အဝေးရောက် သားများကိုယ်စား အငှားလွမ်းခြင်း

manawphyulayDecember 14, 20111min15115

အမေ အဝေးမြေက သား လွမ်းနေပါတယ်။
အမေ
ဝေးတစ်မြေကနေ
သားအကြောင်းတွေးနေပြီလား?
ဖွေးနေတဲ့ဆံဖြူများနဲ့
သားအတွက် အရင်လိုပူပန်နေဆဲလား?
အရင်လို စိတ်ပုတီးနဲ့
အမေစိတ်ခရီးနှင်ဆဲလား?
သားအတွက် အန္တရာယ်ဖြစ်မလာစေဖို့
မေတ္တာပို့နေဆဲလား?
တရားသံနာပျော်ရင်းနဲ့
သား စာအပြန်မျှော်နေတာလား?
အခုဆိုရင် အမေ့ရင်ခွင်က ခွဲလာတာ
ဘယ်လောက်ကြာနေပြီလဲ အမေ
စာမရေးတာ နှစ်ချို့လို့
အပြစ်ဖို့လို့နေပြီလား အမေ
မနှစ်မြို့စရာလူတွေနဲ့ အတူနေခဲ့ပြီးမှ
ပကာသနဆိုတာတွေ သိလာရပြီ အမေ
ဗလာဘဝနဲ့ သားအတွက်
အားတက်စရာ အမေ့အေးရိပ်
ချွေးသိပ်ခွင့်ပြန်ရချင်တယ်အမေ။

ကဲ အဝေးရောက် ကိုကို မောင်လေးများအတွက် အငှားခံစားရေးဖွဲ့လိုက်ပါတယ်။

15 comments

  • Diamond Key

    December 14, 2011 at 5:02 pm

    အားပါးပါး…………….ရင်ကိုခိုက်…………လှိုက်ခါသွားတဲ့ ………အငှားခံစားချက်လေးတွေ 😀

  • ကိုရင်စည်သူ

    December 14, 2011 at 5:21 pm

    အာ… အဝေးရောက်နေတဲ့… ကဗျာထဲက မောင်လေးဆိုတာကိုများ
    အငှားခံစားနေပေးနေပြီထင်တယ်… ကိုရင် ဓါတ်ထိသိနေတယ်နော့..
    လိမ်နဲ့… ဘူးထွား…ထွား… 😀 😀 😀 😀

  • ကြောင်လတ်

    December 14, 2011 at 8:59 pm

    မနောဖြူ
    အငှါးခံစားတယ်ဆိုတာဟုတ်ရဲ့လား။
    သင့်ရင်ထဲက ခံစားချက်များ။
    သင်ရေးဖွဲ့တဲ့ စာစကား။
    သင်ဟာ
    ယာကျားတစ်ယောက်လေလား။

  • zaw min

    December 14, 2011 at 9:19 pm

    မနောရေ…အရေးအသားကတော့ ဟက်ထိတယ်ဟေ့..ဟက်ထိတယ်
    လွန်ခဲ့တဲ့(၁၀)နှစ်က ကွယ်လွန်သွားတဲ့မိခင်ကိုတောင် သိရလာပြီး မျက်ဝန်းအစုံမှာ မျက်ရည်စတွေ ဆို့နှင့်နေပြီလေ..
    အမေ စွန့်ခွါ ၁ဝနှစ်ကြာလဲ..
    အမေ စကား ငါ့ရဲ့နားမှာ အစဉ်ကြား၍
    ငါ့ရဲ့ခွန်အား တိုးခဲ့လေပြီ…
    ကောင်းကင်ကအမေ.. အမေ့အသံ
    ပဲ့တင်သံထွက် ဝေယံထက်မှ
    ကျနော့်ရဲ့ နှလုံးသားထံ တိုက်ရိုက်ထိမှန်ခဲ့ပီမေမေ။

  • super

    December 15, 2011 at 10:48 am

    မနောရေ ကဗျာလေးကိုကြိုက်တယ်ဗျာ ပုံလေးက မြန်မာသားအမိပုံလေးဆို သိပ်ကောင်းမှာပဲ……. 😛

    • manawphyulay

      December 15, 2011 at 2:11 pm

      အင်းနော် ပုံလေး ပြောင်းတင်ပေးပါမယ်။ ကွန်မကောင်းတော့ အဆင်မပြေလို့ပါ။

  • that naing oo

    December 15, 2011 at 11:46 am

    အကိုရေ ကျွန်တော်လည်း အဝေးရောက်သားပါပဲ ဒါေြ့ာင် ့ကြိုက်လွန်းလို ့ ကူးလိုက်ပြီ နောက် ကျွန်တော်တို ့ရဲ ့ဆိုဒ်မှာတင်ခွင် ့ပြုပါဗဗျာ

    • Moe Z

      December 15, 2011 at 12:01 pm

      ဘယ်သူ့ကို အကိုခေါ်တာလဲဟင်??

    • manawphyulay

      December 15, 2011 at 2:10 pm

      အတိုမဟုတ်ဘူး အရှည်လေ… အဲမွှားလို့ မနောပါဆို အတိုဖစ်မလားရှင့် ဟင့် တော်ပြီ အငှားမခံစားပေးတော့ဘူး။ ဒါပဲ။ 🙁

      • E.T

        December 16, 2011 at 7:26 pm

        အတိုကတော့ထားပါ။ မောင်ငှေးကရော ဘူလဲဟင်။ အကိုတွေ မောင်တွေနဲ ့ တယ်ဟုတ်နေပါလား ကျွန်တော့်အမအပျိုကြီးက ဟိဟိ

  • that naing oo

    December 15, 2011 at 11:52 am

    အမေက ကျွန်တော ့ဝင်သက်နဲ ့ထွတ်သက်ကြားမှာ အမြဲ ရှိနေတယ် အမေမရှိရင် ကျွန်တော်လည်း မရှိသလိုပါပဲ

  • True Answer

    December 15, 2011 at 4:58 pm

    ဆံပင်ဖြူသွားကျိုးပစေ…
    ကျွန်တော့်စိတ်ထဲ
    အမေ့ရုပ်ရည် အမြဲလှနေတယ်။
    ————————————————
    အမေ့မေတ္တာဟာ ကျွန်တော်တို့အားလုံးအတွက်
    အားလုံးအပေါ်ထားရမယ့် ideal ဖြစ်ကြောင်း
    မေတ္တာသုတ်မှာ ညွှန်းဆိုထားပါတယ်

  • TTNU

    December 15, 2011 at 8:36 pm

    မနောဖြူလေးရေ…
    စာသားလေးတွေက ရင်ကိုလာမှန်တယ်မနောရယ်။

    “စာမရေးတာ နှစ်ချို့လို့
    အပြစ်ဖို့လို့နေပြီလား အမေ။”

    အမေက အပြစ်မဖို့ရက်တာကို
    သားလူလှက နှစ်ချို ့အောင် နေရက်ရသလားဟင်။

    “အားတက်စရာ အမေ့အေးရိပ်
    ချွေးသိပ်ခွင့်ပြန်ရချင်တယ်အမေ။”

    အေးပါလေ.. မင်းအခုမှ လာပြော
    တစ်ချိန်က နားကလောခဲ့တဲ့
    အမေ့ ဆူဆဲသံ
    အခု ဂီတသံမှတ်ပြီလားငါ့သား။

    မင်းသိထားရမှာက မီးဖိုချောင်မှာ
    အမေသာရှိရင် ပဒေသာပင် မင်းမလိုဘူးနော်။

    တီချာ ဝင်ခံစားကြည့်တာ မနောဖြူလေးရေ
    မေတ္တာပို့သလျက်

    • manawphyulay

      December 16, 2011 at 3:22 pm

      ဒီရင်မှာ ဒီအမေ အမြဲ ရှိစေဖို့
      ဂါရဝတရား ရှေ့ထား
      ခံစားသီကုုံးလိုက်ပါတယ် တီချယ်ရယ်…

  • Zayar kyaw

    January 11, 2012 at 5:42 am

    အမေ့ကို ရှိခိုးကန်တော့ပါ၏

Leave a Reply