မေတ္တာ Campaign (အထက်မြန်မာပြည်)က ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့မည့် ငြိမ်းချမ်းရေးပန်ကြားလွှာ ယနေ့ ထုတ်ပြန်လိုက်ပြီ

DaveDecember 13, 20111min811

မေတ္တာCampaign (အထက်မြန်မာပြည်)က ဒေါ်အောင်စုကြည်ထံသို့ ယနေ့နေ့စွဲဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပန်ကြားလွှာ ထုတ်ပြန်လိုက်သည်။ ထိုပန်ကြားလွှာ အပြည့်အစုံကို အောက်ပါအတိုင်း တွေ့ရပါသည်။

ကချင်ဒေသအပစ်အခတ်ရပ်စဲရေးနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက်
ဒေါ်အောင်ဆန်းစုကြည်ထံသို့ မေတ္တာCampaign (အထက်မြန်မာပြည်)မှ ပန်ကြားလွှာ

မန္တလေးမြို့ ထုတ်ပြန်သည့်နေ့စွဲ။ ။၁၃-၁၂-၁၁

(၁) မြန်မာနိုင်ငံ၊ ကချင်ဒေသတွင် အစိုးရတပ်ဖွဲ့များနှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ခိုက်မှုများဖြစ်ပွားသဖြင့် အပြစ်မဲ့ဒေသခံတိုင်းရင်းသားများ ထောင်နှင့်ချီ၍ မိမိတို့ဌာနေရှိ အိုးအိမ်စည်းစိမ်များကိုစွန့်ခွာပြီး စစ်ဘေးလွတ်ရာသို့ ရှောင်တိမ်း ခဲ့ရပါသည်။

(၂) လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော နှစ်ဖက်တပ်ဖွဲ့များအကြား နားလည်မှုအပြည့်အဝတည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော် အစိုးရက စေ့စပ်ညှိနှိုင်းပေးနေခြင်းသည် ပြည်သူလူထုတစ်ရပ်လုံး ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကောင်းသောအလားအလာပင်ဖြစ်ပါသည်။

(၃) စစ်မက်ကင်းစင်ပြီး အေးချမ်းသာယာသော နိုင်ငံတော်ကိုတည်ထောင်နိုင်ရန်အတွက် ငြိမ်ချမ်းရေးသည် အရေးကြီးသည်ဟု ရှုမြင်မိပါသဖြင့် နိုင်ငံတော်အစိုးရ၏ကြိုးပမ်းမှုကို အလေးအနက်ထားလျက် မြန်မာ့ငြိမ်းချမ်းရေးမိခင်ကြီးဟုဆိုအပ်သော ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကချင်ဒေသအပစ်အခတ်ရပ်စဲရေးနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက် စေ့စပ် ဆောင်ရွက်ပေးပါရန် ဒေါ်အောင်ဆန်းစုကြည်ထံ မေတ္တာCampaign (အထက်မြန်မာပြည်)က ယုံကြည်ကိုးစားမှုအပြည့်ဖြင့် ပန်ကြားအပ်ပါသည်။

One comment

  • ba gyi

    December 14, 2011 at 9:45 am

    ဒေါ်စုအပါအဝင်၊မြန်မာနိုင်ငံသားအများစုကလိုလားကြတဲ့ကိစ္စပါ၊ဒေါ်စုကလည်းတောင်းဆို၊မေတ္တာရပ်ခံနေတာပါပဲ
    သူလုပ်လို့ရတဲ့အတိုင်းတာဆိုတဲ့ဘောင်ကနေလုပ်နေရတယ်၊(ဒုတိယပင်လုံဆိုတာအခင်းကျင်းပြထားလို့၊) လက်ရှိအစိုးရကမလုပ်မဖြစ်သူ့ ရဲ့အခင်းအကျင်းတွေကိုလက်ဦးအောင်ထုတ်ပြပြီးတော့လုပ်နေရပါတယ်၊ လုပ်ပြနေတယ်၊ဆိုတာ့သည်ကိစ္စကလမ်းကြောင်း ပေါ်ရောက်နေပါပြီ၊ ပင်လုံထက်ကြီးကျယ် တဲ့ တိုင်း ရင်းသားအရေး၊ညီလာခံကြီးပါလုပ်ပေး အုန်း မှာဆို တော့၊အရေးအကြီးဆုံးက တိုင်းရင်းသား အရေး ဆိုတာ- တိုင်းရင်းသားတွေအရေး၊လို့တောင်း ဆိုတိုက်ပွဲဝင်နေသူတွေ နဲ့ လက်ရှိအာဏာရထားတဲ့ နှစ်ဘက် စ လုံး ဟာ တကယ့် တိုင်းရင်းသား တွေ ရဲ့ရှေး ရေးအတွက်၊ တစ်ကယ်အလေးထားတဲ့ စိတ်ဓါတ် ကိုယ်စီ ထားပြီး၊ စေတနာပါကြမှ ၊အာဃာတတွေ၊ ကိုယ်ကျိုး တွေ၊မိမိတို့လုပ်ပိုင်ခွင့်တွေ၊ တစ်စုတစ်ဖွဲ့၊ လူမျိုး တစ် စုရဲ့အ ကျိုး ဆိုတာတွေကို ဘေးဖယ်ပြီးဆွေးနွေးကြမှ၊တစ်တိုင်း တစ ်ပြည်လုံး အတွက် ကောင်း တဲ့ရလဒ် ရမှာပါ။တိုင်ရင်းသားအကျိုးလည်းဖြစ်၊တစ်တိုင်းပြည်လုံးအတွက်လည်းပါတဲ့ မူတွေဖြစ်မှ တည်တံ့ခိုင်မြဲမှာပါ။

Leave a Reply