ကျမဘဝ ကျမ ဇာတ်ကြောင်း – ၂

ムラカミDecember 14, 20112min21621
ကျမနာမည်လား ..ဟုတ်ကဲ့ ကျမနာမည် Anita Roddick ပါရှင်။ Mrs. Roddick ဆိုပါတော့
ကျမ The Body Shop ကိုစ တည်ထောင်ဖြစ်တော့ 1976 ခုနှစ်မှာပါ.. ကျမ ယောက်ျား Gordon ကတော့
အလုပ်တာဝန်တွေနဲ့ တောင်အမေရိက ဘက်ကို လှည့်လည်သွားလာနေရတယ်လေ။ ကျမနဲ့ သမီးငယ်
၂ယောက်အတွက် ဝင်ငွေရစေဖို့အတွက် Gordon ပေးတဲ့ idea လေးကိုယူပြီး တပါတ်မှ ပေါင်၃၀ဝ ဖိုးလောက်
ရောင်းရရုံ တကယ့်ကို သေးသေးလေး စတင်ခဲ့တာပါ။ စီးပွားရေးရာ နဲ့ ပါတ်သတ်ပြီးတော့တော့ ကျမမှာ
အတွေ့အကြုံရော  သင်ယူလေ့လာထားမှုရော မရှိဘူးလို့ ဆိုနိုင်ပါရဲ့ရှင်။


စွန့်ဦးတီထွင်မှု ဆိုတာ ရှင်သန်ပေါက်မြောက်ရာ လမ်းကြောင်းလို့ ဘယ်သူမှ ကျမကို မပြောခဲ့ဘူးလေ..
ဖန်းတီးမှု အတွေးအခေါ်တွေရဲ့ သဘောသဘာဝကို နားမလည်ခဲ့ကြသေးတဲ့ ကာလ ဆိုပါတော့။
ကျမရဲ့ ပထမဆုံး ဆိုင်ကလေး က ကျမ ကို ဘာသင်ပေးခဲ့သလဲ ဆိုတော့ စီးပွားရေးဆိုတာ ငွေကြေးဆိုင်ရာ
သိပ္ပံပညာ ဘာသာရပ် မဟုတ်ဘူး ။ အရောင်း နဲ့ အဝယ် ကိစ္စ သက်သက်သာ ဖြစ်တယ် ဆိုတာပါပဲ။
သည်တော့ ကျမ နားလည်လိုက်တာက လူတွေဟာ ဘယ်လို ပစ္စည်းမျိုးကို အကုန်အကျခံ ဝယ်ယူကြမလဲ
(တနည်း)ဘယ်လို ပစ္စည်း လုပ်ရင် ရောင်းရမလဲဆိုတာပါပဲ ရှင်။

ကျမ ဘာရောင်းသလဲ ဆိုတော့ အလှကုန် လို့ အလွယ်ခေါ်နိုင်တဲ့ skin care products တွေပါပဲ။ ကျမ
အောင်မြင်မှု ရခဲ့တယ်ဆိုတာ ကံတရားရဲ့ ဖေးမမှု တွေ အကြောင်းအရာ တိုက်ဆိုင်မှု တွေ လည်း ပါဝင်
ခဲ့သပေါ့ရှင်။ ကျမ ဆိုင်က အသုဘ အလှပြင် လုပ်ငန်း ၂ခုကြားမှာ တည်ရှိနေခဲ့တာကလည်း လူတွေအတွက်
အထူးအဆန်း ကြည့်စရာ ဖြစ် ခဲ့တယ် မဟုတ်လားရှင့်။  အလွန်ထူးခြား စွဲဆောင်မှုရှိတဲ့ ရနံ့ရယ် နာမည်
ထူးထူးဆန်းဆန်းရယ် ဟာလည်း စွဲဆောင်မှု တရပ်ပဲလေ။ ကျောင်းဆရာမ ဖြစ်ဖူးတဲ့ ကျမဟာ Storytelling
ကိုတော့ ကောင်းကောင်း တတ်ကျွမ်းတယ် ရှင့် ။ သည်တော့ ကျမရဲ့ ထုတ်ကုန်တိုင်းမှာလည်း ပုံပြင်လေးတွေ
နဲ့ ပေါ့။မေမေ့ ကော်ဖီဆိုင်လေးမှာ ရခဲ့တဲ့ပညာလို့ ပြောရမယ်ရှင့်။ ကျမတို့ဟာ အားလုံးကို recycled ပြန်လုပ်
ပြီးသုံးတယ်။ မှန်တာကို ဝန်ခံရရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ရယ်လို့ သီးသန့်ကြီး
ရည်စူးခဲ့တာမဟုတ်ခဲ့ပါဘူး။ ပုလင်းတွေ လုံလုံလောက်လောက် မရှိသေးတာကြောင့်ရယ်ပါ။ ဒါဟာပဲ
တဖန် အလွန်ကောင်းမွန်တဲ့ idea တခုဖြစ်ခဲ့တယ်လေ။ အဲ့သည့်ခေတ် အဲ့သည့်ကာလမှာ လုံးဝဥဿုံ
unique ဖြစ်ခဲ့တာပေါ့။

ကြုံကြိုက်တဲ့အခါကျမ ဆိုင်ကို ကြွလှမ်းခဲ့ပါလို့ ဖိတ်မာန်တက ပြုချင်ပါတယ်ရှင့်။ ကျမဟာ အရေအသွေးမြင့်
အလှကုန်တွေကို  refill လုပ်နိုင်တဲ့ ဗူးတွေနဲ့အတူ sample size အမျိုးမျိုး ကို မိတ်ဆက်ပြသပေးပါ့မယ်။
အိမ်ကနေ ဗူးအခွံ ယူလာပြီး toner အမှုန့်သက်သက်လည်း ရောင်းချပေးနေတယ်လို့ သတင်းကောင်း
ပါးပါရစေ ရှင့်။
သည်လိုနဲ့ နောက် ၆လ ကြာတဲ့အခါမှာ  Gordon လည်းပြန်ရောက်လာပြီး ကျမတို့ရဲ့ ဒုတိယမြောက်
ဆိုင်သစ်ကို ဖွင့်လှစ်နိုင်ခဲ့ပါတော့တယ် ရှင်။



အမျိုးသမီးတယောက် ပြန်ပြောတဲ့ စကားပြေ အနေနဲ့ တင်ဆက်ထားတာ ပါခင်ဗျား..
မောင်ဂီ ခြောက်သွား သည်ဟု မထင်စေချင်ပါ... နလန်ထိ မောင်ဂီကို
နေကောင်းသွားပြီလား မေးကြတဲ့ ရွာသူားအပေါင်း ကို ကျေးကျေးပါ..
နလန်ထပြီ ဖြစ်ပေမယ့် လူပုံကတော့ ဂလောက်ပဲ ကျန်တော့ပါကြောင်း...


အာဟိ

21 comments

  • Moe Z

    December 14, 2011 at 9:34 am

    ဂီမမရဲ့ ဘဝဇာတ်ကြောင်းကိုအားပေးသွားပါကြောင်း 😛

  • blackchaw

    December 14, 2011 at 9:51 am

    Anita Roddick အကြောင်း ဖတ်သွားပါတယ်ဗျာ။

  • ဆူး

    December 14, 2011 at 9:55 am

    ကျန်းမာရေး မကောင်းလို့ လူက အဲဂလောက်ပဲ ကျန်တယ် ဆိုတော့.. ရောဂါ ကြီးကြီး မားမား ဖြစ်သွားတာ ထင်တယ်။ အေ ဘီ စီ ဒီ တွေ လား မသိဘူး။ ဟိဟိ.. ဒီခေတ်မှာ သိပ်ပိန်သွားရင် မရိုးဘူး။

    • Moe Z

      December 14, 2011 at 10:09 am

      Enrique ပိန်သွားပေမယ့် အဲဒီလောက်ဆိုရင် ကြည့်လို့ရသေးတယ်
      သူ့ပုံအစစ်ဆိုရင်တော့ 🙁
      ဒါကြောင့် သရဲမကြောက်တာ …

      • inz@ghi

        December 14, 2011 at 10:15 am

        မေတ္တာထားကြတယ်လား…
        သတ်ချင်တဲ့လူနဲ့ ရှို့ချင်တဲ့လူနဲ့ ….
        တပြားမှ မကုန်ဘဲ အေးဆေး ပြာဖြစ်လို့ရတယ်..

        ဆြာဆွ စကားလေး ငှားသုံးလိုက်ဦးမှ..
        “ခွေး”ဖြစ်မှတော့ “တော်သလင်း”မှာ ဂဲထုခံရတာ မဆန်းပါဘူးလေ…..
        ဂိန်. …..
        🙁

    • TTNU

      December 15, 2011 at 8:08 pm

      ဒါ မောင်ဂီပုံ?? ဟုတ်ရဲ ့လားကွယ်။ ဆူးရေ တီချာက မောင်ဂီ ကို
      စိန ဝတုတ်ကြီးထင်နေတာ။

      • inz@ghi

        December 15, 2011 at 8:10 pm

        မောင်ဂီက ထမင်းမဝတဲ့ ရှမ်းကုလား ရုပ်ထွက်နေတဲ့
        မွန်ဗမာလေးပါခင်ဗျာ …

        သနားဇယာလေးဘာ …

        ခစ်ခစ်…
        တီချာကြီးကို ဝင်နောက်သွားပါသည်…

  • Wow

    December 14, 2011 at 10:04 am

    ဝင်ရောက်အားပေးသွားပါကြောင်း…

  • ကိုရင်စည်သူ

    December 14, 2011 at 12:47 pm

    နာလန်ထကာစ ဂိဂိအား..
    ဓါတ်ပုံလေးက ရင်အုံလေးကို ကြည့်ပြီး
    သနားဂရုဏာသက်နေတဲ့ ရွာထဲမှ
    အနီပေးအပုန်းလေးများက ကာကြက်ဥများ
    ပြုတ်နေကြောင်း… မြေအောက်သတင်းရရှိပါသည်… ဘူး…ထွားထွားးးး… :mrgreen: :mrgreen:

  • kotun winlatt

    December 14, 2011 at 1:28 pm

    ဂီဂီ..ဂလိုလေးးးးချိနေတာလားးးး
    ဂလိုဆိုတော့လည်းးးဂလောက်ပဲဖြစ်လိမ့်မပေါ့…
    ဂီဂီရေ…ဆန်ပြုတ်သောက်လေဟဲ့….
    ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးး။

  • manawphyulay

    December 14, 2011 at 3:11 pm

    ကြုံကြိုက်ရင် လှည့်ဝင်ပြီး လာရောက်လေ့လာချင်ပါတယ်ရှင်။ လိပ်စာ အတည်အကျသာပေးထားပါ။

  • poeaung6

    December 14, 2011 at 4:08 pm

    ပိုစ့်ကမှတ်သားစရာကောင်းပါတယ် comment တွေကိုလည်း ရီရတယ်ဗျို့ ဗျဲ….

  • နီကီတာ

    December 14, 2011 at 4:40 pm

    ကိုအင်ကြီး အမှာတော် ပါးလိုက်တာကို ပြောလိုက်တယ်နော်
    အဲဒီကို ဆန်ပြုတ် လူကြုံထည့်ပေးလိုက်တယ်တဲ့
    ရောက်လား
    (နေကောင်းသွားပြီလား ဖျားတာက အခြောက်ဖျားလား၊ အစိုဖျားလား အဲလေ ယောင်လို့
    ရိုးရိုးဖျားတာလား၊ ဘာလားလို့ မေးတာ ) 😛 😛

  • MaMa

    December 14, 2011 at 4:42 pm

    နေမကောင်းဖြစ်ပြီး တော်တော်ပိန်သွားတာပဲ။ သနားထှာ 😀
    ဒါပေမယ့် တော်ကီရောင်းသမားမို့လားတော့ မသိဘူး။
    ပိန်သွားတာ ပါးစပ်မပါဘူးနော် 😆
    (ပါးစပ်အကြီးကြီးဖြစ်နေလို့)

    • inz@ghi

      December 14, 2011 at 4:47 pm

      အိခ် …ဆော်ပဟ ….
      ညက သတင်းမေးတာ အိပ်ပျော်သွားလို့ ပြန်မဖြေနိုင်တာဘာ ဂျ….

      😀
      တော်ကီလည်း မရောင်းရတော့ဘာဘူး …လေသံတောင် ယဲ့ယဲ့ပဲ ကျန်တာ…

      • နီကီတာ

        December 14, 2011 at 4:58 pm

        ဒါကြောင့်ထင်တယ်
        နိပွန်မှာ လေမှုန်တိုင်းတွေ မတိုက်တော့ဘူးတဲ့ 😛

        • inz@ghi

          December 14, 2011 at 5:04 pm

          အင်း …. ဖျားလို့ ဂလောက်…
          ရင်ငြိမ်းပွင့်နောက်များ လိုက်သွားရင် ရွာမှာ ဇာတ်ပဲသွင်းမလား …
          အိုးစည်ဒိုးပါတ်နဲ့များ ထ ကကြမလား မသိဘူး ….

  • small cat

    December 14, 2011 at 7:07 pm

    အော် ဂီဂီ အဖျားဝင်သွားတာကိုး

    • windtalker

      December 14, 2011 at 7:33 pm

      “ အချစ်လေးရေ ကိုယ့်ကြောင့် ” ( မှတ်ချက် စည်သူလွင်၏ သီချင်းစာသား ဖြစ်ပါသည် )

  • windtalker

    December 14, 2011 at 7:32 pm

    “ ကလေးတို ့ရေ….
    ဟောဒီ ဦးဇာချီး ရဲ ့ ပို ့စ်လေးကို ဖတ်အပြီး ဘာတွေ သင်ခန်းစာယူရမလဲ ဆိုတာ ဆရာကြီး ကို ပြန်ပြောပြပါဦး ”
    ကလေးများအားလုံး တညီတညွတ် ပြန်အော်ကြသည်မှာ
    “ ပုံပြောကောင်းတဲ့သူတွေ အာကေ ရွှင်လန်းပါမယ် ဆရာဂျီး ”

  • TTNU

    December 14, 2011 at 9:19 pm

    မောင်ဂီရေ
    အနီတာရောဒစ်က သူ့ သားသမီးတွေ အတွက် ငွေ အမွေ မချန်ခဲ့ဘူးနော်။
    သူ့သားသမီးတွေကလည်း ဒါကို လက်ခံကြတယ်နော်။
    အမွေ အကြောင်းပြောရင် သားသမီးတွေက သူတို့အမေ သေသွားသလိုခံစားကြရတယ်တဲ့။
    သူ့ သားသမီးတွေအတွက် ငွေ ရှာနည်းသာချန်ထားပေးခဲ့တယ်။
    အနီတာရောဒစ် က ရာဇဝင်တွင်မဲ့ အရာချန်ထားခဲ့တာ( အာဖရိက မှာ ကျောင်းတွေဆောက်ခဲ့တာ၊
    လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကို ထောက်ပံ့တာ၊ Slave Wages and Slave Labour ,
    Child Labour တွေ သုံးတဲ့ Sweat Shops တွေ ကို အမြစ်ဖြုတ်ခဲ့တာ။) လေးစားစရာပဲနော်။

    ငွေနဲ့ပတ်သက်ပြီး အနီတာ ရဲ ့ ခံယူချက်လေးတစ်ခု တီချာကြိုက်တာလေးကတော့…
    It allows you to be generous. (ငွေ ရှိရင် ရက်ရောခွင့် ရှိတယ်။)

Leave a Reply