ပျက်စီးမှာဆိုးလို့

myominkhineMay 26, 20101min581

ကောင်မလေးရေ

နင်.ကိုငါချစ်တယ်
ငါ့ရဲံ့နှလုံးသားဟာ
မင်းအရင်ကတွဲခဲ့ဖူးတဲ့ ကောင်တွေလိုတော့
READYMADE မဆန်ဘူးပေါ့
မင်းအတွက်ဆိုရင်တော့
ငါ့ပခုံးတွေကောင်းပြီးသားပါ

ကောင်မလေးရေ
ငါဆိုတဲ့ကောင်က
ငေးမောရင်းမြတ်နိုး
ရပ်ကြည့်ရင်းရင်ခုန်နေရတဲ့ကောင်ပါ
ဒီ့ထက်မပိုတော့ပါဘူး
ဒီံ့ထက်မပိုတော့ဘူးဆိုပေမယ့်
ကောင်မလေးရယ်
နင့်ကိုဆုံးရှုံးရမှာကိုတော့
ငါလည်းကြောက်တာပေါ့
ကောင်မလေးရယ်…….
တွေ ့ဆုံချိန်ကရှားပါးလွန်းလို ့
တွေဆုံချိန်ကိုတန်ဖိုးထားချင်တယ် ဒါပေမယ့်
မျှော်လင့်ရင်ပျက်စီးတတ်လို ့
ငါရဲ့မျှော်လင့်ခြင်းထဲမှာတောင်
မင်းရဲ့အချစ်ကိုမထည့်ထားရဲဘူး……
ပျက်စီးမှာဆိုးလို့

One comment

  • bluerose

    May 30, 2012 at 3:20 pm

    အရမ်းမိုက်တယ်ဗျာ
    အားပေးနေတယ်နော်

Leave a Reply