“နံနက်ခင်းစိတ်ရွှင်အပိုင်း(နှစ်)”(နေရာ အနှံ့က နံနက်ခင်း)

“နံနက်ခင်းစိတ်ရွှင်အပိုင်း(နှစ်)”(နေရာ အနှံ့က နံနက်ခင်း)

1 နံနက်ခင်းလေးတစ်ခုရဲ့ စိမ်းစိုသာယာတဲ့မြင်ကွင်းလေးပါ မိုးရွာပြီးစနံနက်ခင်း မန်းလေးကန်တော်ကြီးမှာပါ
2 မိုးဥတုနံနက်ခင်းမှာရေးဆွဲထားတဲ့တိမ်ပန်းချီ
3 စောစောကပုံနဲ့စက္ကန့်ပိုင်းဘဲခြားပြီးရိုက်ထားတာပါ ကျနော်နှစ်သက်တဲ့ပုံထဲမှာပါပါတယ်။
4 လမ်းလျှောက်ထွက်လာတဲ့ မိုးတစ်နေ့ သစ်ပင်အုပ်ကြားမှာ လှပတဲ့တိမ်တွေမြင်လိုက်ရတော့
5ဇွန်လရဲ့မိုးသားကင်းစင်တဲ့ နံနက်ခင်းလေးထဲမှာ တိမ်ပြာပြာ နဲနိုးထစ မန်းလေးကန်တော်ကြီးမြင်ကွင်းလေးပါ
6 ဇွန်လနံနက်းခင်းနေရောင်က ရေပြင်နဲ့မြေပြင်ကို မီးဆလိုက်ထိုးထားသလို ဖြစ်နေပါတယ် နေခြည်နုနုလေးပေါ့
7 မိုးတိမ်တွေကြောင့် အုံးဆိုင်းမိူင်းရီနေတဲ့ ဇွန်လမနက်ခင်းလေးမှ ပြည်ကြီးမွန်ဖောင်တော်ကို မြင်ရတဲ့ပုံလေးပါ
7နဲ့8က တစ်ရက်တဲ မိနစ်ပိုင်းလေးသာ ခြားပြီးလက်ဆော့ ထားတဲ့ပုံ ဒါပေမယ့် ခံစားမူ့တစ်ခုပေးစွမ်းနိုင်တယ်လို့ ထင်မိပါတယ်
9 ရန်ကုန်ကိုခဏအလည်ရောက်တုန်းက နံနက်ခင်းလေးမှာမြင်ရတဲ့ ရန်ကုန်ကစွယ်တော်စေတီ
10 ဒီပုံလေးက တော့ ကမ္ဘာအေးမီးရထားကုန်းကျော်ပေါ်ကမြင်ရတဲ့ စိမ်းစိုသာယာတဲ့ ရန်ကုန်မြို့ရဲ့ဇူလိုင်လ မြင်ကွင်း(အဝေးမှာ စွယ်တော်စေတီ)
11 နံနက်ခင်း မုးိငွေ့ငွေ့လေးရှိတဲ့ ရန်ကုန်စွယ်တော်လမ်းက စိမ်းစိမ်းစိုစို
12 မိုးကုတ်မြို့ကို ဇူလိုင်လကုန်ခါနီးရောက်တော့ ကျနော်တည်းတဲ့အခန်းပြူတင်းပေါက်ကမြင်ရတဲ့မြူဆိုင်းနေတဲ့မြင်ကွင်းလေးပါ လွမ်းဘွယ်
13 ပထမပုံက တောင်ဘက်ခြမ်း ဒီပုံကတော့ မြောက်ဘက်ခြမ်း( အဝေးမှာက ရွှေစေတီ)
14 မိုးကုတ်မိုတယ်ရှေ့မှာ တောင်ခုိုးတွေဝေနေတဲ့ နံက်ခင်းအချိန်ကတော့ မနက်6း30
15 တောင်အဆင့်ဆင့်မှာ စေတီလေးတွေက အဆင့်ဆင့် သူ့အထက်မှာတော့ တိမ်အခိုးတွေဝေ
16 မိုးကုတ်မိုတယ်ဘေးက ဘောလုုံးကွင်းထဲကမြင်ရတဲ့ မြိုတောင်ဘက်ရူခင်း တောင်ခိုးတွေဝေနေပါတယ်
17 ဒါကတော့ မြို့မြောက်ဘက်က ချမ်းသားကြီးဘုရားမြင်ကွင်း
18 ဩဂုတ်လနံနက်ခင်းတစ်ရက်မှာတွေရတဲ့တိမ်ရောင်စုံ အရမ်းကိုလှပပါတယ်
19 စောစောက မြင်ကွင်းကအနောက်ဘက်ခြမ်း ဒါကတော့ အရှေ့ဘက်က ကောင်းကင်

20 နံနက်ခင်းတစ်ရက်မှာ မြင်ရတဲ့ အရောင်စုံလှတဲ့  သဘာဝပန်းချီလက်ရာ

20 သဘာဝ ပန်းချီဆရာရဲ့အရောင်စုံလှတဲ့လက်ရာ နံနက်ခင်းလေးတစ်ခုမှာပေါ့

21 သိပ်အကွာကြီးမဟုတ်ပေမယ့် နည်းနည်းလေးတော့ ကွဲပြားပါတယ် ဒါပေမယ့် လှပပါတယ်

“နံနက်ခင်းစိတ်ရွှင် ကန်တော်ကြီးတစ်ခွင်”(အပိုင်းနှစ်)

(နေရာအနှံ့က နံနက်ခင်း)

 

 

2009ခုနှစ်ကစလို့ ကျနော် ကျန်းမာရေးအရ မနက်ပိုင်းမှာလမ်းလျှောက်ပါတယ်။

ဟိုအရင်ကျုံးဘေးမှာနေတုန်းကလည်းမနက်လမ်းလျောက်ဖြစ်ပေမယ့်

ဟိုနားပြောင်းလိုက်ဒီနားပြောင်းလိုက်ဆိုပြန်တော့ လမ်းမလျောက်ဖြစ်တော့ပါဘူး။

ဒါပေမယ့် သိပ်ဝလာတော့ ဝိတ်မတက်အောင်မဖြစ်မနေလျှောက်ရပါတော့တယ်။

လမ်းလျောက်တာရဲ့အကျုးိကျေးဇူးကတော့ လူက မနက်စောစောထတော့

စိတ်ကြည်လင်ပါတယ်။

အရင်ဆို ရနာရီလောက် ကမန်းကတန်းထ အလုပ်မှီအောင်ပြေး၊

လမ်းပိတ်နေရင် စိတ်တွေတို၊

အလုပ်ရောက်တော့ မောနေပါပြီ။

မိုးလင်းကတည်းက စိတ်အနားမရသလို။

အခုမနက် 5း15လောက်ထလမ်းလျောက်။

တိတ်ဆိတ်ခြင်းရဲ့ဂီတ၊

အေးမြခြင်းရဲ့အထိအတွေ့၊

သာယာခြင်းရဲ့ အနှစ်သာရကို ခံစား။

6း30ဆိုပြန်ရောက်။

ရေချိုးအလုပ်သွားဆိုတော့ အချိန်တွေရတော့ စိတ်ကလဲ မလောတော့ပါဘူး။

နောက်လမ်းလျှောက်တဲ့အကျင့်ရသွားတော့ သူများမြိုရွာကို အလည်ရောက်နေ

ရင်လည်းလမ်းလျျောက်ဖြစ်ပါတယ်။

 

နောက်တော့ လမ်းလျောက်ရင်းမြင်ရတဲ့ သာယာလှတဲ့နံက်ခင်းမြင်ကွင်းလေးတွေကို

မနက်စောစောအိမ်ယာမထတတ်တဲ့၊

အိ်ပ်ယာထပေမယ့်လဲ မြင်ခွင့်မကြုံတဲ့မိတ်ဆွေများကို

ကျနော်လက်ဆော့သမျှလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီတစ်ခါကတော့မန်းလေးကန်တော်ကြိးတင်မကဘဲ အခြားဒေသကပုံပါတင်ပေးလိုက်ပါတယ်။

ကြော်ငြာဝင်လိုက်ပါအုံးမယ် အမှတ်သုံး အမှတ်လေး လာအုံးမှာပါ။

အမှတ်တရလေးဖြစ်အောင်လို့ပါ။

တင်ပြီးသားတွေလဲထပ်ပါတော့ မမြင်ဘူးသူများအတွက်လို့ သဘောထားပြီးတင်ပေးလိုက်ပါတယ်။

 

 

ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။

(9-12-2011)

 

 

 

 

12 comments

  • blackchaw

    December 14, 2011 at 10:01 am

    မင်္ဂလာ နံနက်ခင်း ပါ ကိုပေါက်ရေ။
    အားပေးပါတယ်ဗျာ။
    ကိုပေါက်ကို အားကျလို့ ပုံတွေတင်ဘို့ ကြိုးစားနေတယ်ဗျို့။

  • super

    December 14, 2011 at 10:11 am

    နံနက်ခင်း နေထွက်စ ပုံလေးတွေကြည့်ရတာ စိတ်ကို ကြည်နူးမှု့ဖြစ်စေပါတယ်၊ ဦးပေါက်ရေ ကျနော့်လို မနက်ခင်း အိပ်ရာထနောက်ကျတဲ့သူအတွက်ကတော့ ပုံလေးတွေကြည့်ပြီး စောစောထချင်စိတ်ဖြစ်သွားပြီ၊ 😛

  • Moe Z

    December 14, 2011 at 10:31 am

    လေးလေးပေါက် ကျေးဇူးနဲ့စိတ်ကြည်သွားပြီဗျို့..

  • Diamond Key

    December 14, 2011 at 10:45 am

    သိပ်လှ၊ သိပ်အေးချမ်းတဲ့ ကြည်နူးစရာ မနက်ခင်းလေးတွေပါ ကိုပေါက်။

  • M-Lulin

    December 14, 2011 at 10:50 am

    ပုံလေးတွေ သဘာဝ ကျလိုက်တာဗျာ .. စိတ်ကိုကြည်သွားတာပဲ

  • ကျနော်လဲအရင်က ညမိုးချုပ်မှအိပ်။
    မနက်တော်တော်နဲ့မထချင်။
    အခုတော့ မနက်ခင်းအရသာလေးသိသွားပြီ။
    ဓါတ်ပုံလှလှလေးတွေရတော့ ပိုကျေနပ်တယ်။
    အရင်က သူများပုံတွေလှရင်လိုက်ကူး။
    အခုတော့ ကိုယ်လက်ဆော့လာတာလေးတွေကို နှစ်သက်တယ်ဆိုတော့
    ပိုိုလို့ဝမ်းသာရပါတယ်။

  • M-Lulin

    December 15, 2011 at 1:15 am

    ွအဲဒါ ပိုး ပဲ .. အချိန်ကုန် လူပင်ပန်း ပတ်ဝန်းကျင် အမြင်မကြည် (ဝရန်တာ ထွက်ပြီး ဟိုချိန်ဒီချိန် လုပ်လို့) ရလာတဲ့ ပုံလေးတွေပြင်… တစ်ယောက် ယောက် ကများ လှတယ် ပြောသိပ်ပျော်တာ … အားပေးနေမယ် ဗျ ..

  • Sonny

    December 15, 2011 at 1:53 pm

    ကိုပေါက်
    အရောင်တွေကိုချစ်တတ်ပုံပေါ်ပါတယ်။
    ကောင်းလိုက်တဲ့ပုံတွေပါ။ မျက်စိကို လန်းစေတယ်။

  • ဟုတ်ပါတယ် ကိုဆန်နီရေ
    လှပသော အတွဲအစပ်နဲ့အရောင်လေးတွေကို ကြည့်ရတာ စိတ်ကို
    အပြောင်းအလဲဖြစ်စေနူးညံ့စေ ကြည်နူးစေပါတယ်။
    ဒါကြောင့်လဲ…………………….

  • inz@ghi

    December 15, 2011 at 6:50 pm

    ၁. တံတား ငုတ်တိုင်လေးတွေကိုပါ လိုင်းပြိုင်ခပ်စောင်းစောင်း လေး
    ထည့်ရိုက်လိုက်ရင် ပိုကောင်းမလားလို့ဗျာ

    ၂ ထက် ၃ ကို ပိုနှစ်သက်ပါသည်ခင်ဗျ..

    ၄ က သဘောကျစရာပါ..

    ၅ ထက် ၆ ကို ပိုကြိုက်မိတယ်ဗျ ၅ က ရှေ့ပိုင်း
    သိပ် ရှင်းလွန်းနေသလားလို့ပါ. ..လှေလေးတစီးသာ
    ရှိလိုက် ကျနော် ၅ပြောင်းကြိုက်ပြီဗျာ

    ရ က လေးပေါက် ရိုက်ဖူးတဲ့ပုံတပုံနဲ့ဆင်ပါတယ်

    ၈ ..ဟုတ်တယ်ဗျို့ လန်စကိတ်တွေကို ဒေါင်လိုက် မရိုက်ရဘူး
    ဘယ်သူပြောလဲ .. မြေကြီးနဲ့ မြက်တွေ သည့်ထက်နည်းနည်းပိုပါရင်
    ဘယ်ဘက် အလယ်နားလောက်မှာ မြေနဲ့ ရေ ဆုံတာလေး
    (ဆုံချင်သယောင်ရှိပုံလေး)ကို ပိုပြီးခံစားလို့ရမလားပဲဗျာ…

    ၉. ကင်မလာကို နည်းနည်းအောက်ချစေချင်ပါသည်…
    မတ်တပ်ရပ်ပြီး မျက်နှာရှေ့ တည့်တည့်က ရိုက်တဲ့ပုံများထက်
    တခါတခါ ထိုင်ရိုက်သည့်အခါ ပို လှသည်ကို တွေ့ဖူးပါသည်…

    ၁၀. လှပါသည်
    ၁၁. နှစ်သက်ပါသည်
    ၁၂. မြူကို အသားပေးပြချင်သည်ဟု ယူဆပါသည်
    No commentပါ …၁၄ ကို ပိုကြိုက်ပါသည်

    ၁၅ကိုလည်း ထိုင်ရိုက်စေချင်ပါသည်…
    ကောင်းကင်ထက် မြက်တွေ ပိုပါစေချင်ပါသည်..
    ကင်မလာနဲ့ အနီးပိုင်း(ရှေ့ပိုင်းတွေ ပိုပြီး ဆွဲဆောင်မှု ကောင်းလာအောင်ပါ)

    ၁၆.၁ရ ဘာမှ မပြောလိုပါ…
    ၁၈.၁၉.၂ဝ ..ကျနော်လက်တလော စိတ်ဆာနေသော မြင်ကွင်းများဖြစ်ပါသည်…
    အရောင်တွေကို နှစ်သက်ပါသည်..(အထူးသဖြင့် အစစ်ဖြစ်သောကြောင့်ပို
    တန်ဖိုးထားပြီးကြည့်ဖြစ်ပါသည်)

    ၂၁. .ထိပ်မှ သစ်ရွက်များ ဒါမှမဟုတ် .အောက်မှ မြက်များ အနက် တခုခုကို
    ပိုပြီး အသားပေးလိုက်ပါက ပိုလှသွားမည်ဖြစ်သည်..ယခုလည်း အလွန်လှနေပါပြီ
    ခင်ဗျား..

    မောတွားဘီ ….စိတ်ထဲ ထင်တာတွေပြောရတာ…..

    😀

    ခင်တဲ့
    Inz@ghi

  • windtalker

    December 15, 2011 at 7:46 pm

    မနက်ခင်းလေးမှာ နိုးလာခဲ့
    အရင်ဆုံး မင်းကို လွမ်းပါတယ်
    အား..စိတ်ညစ်မိတယ်
    ငါ့ စိတ်တွေ ထိန်းမရတော့ဘူးကွယ်
    အတွေးထဲမှာ နှိပ်စက်တာ မင်းပဲ
    အိပ်မက်သာ ဖြစ်မယ်ဆို..ဘယ်လောက်ကောင်းလိမ့်မလဲ
    (ထူးအိမ်သင် သီချင်းစာသား )

  • တစ် အဲဒိပုံရိုက်တုန်းက ကုက္ကိုပင်လေးစောင်းနေတာကိုဘဲစိတ်ထဲမှာလှတယ်ထင်နေခဲ့တာပါ။
    နှစ် ဟုတ်ပါ့ ကျနော်လဲသုံးကိုပိုကြိုက်ပါတယ်.အပေါ်က အရိပ်ကရေထဲမှာလာကျနေတာက ပုံကိုပိုကြွ
    သွားစေတယ်လို့ ထင်မိပါတယ်။
    လေး အဲဒိအမှတ်လေးပုံကတော့ ကံစွပ်သွားတာပါ ပကတိအမြင်က ဒိေလောက်မလှဘဲပုံထဲမှာပိုလှနေပါတယ်။
    ငါး ကျနော်လဲ ခြောက်ကိုပိုကြိုက်ပါတယ် နေရောင်ကဆလိုက်ထိုးထားသလိုဖြစ်နေတာရယ်
    ကောင်းကင် က ခဲသားက ညက်နေလို့ပါ။
    ဟုတ်ပါ့ အမှတ်ခွန်က ဧကစာရိင်္လို့အမည်ပေးထားတဲ့ပုံနဲ့ဆင်တူပါတယ်။
    ကျနော်က မတ်တပ်ရိုက်ပြိး အတည့်ရို်က်တာများပါသည်။
    နောင်ကိုထိုင်လျက်တနည်း လှဲလျက်တဖုံ ငုတ်တုတ်တမျိုးပုံစံမျိုးစုံစမ်း၍ရိုက်ကြည့်ပါမည်။
    ယခုလိုတစ်ပုံခြင်းအသေးစိတ်ဝေဖန်ပေးခြင်းကို လွန်စွာကျေးဇူးတင်ပါသည်။
    ညိပြောသလို ရိုက်လျှင် ယခုထက်ပိုလှလာမည်ဟု ယုံကြည်မိသောကြောင့် စမ်းသပ်၍အမှန်တကယ် ရိုက်ကူးကြည့်မည်ဖြစ်ပါသည်။
    နောက်လည်း ယခုထက် ပက်ပက်စက်စက်ဝေဖန်စေလိုပါသည်.။
    ကျေးကျေး တကယ်တင်ပါသည်။

Leave a Reply