်ပေးဖို့..အဆိုတင်သွင်းပါကြောင်း..။

    • we ren thu

      December 13, 2011 at 9:41 pm

      kai ရေ အဲဒိီလိုကြေးဆိုရင် ပါကစ်တို ့ ဖိလစ်ပင်းတို ့ မလေးတို ့ အီရန်တို ့မှာနေဖူးလားလို ့မေးရမှာပဲ မမလေူပြောသလို ဗုဒ္ဓဘာသာမပာုတ်လို ့ထောင်ချခံရတဲ့ ပုဂ္ဂိုလ် မြန်မာပြည်မှာ ရှ်ရင် ပြောပေးပါဦး ကျတော် ခဗျားလေးရဲ့ဘာသာထဲ ဝင်ပေးပါမယ်
      ဘူးသီးတောင်တို ့မောင်တောတို ့မှာ ပလူပျံနေတဲ့ ဗလီတွေ ဆူးလေဘုရားနားမှာ ဘုရားထက်ကို မြင့်တော့မတတ် church ကြီးနဲ့ လူ ့အခွင့်အရေးဘန်းပြပြီး ခြေလှမ်းကြဲကြဲနဲ့ ရောဝင်လာတဲ့ ခဗျားလေးတို ့ရဲ့ အကွက်တွေကလေ … ရိုး…နေပါပြီဗျာ ပြီးခဲ့တဲ့ သင်္ကြန်လောက်က ဒီနိုင်ငံကို ခရစ်ယာန် နိုင်ငံဖြစ်ရေး အထူးကြိ ူးပမ်းနေတဲ့ စင်ကာပူက ဖာသာကြီး လာပြီး (ဘာတွေလုပ်သွားတယ် ဆိုလားပဲ) ရပ်ကွက်ထဲမှာလည်း ခဗျားလေးတို ့ရဲ့ ကျေးဇူးတော်သီချင်း တွေ နားမခံသာအောင် ဂစ်တာကြီး ဂေါင်ဂေါင်ဂေါင်ဂေါင်နဲ့ ဆိုနေကြတာ ဘယ်အစိုုးရ ၊ရယက ကများလာတားသလဲဆိုတာလေး ပြောပေးပါဦး

      • kai

        December 14, 2011 at 12:05 am

        ကျေးဇူးတော်နေ့သုံးလိုက်လို့.. ဘာသာရေးနဲ့ရောမြင်သွားတယ်ယူဆမိပါတယ်..။
        Thanksgiving(ကျေးဇူးတော်နေ့) ဟာ.. အမေရိကာနဲ့ကနေဒါမှာသာကျင်းပါတဲ့.. အရင်ရှိနှင့်နေသူ.. နေးတစ်(တိုင်းရင်းသား)တွေကို.. နောက်ရောက်လာသူ(ဥရောပသား)တွေက.. အကူအညီပေးကြွေးမွေးစာင့်ရှောက်တာတွေအတွက် ကျေးဇူးတင်ကြောင်းပြောရင်း လုပ်ပေးတဲ့ ပွဲတော်သာဖြစ်ကြောင်းပါနော..
        ဆိုတော့..
        အဲဒီနေ့မှာ.. ဗမာက…တိုင်းရင်းသားတွေ ကျေးဇူးတင်ကြောင်းပြောပြီး လက်ဆောင်ပေး.. တိုင်းရင်းသားတွေကလည်း ဗမာတွေပြန်ပြော..လက်ဆောင်ပေး..ကြွေးမွေး.. မကောင်းဘူးလား..

        နားလည်မှုလွဲသွားရင် ဆောရီးခင်ဗျ…။ 😆
        ==
        http://en.wikipedia.org/wiki/Thanksgiving
        Thanksgiving Day is a holiday celebrated primarily in the United States and Canada. Thanksgiving is celebrated each year on the second Monday of October in Canada and on the fourth Thursday of November in the United States. Because of the longstanding traditions of the holiday, the celebration often extends to the weekend that falls closest to the day it is celebrated.
        In the United States
        Main article: Thanksgiving (United States)
        The First Thanksgiving at Plymouth By Jennie A. Brownscombe (1914)

        In the United States, the modern Thanksgiving holiday tradition traces its origins to a 1621 celebration at Plymouth in present-day Massachusetts. There is also evidence for an earlier celebration on the continent by Spanish explorers in Texas at San Elizario in 1598, as well as thanksgiving feasts in the Virginia Colony.[7] The initial thanksgiving observance at Virginia in 1619 was prompted by the colonists’ leaders on the anniversary of the settlement.[8] The 1621 Plymouth feast and thanksgiving was prompted by a good harvest. In later years, the tradition was continued by civil leaders such as Governor Bradford who planned a thanksgiving celebration and fast in 1623.[9][10][11] While initially, the Plymouth colony did not have enough food to feed half of the 102 colonists, the Wampanoag Native Americans helped the Pilgrims by providing seeds and teaching them to fish. The practice of holding an annual harvest festival like this did not become a regular affair in New England until the late 1660s.[12]

        According to historian Jeremy Bangs, director of the Leiden American Pilgrim Museum, the Pilgrims may have been influenced by watching the annual services of Thanksgiving for the relief of the siege of Leiden in 1574, while they were staying in Leiden.[13]
        Contending origins

        The claim of where the first Thanksgiving was held in the United States, and even the Americas, has often been a subject of debate. Author and teacher Robyn Gioia and Michael Gannon of the University of Florida have argued that the earliest attested “Thanksgiving” celebration in what is now the United States was celebrated by the Spanish on September 8, 1565, in what is now Saint Augustine, Florida.[14][15]

        Similarly, many historians point out that the first thanksgiving celebration in the United States was held in Virginia, and not in Plymouth. Thanksgiving services were routine in what was to become the Commonwealth of Virginia as early as 1607.[16] A day of Thanksgiving was codified in the founding charter of Berkeley Hundred in Charles City County, Virginia in 1619.[17]

        • Wow

          December 14, 2011 at 10:06 am

          ဟီ…ဟိ.. အနေအထိုင်မတတ်တော့ အပြောခံရဘီ…
          အနေအထိုင်မတတ်တာ ငါတစ်ယောက်ထဲဟုတ်ဘူးဟ…
          😀

      • we ren thu

        December 15, 2011 at 7:03 pm

        ကျတော်က ဘုန်းဘုန်း ဝီရသူ ကို ငယ်ငယ်ကတည်းက ကြည်ညိုလို ့ ဝီရံသူလို ့ နာမည်တပ်ထားတာပါ(သူ့နာမည်အတိုင်းယူရင် သူ့ကို ရိုင်းရာကျမှာစိုးလို ့ပါခဗျာ.)
        အဲဒီဘုန်းဘုန်းကို မိုးကုတ်မှာတုန်းက ဆွမ်းတောင်ကပ်ခဲ့ရပါသေးတယ်
        အင်္ဂလိပ်လိုဆို we ra thu မှ ဝီရသူပါ
        အခုက we ren (ရမ်) လို့ အသံထွက်ပါခဗျာ…
        .နောက် ကျတော်က ဗမာမပာုတ်ပါဘူးခဗျာ… ရှမ်းစစ်စစ်ပါ….( ဒါပေမဲ့ မြန်မာနိုင်ငံသား…)
        ဘုန်းဘုန်း ဝရသာမိကိုတော့ သူငယ်ချင်းတွေပြောလို ့ကြားဖူးထားပါတယ်ခဗျာ….

        • inz@ghi

          December 15, 2011 at 7:57 pm

          ဟုတ်ပါပြီ ဆြာလေး ..
          နာမည် ယူထားတာလည်း ဘုန်းကြီးနာမည် adapt လုပ်ထားတာ …
          မန့်လိုက်တော့လည်း ဘာသာရေး ပိုစ့်တွေ ချည်း….
          တင်ထားတဲ့ ပုံကျတော ့ …ကောင်မလေးတယောက် ရေကူးကန်ထဲမှာ ….
          သိပ်တော့ အဆီအငေါ်မတည့်သလိုပဲနော….

          ခင်လို့အကြံပေးမယ် ….တခုခုတော့ ပြင်လိုက်ပါဗျာ….

    • we ren thu

      December 13, 2011 at 9:46 pm

      ဆေးကျောင်း။ ရေကြောင်း. gtc သူငယ်ချင်းတွေထဲမှာ ခဗျားလေးတို ့တွေအများကြီးပါ အဆိုတော်တွေထဲမှာလည်း phyu phyu kyaw thein တို့ l sai zi တို ့ကို များ buddhist မပာုတ်လို ့ ဆိုခွင့် ပိတ်တယ်လို ့လည်း မကြားမိပေါင်း( ကျတော်ပဲ ဗပာုသုတ မရှိလို ့နေမှာပါ)

      • Mg Ogga

        December 13, 2011 at 10:07 pm

        ဘုန်းဘုန်း ဝိရသူ နာမည် နဲ့ ပဲ(ဘုန်းဘုန်းဝိရသူက အာဏာရှင်လက်ချက်နဲ့ တောရဆောက်တည်နေတာ) ဦးဇင်းဝရသာမိ ထင်ပါရဲ့ ( ရမ်းထုတ်ခြင်း)

  • inz@ghi

    December 13, 2011 at 4:48 pm

    ဖက်ဒရယ် ဘက်ကမန့်ရင်ကောင်းမလား …
    (ကြောက်ထှာ ….)

    minority tribes တွေရဲ့ human right ဘက်က မန့်ရင်ကောင်းမလား
    (လန့်ထှာ…….)

    ဟိုတလောက ဟော့သွားတဲ့ ယိုးဒယားဂျာ ဆိုပီး
    ဝင်ရိရင်ကောင်းမလားဟု….
    တွေးရင်း အိပ်ပျော်တွားဘာသည်

  • char too lan

    December 13, 2011 at 4:51 pm

    သဂျီးမင်း…….. ဟီးဟီးးး 🙂 🙂 သဂျီးမင်း…………… 😀 😀
    သဂျီးမင်းကလေ ကျနော့်ကို ကျိတ်ပီးကြိုက်နေတဲ့ 😉
    ကောင်မလေးတစ်ယောက်ရဲ့ရင်ထဲက အချစ်နဲ့ တူဒယ် .. ဟဲဟဲ 😛 😛

  • three colors

    December 13, 2011 at 5:23 pm

    လက်ရှိ ဒု သမတ တယောက်က ရှမ်းပါ၊
    post လုပ်တဲ့သူက မြန်မာပြည်မှာ မနေဘူး နဲ့တူတယ်၊ဗမာ လဲတကယ် ဟုတ်ဟန်မတူဘူး၊
    ဗိုလ်သင်တန်း တက်ခဲ့တဲ့ တိုင်းရင်းသား သူငယ်ချင်း၊မိတ်ဆွေတွေ လဲ အများကြီးပါဘဲ။

    • Mg Ogga

      December 13, 2011 at 7:16 pm

      သုံးရောင်ချယ် ကိုယ်ဆရာ့ရေ ဒုတိယ သမ္မတကို တိုင်းရင်သားမဖြစ်ရပါဘူးလို့ ကျနော်စာထဲမှာ မရေးထားရကြောင်းပါ ဖြစ်နိုင် မဖြစ်နိုင်ဆွေးနွေးကြတယ်ဆိုပဲ ဆိုထားပါတယ် ( စာသေချာပြန်ဖတ်ပါ) နောက် ကိုယ့်ဆရာ သူငယ်ချင်း ဗိုလ်သင်တန်းဆင်းတွေက ဘယ်နှစ်က ပါလည်း ဖြစ်နိုင်ရင် ဟိုးအရင်ကဟာတော့ မပြောနဲ့နော် မျက်မှောက်ခေတ်ဗိုလ်သင်တန်းဆင်း ရှိတယ်ဆို အပတ်စဉ်လေးရယ် ဘာတိုင်းရင်းသားဆိုတာ သိခွင့်ရှိမလား ကျနော်မြန်မာပြည်မှာမနေဘူး ဗမာ မဟုတ်ဘူးဆိုတာ ဘာအထောက်ထားနဲ့ ပြောတာလည်း ခင်ဗျာ အညာသား စစ်စစ်ပါခင်ဗျာ ရန်ကုန်ကြည်မြင့်တိုင် နေပါတယ် ဆွေးနွေးချင် ကြိုဆိုပါတယ်

      • ဒီမယ်ခင်ဗျာ့..

        တိုင်းရင်းသားတွေ ဗိုလ်သင်တန်းတက်ခွင့်မရှိဘူးဆိုတာတော့ မမှန်ကြောင်းဦးစွာပြောလိုပါတယ်.. DSA အပါတ်စဉ် ၄၆ ဆင်းတွေထဲမှာ တိုင်းရင်းသားတွေလဲ ပါတာပါပဲ.. ခုဆိုရုရှားမှာတောင် ရောက်နေကြသူတွေရှိတယ်.. ပြန်တမ်းဝင်အမှတ် ကြည်း-၃၇… တွေပေါ့လေ။ ဆိုတော့ကာ.. ဘာကြောင့်မို့လို့ တိုင်းရင်းသားတွေ ဗိုလ်သင်တန်းတက်ခွင့်မရဘူးလို့ ထင်စရာဖြစ်လောက်အောင် ဗိုလ်တွေထဲမှာ တိုင်းရင်းသားတွေ ဘာကြောင့်နည်းနေရလဲဆိုတာက စပြောမှဖြစ်မယ်ထင်တယ်။

        ပြောရမယ်ဆိုရင်တော့ လွန်ခဲ့သော နှစ်ပေါင်း အတော်များများကပေါ့ဗျာ..

        စစ်တပ်ဆိုတာ၊ စစ်သားဆိုတာ တိုင်းရင်းသားတွေပါးစပ်ဖျားမှာ အထင်ကြီးအားကျစရာ၊ လေးစားစရာယောကျာ်းတွေအနေနဲ့ သားမက်တော်ချင်ကြသူတွေ မနည်းဘူး။ ဘယ်နယ်ရောက်ရောက် လူတိုင်းက လေးစားသမှုရှိကြတယ်၊ အားကျ ကျတယ်။ အဲလိုနဲ့ အရွယ်ရောက်လာတဲ့ ယောကျာ်းလေးတွေ (တိုင်းရင်းသားတွေ အတော်များများပေါ့) တပ်ထဲ ဝင်လာကြတယ်။ မယုံရင် L ခွန်းရီအဖေ ဘာလဲပြန်ကြည့်။ အဲဒီမှာ တိုင်းရင်းသားတွေချည်း စုဖွဲ့ပြီး သေနတ်ကိုင်တပ်ရင်း (သနက) တွေ ဖွဲ့စည်းပေးခဲ့တယ်။ လက်အောက်ခံ ရဲဘော်ကစလို့ တပ်ရင်းမှူးထိ တူရာတူရာ တိုင်းရင်းသားတွေချည်းပဲ။ ကွန်မြူနစ်တွေ ကြီးစိုးလာတဲ့အချိန်၊ ရန်ကုန်အစိုးရလို့ ခေါ်ဝေါ်သမုတ်ခံရတဲ့ ဦးနေဝင်းအစိုးရဖြစ်အောင်လို့ လုပ်ခဲ့တာကလဲ အဲဒီအချိန်တုန်းက သနက တပ်တွေ တောခိုသွားတာကြောင့်လဲဖြစ်တယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်မှာ တိုင်းရင်းသားဆို မယုံရဲတော့တဲ့သဘော သက်ရောက်သွားတယ်။ အဲဒါတွေနောက်ပိုင်း၊ ဦးနေဝင်းအစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာ စစ်တပ်ထဲမှာ ABC ဘယ်တော့မှ မကြီးပွားဆိုတာ ပြောစကားဖြစ်လာခဲ့တယ်။ A ဆိုတာကတော့ AIDS လို့ပြောတဲ့ ဆေးအဆင့်ချခံရတဲ့သူတွေ၊ B ဆိုတာကတော့ ၂၀၀၁ ခုနှစ်နောက်ပိုင်း ဗိုလ်သင်တန်းကျောင်းဆင်း ဗိုလ်ပြုတ်တွေ ချစ်စနိုးနဲ့ခေါ်တဲ့ အသည်းရောင်အသားဝါ ဘီပိုး၊ C ဆိုတာကတော့ ခရစ်ယာန် လို့ ယေဘူယျသတ်မှတ်တဲ့ ဘာသာခြားတွေ၊ ဘယ်လိုနည်းနဲ့မှ တပ်မတော်မှာ ရာထူးထပ်မတိုးနိုင်ပါဘူး။ အလွန်ဆုံးပေးလှ Captain ပေါ့၊ စီနီယာကြီးတွေဘဝနဲ့ပဲ သင်တန်းကျောင်းတွေအပို့ခံရပြီး နောက်ဆုံးပင်စင်စားသွားရကြတာပါပဲ။ ဒါတွေကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ကြားလာရတော့ ဘယ်တိုင်းရင်းသားတွေမှ စစ်ထဲ မဝင်လိုကြတော့ဘူး။

        တစ်ခြားတစ်ဖက်မှာလဲ စစ်သားဆိုတာကို အမြင်တွေပြောင်းလာကြတဲ့အတွက်ရယ်၊ တစ်ခြားရေမြေတွေမှာ အလုပ်သွားလုပ်တာမှ ချမ်းသာလွယ်တယ်ဆိုတာရယ်ကြောင့်ရယ်၊ တစ်ချို့ တစ်ချို့သော အကြောင်းကြောင်းတွေရယ်ကြောင့်ပေါ့၊ စစ်ဗိုလ်တွေထဲမှာ တိုင်းရင်းသားတွေ မတွေ့ရခြင်းလို့ မြင်မိတယ်။

        ကျုပ်ကိုယ်တိုင်တောင် ရှမ်းဖြစ်ပါလျက်နဲ့ ဖောင်ဖြည့်တုန်းက ဗမာလို့ ဖြည့်ခဲ့ရဖူးတယ်။ နောင်ရေးကောင်းအောင်လို့တဲ့ အဖေကပြောတာပဲ။ ဒါပေမယ့်လည်း လှမ်း ပုံစံတွေမှာကျတော့ ဘယ်လိုမှ ညာမရတော့လို့ ကျုပ်သည်လည်းဘဲ…. ထိုနည်းလည်းကောင်း………

        • Mg Ogga

          December 14, 2011 at 9:57 am

          (လနက)တွေ က ဟိုးရှေးရှေးတုန်းက ဟာတွေ နောက် ရန်ကုန်အစိုးရလို့ အပြောခံရတာ ပထစ လက်ထပ် ဗျ နေဝင်းလက်ထက်မဟုတ်ဘူး တိုင်းရင်းသာတွေ ရှိတယ် အခု ရှိတယ် ဆိုတာ သိရတော့ ကျေးဇူးပဲ ကျနော်မှားပါတယ် နဝတ လက်ထက်အထိ ကို ဗိုလ်ချုပ် အေဘယ် ရှိသေး
          အင်းစိန်တိုက်ပွဲမှာ ချင်း လနက က ရန်ကုန်ကို ကာကွယ်ပေးသွားတာတွေ ရှိတယ်။ နယ်ချဲ စနစ် ကိုပဲ ပြောရမလား မြန်မာအစိုးရ ပဲ ပြောရမလား မသိတော့ ပါဘူးခင်ဗျာ
          ကိုယ်ဆရာ့ က ဗိုလ် ထင်ပါရဲ့ ဒီလို ပြောပြထာကျေးဇူးပါ ရှမ်း ဖြစ်လျက် ဗမာ ဆိုပြီး ရေးလိုက် ရတာလေး က ခံစားရတယ်ဗျာ လေးစားပါတယ်

        • ဒီဆိုက်ထဲမှာသေသေချာချာ ကျကျနန ရှင်းပြနိုင်တဲ့ ဦးဖောရယ်၊ လေတပ်ထွက် Captain America ရယ်ရှိတယ်။ သူတို့တွေ ဘယ်ရောက်နေကြလဲ? CIA က သူကြီး ဥကိုင်ရော ဝင်ရှင်းပြသင့်တယ်ထင်ပါတယ်။ အပြန်အလှန်ဆွေးနွေးကြတဲ့သဘောပေါ့။

        • kai

          December 15, 2011 at 3:55 am

          တပ်မတော်သမိုင်း..လက်ငင်းဖြစ်နေတာတွေ..ကျုပ်မှမသိတာဗျ..။
          ဖြစ်ချင်တာတွေ..ရမ်းပြောမယ်နော..။
          – ပင်လုံညီလာခံထက်ကြီးတဲ့.. ညီလာခံတခုကျင်းပပြီး.. စာချုပ်ချုပ်…။
          – ပြည်နယ်တွေ.. လူမျိုးအမည်နဲ့တွဲထားတာဖျောက်..။(ဥပမာ – ရခိုင်ပြည်နယ်မဟုတ်ပဲ.. အနောက်ကမ်းပြည်နယ်..)
          – ပြည်နယ် မြေပုံကို.. လူဦးရေအချိုးအစား+. လတ္တီတွဒ်လောင်ဂျီတွဒ်နဲ့.. မျှပြီး..ညီညီလေး ခွဲစိတ်..။
          – ကျေးဇူးတော်နေ့လုပ်ပြီး.. လူမျိုးတွေအတူတကွယှဉ်တွဲနေနိုင်အောင် နေရာချရွေ့ပြောင်း.
          – လက်နက်ကို.. (တပြည်လုံးအတိုင်းအတာနဲ့).မည်သူမဆို.. လိုင်စင်ထားကိုင်လို့ရအောင်လုပ်ပေး..။

          အဟမ်း..
          စိတ်ကူးပေါက်တာတွေ ချရေးတာ.. 🙂

  • windtalker

    December 13, 2011 at 7:49 pm

    three colors နှင့် Mg Ogga တို ့၏ ဆက်လက်ဆွေးနွေးကြမည့် အကြောင်းအရာများ ကို စောင့်မျှော်နေပါကြောင်း

  • DAL

    December 13, 2011 at 7:59 pm

    အားပါး ပါး…….
    Mg Ogga ရေ….. ကျေးဇူးအရမ်းတင်တယ်ဗျာ။
    ကျနော်ပြောချင်နေတဲ ့စကားတွေ ကျနော်မပြောတတ်တဲ ့စကားလုံးတွေကျနော် ့ကိုယ်စားပြောပေးလိုက်တယ်
    လိုက်တယ်လို ့ကို ခံစားလိုက်ရပါတယ်။
    တိုင်းရင်းသားတွေ ခံစားနေရတဲ ့ခံစားချက်တွေကို မြေပြန် ့နေဗမာလူမျိုးတွေကို သိစေချင်တယ်။

  • Thanlwinoo

    December 13, 2011 at 8:55 pm

    ကိုဥဂ္ဂါရဲ့ တိုင်းရင်းသားတွေအပေါ်ထားရှိတဲ့ စေတနာကို လေးစားပါတယ်…။

    လွတ်လပ်ရေးမရခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကြိုးစားအားထုတ်ခဲ့လို့ အချင်းချင်းနားလည်မှုရရှိပြီး ပြည်ထောင်စုမြန်မာနိုင်ငံအနေနဲ့ လွတ်လပ်ရေးရခဲ့တာပါ…။
    နို့မဟုတ်ရင် မြန်မာပြည်မြေပုံက ခပ်သေးသေးနဲ့ ပုံတစ်မျိုးဖြစ်နေမှာပါ..။

    ဗိုလ်ချုပ်တို့ရေးဆွဲခဲ့တဲ့ ၁၉၄ရ အခြေခံဥပဒေအရ ပါလီမန်မှာ ပြည်သူ့လွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုးအလိုက် နေရာသတ်မှတ်ပေးတဲ့ လူမျိုးစုလွှတ်တော်ဆိုပြီး လွှတ်တော်(၂)ခုရှိပါတယ်။
    မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတရာထူးအတွက် ရှမ်းလူမျိုးကို ပေးခဲ့ပြီး စစ်ဦးစီးချုပ်အတွက် ကရင်လူမျိုးကို ပေးခဲ့ပါတယ်..။
    လွတ်လပ်ရေးရစက အရပ်ဘက်နဲ့ စစ်ဘက်ဝန်ထမ်းတွေမှာ ကပြားများအပါအဝင် လူမျိုးစုံ၊ ဘာသာစုံပါတာတွေ့ရပါတယ်…။ နောက်ပိုင်းမှာ လူမျိုးဘာသာခွဲခြားမှုတွေရှိလာပြီး တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေ ဆုံးရှုံးကာ ယုံကြည်မှုတွေလျော့နည်းလာခဲ့ပါတယ်..။

    ၂၀၀၈ အခြေခံဥပဒေဟာ စစ်တပ်အုပ်စုကဘဲ အာဏာကိုလက်ဝါးကြီးအုပ်ထားဖို့ ကြံရွယ်ရေးဆွဲထားလို့ (ဗမာအပါအဝင်) ကျန်တိုင်းရင်းသား ပြည်သူတွေရဲ့အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး..။
    တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို ထိန်းချုပ်ထားမယ်၊ သူတို့ရဲ့သယံဇာတတွေကို လက်ဝါးကြီးအုပ်သိမ်းယူပြီး သူတို့ရဲ့လိုအပ်ချက်တွေကို လစ်လျူရှုထားမယ်၊ အင်အားနဲ့ အနိုင်ကျင့်နေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တစ်ချိန်ချိန်မှာ ပြိုကွဲသွားနိုင်ပါတယ်..။

    ကျွန်တော်တို့ ဗမာတွေအနေနဲ့ ကျန်တိုင်းရင်းသားတွေရဲ့ခံစားချက်ကို စာနာ နားလည်ပြီး၊ သူတို့အကျိုးစီးပွားအတွက် မျှမျှတတဆောင်ရွက်ပေးဖို့ လိုပါတယ်..။

    • Mg Ogga

      December 13, 2011 at 9:12 pm

      ဟုတ်ပါတယ် အကိုThanlwinoo ရေ ဖဆပလ ခေတ်က သမ္မတ စပ်ရွှေသိုက် နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်း တင်မက စောစံဖိုးသင် တို့ဘာ ဝန်ကြီးဖြစ်တယ်။နောက် မဆလ ခေတ်မှာလည်း နဲနဲ တိုင်းရင်သားနဲ့ ဗမာဆိုပြီးကွဲလာတယ်ဗျ မဆလမှာတောင် အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း က ချင်းလေ နောက် စောဘဦးတို့ တွေ ကွဲထွက် နောက် ကချင်က ဘရန်ဆိုင်းတို့တွေ အသီးသီး လက်နက်ကိုင် တော်လှန်ကုန်ကြရော ခက်တာက မြေပြန့်နေတဲ့ ဗမာ အတော်အများ ဒီကိစ္စကို မသိကြတာ ပထဝီ အနေအထားရ ဆက်သွယ်ဖို့ ခက်တာကိုး တိုင်းရင်သာတွေ က လည်း အုပ်ချုပ်သူနဲ့ ဗမာ ဆိုတာကို တွဲမြင်လိုက်ကြတော့ ပိုဆိုးကော တကယ်တော့ ဗမာ လူအများစုကော တိုင်းရင်းသား လူနည်းစုကော အာဏာရှင်အောက်မှာ အတူဒုက္ခ ခံရတာပါ ကျနော်တို့ ရန်သူက အာဏာရှင် စနစ်ပါ အဓိက ကျနော်တို့တွေ အားလုံး စည်းလုံးပြီး အတူတကွ ရပ်တည် ဖို့ ပါပဲ ကျေးဇူးပါ အကိုရေ

  • memeseku

    December 13, 2011 at 10:09 pm

    မြန်မာပြည်ထဲကdiscrimination ကတော.အမှန်ပါပဲ။ထုတ်ဖော်ရေးမဲ.လူမရှိလို.တိမ်မြုပ်နေတာပါ…။

  • “ဘီလူးကြီး”ogre

    December 14, 2011 at 10:26 am

    အော်…
    ရှေဟောင်းနှောင်းဖြစ်တွေပြန်ပြောရင်း
    အင်း …..နေတောင်စောင်းပါပေါ့လား
    ဆေးလိပ်တိုကိုက်ပြီး….ပြန်မှပဲ… 🙂 😛

    • Mg Ogga

      December 14, 2011 at 11:31 am

      ဆေးလိပ်လည်းတို နေလည်း အတော်ညိ်ု ပါ့ပီ အတိတ်ပြောရတာနဲ့ မောထွာ ဧည်သည်ကြီး မဟုတ်တဲ့ ဘီလူကြီးရေ

  • char too lan

    December 14, 2011 at 12:59 pm

    Do & Don’t (Rules)
    1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။ ((Copy/Paste Category)သည် ရှေ့မျက်နှာတွင်ပေါ်မည်မဟုတ်။) Tagထည့်ပါ။ Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ
    2. Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။
    3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။ စာလုံးပေါင်းစစ်ရန်
    4. ပြည်ပမြန်မာမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများကူးတင်ခွင့်မရှိ။
    5. သတင်း၊စာမူတွင် မှီငြမ်းကိုးကားခြင်း၊ ဘာသာပြန်ခြင်းပါက မူလSourceနှင့် မူရင်းစာတပိုဒ်ကိုဖော်ပြရန်။
    6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
    7. ဘာသာရေးနှင့် သက်ဆိုင်သော စာများအား ပွိုင့်မပေးပါ။
    8. ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ။
    9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
    10. မိမိတင်သည့်စာကို စာမူရှင်(တင်သူ)မှ တာဝန်ယူရမည်ဖြစ်ပြီး အယ်ဒီတာ၊ အဒ်မင်တို့မှ တာဝန်ယူလိမ့်မည်မဟုတ်ပါ။
    – စာမူရှင်သည် မိမိစာအပေါ်ကော်မန့်ပေးသူများအား ဦးဆောင်ဆွေးနွေးသူဖြစ်ရမည်။
    11. ပုဂ္ဂိုလ်ရေးထိခိုက်စေသော ပို့စ်၊ကော်မန့်များကို ကာယကံရှင်မှ အယ်ဒီတာထံ ကန့်ကွက်စာအီးမေးလ်ပေးပို့ပြီး ဖျက်ပေးရန် တောင်းဆိုစေလိုသည်။ ထိုကဲ့သို့သော ပို့စ်တင်သူအား ပွိုင့်၁၀၀ဝ နှုတ်ပါမည်။
    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ
    – တောင်းပန်စာ၊ ကျေးဇူးတင်လွှာ ကြော်ငြာ တိုင်စာများ ကိုဖိုရမ်တွင် ရေးကြပါရန်။
    12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။
    – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် အခွင့်မရှိ….
    =================================
    မချစ်ဘူး ပြောပီးသူကချည်းးးး ဖက်ဖက်နမ်းနေတော့ဒါဘဲ…….. အဟီးး
    သွားလူဇိုးမလေး……………..
    သေချာဒယ် ဒီချစ်သူက လုံးဝမရှိပါဘူးဆိုတဲ့ ရခိုင်ကုလားပဲနေမယ် ……………
    ဟဲဟဲ 😀 😀 😀 😀 😀 😀 😀 😀

  • kai

    April 9, 2012 at 2:22 am

    မြန်မာပြည်မှာဖြစ်ခဲ့ဖူးတဲ့ လူမျိုးရေး အဓိကရုဏ်းတွေကို.. လိုက်ရှာနေလို့ဗျာ…။
    အဲဒါ..သိသူတွေထည့်ရေးပေးသွားပါဦး…

    ကျုပ်ရှာထားသလောက်…
    ၁၉၃ဝ မေလ ၂၆ ကုလားဗမာအဓိကရုဏ်း ( ဆိပ်ကမ်းအလုပ်သမား ပြဿနာမှစ)
    ၁၉၃၈ ဇူလိုင်လ ၂၆ ကုလားဗမာအဓိကရုဏ်း ( မော်လဝီနှင့်ယောဂီ စာအုပ် ပြဿနာမှစ)

    အင်္ဂလိပ်လက်ထက် ၁၉၃၁ခုနှစ်ဇန်နဝါရီလ ၂ရက်နေတွင် ခေါက်ဆွဲဆိုင်စကားများမှုမှပြီး တရုတ်-ဗမာ အဓိကရုဏ်ဖြစ်ခဲ့ဖူးသည်။
    ၁၉၆ရ ခုနှစ်တွင် မော်စီတုံးရင်ထိုးတံဆိပ်ပြဿနာမှစပြီး တရုတ်-ဗမာ အဓိကရုဏ်ဖြစ်ခဲ့သေးသည်။

    အင်္ဂလိပ်အထွက်..ဂျပန်အဝင်ခေတ်တွင်.. မြန်မာပြည် အရှေ့တော်ပိုင်ရှိ ကော့ကရိတ်နှင့် ဖါပွန်နယ်၊ မြစ်ဝကျွန်းပေါ်မြောင်းမြခရိုင်တွင် ဘီအိုင်အေတပ်များသည် လက်နက်နှင့် အာဏာကိုအလွဲသုံးစားလုပ်ပြီး အနိုင်ကျင့်ခြင်း၊ မြောင်းမြမြို့ပေါ်ရှိ ကရင်ဝန်ကြီး ဟောင်း စောဖေသာနှင့် ၎င်း၏ဇနီးအပါဝင် ကရင်များအား လုယက်တိုက်ခိုက်၊ သတ်ဖြတ်ရာမှ ကရင်ဗမာ လူသတ်ပွဲကြီးဖြစ် လာသည်။

    ၁၉၈၈ မှာထင်တယ်.. ရက်မမှတ်မိလို့.. ပြည်ဖက်ကနေစပြီး.. ကုလားဗမာ အဓိကရုဏ်း(ဖန်တီး)ဖြစ်ခဲ့တယ်ထင်တာပဲ..
    အဲဒါ.. ပိုသိတဲ့သူရေးပေးပါဦး..
    ခေတ်သစ်.. အဓိကရုဏ်းတွေ…။ :mrgreen:

    • ဦးဦးပါလေရာ

      April 11, 2012 at 12:18 pm

      ဟင်- 2006 လောက်မှာဖြစ်တဲ့
      တောင်ငူက ကုလား-ဗမာ အဓိကရုဏ်းက အကြီးကြီးပဲလေ။

      တောင်ငူမှာလေးရက်လောက်အုပ်ချုပ်မှု့ပျောက်သွားတယ်။
      မွတ်ဆလင်ကုလားတွေနဲ့ဖြစ်တာဆိုပေမယ့် ဟိန္ဒူကုလားတွေပါ ပြေးလွှားရှောင်တိမ်းရတယ်။
      စီမံကိန်းဝင်းထဲက ဘူဒိုဇာကိုတက်မောင်းပြီး ဗလီတွေကိုဖြိုတယ်။
      ကုလားမိသားစုတစု(အဖေ+အမေ+လူမမည်ကလေး၂ယောက်)ဆို ကြောက်လို့
      ရေစင်ပေါ်က ရေတိုင်ကီထဲဝင်ပုန်းရင်း ရေနစ်သေရရှာတယ်။
      သေကြေထိခိုက်ခံစားရတဲ့ ဗမာတွေ ကုလားတွေ အများကြီးပဲ။ (အဲဒါအားလုံး လူတွေပဲဖြစ်တယ်)
      ကျုပ်က ခုနှစ်တွေ ရက်စွဲတွေတော့ မမှတ်မိဘူး…
      သူကြီး အစဆွဲထုတ်ကြည့်ပါ။

      (အဲဒါကြောင့် အယ်ဒီတာ့သင်ပုန်းမှာ ရှေးရှေးတုန်းက အဓိကရုဏ်းတွေပဲရေးတော့ ဘာလို့ ခေတ်သစ်အဓိကရုဏ်းတွေ ချန်ထားပါလိမ့် လို့ စဉ်းစားနေတာ)

  • siamonone

    April 11, 2012 at 11:26 am

    လူမျိုးကြီးဝါ ဒတော့ မသိဘူး.. ကိုယ်ကျိုးကြည့်ဝါဒ တော့ ရှိတာ အမှန်ဘဲ .. ဗျို့

Leave a Reply