လူတိုင်းပိုင်ဆိုင်ထားသော အဆန်းပြားဆုံးလက်နက်

ashinthusittaDecember 13, 20111min8710

လူတိုင်းပိုင်ဆိုင်ထားတဲ့ အဆန်းပြားဆုံးလက်နက်ကတော့ ငွေပေးဝယ်စရာမလိုတဲ့ ငယ်ငယ်ထဲက ပါလာတဲ့ ပါးစပ်သေနပ်ဆိုတဲ့လက်နက်ပါ။

အဲဒီလက်နက်က ရိုးရိုးကျဉ်ဆန်ထည့်ပစ်လို့ မရဘူး စကားလုံးဆိုတဲ့ ကျဉ်ဆန်ပဲ ထည့်ပစ်လို့ ရတယ် အဲဒီ စကားလုံးကျဉ်ဆန်က တော်တော် ထူးခြားတယ် ချစ်ခြင်းကိုလဲ ဖြစ်စေနိုင်သလို မုန်းခြင်းကိုလဲ ဖြစ်စေတယ် မပစ်တတ်ရင် ကိုယ့်ကိုယ်ကိုလဲ ဒုက္ခရောက်စေတယ်။ စကားလုံးကျဉ်ဆန်နဲ့ ပစ်ရင် အပြင်ဒဏ်ရာတွေမရနိုင်ပေမယ့်. စိတ်ဒဏ်ရာကတော့ မသေမချင်းကျန်ခဲ့နိုင်အောင် ပြင်းထန်တယ် လူအချင်းချင်းကိုလဲ ချစ်ခင်အောင် ပစ်နိုင်သလို မုန်းပြီး အချင်းချင်းထသတ်အောင်လဲ ပစ်နို်င်တယ် နိုင်ငံအချင်းချင်းလဲ စစ်ဖြစ်အောင် ပစ်နိုင်တယ် မသုံးတက်ရင် တော်တော်ကို ကြောက်စရာကောင်းပြီး ဆန်းပြားတဲ့ လက်နက်ပါ။ အဲဒီလက်နက်ကတော့ ငွေပေးဝယ်စရာမလို့ပဲနဲ့ကို လူတိုင်းမှာ ရှိနေတာပါ ကောင်းတဲ့ စကားလုံးကျဉ်ဆန်တွေ ပစ်တော့မယ်ဆိုရင် ကိုယ်ပစ်မယ့်ကျဉ်ဆန်က အကောင်းလား အဆိုးလားဆိုတာကို စိတ်ဆိုတဲ့ ခလုပ်ကလေးကနေ သေချာ သတိထားပြီး ပစ်နိုင်ဖို့ လိုအပ်ပါတယ်။

 

တွေးမိတာလေးကို ချရေးထားတာပါ လိုအပ်တာလေးများရှိရင်လဲ ဖြည့်ပြီးဖတ်ကြပါရန်…

 

အားလုံး စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေ

10 comments

  • koyinmaung

    December 13, 2011 at 4:48 pm

    မှတ်သားလောက်ပါတယ်
    အရှင်ဘုရား…..

  • aye.kk

    December 13, 2011 at 6:21 pm

    ကြမ်းကျွံလျှင်နှုတ်၍ရသည်..
    စကားကျွံကနှုတ်၍မရ..။
    ထွက်ပြီးသားဆင်စွယ်ပြန်ဝင်သည်ဟူ၍မရှိ..
    ထွေးပြီးသားတံတွေးပြန်မျိုချ၍မရ..။
    စကားစကားပြောပါများစကားထဲကဇာတိပြ..။
    ထောင်တန်တဲ့စကားရယ်သွမ်းမပေါ့ပျက်စေလို..။
    ချစ်စေလိုလည်းသည်ပါးစပ်၊မုံးစေလိုလည်းသည်ပါးစပ်..။
    စကားတတ်တိုင်းပြောကားမကောင်း..။
    နှုတ်ကြောင့်သေ၊ကျမ်းကြောင့်ကြေ..ဆိုသလိုလူတွေရဲ ့အရေးကြီးဆုံးကသည်ပါးစပ်ပါဘဲနှုတ်ဝစီကံကို
    မဆင်ခြင်နိုင်ရင်စိတ်ဆိုတဲ့မနောကံကိုမထိန်းသိမ်းနိုင်ရင်ကာယကံပြစ်မှုမြောက်ကာအသက်ပင်သေစေနိုင်ပါတယ် လူတိုင်းပိုင်ဆိုင်ထားသောအဆန်းပြားဆုံးလက်နက်ကိုငါးပါးသီလနဲ့သာစောင့်ထိန်းရုံကလွဲ၍အခြား
    အပြင်ဘာမျှမရှိပါကြောင်းပြောပြလိုက်ပါရစေ..။

    • ashinthusitta

      December 16, 2011 at 4:34 pm

      မြန်မာစကားပုံတွေတော့ ကုန်ပါပြီ.. နောက်ထပ်များ ကျန်သေးလား…

  • kotun winlatt

    December 13, 2011 at 6:38 pm

    ခြောက်လက်မလောက်ရှိတဲ့ လျှာလေးက ခြောက်ပေလောက်ရှိတဲ့လူတစ်ယောက်ကို သတ်နိုင်တယ်ဆိုတာတော့ ကြားဘူးတာပဲဗျ….။

    • ashinthusitta

      December 16, 2011 at 5:08 pm

      ခြောက်လက္မလောက်ရှိတဲ့ လျှာလေးက ခြောက်ပေလောက်ရှိတဲ့ လူတစ်ယောက်ကို မဟုတ်ဘူး အများကြီးကို သတ်နိုင်တာလေ..

  • windtalker

    December 13, 2011 at 7:24 pm

    ချစ်လည်း ဒီ ပါးစပ်
    မုန်းလည်း ဒီ ပါးစပ် ပေါ့နော် ဦးပဉ္စင်း

    • ashinthusitta

      December 16, 2011 at 5:05 pm

      သေချာစဉ်းစားကြည့်လဲ ဒါပဲ မသေမချာ စဉ်းစားကြည့်လဲ ဒါပဲလေ..

  • ဆူး

    December 14, 2011 at 9:22 am

    အရှင်ဘုရားရေးမှပဲ.. မွေးရာပါ စကားမပြောတတ်တဲ့ လူတွေ အကြောင်း အမျိုးမျိုးကြောင့် အ နေသူတွေ စကားမပြောနိုင်တဲ့ လေဖြတ်နေသူတွေကို ပြေးမြင်မိတယ် သူတို့က အများစု ပိုင်ဆိုင်တဲ့ အရာကို မပိုင်ဆိုင်နိုင်လို့ ဘယ်လောက်များ အားငယ်နေလိုက်ကြမလဲ နော်..

    • ashinthusitta

      December 16, 2011 at 4:36 pm

      အားတယ်နေတာက မကောင်းတဲ့ ဘက်က တွေးကြလို့ပါ သူတို့မှာ စကားမပြောနိုင်တော့ နှုတ်ကြောင့်တော့ ဒုက္ခမရောက်နိုင်တော့ဘူးလေ.. အဲ ဒါပေမယ့် ဒုက္ခရောက်နေတဲ့ အချိန်မှာလဲ အဲဒီနှုတ်က အကူညီမပေးနိုင်ပြန်ဘူး.. အကောင်းနဲ့ အဆိုးက ဒွန်တွဲနေတယ်ဆိုတာ အဲဒါပေါ့..

  • Thel Nu Aye

    December 14, 2011 at 5:09 pm

    မှန်ပါတယ်ဘုရား။ လူ့ဘဝတစ်ခုလုံးကိုလူမသိသူမသိသတ်နိုင်တာသူပဲရှိပါတယ်။ အင်မတန်ကြောက်ဖို့ကောင်းပြီး လူတိုင်းသတိပြုဆင်ခြင်သင့်ပါတယ်။

Leave a Reply