ဂိုက်အသင်းရဲ့အကွဲအပြဲအရှုတ်ထုတ်ဇာတ်လမ်းတွေကြားထဲမှာ

 

စကားကြီးစကားကျယ်ပြောပြီး၊ ကိုယ့်မင်္ဂလာယူ၊ သူ့အချွန်နဲ့မပေးနေတဲ့

ပြဇာတ်ဆိုတဲ့စကားလုံးကို အင်္ဂလိပ်လိုတောင်မှန်အောင်မပေါင်းနိုင်ဘဲ

ဘိုရူးရူးပြီးဘိုမကြီးသိပ်လုပ်ချင်၊ အရမ်းအရမ်းကို popularဖြစ်ချင်နေတဲ့

မစားရတဲ့အမဲကိုသဲနဲ့ပက်တဲ့ တကယ့်အာဏာရူးစစ်စစ်

ချောင်ချောင်ကြောင်ကြောင်မိပါလေရာမကတစ်မျိုး

(သူကတော့ဝမ်းတွင်းရူးဆိုတော့ ဘာကြွေးကြွေးမရတော့ဘူး)

 

စာရင်းလိမ်၊ ဘောက်ချာအင် တွေအမျိုးမျိုးပြပြီး

လူအထင်ကြီးအောင်ကားစုတ်ကြီးစီးပြရှိုးထုတ်နေတဲ့

ဘာမှကိုမတတ်တဲ့ အသင်းခေါင်းရှောင်နဲ့ အထီး မှန်းမသိ အမ မှန်းမသိဘဲ

ဘာ process လာလာ ဖင်ပိတ်ငြင်းပြီး ကိုယ့်ကိုကိုယ်ဖော်ရင်းနဲ့

အာရိုက်နေကြတဲ့ ၀က်တော်သား၊ ၀ိုင်းတော်သား၊ စားတော်သားတစ်စုကတစ်မျိုး

(သူတို့ကတော့ အောက်ကလိအာတွေပါ မကြာခင်ဇာတိပြလာလိမ့်မယ်)

 

သောက်တစ်လွဲစည်းကမ်းတွေကိုထင်ရာစိုင်းထုတ်နေပြီး

ပတ်သက်သမျှ၊ ရှိရှိသမျှ လူတွေကိုပြသနာရှာ၊ ကာလနာတိုက်အောင်လုပ်နေတဲ့

၀၀ပေး၊ ဝေးဝေးရှောင်၊ လာမရှုတ်နဲ့သေသွားမယ်ချည်း

ဟောက်စား၊ ခြောက်စား၊ ရိုက်စား၊ လုပ်စားနေတဲ့

သေခါနီး လာထားဆိုတဲ့ လဘာဂျာ၊ ပုဇွန်ခေါင်းတွေကတစ်ဖုံ

(သူတို့ကအဆိုးဆုံး အစာကြွေးလိုက်ရင်ခဏငြိမ်ပေမဲ့၊

အစာကုန်ရင်တော့………)

 

အော်……..ငါတို့ ကိုက်တွေ မကိုက်ရင်မနေနိုင်တော့ပါတကား…….

https://groups.google.com/group/travelmyanmar/ တွင်လေ့လာနိုင်ပါသည်။

About thunderstorm

thunder storm has written 6 post in this Website..