ဘေးနှစ်ဖက်က ဘုန်းကြီးနှစ်ပါးပါ။ အမျိုးသမီးက နှစ်ခြင်းခံမှာပါ။ နှစ်ခြင်းခံနေတဲ့ ပုံတွေက ကျွန်မရိုက်တာ မဟုတ်ပါဘူး။ စပ်စုချင်စိတ်များပြီး ဓါတ်ပုံရိုက်ဖို့ သတိမရလို့ သတိတ၇ ဓါတ်ပုံရိုက်လိုက်တဲ့ အစ်ကိုလိုခင်တဲ့ သူဆီက တောင်းထားတာပါ။

နှစ်ခြင်းခံမဲ့ သူတွေပါ။
နှစ်ခြင်းခံနေတာပါ။
ဂါလီလီေ၇ပြင်။
ဂါလီလီရေကန် ကမ်းစပ်က ငါးတွေဖမ်းတဲ့နေရာမှာ ရှိတဲ့ ဘုရားကျောင်း။
ဘာသာစကားမျိုးစုံနဲ့ ရေးထားတဲ့ နှစ်ခြင်းခံခြင်းအကြောင်း စာပိုဒ်လေး။ တရုပ်၊ ဂျပန်စာရောတွေ့ပါရဲ့။
ပန်းပုလေးပါ။
ဂျုတီဖရီးဆိုင် နံရံက နှစ်ခြင်းခံနေတဲ့ပုံလေးကို သဘောကျလို့ရိုက်လာတာ။
ဂျော်ဒန်မြစ်ပါ။ ဟိုး…လက်ယာဘက်က အဖြူတန်းလေးက တမံတုတ်ထားတာလေးပါ။
ဂျုတီဖရီးဆိုင်ကို ဂျောဒန်မြစ်ကမ်းဖက်က ရိုက်ထားတာ။
ဂျုတီဖရီးဆိုင်
ဝင်ပေါက်နေရာပါ။

ကျွန်မတို့တွေ  ဂါလီလီရေအိုင်ဘက်ကို ခရီးထွက်ဖြစ်ကြပါတယ်။ ကျွန်မလည်း ကင်မရာကို အိတ်ထဲသေချာ မမေ့မလျှော့ထည့် စာအုပ်တအုပ်နဲ့ ဘော့ပ်င်ပါ မကျန်စေရ ၀ိရီယတွေ  ကောင်းနေပါတယ်။  ငယ်တုန်းက သမိုင်းမှာ သင်ခဲ့၇တဲ့ ဂါလီလီေ၇အိုင် နောက် စာအုပ်တွေမှာ ဖတ်ရတဲ့  အစ္စရေးစစ်ပွဲတွေထဲက ဆီးရီးယားနယ်စပ်ပါ ရောက်ရင်ရောက်မယ်လို့ လိုက်ပို့တဲ့  အစ်ကိုကြီးက  ပြောလို့ ရင်တွေခုန်ပေါ့။ ခရီးကတော့ တော်တော်ဝေးပါတယ်။   တောင်ကုန်းထိပ်တနေရာရောက်တော့ အဲ့ဒါ ဂါလီလီရေအိုင်လို့ လှမ်းပြလို့ ကားပေါ်ကနေ ကမန်းကတမ်း လှမ်းကြည့်လိုက်တော့ ရေပြင်ပြာပြာကို လှမ်းမြင်ရတယ်။ အော်…ဒီရေအိုင်ကနေ အစ္စရေးတနိုင်ငံလုံးကို သုံးရေ ပေးတာပါလားလို့ တွေးလိုက်မိသေးတယ်။  တဖက်မှာတော့ ဂိုလန်ကုန်းမြင့်။ နွေဦးရာသီမို့ အ၀ါရောင်ပန်းတွေ အလှခြင်းပြိုင်နေတာများ ဂိုလန်ကုန်းမြင့်တခုလုံး အ၀ါရောင်လွှမ်းလို့။ ဂါလီလီရေအိုင်ဟာ အကျယ် ၅မိုင်ရှိပြီး အရှည် ၁၃မိုင်ရှည်ပါတယ်။ ပထမဆုံး မြို့ထဲဝင်  လျှောက်ကြည့်။ နောက်တော့ မြို့ထဲကပြန်ထွက် ဘုရားကျောင်းတခုကိုေ၇ာက်ခဲ့ပါတယ်။  ဘုရားဖူးကားတွေလည်း တွေ့ပါတယ်။  ကျောင်းဝင်းထဲ ၀င်လိုက်တဲ့အခါ  တလမ်းလုံး ပူပြင်းသမျှ အေးမြသွားသလိုခံစားရပါတယ်။ သစ်ပင်တွေလည်း စိမ်းစိုလို့။ အစ္စရေးတနိုင်ငံလုံး ဘယ်နေရာကြည့်ကြည့် အပင်မရှိ ပူပြင်းသမျှ  ဂါလီလီရောက်မှ မြင်မြင်သမျှ စိမ်းစိုနေတာပါပဲ။  နောက်တော့မှ သိလိုက်ရတာက အခုဘုရားကျောင်းက ယေရှုကို တံငါသည်တွေက ငါးနှစ်ကောင်ပဲ မိလို့ လူအများကြီး ဘယ်လိုကျွေးရမလဲ လာမေးတော့ ယေရှုက ပြန်သွားကြည့်ပါဦး ခိုင်းလို့ ပြန်သွားတော့ ငါးတွေ အများကြီး ဖြစ်နေတဲ့ နေရာတဲ့။  ကမ်းစပ်မှာ တည်ထားတဲ့ ဘုရားကျောင်းလေးပါ။  ကျောင်းဘေးကနေ ရေထဲဆင်း ကြည့်လို့ရပါတယ်။

အဲ့ကျောင်းက ပြန်ထွက်လာတော့ ကားကို အရှေ့ဘက် ဂိုလန်ကုန်းမြင့်ဘက် ဦးတည်လိုက်ပါတယ်။ ယေရှု ကားစင်တင် မခံရမှီအထိ တလျှောက်လုံး နေခဲ့တဲ့ ဘုရားကျောင်းကိုတော့ အဝေးကပဲ လှမ်းမြင်ခဲ့ရပါတယ်။ ဘာလို့လဲတော့မသိ ပိတ်ထားလို့ ၀င်ခွင့်မရခဲ့တာပါ။  ကုန်းမြင့်တလျှောက် ကားမောင်းလာတော့ အောက်ဖက်မှာ ဂါလီလီေ၇အိုင်။  ဂါလီလီကန်တပတ် ဖေါက်ထားတဲ့ ကားလမ်းအတိုင်း ကန်တပတ်ကို မောင်းပြီး လိုက်ကြည့်ကြတာပါ။  အာရပ် အစ္စရေး စစ်ပွဲတုန်းက ဆီးရီးယားဆီက သိမ်းထားတဲ့ နေရာတွေဘက် ရောက်သွားတော့ ကျွန်မစိတ်ထဲ  စစ်တလင်းပြင်ထဲ   ရောက်သွားသလို ခံစားလိုက်ရပါတယ်။  အပျက်အစီးတွေကို လုံးဝ မပြင်ထားပါဘူး။ ဘုရားကျောင်း အပြိုအပျက်တွေ ၊  ကတုတ်ကျင်းနေရာတွေ၊ မိုင်းကွင်းတွေ၊ တင့်ကားအပျက် ကားအပျက်  အိုး…..အစုံပါပဲ။  သံဆူးကြိုးတွေ ကာထားပြီး မိုင်းသတိပေး စာတွေလည်း တွေ့ရပါတယ်။ ဓါတ်ပုံရိုက်ခွင့် တားမြစ်ထားပါတယ်။  ဆီးရီးယားမြေမို့  အစ္စရေးတွေကို အတည်တကျ နေထိုင်ခွင့် ကုလသမဂ္ဂက ခွင့်မပြုလို့  တကယ့် သဘာဝမြေပြင်ကျယ်ကြီးပါပဲ။  လမ်းတလျှောက် တမေ့တမောကြည့်လာရင်း ကားက တောင်ကုန်းကနေ တဖြည်းဖြည်း အနိမ့်ဖက်ဆင်းလာတော့ ဟိုးအောက်ဖက်မှာ ဂါလီလီရေပြင်။  အံ့သြဖွယ်ရာ တောင်ကြီးက အလယ်ကနေ နှစ်ခြမ်းကွဲပြီး   ပြတ်ရွေ့ဖြစ်နေတာလည်း   တွေ့ခဲ့ရပါတယ်။  ဂါလီလီ ကမ်းစပ်ဖက်ပြန်ရောက်တော့ ဌက်ပျောစိုက်ခင်းကိုလည်း အံ့သြစရာ တွေ့ရပြန်ရော။  လမ်းဘေး ၀ဲ၊ယာ နှစ်ဖက်လုံးမှာရှိတဲ့ ဌက်ပျောခင်းတွေဟာ တမျှော်တခေါ်ပါ။  အားလုံးကို အမိုးတွေ မိုးထားတာများ ခြင်ထောင် ထောင်ထားတာနဲ့တူပါတယ်။ ဌက်ပျောခင်းခြင်ထောင်ပေါ့။  ဌက်ပျောပင်က   ဌက်ပျောခိုင်တွေ  အားလုံးကိုလည်း အပြာရောင်အိတ်တွေနဲ့   ထုတ်လျှက်သား။  ကျွန်မတို့ဆီတော့ ဌက်ပျောဆိုတာ  ဒီအတိုင်း စိုက်ထားတာကိုး ဒီမှာတော့ တယုတရ။

နောက်တော့ ကားဟာ  တံတားအသေးလေးကို ဖြတ်တော့ လိုက်ပို့တဲ့ အကိုကြီးက ဂျော်ဒန်မြစ်လို့ ပြောပြပါတယ်။ ကျွန်မအတွက်တော့ ဒါဟာ မြစ်မှမဟုတ်တာ ကျွန်မတို့ အညာက ရိုးသာသာရယ်လေ။   ပတ်ပတ်လည်မှာ သံလွင်ပင်တွေ   ခြံရံထားတဲ့ ကားရပ်နားတဲ့  နေရာမှာ ကားရပ်ပြီး အားလုံးဆင်းမှ သိလိုက်ရတာက   ယေရှုနှစ်ခြင်းခံရာ   နေရာပါတဲ့။   ဘုရားဖူးကားတွေမှ အများကြီးပါပဲ။  နိုင်ငံအနှံက လူတွေမို့ အသားရောင် အစုံပါပဲ။  အထဲကို ၀င်ဝင်ခြင်း ဂျုတီဖရီးဆိုင်။  ပစ္စည်းတွေမှ  စုံလို့။ တဖက်ထွက်ပေါက်ကနေ ထွက်လိုက်တော့ ဂျော်ဒန်မြစ်ကမ်း။  ရေထဲကို ဆင်းစရာ လှေကားတွေက သပ်သပ်ရပ်ရပ်။ နောက်  နှစ်ခြင်းခံမဲ့သူတွေ တန်းစီနေတာလည်း တွေ့ရပါတယ်။ ကျွန်မတို့ ရောက်သွားတော့ နေလည်းစောင်းနေပြီမို့ လူတွေ တော်တော်များပါတယ်။  နှစ်ခြင်းခံမဲ့သူတွေ အားလုံး ၀တ်စုံအဖြူ ဆင်တူ ၀တ်ပြီး စောင့်နေကြတာပါ။ အဲ့ဒီဝတ်စုံကို ဂျုတီဖရီးဆိုင်မှာ ရောင်းနေတာ တွေ့ရပါတယ်။  ကျွန်မလည်း နှစ်ခြင်းခံတယ်ဆိုတာ ကြားဖူး၊ ဖတ်ဖူးပေမဲ့ တခါဆို တခါမှ မမြင်ဖူးတော့  အရမ်းကို စိတ်ဝင်စားမိတာပေါ့။  ခဏကြာတော့ ဘုန်းကြီး နှစ်ပါး ရေထဲဆင်းလာပြီး  မျက်နှာခြင်းဆိုင် ရပ်လိုက်ပါတယ်။ ပထမဦးဆုံး နှစ်ခြင်းခံမဲ့ အမျိုးသမီးကို ဘုန်းကြီးတပါးကနောက်ကျောဖက်ကနေ ပခုံးကို ကိုင်ထားပြီး နောက်တဖက်က နဖူးနေရာကို လက်ဝါးတင်ထားပါတယ်။ နောက်တပါးကတော့ လက်မောင်းနဲ့ ကျောကို ထိန်းကိုင်ထားပါတယ်။ ပြီးတော့မှ နဖူးကနေေ၇ထဲကို နောက်ပြန် ပက်လက်ကလေး နှစ်လိုက်ပါရော။    ကျွန်မထင်တာက ခေါင်းကို ကိုင်ပြီး ဒီအတိုင်း  ဖိနှစ်တယ် ထင်တာကိုး။  အခုလို ဘုန်းကြီး နှစ်ခြင်းလုပ်ပုံဆိုေ၇တွေ နှာခေါင်းထဲ ၀င်မှာပဲ။  တယောက်ပြီးတယောက် နှစ်ခြင်းခံကြတာ အများကြီးပါပဲ။ တိုက်ရိုက် ၇ိုက်ကူးရေးရှိလို့ မိမိနှစ်ခြင်းခံတာကို   ဗွီစီဒီခွေ လိုချင်ရင်လည်း ချက်ချင်းဝယ်လို့ရပါတယ်။  ကျွန်မလည်း စပ်စုချင်လို့  ရေထဲဆင်းကြည့်တော့  တော်တော်အေးပါလားလို့ သိလိုက်၇ပါတယ်။ အေးတာမှ ကျင်ခနဲကို ခံစားလိုက်ရတာ။ ခုနက  နှစ်ခြင်းခံတဲ့သူတွေ တော်တော်အေးမှာပါလားလို့  တွေးလိုက်မိတယ်။  ဘုန်းကြီးနှစ်ပါးဆို လူအများကြီးဆိုတော့   အကြာကြီး။  ပြီးမှ မြစ်ကို သေသေချာချာ   ကြည့်မှ မြစ်က ကျဉ်းပြီး တိမ်တယ်။  ပြီးတော့ မိုးဆိုတာ မရွာသလောက် ဒေသမို့   အခု နှစ်ခြင်းခံတဲ့ နေရာမှာ လူတရပ်   ရေရှိအောင်  အပေါ်ဖက်ရော အောက်ဖက်ပါ တမံတုတ်ထားတာ မြင်လိုက်၇တယ်။  နေရာအနှံ   လျှောက်ကြည့်ပြီးတော့ ဓါတ်ပုံတွေ လျှောက်ရိုက် ပြီးတော့ အိမ်ပြန်လမ်းခရီးကို စလိုက်ပါတော့တယ်။

About hmee

has written 87 post in this Website..

စာဖတ်တာ ၀ါသနာပါတယ်။ စာလည်းရေးချင်ပါတယ်။ စာစရေးဖို့ ကြိုးစား တာပါ။