ရိုးသားတဲ့အစိုးရလား

phone_kyawDecember 14, 20111min843

ကုန်ပစ္စည်းချင်းတိုက်ရိုက်ဖလှယ်မှုကနေ ငွေကြေးပေါ်ပေါက်လာတယ်။

၂၀၁၁-ကြံ့ဖွတ်အာဏာရှင်အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ ့လဲလှယ်ရင်း စစ်ပွားရေးပိတ်ဆို ့မှု ့ကို ရုပ်သိမ်းခြင်းဆိုတဲ့အရာ ပါ်ပေါက်လာတယ်လို ့ပြောလို ့ရပြီ။ ရတော့ မရသေးဘူး။ ရခါနီးနေပြီ။

ဦးသိန်းစိန်အစိုးရပြောတဲ့ ပြစ်မှုတစ်စုံတစ်ခုကျူးလွန်ခဲ့လို ့ဖမ်းထားပါတယ် ဆီးထားပါတယ်ဆိုရင် ဆက်ပြီးဖမ်းထားပေါ့။ ဘာ့ကြောင့် ဆန်ရှင်နဲ ့ကိုမင်းကိုနိုင်တို ့အုပ်စုကို လဲရမှာလဲ။ ဒါဆိုရင် ဥပဒေကို ချိူးဖောက်တာ ဘယ်သူတွေလဲလို ့မေးရမလိုဖြစ်နေပြီ။

ဦးရွှေမန်းတို ့များ သိသိကြီးနဲ ့မြောက်ကိုရီးယားနဲ ့ပေါင်းတယ်။ အခုကြတော့ မပေါင်းတော့ပါဘူးဆိုပြီး ပြောပြန်ပြီ။ ဒါ့ကြောင့် ဦးသိန်းစိန်အစိုးရတစ်ခုလုံးမှာ လူကောင်းကောရှိသေးရဲ ့လား ၊ ရိုးသားတဲ့လူကောရှိရဲ ့လားဆိုတာကို ကျနော်သံသယဖြစ်မိတယ်။ ဘာ့ကြောင့်လဲဆိုတော့ အားလုံးက ဖာ, ပါးစပ်တွေနဲ ့ဆိုတော့ဗျာ။

ဘာကို ယုံရမှန်းတောင်မသိတော့ဘူး။

နိုင်ငံရေးအကျဉ်းသားတွေ ထပ်ပြီးလွှတ်မယ်။ အပစ်ရပ်တွေ ခဏလုပ်မယ်။ မြောက်ကိုရီးယားနဲ ့ပေါင်းတာ ခဏနားမယ်။ နိုင်ငံရေးလွတ်လပ်ခွင့်ခဏပေးမယ်။ နိုင်ငံရေးစကားပြောချင်ရင် လွှတ်တော်ထဲဝင်ပါ။ ရွေးကောက်ပွဲဝင်ပါ။ အခြေခံဥပဒေတော့ လာမထိနဲ ့။

၂၀၁ဝ ရွေးကောက်ပွဲနိုင်ထားတဲ့လူတွေဖြစ်တဲ့အတွက် တရားဝင်တယ်။ဘာညာဆိုပြီး ဘုရင်ရှုး ရှုးနေတဲ့ ထိပ်ပြောင်အစိုးရရဲ ့လုပ်ရပ်တွေက ခလေးတောင်သိတယ်။

သူတို ့လိုချင်တာလဲရရော ငါတို ့ကြောင့် ဒီလိုဖြစ်လာတာ ဘာညာဆိုပြီး စောက်ခွက်တွေ တမျိုးပြောင်း။ စောက်ချိုးတွေက အရင်အတိုင်းပြန်လုပ်။ ဂျပုကျော်ဆန်းသတင်းစာကနေ ကြံ့ဖွတ်အစိုးရလက်ထက်မှာ စီးပွားရေးပိတ်ဆို ့မှုတွေပွင့်လာအောင်လုပ်နိုင်ခဲ့တယ်။

ဘယ်နှစ်ဖွဲ ့နဲ ့အပစ်ရပ်ခဲ့ပြီ။ ငြိမ်းချမ်းရေးကို ဘယ်လောက်ရောက်ခဲ့ပြီ။ ပြည်ပက လူတွေကိုပြန်ခေါ်နိုင်ခဲ့တယ်။ ဒုက္ခသည်တွေကို ဘယ်လောက်လက်ခံနိုင်ခဲ့တယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ဘယ်လောက်ဖန်တီးပေးနိုင်ခဲ့တယ်ဆိုပြီး သတင်းစာကနေ ပြည်သူတွေကို သူတို ့ဘယ်လောက်တော်ကြောင်း ကောင်းကြောင်း အတင်းစွတ်ရွီး။ နိုင်ငံရေးနားမလည်၊ ဗဟုသုတကင်းတဲ့ ပြည်သူတွေက စွတ်ယုံ။ ဒီမှာ ကြံ့ဖွတ်အစိုးရက ဘဝင်တွေစွတ်မြင့်။သူတောင်းစား ထမင်းဝပြီး တောင်ချင်တိုင်းတောင်အုံးမှာပါ။

ပြည်သူတွေကတော့ ဒုံရင်းကဒုံရင်း ငပိရည်နဲ ့ကန်ဇွန်းရွက်က သူတို ့အတွက် အဓိက အဟာရပဲဖြစ်နေမှာပါ။

ဒီလိုနဲ ့ပဲ ဒေါ်စုက အသက်တွေကြီးလာပြီး ငယ်မှုပြန်၊ နောက်ဆုံး အိပ်ရာထဲလဲ ။ အသက်(၇၀)လည်း ကျော်ရော၊ ဒေါ်စုလည်း ရေဝေးမှာ ဦးကျော်သူတို ့အကူအညီနဲ ့အနားယူ။ဒီမှာတင် အန်အယ်ဒီ တစ်ခန်းရပ်ပေါ့။ ဦးတင်ဦးလည်းသေ။ ဦးဝင်းတင်လည်း ခလေးမရ ဘာမရနဲ ့ရှော။ သူတို ့အကြောင်းတွေစာအုပ်ထဲမှာပဲ ကျန်ခဲ့အုံးမှာပါ။

၂၀၁၁-လည်း ဦးသိန်းစိန်ရဲ ့လူတွေပဲ။ ၂၀၂၁-လည်း ဦးသိန်းစိန်ရဲ ့တပည့်တွေပဲ အာဏာရ။ ကိုမင်းကိုနိုင်တို ့အဖွဲ ့တွေလည်း ယဉ်ယဉ်လေးနဲ ့ရှုး။ ပွဲကတော့ ကြည့်ရတာ ပျင်းစရာကောင်းတယ်။

မရိုးသားတာကိုပြောချင်လို ့ပါ။ ဒါ့ကြောင့် ဒီလိုရေးဖြစ်တာပေါ့။ စစ်အစိုးရကလူတွေဟာ ဘယ်တုန်းကမှရိုးသားခဲ့တာမဟုတ်ပါ။ အမျိုးသားညီလာခံကနေ ၂၀၁၀-အဆုံး မရိုးမသားလုပ်ခဲ့ပြီး အာဏာတွေရခဲ့ပြီ။ ယနေ ့အထိမရိုးသားတဲ့အကြံအစည်နဲ ့နိုင်ငံရေးအကျဉ်းသားတွေနဲ ့ဆန်ရှင်ကိုလဲမယ်။ သူတို ့လွှတ်ချင်ရင် ကြိုက်တဲ့အချိန်လုပ်လို ့ရတာပဲ။ သူတို ့ပါးစပ်မှာ ဥပဒေရှိတယ်။ဒါကိုက မရိုးသားတာ။

နောက်ဆုံးတစ်နေ ့ကြရင် သူတို ့တွေပဲ အာဏာယူအုံးမှာပါ။ မည်သည့်အာဏာရ ပုဂ္ဂိုလ်မဆို လွယ်လွယ်နဲ ့မဆင်းဘူးဆိုတာ အားလုံးသဘောပေါက်စေချင်တယ်။

ဟယ်လာရီက နိုင်ငံတကာပတ်ပြီး အာဏာရှင်မျိုးစုံနဲ ့ဆက်ဆံဘူးတယ်။ ချော့တစ်ခါခြောက်တစ်လှည့်နဲ ့ အမေရိကန်အကျိုးစီးပွားရအောင် ဆက်ဆံတယ်။ ပါးစပ်ကတော့ သံခင်းတမံခင်းအရ ခင်ဗျားတို ့ပြည်သူတွေအတွက် စေတနာတွေ မေတ္တာတွေ ကွမ်းသီးတွေ ရှိပါတယ်လို ့တော့ပြောတာပဲ။

အမေရိကန် ၁၀၀-ပေးရင် အနဲဆုံး တစ်သိန်းတော့ သူတို ့ပြန်ရအောင်ကြံတယ်။ မယုံရင် လစ်ဗျားကိစ္စကိုလေ့လာကြည့်ပါ။ အာဖဂန်အခင်းအကျင်းကို ဖတ်ကြည့်ပါ။ အီရတ်ကရေနံတွေကို ဘယ်သူတွေက အများစုရလဲဆိုတာကို မေးကြည့်ပါ။ အမေရိကန်ပဲဖြစ်ဖြစ်၊ အင်္ဂလန်ပဲဖြစ်ဖြစ် သူတို ့ကူညီပြီးရင် သူတို ့ကိုတော့ ပြန်ပေးရတယ်။ အမြတ်မရရင် ဘယ်သူမှ မလုပ်ဘူး။ မကူညီဘူး။ အနဲဆုံး နိုင်ငံရေးအရတော့ အမြတ်ရအောင် ကြံဖန်ပြီး လုပ်တယ်။ တရုတ်လည်း ဒီအတိုင်းပဲ။

ဒီတစ်ချီမှ ဦးသိန်းစိန်တို ့ပြောတဲ့အတိုင်းမလုပ်ရင် အမေရိကန်က လေးဂွနဲ ့တော့ပစ်မှာမဟုတ်ဘူး။ သိတဲ့အတိုင်း ဘာဖြစ်နိုင်လဲဆိုတာ နိုင်ငံရေးအကြံပေးတွေဖြစ်တဲ့ အခြောက်ကြီး နေဇင်လတ်တို ့၊ အခြောက်ကြီး ကိုကိုလှိုင်တို ့သိမယ်ထင်တယ်။

အခုလိုအချိန်မှာ ထိုင်းမှာနေတဲ့ အတိုက်အခံအဖွဲ ့အစည်းတွေလည်း တောင်ပြေးရမလို မြောက်ပြေးရမလိုဖြစ်နေပြီဆိုတော့ သနားစရာ။ အခြေအနေမဲ့ အိမ်မရှိ ယာမရှိ အလုပ်အကိုင်ကလည်း မယ်မယ်ရရမရှိတဲ့ နယ်စပ်ကခေါင်းဆောင်တွေကိုအကြံပေးချင်တာက ကိုယ့်ထမင်းကို ကိုယ်ရှာစားပြီး ဦးသိန်းစိန်ပဲဖြစ်ဖြစ် ဒေါ်စုကိုပဲဖြစ်ဖြစ် ကိုယ်မြင်တာ ထင်တာကို လုပ်သင့်နေပြီဖြစ်ကြောင်းပါ။

ဒေါ်အောင်ဆန်းစုကြည်က ဘာ့ကြောင့်မပြတ်မသားဖြစ်လဲဆိုတော့ သူက စစ်အစိုးရနဲ ့လည်းမပြတ်နိုင်ဘူး၊ အတိုက်အခံနဲ ့လည်းမပြတ်နိုင်ဘူး၊ နိုင်ငံတကာပေးတဲ့ဆုတွေကလည်း များတယ်ဆိုတော့ နိုင်ငံတကာနဲ ့လည်းမပြတ်နိုင်ဘူး။

မျက်နှာထောက်စရာတွေများသားပဲဗျ။ ဒေါ်စုအိမ်ကိုလုံခြုံရေးယူပေးနေတာက စစ်သားတွေဖြစ်ပါတယ်။ ၈၈-တွေ အန်အယ်ဒီအဖွဲ ့ဝင်တွေ ယူပေးနေတာမဟုတ်ပါ။

ကဲ…ဒီတော့ ဦးသိန်းစိန်ဟုခေါ်သော ဦးသန်းရွှေရဲ ့အမွေကိုဆက်ခံသူကြီးရေ….ဦးခင်ညွန် ့ကိုလည်း လွှတ်ပေးပါအုံး။

တကယ်တမ်းရိုးသားတယ်ဆိုရင် စစ်အစိုးရဘက်ကနေ တစ်တိုင်းပြည်လုံးကို ရာသက်ပန်အပစ်ရပ်ကြောင်းကြေငြာသင့်တယ်။ တစ်ဘက်ကတိုင်းရင်းသားတွေတိုက်လာရင်တော့ သူတို ့သေတွင်း သူတို ့တူးတာပေါ့။

ပြီးရင် ဘက်ပေါင်းစုံက အဖွဲ ့တွေနဲ ့နိုင်ငံရေးနည်းအရပြေလည်ရာ ပြေလည်ကြောင်းဆွေးနွေးပြီး အဖြေရှာသင့်တယ်။အခုလို ဦးအောင်သောင်းနဲ ့အဖွဲ ့လုပ်နေတဲ့ပုံစံကိုပြောနေတာမဟုတ်ပါ။ ဦးအောင်သောင်းတော့ မသိဘူး၊ သူ ့သားကတော့ ငွေကိုထားစရာနေရာမရှိအောင် ချမ်းသာနေတာကိုတော့သိတယ်။ ဘာတဲ့…အစိုးရကတောင် သူ ့ဆီက ချေးရတယ်ဆိုလားပဲ။

၂၀၀၈-ခုနှစ်အခြေခံဥပဒေကို ပြန်ပြင်ပြီး ပြည်သူတွေရဲ ့ထောက်ခံမှုရအောင်လုပ်သင့်တယ်။

ပြီးရင် ရွေးကောက်ပွဲအသစ်ကိုနိုင်ငံတကာစောင့်ကြည့်မှုနဲ ့ကျင်းပပြီး အစိုးရအသစ်ကိုတစ်ခုကို တင်သင့်တယ်။

အခုကြတော့ သူတို ့အစိုးရဖြစ်ချင်တိုင်းကို အတိုက်အခံကော၊ ပြည်သူကကော၊ အားလုံးသော တိုင်းရင်းသားအဖွဲ ့တွေက လိုက်ပြီးလုပ်ပေးရသလိုပဲ။

ဒါ့ကြောင့် ဒီအခြေအနေက ခဏပဲ ငြိမ်းချမ်းရေးရနိုင်လိမ့်မယ်။

 

3 comments

  • moemakha

    December 14, 2011 at 9:42 am

    ဒီအဖြစ်အပျက်က မလွဲမသွေ လက်ရှိ ရင်ဆိုင်နေရပီး အခက်အခဲများစွာရောပြွန်းနေတဲ့
    အမှန်ဖြစ်ရပ်တွေ ၊ သူတို့ ဘယ်လို လှည့်စား မလဲ ၊ မယုံရတာတော့အမှန် ။

  • memeseku

    December 14, 2011 at 11:20 am

    မမှန်တွေကြီးပါပဲ… 🙂

  • memeseku

    December 14, 2011 at 11:21 am

    sorrry အမှန်တွေလို.ပြောချင်တာပါယယ

Leave a Reply