အဆင့်များ က ပြောတဲ့ လိုအပ်ချက်များ -၂

ムラカミJanuary 10, 20124min13413

Manfred Max-Neef ဆိုတဲ့ ဆရာကြီးနဲ့ အဖွဲ့ ကတော့ Fundamental human needs ဆိုပြီး အဆိုပြုတယ်ခင်ဗျ.

Maslow လိုမျိုး ..တခုပြည့်မှ အပေါ်တက် ဆိုတဲ့ hierarchy ကို လက်မခံတဲ့အဖွဲ့ ပေါ့ခင်ဗျား..

သူကတော့ ခွဲခြား သတ်မှတ်မှုတွေ ပိုလုပ်ထားတယ်ဗျ …(တခုပြည့်စုံမှ တခု သွားတယ် ဆိုတဲ့ အတွေးအခေါ်

မဟုတ်လို့ ကျနော် အဆင့် လို့ မသုံးဘူးနော..)

ဒါကတော့ Fundamental human needs ရဲ့ အမျိုးအစားတွေပါခင်ဗျား..

  • subsistence
  • protection
  • affection
  • understanding
  • participation
  • leisure
  • creation
  • identity and freedom

Subsistence – ဖြစ်တည်မှု သဘော ဆိုကြပါစို့ဗျာ

               စိတ်ပိုင်းနဲ့ ရုပ်ပိုင်း ကျန်းမာမှု ပါမယ်ဗျာ ။ စား-ဝတ်-နေ အရေး(၃) ပါး ပါမယ်။ အဲ ရှင်သန်ရပ်တည်မှု အတွက်

               အလုပ် လုပ်ရတာပါမယ်။ လူတယောက်ရဲ့ နေ့စဉ်ဘဝ ဆိုပါတော့ဗျာ။

               (ဟိုဘက်မှာ မပီးသေးဘူး ဆက်ရေးဦးလို့ ကိုသစ်ထောက်သွားတဲ့နေရာခင်ဗျ .. ဂန်းခီဝို ဒါ့ရှိတဲ့ ရေးပြီဗျို့)

Protection– လူတယောက် ကို ဘယ်လောက် ဘယ်လို လုံခြုံ စိတ်ချရမှု ပေးနိုင်တယ် ဆိုတဲ့အချက်ဖြစ်သွားပြီဗျ

               အလုပ်၊ ကျန်းမာရေး နဲ့ လူမှုရေး နယ်ပယ်တွေမှာ ဘယ်လောက် security ရှိသလဲ ဆိုတဲ့ နေရာ ပေါ့

               ကိုသစ်ပြောတဲ့ Prevention, Protection, Relief တွေခင်ဗျ..(ဘယ်တွေမှာ ဘာတွေယိုယွင်းတယ်ဆိုတာ

               caseတွေ critics တွေ ကိုယ် သန်ရာ field ကနေ သာ စိတ်ကြိုက် ခံစားယူကြပါကုန် )

                   သည် Protection အပိုင်းမှာတော့

                  ၁. ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊

                  ၂. ကြည့်ရှု စောင့်ရှောက်မှု နဲ့

                  ၃. ကူညီကယ်ဆယ်မှု ဆိုတဲ့ ဂုဏ်သတ္တိ(၃)ပါး ပါဝင်ကြောင်းပါ။

 သည်တော့ ဟိုတခါပြောဖူးသလို

                   1- Right a wrong

                   2- Prevent the end of something good

                   3- Increase the quality of life ပါ

 

အားလုံးကိုယ်စီ တာဝန်ရှိကြပါသည်ခင်ဗျား။ ကိုယ်နိုင်တဲ့ဘက်က. ဝိုင်းကြ ဝန်းကြပါ ။

Affection ကို သွားပါမယ်ဗျာ ..

               – ဟုတ်ကဲ့ ခြုံပြောရရင်တော့ မေတ္တာတရားပါ၊ ဒါပေမယ့် သည်အထဲမှာ

               ရိုသေ လေးစားတာ ၊ မြတ်နိုး တွယ်တာတာ၊ တန်ဖိုးထားတာ စတာတွေ

               အားလုံးပါဝင်ပါသေးတယ်ဗျ. မိသားစု ၊ ဆွေမျိုးညာတကာ နဲ့ သူငယ်ချင်း

               အပေါင်းအသင်းတွေ လိုအပ်တယ် လို့ ပြောပါတယ်

               မေတ္တာတရားမရှိဘဲ (ဝါ) မေတ္တာတရား ခေါင်းပါးကြရင် ရပ်တည်ဖို့ ခက်တယ်လို့ ဆိုချင်တာဖြစ်ပါလိမ့်မယ်ဗျ

Understanding

               – လေ့လာ စူးစမ်းမှု၊ သိနားလည်မှု

                 သည်အပိုင်းတွေခင်ဗျာ ၊ Educational ပိုင်းတွေပါဗျာ.. ကျောင်းလက်ချာ သက်သက်ကိုတော့

                 ဆိုလိုတာမဟုတ်ပါဘူး၊ လူဆိုတာ မွေးလာကတည်းက သေသည်အထိ အသက်ရှင်သန်ရပ်တည်မှုအတွက်

                 သင်ယူနေကြရတယ် မဟုတ်ပါလား၊ လေ့လာမယ် ၊သုံးသပ်မယ် ခွဲခြမ်းစိတ်ဖျာမယ်၊ စုံစမ်းမယ် ဆိုပါတော့

Participation

               – တာဝန်သိမှု။ ရည်စူးမှု ၊ ပေးဆပ်မှု ဒါတွေရဲ့ အရေးပါမှုလေးပါ။ responsibilities ရယ် authority ရယ်မျှတ

                 ရပါ့မယ်ဗျာ။ ဘာတွေ ပါမလဲဆို တာဝန် တွေ ဝတ္တရားတွေ အဲ့ …Rights တွေ ရယ်ပေါ့လေ.

  ပူးပေါင်းပါဝင်ဆောင်ရွက်မှု ဆိုတဲ့အပိုင်းမှာ လက်ခံမှု၊ ငြင်းဆန်မှု လည်း ပါတယ်ဆိုတာ လေ့လာသိရှိရပါတယ်ဗျ

                 right to dissent & right to express opinion ပါ

Leisure

               –  လိုပါတယ်ဗျာ၊ ဒါလည်း ၊ လူဆိုတာ ထူးဆန်းတဲ့ စက်ကြီးတစ်လုံးပါ၊ စက်နဲ့ ကွာတာက

                     စက်ဟာ သုံးတာ ကြာလေလေ စွမ်းဆောင်ရည်ကျလေ၊ သုံးမကောင်းလေ မော်ဒယ်သစ်ပေါ်လေ၊

                     ပစ်ထုတ်ချင်စိတ်ပေါက်လေ။

    လူဆိုတဲ့ စက်ကြီးကတော့ များများသုံးလေလေ ကျွမ်းလာလေ မြန်လာလေ တော်လာလေ

တွေ့အကြုံစုံလာလေ ဆိုပါတော့

                   လူသည်လည်း စက်နဲ့ တူတဲ့အချက်ကတော့ သူလည်း အင်ဂျင်ပူတတ်တာပါပဲ၊

                     ဟုတ်ကဲ့ အနားပေးရပါတယ် Leisure လိုအပ်ပါတယ်

Creation

               – ဖန်တီးမှု ၊ သည်နေရာမှာ ကိုသစ်ပြောသွားတဲ့ ပန်းတိုင် ဆိုတာလေး ကို ကောက်ပြီး ဆွေးနွေးချင်ပါတယ်

                 ပန်းတိုင် သေးသေးလေးတွေ ကစပြီး အကြီးကြီးတွေအထိ ပန်းတိုင်ဆိုတာ ရှိရပါမယ်။

                  မရှိရင် ကျနော်တို့ သေသွားမှာပေါ့ ။

                 ကျနော်ကတော့ project ဆိုတဲ့ စာလုံးလေးနဲ့ ပိုရင်းနှီးနေပါတယ်.. Routine Vs Project ပါ …

                  Project ဟာ (ပန်းတိုင်)ရှိပါတယ်

                 လောလောဆယ် သည်ပို့စ်လေး ပြီးဖို့က ကျနော့်ပန်းတိုင်ပါ .. ဒါ ကျနော် creation ပဲပေါ့၊

Identity and Freedom

               – မူရင်း စာလုံးလေးတွေ ကူးထည့် လိုက်တယ်ဗျာ …ဘာသာမပြန်ရက်တော့လို့

               – autonomy, passion, self-esteem, open-mindedness ဒါတွေ ပါဝင်ပါသတဲ့..

               နောက်တခု သော ဂုဏ်သတ္တိက Equal Right ပါတဲ့ …ရပိုင်ခွင့် အခွင့်အရေး သက်သက်ပဲဆို

               Participation ထဲက လို့ ဆိုနိုင်မှာ ဖြစ်ပြီး Freedom မှာတော့ Equal Right ပါတဲ့ခင်ဗျား

               သည်နေရာမှာ Awareness develop ဖြစ်တယ်လို့လည်း ဆိုထားသေးတာကိုး ခင်ဗျား..

သည် မော်ဒယ် သည်လည်းပဲ hierarchy လို့ မပြောလို့သာ နံပါတ်စဉ်တပ်မထားလိုက်တယ် …ပြန်တွေးကြည့်ရင် သူလည်းပဲ

တဆင့်ထက် တဆင့် မြင့်တက်လာတဲ့ သဘောလေးတွေကို တွေ့ရပါတယ်ဗျာ၊ မာ့စ်လော ကတော့ အောက်အဆင့် ပြေလည်မှ နောက်အဆင့် တက်တယ် ပြောပေမယ့် သည်မှာကတော့ မှီခိုခြင်း မရှိ။(နည်းသည်) ဆိုတဲ့ အဓိပ္ပါယ်ထွက်တာမို့

လက်တွေ့နဲ့ ပိုကိုက်မလားပဲဗျ။ မှန်တာပြောရရင် သည်မော်ဒယ်လ်မှာလဲပဲ …ဒုတိယ category ဖြစ်တဲ့ protection needs

ကိုပဲ focus လုပ်ပြချင်ပါတယ်။

စကားမစပ် HR wizards ပြောကြတဲ့ စကားလေးတစ်လုံး ဖောက်သည်ချချင်ပါတယ်ဗျာ equation လေး တစ်ခုပါ။

           

                        A(ttitude) and M(ortivation) and O(pportunity) = Output တဲ့ခည

 

AMO model လေးပေါ့..ဒါပေမယ့် သူတို့ ၃ခုကြားက relation ကတော့ “+” plus မဟုတ်ဘူး “x” multiply ပါတဲ့ဗျာ။

ဆိုလိုချင်တာကတော့ တခုခု “0” Zero ဖြစ်ရင် Output မထွက်ဘူးတဲ့ခင်ဗျ။

 

Right Attitude, high motivation နဲ့ ပိုင်ဆိုင်ပြီး  fair opportunity လေးများ ရမယ့် တနေ့ဆီသို့ ……

Ref: http://en.wikipedia.org/wiki/Fundamental_human_needs

13 comments

  • inz@ghi

    January 10, 2012 at 11:54 am

    ကိုသစ်ရေ….
    ညီအပျင်း တစ်နေတဲ့ နှစ်ဟောင်းကအကြွေး အခုဆပ်ပြီနော…
    အစ်ကို့ကိုလိမ်လို့ မရဘူး ဆက်ရေး လို့ ပြောတဲ့ကြားက ….
    ရူးချင်ယောင်ဆောင်နေမိတာ ခွင့်လွှတ်….

    အားလုံးကိုယ်စီ တာဝန်ရှိကြပါသည် ကို ..ကျနော် တတ်နိုင်သလောက်လေး…
    အားဖြည့်ကြည့်ရင်း….အမှားပါရင်လည်း ပြင်ပေးထောက်ပေးပါဦးခင်ဗျား…

    ခင်တဲ့
    Inz@ghi
    ခေတ္တ kabuki-cho

  • thit min

    January 10, 2012 at 12:55 pm

    Sustenance と subsistence が  意味違うね 大丈夫?
    ညီလေးရေ………………..
    သုတ်၊ဝိနည်း၊အဘိဓမ္မာပေါ့ကွာ။
    ညီရောအကိုရော သုတ္တန် ဇာတ်လမ်းလေးတွေပြောဘို့လိုနေသလားလို့ကွာ။
    အကိုလည်း အခုတလော ဝိနည်းတွေချည်းလွှတ်မိနေတယ်ဟဲ ဟဲ။
    နဲနဲ ရှာရှည်ကြည့်မယ်ကွာ။ကိုယ့်ညီဆိုတော့ပြောရဲလို့ပါ။
    —————–
    အဆင့်(၁)မရှိရင်
    အသက်ရှင်ရပ်တည်နေသော လက်လုပ်လက်စားသမားတယောက်ဟာ
    စားဝတ်နေရေးကိုပြေလည်ဖို့ရုန်းကန်ခြင်းကိုဘဲ အလေးထားနိုင်မှာပေါ့။
    အဆင့်(၂)
    စားစရာဘာပူစရာရှိလဲဆိုတဲ့အနေအထားရှိတဲ့ လူ ဖြစ်နေရင်တော့ တုံးလုံးစာလေးဟဲ့။
    လူကြားထဲသွားတာ နဲနဲတော့ “သ” ရမှာပေါ့။ ငါတခုခုဖြစ်လို့အလုပ်မလုပ်နိုင်ရင် သုံးဖို့
    “ဘယ်လောက်ရှိပါလိမ့်” မှန်းစမ်း။
    အဆင့် (၃)
    လူလေးစားအောင်နေဖို့ ကိုယ်ကလည်းသူများကိုမစော်ကားမှဖြစ်မှာပေါ့။။
    မေတ္တာသုတ်ဆိုတာရွတ်ရတာမဟုတ်ဘူးတဲ့။ သူများတွေကို တတ်နိုင်သမျှကိုယ်ချင်းစာစိတ်ထားမယ်ဟေ့။
    ကြည့်မရတဲ့သူတော့ ဥ ထားလိုက်မယ်။(ဥ= ဥပေက္ခာ)
    ချစ်ရတဲ့သူများကျတော့လည်း “ပါဝါအပျော့”လေးပေမဲ့ အတော်ပြင်းသားဟ။ ချစ်လိုက်တာတုန်။
    အဆင့် (၄)
    အရေးအကြီးဆုံးအချက်ဘဲ။
    ခုနကဘဲ ရေးလိုက်တဲ့ ကော်မန့်လေး ပြန်ကူးလိုက်မယ်နော.
    Students have to
    .. study more than schooling,
    .. clearly decide whether taking the advanced course or not (that is, from High school to University),
    .. take consideration about vocational education.
    ဆိုတော့ရှောက်သွား ရှောက်ရှာ ရှောက်သင် တတ်လေ ကောင်းလေ ဘဲ။
    “ဝမ်းစာဖြည့်တယ်”လို့ခေါ်တယ်နော်။ ဝမ်းစာပြည့်ရင် အပေါ် သုံးချက်ကိုပြန် ထောက်ပံ့ပေပြီဟေ့။
    အဆင့်(၅)
    အဆင့် (၄) ကသင်ရတာ၊ သူ {အဆင့်(၅)} ကသုံးရတာ လက်တွေ့ပိုင်းလို့ပြောရမယ်။
    ပါဝင်သင့်တယ်။ ထိုင်ကြည့်မနေနဲ့ ရပ်ကြည့်လို့ အမြတ်မရှိဘူးဆိုလားဘာဆိုလား။
    ဟုတ်တယ် ဟိုစပ်စပ်ဒီစပ်စပ် သင့်တော်တာမှန်သမျှ စပ်။ အရောင်စုံတာကလဲ ဝမ်းစာဘဲ။
    အတွေ့အကြုံဝမ်းစာလို့ နာမည်ပေးချင်တယ်။ သူလည်းတော်တော် အရေးကြီးတယ်။
    ——
    (ဝပ်လျှော့ပညာလေးတတ်တယ်-အဆင့် ၄၊ အတွေ့အကြုံရှိပြီဗျို့-အဆင့် ၅၊ စားဝတ်နေရေးလား -အဆင့် ၁၊
    ဘာအတွက်ညာအတွက်ကုန်စရာလေးတွေ အဆင့်-၂၊အင်း ဂါရဝေါစ နိဝါတောစ တွေနဲ့လေးစားသင့် ရိုသေ
    သင့်သူကိုရိုသေ၊ ကိုယ်ချင်းစာစိတ်သမာအာဇီဝနဲ့ ရှာမှကောင်းမယ်- အဆင့် ၃)
    အဆင့် (၆)
    နားအုန်းမှပါ။ အင်း အလုပ်ချည်းလုပ်နေလို့ ညီးငွေ့သွားမယ်။ဟုတ်ပြီ မန်းဂေဇက်မှာစာရေးမယ်။
    အားညောင်းလာပြီ ကဲ လစ်မယ်ဟေ့။ အညောင်းပြေအညာပြေ။
    ဒါမှ ရီချာတ်ဖြစ်ပြီးဆက်လုပ်နိုင်မှာဟ။ “ဟေ့ ဒို့နဂါးနီ”။
    အဆင့် (၇)
    ဒီလိုချည်း လုပ်လိုက်၊စားလိုက်၊နားလိုက် ပြန်လုပ်လိုက်၊ ပျင်းစရာကြီးကွာ။
    တခုခုတော့ လုပ်ကြည့်မယ်။ ကိုယ်ပိုင်လုပ်ငန်းလေးများဖြစ်နိုင်မလား။ စပ်တူ လား။
    တိုင်ပင်ကြည့်မယ်။ နောက်နှစ်လောက် တခုခု လုပ်မယ်ဟေ့ ။ဗျာ ကားဝယ်ရောင်း။
    ဟင့်အင်း ကျောက် ကိုင်မယ်ကွာ။
    အဆင့် (၈)
    ကိုယ်ဘာလဲဆိုတာတော့ ပြ ရမှာပေါ့။
    အဲ မကြွားကြေးကွာ၊အင်း ကြွားလဲ ဘယ်သူကမှတော့ ဘာမှမပြောပါဘူး။ ကျိတ်ရီမှာပေါ့။ဟဲ ဟဲ။
    ၁ဝ နှစ်အောက်ဆိုရင်ကြွားပေါ့။
    ကိုယ်ရုပ်ကိုယ်ရေးရတာ ပုံကောင်းထွက်ဘို့တကယ်တော့မလွယ်ဘူး။
    ဒီ ဝပ်လျှော့က ကောင်လေး ဆက်ဆံရေးကလဲကောင်း လူကြီးလူကြီးမှန်းသိတယ်။
    ဟော အပေါ်က အဆင့် ၃ ရဲ့ ချိတ်နော်။ အဲဒါပေမဲ့ပေါ့နော်။
    မူရင်း ကောင်း မှ မိထ္ထ ူကောင်းတာမို့ စိတ်ရင်းခံ ကောင်းမှ ကိုယ့်ရုပ်ပီသကြည်မြမှာ။
    ~~~~~~~~~~~~
    အဲဒီ အချက် (၈) ချက်က လူတလုံး ဖြစ်အောင်ရပ်တည်နေထိုင်နည်းလို့ဘဲ ခေါ်မယ်ဗျို့။
    ————————
    ညီရေ့
    အဲဒီ အတ်တီကျူ ရယ် မိုတိဗေးရှင်း ရယ်ကို ကိုယ်ကဇွတ်ပေးစားနေကြကွ။
    အခွင့်အရေးဆိုတာအမြဲရှိတာမှမဟုတ်တာမလား။
    ကိုယ်ဘာလုပ်ရမယ်ဆိုတာ သိ နေတဲ့ အတ်တီကျူ ကို မိုတိဗိရှင်း-လုပ်ဖြစ်အောင်စေ့ဆော်ပြီး
    အလုပ်တခုခုကိုပြီးအောင်လုပ်ထားလေ့ရှိတာဟာ တကယ်အခွင့်အရေးပေါ်လာတော့
    အသုံးဝင်သွားတတ်တယ်။လက်တွေ့ပေါ့နော်။ ပါးပါးလေးနဲ့ ထိတယ်ဟေ့။
    ————————
    ကျေးဇူးဘဲ ညီရေ့
    ရွှင်လန်းပါစေ
    မောင်သစ်မင်း

    • inz@ghi

      January 10, 2012 at 2:39 pm

      ကိုသစ်ရေ…
      Subsistence နဲ့ Sustenance ကို သိသလို မသိသလိုပါပဲဗျာ ….
      အကြမ်းဖျင်းတော့ Sustenance ကို Subsistence ရဲ့ one of the attribute လို့ထင်မိကြောင်းပါ…
      ပြောပြပေးပါဦးခင်ဗျာ………..

      သုတ္တန် အကြောင်းတော့ ပြောရဲသေးဝူးခည ….စာဖတ် နာမှ အတွေ့အကြုံများမှ ပြောလို့အဆင်ပြေမှာပါ…
      ကျနော်က အများကြီး ကီးနိမ့်သေးလို့ပါ ..:D

      အားပေးတာ ကျေးဇူးပါ ကိုသစ်ရေ…

      • thit min

        January 10, 2012 at 3:50 pm

        လွယ်ပါတယ်ညီလေးဂီရယ်
        လူ့ဘဝအသက်ရှင်ရပ်တည်ရေး အခြေခံလိုအပ်ချက်Sustenance တွေကို
        subsistence ဖြည့်ဆည်းပေးခြင်းပါဘဲ။
        ဖြည့်ဆည်းပေးခြင်းဆိုတော့ ကျယ်ပြန့်တယ်ပေါ့။ ဘယ်ကစရလဲဆိုတော့ စားဝတ်နေရေးSustenance ပေါ့။
        အဲဒီလိုဆိုတော့ subsistence= စားဝတ်နေရေးSustenance ဖြည့်ဆည်းမှုမှအစပြု၍လောကလူသားဘဝလိုအပ်
        ချက်များကိုဖြည့်ဆည်းပေးခြင်း လို့ဖြစ်သွားတယ်ပေါ့၊ ညီလေးပြောတဲ့ တစိတ်တပိုင်းဆိုတာအဲဒီဟာပေါ့ကွာ။
        ကိုယ်ဒီလိုရေးဘူးတယ်။ဂေဇက်မှာအဲဒါကိုလဲရှင်းပြထားဘူးတယ်လို့ထင်တာဘဲ။

        (1)Sustenance;
        (2)Self-esteem;
        (3) Freedom from servitude.

        Sustenance: Sustenance refers to the capacity to meet basic human needs (BHNs) such as food, clothing and shelter. In practice, even if a country has enough for their basic needs, even growth of income increase annually, it is hard to say that this country has developed without consideration about equality in both economic and social sectors.

        Self-esteem: Reflection of overall evaluation or appraisal of one’s own worth means self-esteem. Self-esteem consists of confidence, achievement, and respect of others that is external factor. Beyond self-determinants, self-esteem including the external factors such as reputation in society. The worth of a person cannot be measured by his or her ownership. In society, wealthy is not only important matter for living but self-esteem, dignity and family’ love are also necessary things for a society.

        Freedom from servitude: Freedom is the state of being free which is not being imprisoned or enslaved in society, poverty and abuse, ignorance and absence of the freedom to choose one’s religious or cultural behaviors. In process of social development, freedom can be defined as an expanded range of choices for members of society. That is, the more the choices of the needs, wants or desire and human rights in society, the range of freedom is broader as the pace of wide range of rights to choose.

  • sitminnaing

    January 10, 2012 at 1:12 pm

    အင်း..ဖတ်လို့ကောင်းပါတယ်…ပိုစ့်ရော ကွန်းမန်းရော…ဒီလိုအရေးအသားတွေ အတွေးခေါ်ပိုင်းတွေကို ဒီရွာထဲမှာ များများနေရာယူသင့်လာပြီလို့ မျှော်လင့်မိပါတယ်။

  • Moe Z

    January 10, 2012 at 1:14 pm

    ကိုအင်ဂျီးတင်ထားတဲ့ပို့စ်နဲ့ ကိုသစ်မင်းရဲ့ကွန်မန့်ကိုပေါင်းပြီး ဖတ်သွားပါတယ်
    နောက်မှကလေးတွေးနဲ့ self-esteem နဲ့ပတ်သက်ပြီးနည်းနည်းရွှီးကြည့်ပါ့မယ် 🙂

    • inz@ghi

      January 10, 2012 at 2:42 pm

      လုပ်ပါဗျ Self-Esteem အကြောင်း…
      အဲ့ဒါကြီးက ငယ်ငယ်ကတည်းက ပျိုးထောင်ယူရတယ်ဆိုတာ ကျနော် လေးလေးစားစားကိုလက်ခံထားပါတယ်ဗျာ….
      တကယ်ပါ ..ကြီးမှ …မိုက်ရိုးတွေရင့်မှ ချိုးရတာ လွှတ်ခက်သကိုး …. Change Management တွေဘာတွေဝင်ရရင်…
      ဆေးခါးကြီး မျိုရသလိုကိုး ….။

      သည်တော့ ကလေးအတွေး ကလေး point-of-view ကအလွန် အရေးကြီးသမို့ ….ရိုးရိုးလေးနဲ့ အဆင့်မြင့်တဲ့ပညာရပ်မို့…
      စောင့်မျှော်နေပါကြောင်း ….။

      ခင်တဲ့
      ကအင်ဂျီး ..။

  • blackchaw

    January 10, 2012 at 1:22 pm

    ဂီဂီရေ။
    မိုးစက်ပြောသလိုပါပဲ။
    ကိုသစ်ကွန်းမန့်ကိုပါ တွဲဖတ်သွားတယ်ဗျာ။
    ကိုယ်က လေ့လာမှု နည်းနည်း ရပ်တန့်နေလို့
    ထိထိရောက်ရောက် မဆွေးနွေးနိုင်တာ ခွင့်လွှတ်ပေးပါနော့။
    ဒါပေမယ့် ကိုယ် က ရွာသူရွာသားတွေအတွက်တော့
    ပတ်ဝန်းကျင်ကောင်းဖြစ်အောင် ကြိုးစားနေတယ်ဆိုတဲ့အကြောင်း
    (ကိုသစ်ရေ စကားလုံးငှားသုံးခွင့်ပြုပါဗျာ)
    တော့ ဂီဂီ့ ပို့စ်မှာ ကွန်းမန့်ပေးရင်း ပြောခဲ့ပါရစေဗျာ။
    ကြက်ဆူဒိုင်းနမိုက် ကို တီထွင်သူ
    ကမှောင်ချော

  • windtalker

    January 10, 2012 at 1:57 pm

    နံပါတ် ၁ ကို ပြန်ရှာပြီး
    ယခု နံပါတ် ၂ နှင့် + ဖတ်မည့် အကြောင်းရယ်ပါ

  • pooch

    January 10, 2012 at 3:51 pm

    “ရိုးရိုးကျင့် မြင့်မြင့်ကြံ “အဲ့ဒါလေး သဘောကျတယ်

    ကျမအတွက် အခက်ခဲဆုံးကတော့ self-esteem လုပ်ရခြင်းပါပဲ.. ခုချိန်ထိ ဝေးနေဆဲ ကြိုးစားဆောက်တည်နေရဆဲပဲ..

  • manawphyulay

    January 10, 2012 at 4:12 pm

    ခုမှပဲ အဆင့်တွေနဲ့ ဖတ်ကြည့်မိမှ လိုအပ်ချက်တွေ အတော်များများကို ကိုယ့်ဘာသာဆန်းစစ်ကြည့်မိတော့တယ်။ ကျေးဇူးပါ မောင်လေးရေ…

  • Khin Latt

    January 11, 2012 at 4:18 am

    တူတော်လေး ရေ –
    Post ဖတ်အပြီး ငါ အသက် ၂၆နှစ် က ဘာလုပ်နေခဲ့လဲ ပြန်စစ် နေမိတယ်။
    တော်ချက် ကတော့ ……. စိတ်ဝင်စားစရာ Topic ပါ။
    (၁) ရော (၂) ကိုပါ ဖတ်ကာမှတ်ကာ သွားပါ၏။
    အိမ်း …. ဒီညတော့ ပြန် မမန့်နိုင်တော့ဘူး။ အသံ နာနေပြီ။ 😉
    နောက်နေ့ ပေါ့။ အကြွေး။ Bookmark လုပ်ထားပြီ။
    ခင်မင်သော
    အရီးတော်

    • inz@ghi

      January 11, 2012 at 1:44 pm

      အထင်မကြီးပါနဲ့ အရီးတော် …..
      အနုမြူအပျော့ နဲ့ ပန်းသီး တို့ ဦးနှောက်ဆေးထားလို့ ..ပလပ်လွတ်နေတဲ့ ချာတိတ်ပါ….။

      ကံဇာတ်ဆြာအလိုကျ … အင်္ဂါ-ကြောင်-သံဗူး (မား-ကတ်-တင်း) ဆိုတဲ့
      Data တွေ့ – ကြည့်ဖြီး
      Trend တွေ့ – မှန်းတီး
      Platform တွေ့- ဗလိုင်း ရွှီး တဲ့ …လေကလွဲရင် အရာရာ မွဲတေ နုံချာတဲ့
      အလုပ်ကြမ်းနှင့် ပြည်နှင်ဒဏ်ခံကာ …ထမင်းရှာစားရသူလေးပါ ……..။
      (သနားထှာ ..ကိုယ့်ကိုကိုယ်. ….. အင်း ..ဆေးသောက်ဦးမှ ….)

      စကားမစပ် အော်လကယ်အကြောင်း ကတော့ သည်မှာ မရေးဘဲ
      နောက်မှ စာပို့ပီး မေးချင်ပါကြောင်း ….။

      ခင်တဲ့…
      အီဗဲလ် မာကတ်တာ
      ဂီ

Leave a Reply