ကိုယ်ကြိုက်တာ ကိုယ်လုပ်

ashinthusittaDecember 13, 20111min733

ကိုယ်ကြိုက်တာကိုယ်လုပ်ရမယ်ဆိုတော့ ကိုယ်မကြိုက်တာကိုတော့

မလုပ်ကြနဲ့ပေါ့။

ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါတုန်းက မုဆိုးဇနီးမောင်နှံရှိတယ်တဲ့။

မုဆိုးကြီးကို သားကောင်တွေမလိုက်အောင် သူ့ရဲ့ ဇနီးက

ဘုရားစီလွှတ်ပြီးတရားနာခိုင်းတယ်။

ဇနီးမယားရဲ့စကားဆိုတော့ မုဆိုးကြီးကနားထောင်တာပေါ့

ဘုရားစီသွားပြီးတရားနာတယ် ဘုရားက ဘာတွေဟောလိုက်လဲဆိုတော့

ထွေထွေထူးထူးမဟောလိုက်ပါဘူး

စကားလေးသုံးလေးခွန်းပဲပြောပြီးပြန်လွှတ်လိုက်တယ် ဘုရားက

ဘာပြောလိုက်လဲဆိုတော့

“ကိုယ်ကြိုက်တာကိုယ်လုပ်´´ ဆိုတဲ့စကားလေးကိုပဲပြောလွှတ်လိုက်တယ်၊

မုဆိုးကြီးကလဲ သဘောကြတာပေါ့ သူလုပ်နေတဲ့ မုဆိုးအလုပ်ကို ဘာမ

အပြစ်မပြောလိုက်တော့ သဘောကြတာပေါ့၊ ဒါနဲ့ အိမ်ပြန်ရောက်တော့ သူ့ဇနီးက

ဘုရားကဘာတွေ ဟောလိုက်လဲ လို့မေးတာပေါ့၊ အဲဒီတော့ မုဆိုးကြီးက

ကိုယ်ကြိုက်တာကိုယ်လုပ်ဆိုတဲ့ စကားလေးပဲပြောလိုက်တယ်လို့ပြောတာပေါ့။

အဲဒီေတော့ သူ့ဇနီးက မုဆိုးကြီးက ဘယ်အလုပ်ကိုကြိုက်တာလဲလို့မေးတော့

မုဆိုးကြီးဒေါကစ်တာပေါ့ မင်းမသိဘူးလားပေါ့ မင်းကို

မုဆိုးလုပ်ပြီးရှာကျွေးလာတာ ဘယ်လောက်ကြာပြီလဲပေါ့၊ ဒါလေးမ

မသိရကောင်းဆိုပြီးဆူတာပေါ့၊ အဲဒီတော့ ဇနီးက အဲလိုဆိုရှင်က

သားကောင်တွေလိုက်သက်ရတာကို ကြိုက်တယ်ပေါ့လို့မေးတော့၊

အေးပေါ့ဖြေလိုက်ရော၊ အဲဒီအချိန်းမှာ မုဆိုးကြီးရဲ့ဇနီးက

သားကောင်းလိုက်တဲ့နည်းလေး သင်ပေးစမ်းပါလို့ပြောတယ်။ မုဆိုးကြီးကလဲ

ဒူလေးကို ဘယ်လိုချိန်ရတယ်မြှားတံကို ဘယ်လိုတင်ရတယ်နဲ့သင်ပေးရင်

ချိန်လည်းချိန်ပြတာပေါ့။ သူ့ဇနီးကလဲ ဒူးလေးကို ခဏလောက်ပေးစမ်းပါဆိုပြီး

မုဆိုးရဲ့လက်ထဲက ဒူးလေးကိုယူပြီး မြှားတံဒူးလေးမှာထည့်ပြီး

မုဆိုးကြီးဘက်ကိုလှည့်ပြီးချိန်ကြည့်လိုက်တယ် အဲဒီတော့ မုဆိုးကြီးက ဟ

ရှင်မ ဘယ်လိုလုပ်နေတာလဲ မတော်လို့ မြှားထွတ်ပြီးမှန်မဖြင့်

ငါ့အသက်ထွက်နေပါဦးမယ်လို့ပြောတယ် အဲဒီတော့ သူ့ဇနီးက ရှင်က

မြှားနဲ့ချိန်တာ မကြိုက်ဘူးပေါ့လို့မေးလိုက်တယ် ဟ ဘယ်ကြိုက်မလဲ

လို့ပြန်ပြောတာပေါ့၊ အဲလိုဆို ရှင်ကြတော့ မြှားနဲ့ချိန်တာတောင်မကြိုက်ဘူး

သားကောင်တွေကိုကြတော့ ချိန်ယုံတင်မဟုတ်ဘူး

ပြစ်သက်ပြီးတော့တောင်စားသေးတယ်လို့ပြောလိုက်တော့ မုဆိုးကြီးတွေသွားတယ်

ပြီးတော့ ဒူးလေးနဲ့မြှားကိုပြန်ကြည့်ပြီးတော့ စဉ်းစားတယ်

သူ့ဇနီးပြောတာဟုတ်တယ်ဆိုပြီး လေးနဲ့မြှားကို လွှတ်ပစ်ပြီး

အဲဒီအချိန်ကစပြီး မုဆိုးအလုပ်ကိုမလုပ်တော့ဘူးတဲ့။

လောကမှာ လူတိုင်းလူတိုင်းတစ်စိမ်းတစ်ယောက်ယောက်အပေါ်

သူကိုးကွယ် အထွဋ်အမြတ်ထားတဲ့ ဘာသာအပေါ်ကို

မကောင်းတဲ့အပြုအမူ၊ အပြောအဆို၊ အကြံအစဉ် ကို

ပြုလုပ်၊ပြောဆို၊ကြံစဉ်တော့မယ်ဆိုရင် ငါ့ရဲ့ သွေးရင်းသားရင်းအပေါ်

ကိုယ်အထွဋ်အမြတ်ထားတဲ့ ဘာသာအပေါ်ကို

သူများက မကောင်းတာလုပ်လာမယ်ဆိုရင် ကိုယ်ကိုတို်င်ရော

ညိမ်ပြီးခံနိုင်မလားဆိုတဲ့ အတွေးလေးရှိခဲ့မယ်ဆိုရင်

ဘယ်လောက်ကောင်းလိုက်မလဲ။

 

အားလုံးစိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေ

 

အရှင်သုစိတ္တ

3 comments

  • whowho

    December 14, 2011 at 10:30 am

    တင်ပါ့ဘုရား။ ဖတ်မှတ်သွားပါတယ်ဘုရား။ ကျေးဇူးတင်ပါတယ်။

  • Thel Nu Aye

    December 14, 2011 at 5:15 pm

    ဘာသာတရားတခုထဲဆိုတာထက်ကိစ္စရပ်တိုင်းပေါ်မှာဆင်ခြင်နိုင်ရင်ပိုကောင်းတာပေါ့ဘုရား။ ဒီနေရာမှာငါသာဆိုရင်ဆိုတဲ့အတွေးမျိုးလူတိုင်းမှာရှိရင်ကောင်းတာပေါ့ဘုရား။

  • ashinthusitta

    December 17, 2011 at 7:31 pm

    လူတွေက များသောအားဖြင့်တော့ ကိုယ်ဖြစ်ဖူးမှပဲ ကိုယ်ချင်းစာကြတာပါ ကိုမဖြစ်ဖူးသေးရင် ကိုယ်ချင်းစာစိတ် နည်းကြတာက များတယ် ဥပမာ ကိုယ့်ရဲ့သွေးရင်းသားရင်းထဲမှာ စိတ်မနှံ့တဲ့ မရှိတဲ့သူတွေက များသောအားဖြစ် စိတ်မနှံ့တဲ့သူတွေကို တွေ့ရင် ရယ်စရာလို့ သဘောထားပြီး စကြနောက်ကြတယ်လေ… အဲဒါ မလုပ်သင့်တဲ့ ကိစ္စပဲ…

Leave a Reply