ဂေဇက်ခွန်အား-အတွေးများ (GSS-1)

thit minDecember 14, 20119min36369

ဤပို့စ်သည် စင်စစ်အားဖြင့်

ပို့စ်ပါစာသားများတင်မက ကော်မန့်များကိုပါ သေချာစွာ

ဖတ်ရှူ့ဝေဖန် ဆွေးနွေးစေလိုကြောင်း မေတ္တာဖြင့် ပြောကြားလိုပါသည်။

ကျနော် စိတ်ကူးယဉ်ဖူးပါတယ်။

မန်းဂေဇက်ကို ဆီမီနာ ခန်းမ တခုလို၊ ကွန်ဖရင့်-ညီလာခံ ခန်းမတခုလိုပါ။

ကျနော်မှမဟုတ်ပါဘူး။

ဘယ်သူမဆို ဦးဆောင်ဆွေးနွေးလို့ရပါတယ်။ဆိုလိုတာက တော့ပစ်တခုအပေါ်မှာ

သဘောတူတာ၊ ညင်းတာ၊အဟောင်းထဲက ကောင်းတာတွေကို အတည်ပြုတာ၊

အသစ်ထဲကကောင်းတာတွေ ကိုဆက်လက်ဆွေးနွေးအတည်ပြုနိုင်တဲ့အထိသွားတာ၊

အကြံဉာဏ်သစ်တွေ ဖော်ထုတ်တာ၊လက်တွေ့ လုပ်နိုင်တာလေးတွေကို

သတ်မှတ်ဖော်ထုတ်ကြည့်တာမျိုးတွေ လုပ်ချင်ခဲ့တာပါ။

တနည်းပြောရရင် မရှိသေးတဲ့”Awareness” ကိုကျနော်ကိုယ်တိုင်အပါအဝင်အားလုံးကို “ရရှိလာ”စေချင်လို့ပါ။

တယောက်သိတဲ့အသိအမြင် အတွေးကောင်းတွေကို နောက်တယောက်နဲ့ ပေါင်းခြင်းအားဖြင့်ပိုမိုကောင်းမွန်

သော အတွေးသစ်တွေရလာမှာမို့ကောင်းသာအတွေးသစ် သို့ ဆိုပြီး “ဂေဇက်ခွန်အား-အတွေးများ” ဆီမီနာ

ကို စ လုပ်ကြည့်ချင်ပါတယ်။

GSS= Gazette Special Seminar မှာ

မည်သူမဆိုပါဝင်၍ နွေးထွေးစွာ ဆွေးနွေးပေးကြပါ။ ကော်မန့်ဖြစ်စေ၊ပို့စ်ဖြစ်စေ

တင်ပြီး ဆွေးနွေးနိုင်ပါတယ်။

အားလုံးကို ဖိတ်ခေါ်ပါတယ်။ ကျနော်တို့အားလုံးချစ်သော မိခင် မြန်မာပြည်အတွက်ပါ။

သည်တပါတ်ကိုတော့ ကျနော့ရဲ့

ဤသုံးမျိုး (၃) …{တာဝန်ကိုယ်စီလဲရှိ အချိန်လဲတန်ပါပြီ}

က ကော်မန့်များကိုပြန်လည်းဆွေးနွေးမှုများနဲ့ စ ပါမယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမတ်မင်းရေ..

ကိုယ့်တို့လို နိုင်ငံမျိုးလေးတွေအတွက် 1.အုပ်ချုပ်သူကောင်း၊2. ဥပဒေကောင်း၊3.တရားစီရင်ရေးကောင်း

လိုကိုလိုတာပါ။ ကိုယ့်အသိတရားနဲ့ ထိန်းသိမ်းနိုင်တဲ့အဆင့်ကိုရောက်ရင် ဖွံ့ဖြိုးသွားပြီလို့ပြောနိုင်ပါတယ်။

ခုကြည့်လေ တို့နိုင်ငံမှာအမှိုက်ပွနေလဲ ထုံးစံလို့မြင်နေသေးတာ၊ တန်းစီပြီးစောင့်ရကောင်းမှန်းမသိတာ၊

မှန်မှန်ကန်ကန်ရိုးရိုးသားသား ဈေးရောင်းတာမျိုးနဲ့ ပွဲစားလုပ်တာမျိုးတွေမရှိသေးတာတွေဟာ အဲဒီအပေါ်က

သုံးခုနဲ့ ထိန်းညှိရမဲ့ဟာတွေပေါ့ညီလေးရေ။

~~~~~~~~~~~~~~~~~~~~~~~~~~

ကိုထူးဆန်းရေ…………

ကျနော်လဲမြင်ဖူးတယ်ခင်ဗျ။

ပြီးတော့ အဲဒီလို Hidden Issue အကြောင်းအရာမျိုးတွေကမြန်မာပြည်က သီချင်းတွေ၊ကဗျာတွေ၊ရုပ်ရှင်နဲ့ဇာတ်လမ်းတွေ

မှာများစွာရှိပါတယ်။ ချိုတူးဇော်ရဲ့ကားလေးတွေမှာ တွေ့ဘူးပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုကြောင်လတ်…..

ဟုတ်ကဲ့ပါ။ ကျနော်တို့ချစ်လို့ပြောကြတာပါ၊ လုပ်ပေးနိုင်ခဲ့ရင် လွန်စွာဝမ်းမြောက်ကြရမှာပါဗျာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~

မမရေ…..

ပွင့်လင်းမြင်သာမှုဆိုတာ အိမ်သူအိမ်သားချင်းမှာတောင် လွန်စွာအရေးကြီးပါတယ်။သူငယ်ချင်းအချင်းချင်းလဲ

လိုတာမျိုးပါ။ နိုင်ငံအဆင့် ဆိုတာကတော့ အရမ်းကိုလိုတာပေါ့ခင်ဗျာ။

၁-ဒီဂရီ ဘဲ အကောင်းဘက်ကိုတိမ်းပါစေ။ ကျနော်ကတော့ကြိုဆိုပါတယ်။ ဘာလို့လဲဆိုတော့ လုပ်ရင်းရလာတဲ့

Response(ရီစပွန့်)ပေါ်မှာ လူဟာ သာယာတတ်တော့ တိုးတက်လာမယ်ဆိုတာ သေခြာပါတယ်။

(လက်မ အတွက် သင့်ခရုပါ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုသန်းလွင်ဦးရေ………..

ဒီထက်ပိုတဲ့ အတွေးအမြင်တွေ ပိုမိုဆွေးနွေးနိုင်လိမ့်မယ်လို့ ဆရာကိုမျှော်လင့်မိပါတယ်။

အကြံကောင်းဉာဏ်ကောင်းလေးတွေ မ စ ပါအုန်းဆရာရေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညီမောင်ပေရေ…

ဘာဘဲဖြစ်ဖြစ် ညီလဲ ဝေဖန်အကြံပြုတာလေးတွေ လုပ်ပေးပါအုန်းနော်။

အားလုံးရဲ့ ဝိုင်းစဉ်းစားတဲ့ ဟာမျိုးကိုလိုချင်လို့ပါညီရေ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုဘလက်ရေ…….

ရယ်စရာ မကောင်းပါဘူးဗျာ။

လေးလေးနက်နက် ဝင်ရောက်ဆွေးနွေးပေးလို့ ကျေးဇူးတောင်တင်ပါရဲ့။

ကျနော်တင်ပြထားတာလေးတွေကို ကိုဘလက်တို့အမြင်နဲ့ ခုလိုပြန်ပြောပြတာက အရမ်း

အရေးကြီးတဲ့ အရာတွေပါ။ ကျနော် အားလုံးပါဝင်သော ဆွေးနွေးပွဲမျိုးကိုလိုချင်တာမို့ဝမ်းသာကြိုဆိုပါတယ်ခင်ဗျ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုမင်းပြည့်ရှိန်ရေ……

မှန်ပါတယ်ဗျာ။

စည်းလုံးညီညွတ်မှုဆိုတာ မိသားစုအတွင်းမှာတောင် မရှိတဲ့ အေနေအထားကို ကျနော်ကိုယ်တိုင်လဲလက်တွေ့

ကြုံခဲ့ရသူပါ။စိတ်ပျက်စရာအလွန်ကောင်းလှပါတယ်။

ကိုယ်အားကိုယ်မကိုးဘဲ အချောင်လိုချင်တဲ့စိတ်နဲ့ အပျော်အပါးမက်တဲ့ စိတ်ကသာ များနေတဲ့ ကျနော်တို့

လူမျိုးတွေရဲ့ စဦးဆုံးလုပ်ရမှာက အဲဒီစိတ်ဓာတ်တွေပြင်ရပါ့မယ်။

ပြီးတော့ ဒုတိယပိုင်းမှာ မန်းထားတဲ့ “အတွေးအခေါ် သောက်သုံးမကျမှု” ဆိုတာလဲ အဲဒါပါဘဲ။

တခု ခု ကို ဆုတောင်းကိုးကွယ်ရင် ခုချက်ချင်းဘဲ ငွေအပုံလိုက် ရမလို ထင်နေတတ်ကြပါတယ်။

ကားစီးနိုင်အောင် ဆုတောင်းပါတယ်။။ကားဝယ်နိုင်ဖို့တော့ မကြိုးစားကြပါဘူး။

ပြီးတော့ ဟိုလူမကောင်းတာ၊စံနစ်မကောင်းတာ အဆုံးကျ ကံမ ကောင်းတာတဲ့။

လောကမှာ 100% အဆင်ပြေနေသူဆိုတာ ရှိမယ်တောင်မထင်ပါဘူး။

တနာရီ ပျံသန်းချိန်မှာ ဒေါ်လာ ၅သိန်း ကုန်တဲ့ အဲဖို့စ်ဝမ်း လေယဉ်ပေါ်က အိုဘားမားမှာလည်း အပူနဲ့ပါ။

ကိုယ်လုပ်ရမဲ့ “တာဝန်” သိစိတ် =Responsibility ပေါ့လေ။ ရှိမလာသေးသ၍ ခက်မြဲ ခက်နေမှာမို့ ကျနော်

ရသလောက် “ကြယ်ငါး ၁ ကောင် လောက်” ပင်လယ်ထဲပြန်ပစ်ပေးနေမိတာပါ။

လူ့စိတ်ကို ပြောင်းလဲ နိုင်ဖို့အတွက် ဆိုတာခက်ခဲတယ်ဟုတ်လားဗျာ။

ရသလောက်တော့ ကြိုးစားကြည့်ချင်ပါတယ်။

တိုးတက်စေချင်လွန်းလို့ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆရာမဒေါ်ခင်လတ်ခင်ဗျား……

လေးစားစွာအကြောင်းပြန်အပ်ပါတယ်။

ခေါင်းဆောင်ဆိုတာဘယ်သူမဆိုပါဖက်မဖြစ်တာကတော့ သေချာပါတယ် ဒါ့ကြောင့် ကျနော် တင်ပြထားတဲ့

(၁)ပွင့်လင်းမြင်သာမှုရှိရခြင်း

(၂)ထောက်ပြပြောဆိုနိုင်ခွင့် ၊စောင့်ကြပ်ကြည့်ရှုထိန်းကွပ်နိုင်ရခြင်း

(၃) ဗဟိုထိန်းချုပ်မှု လျှော့ချခြင်း

ဆိုတဲ့အချက် ၃ ချက် ဟာ ခေါင်းဆောင်ဆိုတဲ့ သူ တွေကို ထိန်းညှိပေးဘို့ပါ၊။

ကျနော်တို့ရဲ့ ဝါဒစွဲ၊အသင်းစွဲ၊လူမျိုးစွဲတွေ ကိုဆရာ့ဆရာကြီးများစွာကလည်းထောက်ပြ ပြောဆိုခဲ့ကြပါပြီ။

ဟိုတလောကဆရာကြီး မောင်သာရဆောင်းပါးမှာတောင်တွေ့မိတယ်ထင်ပါရဲ့။

အဲဒီဟာတွေအတွက် ကျနော်က အခြေခံသုံးချက်ဆိုပြီး “အင်အား+ အသိတရား+ဦးတည်ချက်”လို့

ပေးဘူးပါတယ်။

အဓိကလိုအပ်ချက်က “ဘာလုပ်သင့်တယ်ဆိုတာသိရမဲ့ -Awareness = အသိတရားရှိခြင်းပါ။

ကျနော်တို့ရဲ့ ဂေဇက် ဆီမီနာ မှာဆရာမလို လူမျိုးတွေပါဝင်ဆွေးနွေးတာဝမ်းသာကျေးဇူးပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လေးစားရပါသောဆရာမောင်မိုးညိုခင်ဗျား…..

လွန်စွာဝမ်းမြောက်ကျေးဇူးတင်ပါတယ်။

ဆရာရဲ့ ထောက်ပြပြောဆိုမှုထဲက ကျနော် လိုချင်တာလေးကိုကူညီပေးနိုင်မယ်ဆိုရင်တောင်းဆိုပါရစေ။

“စစ်ပွဲအပြီးမှာ အဲ့ဒီကာကွယ်ရေးကုန်ထုတ်လုပ်မှု စစ်ရုံကြီးတွေ ဟာ technology(သို့) အခြားproduction line

ကိုconvert လုပ်နိုင်တဲ့ စက်ရုံတွေအဖြစ်အသွင်ပြောင်းသွားကြပါတယ်။ “ဆိုတာအထဲကပါဆရာ။

ကျနော် သိရသလောက် အမေရိကန်နိုင်ငံရဲ့ စတားဝါးစီမံကိန်းကြောင့် ထောင်ခဲ့ရတဲ့ လက်နက်စက်ရုံများဟာ

(အများစုကတော့) အသွင်မပြောင်းနိုင်ကြဘူးဆိုတာကိုပါ။ဝန်ထမ်းတွေကိုလည်း

ဒီအတိုင်းဆက်လက်ထားရှိရပြီး၊လည်ပါတ်နေရလို့စရိတ်တွေထောင်းနေတယ်လို့ကျနော် သိထားတာပါ။

အဲဒါကြောင့် အမေရိကန်ရဲ့ စစ်အသုံးစရိတ်၊ကာကွယ်ရေးအသုံးစရိတ်တွေကကြီးမြင့်လှပြီး စီးပွါးရေးဝန်ထုတ်

တခုလိုဖြစ်နေတယ်လို့မှတ်သားဖူးတာပါ။

ဆရာမှာ တိကျသော ဒေတာ ဆို့စ်များ ရှိခဲ့ရင် ချီးမြင့်ပေးပါဆရာ။

ကျနော် {Devil-(War) to God-(Well-being)} ဒီ-ဒဗလျှူ တူ ဂျီ-ဒဗလျှူ ဆိုပြီး စာတပုဒ်ရေးနေပါတယ်။

ဆရာပြောကြားချက်ဟာ ဖွံ့ဖြိုးမှုဘာသာရပ်အတွက်တော့များစွာအထောက်အကူဖြစ်ပါတယ်။

ခုလက်ရှိကတော့ ကုန်သွယ်ရေးစစ်ပွဲတွေပါ။ ပိုမိုပြင်းထန်လှပါတယ်။ကုန်ဝယ်ကျွန်ဖြစ်တာမျိုးတွေ၊

ကုန်ရောင်းကျွန်ဖြစ်ရတာမျိုးတွေ၊က ကိုလိုနီခေတ်ထက်ကိုဆိုးဝါးလှပါတယ်။ သူ့နိုင်ငံတောင်သွား

စရာမလိုဘဲ ကျနော်တို့နိုင်ငံကလူငယ်အဖိုးတန်လေးတွေ စင်ကာပူမှာမလေးမှာ ကျွန်ခံသလိုလုပ်နေ

ကြရတာ ရင်နာစရာကောင်းလှပါတယ်။အဲဒါတွေနဲ့ ပါတ်သတ်ပြီးတော့

ဆရာပြောတဲ့ “ကဏ္ဍစုံကပညာရှင်တွေ ရင်ကြားစေ့တဲ့ဆွေးနွေးပွဲတွေ ” ဆိုတာကျနော့ ရည်မှန်းချက်ပါ။

ကျနော် ဂေဇက် ဆီမီနာ ကိုစိတ်ကူးယဉ်နေသူပါ။

အားလုံးဝိုင်းဆွေးနွေးအဖြေရှာကြည့်ချင်ပါတယ်။ ကျနော်တို့ရှိတဲ့ အင်အားနဲ့ပေါ့ဆရာရယ်။

~~~~~~~~~~~~~~~~~~~~~~~~

ကိုကြောင်ရေ……..

ဟုတ်ပါတယ်။

” Attitude =သဘောထားမှန်” ရှိမှ” အသိတရား= Awareness” ရှိမှာပါ။ လက်ရှိမရှိသေးဘူးဆိုတာမှန်ပါတယ်။

ရှိအောင်ဘယ်လိုလုပ်မလဲဆိုတာ ကျနော်တို့ကို “စိန်ခေါ်နေတဲ့ စိန်ခေါ်မှုပါ” တနည်း အားဖြင့် “အခက်အခဲ”ပေါ့

ခင်ဗျာ။ အခက်အခဲ ဆိုတာတကယ်တော့ အခွင့်အရေးက မျက်နှာဖုံးစွတ်လာတာ(Blessing in disguise)

မျိုးမို့   အဲဒီအခက်အခဲ သို့မဟုတ်စိန်ခေါ်မှုရဲ့ အဖြေကိုထုတ်ပေးကြရမှာက ကျနော်တို့အားလုံးရဲ့ တာဝန်ပါဘဲ၊

နိုင်ငံသားတိုင်းမှာရှိသောတာဝန်ပါဘဲ။

ဆိုတော့ဗျာ။ လောလောဆယ်ကျနော် မြင်ထားတာကတော့ငြိမ်းချမ်းစွာ အတူလက်တွဲရေးပါ။

မဖြစ်နိုင်ဘူးလို့တော့ ကျနော် မြင်ကိုမမြင်ပါဘူး။

အရင်ကပိုပေါ့လိုကောင်မျိုးတွေ၊ကဒါဖီလိုကောင်မျိုးတွေတောင် နေဝင်ပါတယ်။

ကွန်မြူနစ်မှကွန်မြူနစ်ခဲ့တဲ့ ဥက္ကဌကြီး “မော်” =မော်စီတုန်း တောင် “ချမ်းသာတာကောင်းတယ်”လို့

နောက်ဆုံးမှတ်ချက်ချရတာပါ။ဒါ့ကြောင့် ၁၉၇၈-၁၉၇၉ နှစ်တွေမှာဆရာတိန့် ကပြင်ခဲ့တာပေါ့။

ကျနော်လုပ်ထားတဲ့ သုတေသနအချို့အရတော့ 100% မပြောင်းဘဲနဲ့ ကိုတိုးတက်ပါတယ်။

ပြောင်းနိုင်တဲ့ ဒီဂရီအလိုက်တက်ပါတယ်။ ဥပမာပြရရင် စင်ကာပူမှာ မီဒီယာလွတ်လပ်ခွင့်ဟာအခက်အခဲရှိ-အနေ

အထားပါတဲ့။ တခြားဖွံ့ဖြိုးနေတဲ့ နိုင်ငံများမှာလည်း ပါတ်တလီးဖရီး=အစိတ်အပိုင်းလိုက်ပဲ လွတ်လပ်ကြတာမို့

ရတဲ့ နေရာလေးကနေ လုပ်နိုင်ရင် “ဖြစ်”တယ်လို့ကျနော် စဉ်းစားနေတာပါ။ နည်းနည်းခြင်းတော့ တိုးယူဘို့

လိုတာပေါ့ဗျာ။

Measured indicators for Freedom-factors

Country 1(Total) Freedom
house (2011)
2Economic
freedom (2011)
3Press
freedom(2010)
4Democracy Index (2010)
Cambodia 1 not free 4 mostly not free 3 noticeable problems 4 hybrid regime
Indonesia 4 mostly not free 3 noticeable problems 2 flawed democracy
Lao PDR 1 not free 4 mostly not free 1 very serious situation 1 authoritarian
Malaysia 3 partly free 3 moderately free 4 difficult situation 2 flawed democracy
Myanmar 1 not free 1 repressed 1 very serious situation 1 authoritarian
Philippines 3 partly free 4 mostly not free 4 difficult situation 2 flawed democracy
Singapore 3 partly free 1 free 4 difficult situation 4 hybrid regime
Thailand 3 partly free 3 moderately free 4 difficult situation 2 flawed democracy
Vietnam 1 not free 4 mostly not free 1 very serious situation 1 authoritarian

Sources: 1Freedom House (http://www.freedomhouse.org), 2Waldman, Katy. ‘Let X Units of Freedom Ring: How do you quantify a country’s liberty?(‘http://www.slate.com/id/2291847), 3Press freedom index, Reporters without Borders(http://en.rsf.org/press-freedom-index-2010),4Democracyindex 2010, Democracy in retreat, A report from the Economist Intelligence Unit 2010 Retrieved August23,2011

သူများတွေအတွက်တော့ မပြောတတ်ဘူးဗျာ။

အဲဒီ ဇယားလေး ဟာ ကျနော့အတွက်တော့ ကျနော်တို့နိုင်ငံရဲ့ မျှော်လင့်ချက် ရောင်ခြည်လေးပါဘဲ။

အကြမ်းဖျဉ်းပေါ့ဗျာ။

တိုးတက်နေပါတယ်ဆိုတဲ့ နိုင်ငံတွေတောင် Partly-အဲဒီလိုဆိုတော့ ကျနော်တို့”ဖြစ်”နိုင်တယ်ဗျာ။

လက်ရှိ အစိုးရခေါင်းဆောင်များကလည်း 100%ကြီးတော့ ပေးအုန်းမှာမဟုတ်တော့ ဒီ အဆင်လေးနဲ့ သွား

ရင်တောင် သူတို့နီးနီး ကျနော်တို့နိုင်ငံဖြစ်နိုင်တယ်ပေါ့ဗျာ။အဲဒီလိုမျိုး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုဘကြီးရေ………

သိပ်ကိုကောင်းပါတယ်။ သူတို့ရဲ့ ပြန်လည်းဆွေးနွေးချက်များထဲက ထူးခြားတာရှိခဲ့ရင်ပြန်လည်ပြော

ပြပေးပါအုန်းခင်ဗျာ။

~~~~~~~~~~~~~~~~~~~~~~

ကိုလင်းဝေကျော်နဲ့ ကိုပါလေရာကြီးတို့ရေ…….

ဟုတ်ကဲ့ ကျနော်မှာ (ဆရာဒေါက်တာမောင်မြင့်၊ဆရာမဒေါက်တာဒေါ်ခင်စန်းရီတို့အမှူထမ်းခဲ့ကြတဲ့)

အက်စ်ကတ်-Economic and Social Commission for Asia and the Pacific (ESCAP) အဖွဲ့အစည်းက

Good Governance “စံ”  ကိုရှင်းထားတဲ့ စာတမ်း တစောင်ရှိပါတယ်။ ကျနော် ကလည်း ကိုက်ညှိကြည့်ပြီး

ဖိလစ်ပင်း ကေ့စ်ကိုပြန်ရေးထားတာရှိပါတယ်။ နဲနဲရှည်လို့ ဒီမှာမထဲ့လိုက်နိုင်တာခွင့်လွှတ်ပါအုန်းနော။

သေသေချာချာကိုရေးမှာပါ။စောင့်မျှော်ဖတ်ရှူ့ပေးပါခင်ဗျာ။

~~~~~~~~~~~~~~~~~~~~~~~

အန်ကယ်ကြီးရေ……….

သမိုင်းနဲ့ချီသော အကြောင်းတရားတွေရှိခဲ့တာပါ။

ကူမင်တန်တရုတ်ဖြူကို မွေးထုတ်ပေးခဲ့သော၊ဘိန်းဘုရင်များစွာရဲ့အရင်းအမြစ်ဖြစ်သော၊ အရေးကြုံရင်ကြုံသလို

အခွင့်အရေးယူ အနိုင်ကျင့်တတ်သော၊ “သူ” တို့ကိုအမှန်အတိုင်းပြောပြတာပါ။ ဒီကနေ့ စကောင်းတာနဲ့

ကောင်းတယ် လို့ကျနော်ပြောဘို့ ဝန်မလေးပါခင်ဗျာ။

အဲ တခုတော့ပြောနိုင်ပါတယ်။ တိုင်းပြည်အကျိုးစီးပွါးထက်ကိုယ့်အကျိုးစီးပွါးကိုရှေ့တန်းတင်ခဲ့ကြသူများရှိလို့

“သူ”တို့လုပ်ခွင့်ရတယ်ဆိုတာမျိုးပေါ့။ သူ ကမြန်မာပြည်ကိုကာကွယ်တာကတော့

ဟိုတုန်းကဆိုရှယ်လစ်လက်ကျန်တွေကိုကာကွယ်တဲ့ ဆိုဗီယက်ယူနီယံနဲ့ ကျူးဘားလိုပါဘဲ။

ဟိုတုန်းကတကယ်ဖြစ်ခဲ့တဲ့ အဖြစ်လေးရှိခဲ့တာပါ။ဖီဒယ်ကက်စထရို ရဲ့ ကျူးဘားအစိုးရ မလဲပြိုအောင်

ကျူးဘားထွက်”ကော်ဖီ” များကို ဆိုဗီယက်က ၃ ဆ ဈေးပေးပြီး ဝယ်ပေးပါသတဲ့။ရပ်တည်မှုခိုင်မာမှ

သူ့ဝါဒတူလူရှိအောင်ပေါ့။

အဲဒီလိုဈေးကြီးပေးဝယ်တဲ့သတင်းကို အမေရိကန်လူလည် ၂ ယောက်ကသိပြီး သင်းဘောတစီးငှါး

ဘာကော်ဖီမှမပါဘဲ ဆိုဗီယက်တို့ကိုလိမ်ရောင်းတဲ့ ဇာတ်လမ်းတပုဒ်တောင် တကယ်ရှိခဲ့ပါတယ်။

ပြောရရင်”စင်ဝါး(-ism war)=ဝါဒစစ်ပွဲ ” ရဲ့ အရိပ်တွေပါ။ ကျနော် အမြင်ကတော့ တရုတ်ရောအင်ဒီးယားကို

ပါအိမ်နီးချင်းကောင်း ဖြစ်ချင်တာပေါ့ဗျာ။

World Population ၃ ပုံ ၁ ပုံ ရှိတဲ့ သူတို့ ၂ နိုင်ငံရဲ့ ဈေးကွက်ကို သာကျနော်တို့ ရောင်း နိုင်ရင်

အားလုံး Millionaire ဖြစ်ပြီပေါ့ဗျာ။ ကောင်းစေချင်ပါတယ်။လက်တွဲချင်ပါတယ်။ကြိုးစားကြည့်ကြတာပေါ့ဗျာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုဂျစ်ပစီရေ……….

လိုအပ်တဲ့ လောဘရှိရအုန်းမှာပါ။ဝိသမလောဘ တော့မဖြစ်အောင်ထိန်းဖို့လိုတာပေါ့ခင်ဗျာ။

လောကီ ဆိုတော့ လောဘမောင်းနှင်အားလေးလိုသဗျာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုကမ်းကြီးရေ…..

ဝင်ရောက်ဆွေးနွေးပေးပါအုန်း။ ဘာဘဲဖြစ်ဖြစ် ဒီ ဆီမီနာလေးကိုတက်ရောက်လာလို့ဝမ်းသာ

ကျေးဇူးတင်ပါတယ်ညီရေ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Totalitarianism

Authoritarianism

Role conception

Leader as function

Leader as individual

Ends of power

Public

Private

Corruption

Low

High

Official ideology

Yes

No

Limited pluralism

No

Yes

Legitimacy

Yes

No

~~~~~~~~~~~~~~~~~~

အားလုံးကိုကျေးဇူးပါ…

မောင်သစ်မင်း (^^)

69 comments

  • blackchaw

    December 20, 2011 at 1:31 pm

    ပညာရေး ဆိုလို့ အခုလောလောဆယ်
    ပညာရေးပြုပြင်ပြောင်းလဲရေး (အောင်မလေး ပါးစပ်နဲ့ မဆန့်လို့ တော်တော်ချဲ့ပြောရတယ်)
    အစည်းအဝေးတွေလုပ်နေပါတယ်ဗျာ။
    တိုးတက်မှုတစ်ခုကတော့ တက္ကသိုလ်တွေမှာ အခုလောလောဆယ်
    ၃ နှစ်တက်ရင် ဘွဲ့ရပါတယ်။
    လာမယ့်နှစ် မရတော့ပါဘူး ခင်ဗျာ။ ၄ နှစ်တက်မှ ဘွဲ့ရမှာပါတဲ့။
    ၁ နှစ်တိတိ ပညာရှာချိန်ကြီးကို တိုးလိုက်တဲ့အတွက်
    သိသာထင်ရှားသော တိုးတက်မှုကြီးပေါ့ခင်ဗျာ။
    နည်းနည်း ပေါ့ပေါ့ပါးပါး ဖြစ်အောင် အပျော်ဝင်မန့်သွားတယ် ကိုသစ်ရေ။

  • aye.kk

    December 21, 2011 at 4:43 am

    ကိုသစ်ရေ..
    “လူမှာအကျင့်ပန်းမှာအပွင့်”ဆိုတဲ့ ဖတ်ဘူးထားတာလေးကိုထပ်မံဝင်ရောက်တင်ပြဆွေးနွေးချင်ပါတယ်..
    လူတစ်ဦး၏့အကျင့်ဆိုသည်မှာသူကိုယ်တိုင်ဗီဇကပါလာသော အကျင့်နဲ ့ပါတ်ဝန်းကျင်မှရသောအကျင့်ဟူ၍နှစ်မျိုးရှိနိုင်သည်။
    သံအမတ်ကြီးဦးအုန်းကမူလောကမှာအရေးအကြီးဆုံးဖတ်စာအုပ်နှစ်အုပ်ရှိတယ် ၊ တစ်အုပ်ကမိမိကိုယ်ဆိုတဲ့ဖတ်စာအုပ် ၊ နောက်တစ်အုပ်ကမိမိပါတ်ဝန်းကျင်ဆိုတဲ့ ဖတ်စာအုပ်ဟုဆိုခဲ့ကြောင်းကို ဒေါက်တာမတင်ဝင်းကမှတ်သားမိသောစကားများစာအုပ်တွင်ရေးသားထားပါသည်။လူတစ်ယောက်၌စွဲမြဲ
    နေသော အလေ့အကျင့်သည် သူ ့ဘဝကိုပြဠာန်းတတ်သောကြောင့်စွဲမြဲစွာ ကျင့်ကြံသင့်သည့်အလေ့အကျင့်များကို ကိုယ်ကျင့်တရားဆိုင်ရာတို့၌ ပို့ချလမ်းညွန်ကြသောပညာရှိများ ဘာသာရေးခေါင်းဆောင်များက ပြဠာန်းလေ့ရှိကြသည် ။ ထိုပြဠာန်းချက်များသည် ကိုယ်နှင့်ထပ်တူမခွဲမခွာဘဲ ဝတ်ဆင်ရသောအဝတ်တန်ဆာများနှင့် တူပါသည် ၊ ထို့ကြောင့်၎င်းတို့ကို လူ့ကျင့်ဝတ်ဟူ၍လည်းခေါ်ဆိုကြသည် ၊ မိဘဝတ် ၊ ဆရာ့ဝတ် ၊ သားသ္မီးဝတ် ၊ တပည့်ဝတ် ၊ လင်ဝတ် ၊ မယားဝတ် ၊စသည်ဖြင့် လူမှုကျင့်ဝတ်များ ပေါ်ပေါက်လာခဲ့ကြသည် ။မိမိကိုယ်ကြောင့်ဖြစ်စေ ၊ ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ စွဲမြဲနေသော အလေ့အကျင့်ကို မိမိဘဝ၌လည်းကောင်း ၊ ပတ်ဝန်းကျင်၌လည်းကောင်း ၊ အကျိုးဖြစ်ထွန်းစေမှု ဟူသောစံဖြစ်သတ်မှတ်လိုက်ကြ၏ ။ မိမိ၏ကိုယ်ကျင့်သည် စာရိတ္တဖြစ်လာသောအခါ အကျိုးကျေးဇူး များလာကြောင်းသိသာလှပါသည် ၊ မိမိ၏အကျင့်သည် စာရိတ္တကောင်း ဖြစ်လာသည်နှင့် သီလဖြစ်သွားတော့သည် ၊ သီလကိုမထိန်းနိုင်ပါက ပျက်စီးတတ်သည်ဟု ယုံကြည်လာကြသည် ။ မိမိတို့၏အကျင့်သည် စာရိတ္တဖြစ်လာသောအခါ သမာဓိဟူသော တည်ကြည်ခိုင်မြဲ ခြင်းကိုလည်း တည်ဆောက်နိုင်ပါသည် ၊ မမေ့မလျော့ မပေါ့မဆသော သတိတရားဖြစ် ပြည့်စုံခြင်းသည် ဘဝ၏အနှစ်သာရ ဖြစ်သည် ၊ ကြည့်ကန်ရှင်ကြီး မေတ္တာစာတွင် စကားအပေါင်းတို့၏ အချုပ်သည် ကတိ ၊ တရားအပေါင်းတို့၏ အချုပ်သည် သတိ ဟူ၍ဆိုခဲ့ပါသည် ၊ လူတစ်ဦး၏စွဲမြဲသော အကျင့်သည်စာရိတ္တအဖြစ် တည်ဆောက်နိုင်ပါက သမာဓိ တရားကိုပင်ဖြစ်ပေါ်စေတော့၏ ။ အကျင့်သည် စာရိတ္တဖြစ်လာသောအခါပညာ အဖြစ်သို့ပြောင်းလဲနိုင်စွမ်းရှိပါသည် ၊ စာရိတ္တအချေခိုင်လာသောအခါ သီလ ၊ သမာဓိ ၊ ပညာများအဖြစ် ပြောင်းလဲမြင့်မားနိုင်ပါသည် ၊“ လူမှာအကျင့်ပန်းမှာအပွင့်”ကောင်းမြတ်သော အကျင့်စွဲမြဲ တည်တံ့နိုင်လျှင် မည်သည့်ပန်းမျှနှိုင်းယှဉ်ဝံ့ဖွယ်မရှိပါကြောင်း ဖတ်ထားသိသမျှပြောပြလိုက်ပါရစေ..။

  • blackchaw

    December 22, 2011 at 12:04 pm

    ရွာသူရွာသားတွေ နည်းနည်းဝင်ပြီး ဆွေးနွေးကြပါဦးဗျာ။
    သိသလောက် နားလည်သလောက်လေးပေါ့။
    အားလုံး ပါဝင် စေချင်ပါတယ်ဗျာ။
    ဒီလိုကိစ္စမျိုးဆိုတာ ပူးပေါင်းပါဝင် ဆင်နွှဲ သင့်ပါတယ်ဗျား။

  • MaMa

    December 22, 2011 at 1:50 pm

    ဆရာသစ်စာတွေကို ဝင်တော့ ဖတ်ပါတယ်။ အဆင့်တူသူချင်း ဆွေးနွေးကြတာတွေကို ပရိတ်သတ်အဖြစ် တက်ရောက်ခြင်းပေ့ါ။ အားထည့်ပြီး ဦးဆောင်တဲ့ ဆရာသစ်ကိုတော့ အားနာပါရဲ့။ Reading count ကို ကြည့်ချင်းဖြင့် စိတ်ဝင်စားသူ၊ ဝင်ရောက်လေ့လာသူ မနည်းဘူးဆိုတာ သိနိုင်မှာပါ။

Leave a Reply