ပြင်ဦးလွင်က မြေကွက်များ

khunmyomyatDecember 14, 20111min1117

ကျန်ခဲ့တဲ့ ၆ လလောက်အလွန်တုန်းက ပြင်ဦးလွင်မြေဈေးတွေက အရမ်းကိုထိုးတက်ခဲ့ပါတယ်။ အခုအချိန်ထိ ပြင်ဦးလွင်-မိုးကုတ်လမ်းဘေးရှိ မြေကွက်တွေဟာ
ဈေးနှုန်းကောင်းနေတုန်းပါ။ လူကြီးမင်းတို့၏ မိသားစုဘဝ လွတ်လပ်ပေ့ါပါးစွာ အနားယူနိင်ပြီး ၊ ဆိတ်ငြိမ်သန့်ရှင်းတဲ့ နေရာမှာ နေချင်သူများအတွက်တော့
ကျနော် မြေဈေးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

( မြေကွက်အားလုံးဟာ အရှုပ်အရှင်းကင်းပြီး ပိုင်ရှင်ကိုယ်တိုင် ရောင်းမှာ ဖြစ်ပါတယ် )

၁ = ပေ၈ဝ × ၆ဝ ( ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးသွားရာလမ်းမဘေး VIP ရပ်ကွက် ) အုတ်တံတိုင်းခက် ၊ ခြံတံခါး တပ်ပြီး သိန်း ၁၈၀ဝိ ( ညှိုနှိုင်းဈေး ) ဘေးဘယ်ညာ ကားလမ်းရှိသည်။

၂ = ပေ ၅ဝ × ၁၂၅ ( ၃၁ မိုင် – ကျင်ဂနိင်ရွာ ) (မန္တလေးပြင်ဦးလွင် ကားလမ်းမဘေး ) သိန်း( ၁၃ဝ ) ညှိနှိုင်းဈေး

၃ = ပေ ၄ဝ × ၆ဝ ( အောင်ချမ်းသာရွာ ) (မန္တလေးပြင်ဦးလွင် ကားလမ်းမဘေး ) သိန်း ၃၅ဝ ညှိနှိုင်းဈေး

မြေကွက်အားလုံးသည် ကားလမ်းမဘေးတွင် တည်ရှိပြီး ၊ အရှုပ်အရှင်းကင်းပါသည်။

ဆက်သွယ်ရန် – 0949570732

7 comments

  • koyinmaung

    December 14, 2011 at 2:28 pm

    ကဲရွာသားတို့ရေနေရာကောင်းကို
    သတင်းပေးနေလေရဲ့…

  • Zippo

    December 14, 2011 at 7:22 pm

    ဝယ်နိုင်သူနဲ့နေချင်သူ အတွက် သတင်းကောင်းလေးပါ ။
    ကျနော့်အတွက်ကတော့ ပြင်ဦးလွင်က မြေဈေးကွက်“ ဤ၍ ဤမျှ ရှိနေပါသလား ”
    သာလျှင် ထူးခြားကြောင်းပါ ။

  • MaMa

    December 14, 2011 at 8:11 pm

    အောင်ချမ်းသာရပ်ကွက်ဆိုတာ ပန်း တန်း နား မှာ ရှိတာလား။ လေယာဉ်ကွင်းနဲ့လည်း နီးတယ်ထင်တယ်။

    • khunmyomyat

      December 15, 2011 at 9:44 am

      ဟုတ်ပါတယ်…မမ

      အောင်ချမ်းသာအကွက်က လေယာဉ်ကွင်းနဲ့မျက်နှာချင်းဆိုင်ပါ။
      ၎င်းအကွက်ရဲ့ ဘေးမှာလည်း စားသောက်ဆိုင်အကြီးတွေရှိပါတယ်။ ပန်းတန်းကိုလည်း လမ်း ၅ မိနစ်လျှောက်ရင်ရောက်ပါတယ်။

  • စကားမစပ်ဗျာ…
    မိုးကြိုးပစ်စံပြရွာတို့၊ တောင်ပျိုတို့၊ ပန်းဦးတောင်တို့၊ ကုံးကော်တို့၊ နောင်ခမ်းကြီးတို့၊ ရွာသစ်ကလေးတို့၊ ဆင်လမ်းတို့၊ ကျောက်တောင်တို့၊ ယူဂိုဆလပ်တို့၊ ပြည်တော်သာတို့၊ လေးအိမ်စုတို့၊ ငါးရံ့ချောင်းတို့၊ ရကက(၅) တို့၊ ကန်တော်လေးတို့၊ ပဒေသာတို့၊ …တို့၊ ..တို့၊ …တို့ ကအိမ်ခြံမြေဈေးလေးပါ တစ်ဆိတ်ဖော်ပြပါလားလို့။

    မေမြို့သား ပြင်ဦးလွင်မှာ ပြန်အချေချနေနိုင်အောင် ဘယ်နှစ်နှစ်လောက် ငွေစုရင်ရမလဲဆိုတာ သိချင်လို့ပါလို့..

  • windtalker

    December 15, 2011 at 12:25 pm

    ကိုခွန်မျိုးမြတ် ရေ
    သတင်းလေးတွေ အတွက် ရှဲရှဲပါ
    ကျုပ် တို ့မန်းတလေး မှာလဲ ဒီရက်ပိုင်းအတွင် အိမ်မြေ ပွဲစားတွေ ရော ၊ ရှေ ့နေ တွေ ပါ
    အလုပ်များနေကြသဗျား ။ ပွိုင့်တွေ …ပွိုင့်တွေ
    လူတွေ က အစိုးအရအပြောင်းအလဲ မှာ ၊ အိမ်မြေထဲမှာဘဲ ရင်းနှီးမြုပ်နှံကြဖို ့စိတ်ကူးရဲတယ် ထင်ပါရဲ ့

  • ကြောင်ကြီး

    December 16, 2011 at 11:39 am

    မေမြို့နားတဝိုက်က ဂေါ်ရခါးမလေးတွေ တယ်ချောဆိုပဲ။ လုပ်စမ်းပါအုံး သူတို့အကြောင်း။။ 🙂

Leave a Reply