သေဆုံးသွားသော…. ….. …. ….

alinsettDecember 14, 20111min988

* ပြေးနေတဲ ့ လမင်းကို

လိုက် ဖမ်းဖို ့…. …

ကိုယ် ထူခဲ့တဲ့ အလံဖြူတို ့ကို လှဲ….ပစ်ခဲ့ပြီ။

* မရေရာခြင်း စိုက်ခင်းထဲမှာ…မှ

ကိုယ်က အချစ်တစ်ပင် စိုက်ခဲ့မိ ။

ကိုယ့်ရင်က စီးကျတဲ့

သွေးစက်နီနီတို ့နဲ ့ လောင်း……….ပက်…..

သစ်ပင် ကလေး….ရှင်……စေ….ချင်……ခဲ့…တယ်။

* ချစ်သူရေ…… …..

အနောက် တောင် ဘက်က အက်ဆစ်မိုးက

မုန်းစရာ ကောင်းလိုက်တာ…။

* အရည်ပျော်….သွားတဲ့ ပျိုးခင်းထဲမှာ…

ထာဝရ နှုတ်ဆက်ခြင်း..နဲ ့

ရူးသွပ်စွာ လွမ်းဆွတ်ခြင်း..တွေကိုပဲ….

ရှာ.တွေ ့ခဲ့တယ်။

* ( ကိုယ့်ဒဏ်ရာ / ကိုယ့်လက်နဲ ့ ဖိ.ရင်း…)

သေသွားတဲ ့ မျှော်လင့်ချက်တွေအတွက်

ကိုယ့်ကိုယ် ကိုယ်ပဲ… လူညံ့ လို ့ မှတ်ပါ့မယ်။

* ကိုယ့်ကိုယ်ကိုယ် ပြန် ခုတ်နေတဲ့

ဓါးတစ်လက် ရဲ ့မိုက်မဲမှုမျိုး…ကို

အခု…….

ကိုယ် ..အားကျနေတယ်။ ။

အား…….ကျ….နေ တယ်။

****************************

လေးစားစွာဖြင့်

အလင်းဆက်

13 . 12 .2011 . 18 း55 pm

alinsett.art`@gmail.com

8 comments

  • alinsett

    December 14, 2011 at 7:25 pm

    ခံစားချက် ကို ဖွင့်ထုတ်လိုက်တဲ့ စာသားလေးတွေပါ။

    ကောင်းတယ်..မကောင်းဘူး ဆိုတာထက် ဖော်ထုတ် တင်ပြခွင့်ရလို ့ ကျေးဇူးတင်ရပါတယ် ။

    ဖတ်သူများကိုလည်း ကျေးဇူးတင်ပါတယ် ။

    ခင်မင်လေးစားစွာ…
    အလင်းဆက်

  • thit min

    December 14, 2011 at 8:49 pm

    လမင်း နဲ့ စိုက်ခင်းထက်က
    အက်ဆစ်မိုး ရွာ ပျိုးခင်းမှာ
    တိုးညင်းစွာ အရှုံးပေးထား
    ဓားတလက်သုံး ကိုယ့်ကိုယ်ကိုတောင်
    ခုတ်အုန်း မတဲ့လား
    အချစ်လူသားရယ်
    မင်းမှားတယ်လို့ မပြောရက်ပါ
    နားလည်စွာ ပေါ့။
    ခင်မင်စွာ(^^)
    ~~~~~~~~~~~~~~
    ကျနော့ ပို့စ်မှာ ခင်ဗျားကော်မန့်ရေးနေတုန်း တင်လိုက်တဲ့ကျနော်ပြန်စာ ဆီမီနာမှာ ကိုအလင်းဆက်နာမည်
    မပါသွားတာ ခွင့်လွှတ်ပါ.။

  • windtalker

    December 15, 2011 at 12:10 pm

    အလက်စင်းရေ
    ကျောက်တူးသမား သီချင်းထဲကလို
    ဒီတစ်ယောက် လစ် ရင် ဟိုတစ်ယောက် ပေါ့
    ဒါမှာ နောက်တစ်ယောက်အတွက် ထပ်ခံစားပြီး
    ခံစားချက်အသစ်နဲ ့ရေးဖွဲ ့လာမယ့် ကဗျာအသစ်တွေ ကို ဖတ်ရမှာနော

  • alinsett

    December 16, 2011 at 6:36 pm

    ဆရာသစ်မင်းရေးသွားတဲ့ ကဗျာလေးလည်း တော်တော်ကောင်းပါတယ် ။

    ကိုယ့်ကဗျာလေးကို ဖတ်ကြသူအားလုံးကိုကျေးဇူးတင်ပါတယ် ။

    ကို ပေ..ရေ..ကိုပေ.ပြောတဲ ့အကြံ…မဆိုးဘူးဗျ။

    တစ်ယောက်ပြိးတစ်ယောက်လည်းတွေ့မယ်…ပို ့စ်တွေလည်းတစ်ခုပြိးတစ်ခု တင်စရာရမယ်.။

    ဒါပေမယ့် ကိုယ ့်အသည်းက မ မာဘူးဗျာ..။ ထပ် ခံစားရမှာေ ကြာက်တယ်.။

  • fatty

    December 16, 2011 at 6:42 pm

    ဒီကဗျာလေးဖတ်မိပြီး …
    စာရွက်ဟောင်းတွေပြန်လှန် .. အားပါးပါး .. နဲတာမှမဟုတ်တာ
    ၂၅ ယောက်တောင် ဒါကြောင့် ဘီယာလေးတခွက်တောင် အသည်းက
    ခံနိုင်ရည်မရှိတော့တာပါလား …။

  • alinsett

    December 16, 2011 at 6:47 pm

    အားကျလိုက်တာဗျာ.။
    25ယောက်တောင်…။

    ကိုယ့်မှာတော့တစ်ယေ.ာက်နဲ ့တင်…တော်ပါပြီ..အော်ခဲ့ရတယ် ။
    ကဗျာလေးကို ခံစားပေးကြလို ့ကျေးဇူးပါပဲ.။

  • TTNU

    December 16, 2011 at 11:23 pm

    လမင်းကို ဖမ်းဖို့ အလံဖြူလှဲချခဲ့တဲ့ အလင်းဆက်၊
    မသေချာ စိုက်ခင်းထဲက သစ်ပင်ကို သွေးစက်နဲ့ သွေးရေ လောင်းသတဲ့၊
    အောင်းမလေး အက်ဆစ်မိုး အတိုးချ အုန်းခနဲအရွာ အပင် မှာ အရည်ပျော်၊
    ကိုယ်တော်က ကိုယ့်ကိုယ်ကို ခုတ်တဲ့ ဓား အားကျနေသတဲ့။

    ကိုအလင်းဆက် အတွက် တီချာမှ ဆက်လက်ဂုဏ်ပြုတဲ့ စာစုပါ။
    မေတ္တာဖြင့်
    တီတီနု

  • alinsett

    December 17, 2011 at 6:07 pm

    တီတီနုရေ..ကျေးဇူးပါပဲ.။ ကျွန်တော့ကဗျာကို ဆက်လက်ခံစား..ဂုဏ်ပြု.ပေးတာ ။

Leave a Reply