ကျွန်ုပ်နှင့် အီးခေတ် နောက်ကျခြင်း

ဂ်စ္စူDecember 14, 20111min24925

ခပ်ပျင်းပျင်းရှိလှသော.ဝမ်းဒေး သ၌  လမ်းထိပ် လက်ဘက်ရည်ဆိုင်သို ့ ချီတက်သွားစဉ် လမ်းခုလပ်တွင်
မျက်နှာချင်းဆိုင် လျှောက်လာသော  အမျိုးသမီးတစ်ဦး အား သတိထားမိလေသည်။
ထိုအမျိုးသမီးမှာ အသက်.၃ဝ ဝန်းကျင်ခန် ့တော့ ရှိမည်။ရန်ကုန်မြို ့၊နေ ့ခင်းကြောင်တောင်ကြီး..
ကျားလဲမလိုက်…ဘယ်သူမှလဲ မလိုက်ပဲ.. အရေးကြီးသုတ်ပြာနှင့်လျှောက်လာသည်မှာ မပြေးယုံတမယ်။

လျှောက်လာတာ နဲနဲနီးလာတော့…တစ်ချက်အကဲခက်ကြည့်ရာ..အမယ်…ဖင်က လိမ်ကျစ်လိမ်ကျစ်နဲ ့ဗျ
အဲ..အနီးကပ်ရောက်လို ့ ထပ်ကြည့်လိုက်တော့..မျက်နှာက ရှုံ ့သလိုလို..မဲ့သလိုလို နဲ ့
ချွေးတွေလဲ ပြန်လို ့.ပတ်ဝန်းကျင်တောင်ဂရုမစိုက်အား..သုတ်ချေတင်နေ၏..။
ဟင်း..ဘာတွေရေးကြီးနေလဲ မသိပါဘူး..တော်တော်တော့ ကွိုင်တတ်နေတဲ့ ဒီဇိုင်းပဲဗျ
အိမ်က ပြဿနာတွေကိုပဲ ပြန်ရှင်းပေးဖို ့လား၊အလုပ်အတွက်အရေးကြီးတာ ကျန်ခဲ့လို ့.ပြန်များ ယူသလား
မပြောတတ်..သူမ ကြည့်ရသည်မှာ..တော်တော်တော့ အရေးကြီးနေတာ သေချာတယ်။

“သောက တော်တော်ကြီးနေပုံပဲဗျ.. ဧကန္တ သူ ့အိမ်က မီးခံသေတ္တာ အဖောက်ခံရလို ့များ..
အခုလို..ရုပ်ပျက်ဆင်းပျက် အလျင်လိုနေသလား မသိဘူးနော့” ဟု အတူပါလာသော ကမောင်ချော
ဆိုသူအား အကဲခတ်ရင်း ပြောမိရာ ကမောင်ချောက
“အီးပါချင်လို ့နေမပေါ့ကွာ”

“ဟင်… 😕  တော်တော်နောက်တဲ့လူဗျာ…ပေါက်ပေါက်ရှာရှာ..ပြောတတ်လိုက်တာ”

“မင့် သေချာသိချင်ရင် အနောက်က လိုက်ချောင်းကြည့်လေ”

“ဟာဗျာ..ချောင်းစရာလား..နေပါဗျာ” ဟုပြောပြီး ကျောခိုင်းလျှောက်သွားသော အမျိုးသမီးအား
ပြန်လှည့်ကြည့်ရာ..လိမ်ဖယ်လိမ်ဖယ်.. သုတ်သုတ် သုတ်သုတ် နှင့် သူမဦးတည်ရာသို ့။

အင်း…ကမောင်ချောပြောသလို..ဟုတ်ချင်လဲ ဟုတ်နေမှာ..ပြောမရဘူး
တစ်ကယ်တော့..အိမ်သာနဲ ့ဝေးတဲ့နေရာတစ်ခုမှာ အီအီး ပါချင်လာရင် တော်တော်ပြဿနာကြီးတယ်
အိမ်သာက အနီးနားမရှိ၊ ကိစ္စက ထိပ်ဝရောက်နေပြီ၊ ညက ပေါက်ကရတွေပါ စားထားရင်ပိုဆိုးတယ်
ဘယ်လိုလုပ်ကြမလဲ.မတွေးရဲအောင်ပါပဲ

ဟိုးအရင်တုန်းကလို…ချုံထဲ ဖွတ်ကနဲ တိုးပြီး..ဘွတ်ခနဲ ရှင်းလို ့လဲ မလွယ်တော့ဘူး
ဒီခေတ်ကြီးမှာ ဗန်းမော်ဆရာတော်ဆိုလျင်တောင် ဖင်ကရှက်တာမဟုတ်ဘူး..
မျက်နှာက ရှက်တာဆိုပြီး သပိတ်ခေါင်းစွတ် ကိစ္စရှင်းဝံ့မည် မထင်..နေရာတိုင်း လူတွေကအပြည့်ဗျ။

ရှာတတ်ဖွေတတ်.ကိုယ်ကျွမ်းကျင်တဲ့နယ်မြေမှာ ကိစ္စပေါ်လာရင် ပြဿနာ မရှိပေမဲ့
ကိုယ်မကျွမ်းတဲ့ နေရာဆို..အောင့်ထားရတဲ့အချိန်ပိုကြာတယ်..ပြဿနာကြီးတယ်..
အဲသလိုခေတ်ကြီးထဲ..တစ်နေ ့က
တော်ဝင်စင်တာ ကို ပထမဆုံး တစ်ခေါက် စရောက်ဖြစ်ပါတယ်။
ထီပေါက်ရင် လွယ်အိတ်တစ်လုံးထဲ အသပြာ အပြည့်ထည့်၊မြန်မာပြည်တစ်ပတ် ပတ်ဖို ့အစီအစဉ်ရှိရာ
အသပြာထည့်ဖို ့လွယ်အိတ်တစ်လုံးမရှိသေးတာနဲ ့ သွားဝယ်ခြင်းလဲ ဖြစ်ပါတယ်။
ဟိုရောက်တော့..ဆိုင်တွေအများကြီးထဲကမှ..ပေါချောင်ကောင်း လွယ်အိတ်တစ်လုံး ပတ် ငန်း
အဲ..အဲ..ပတ်ရှာရင်း ဒုတိယ ထပ်မှာလားမသိ စိတ်ကြိုက်တွေ ့တာနဲ ့ဝယ်ဖြစ်တယ်..။
ဝယ်ပြီးတော့.ဓာတ်လှေကား စီးပြီးအောက်ပြန်ဆင်း လာတာ..မြေညီထပ်ရောက်ခါနီးမှ..ဗိုက်က
နာလာရောဗျာ။တခြားသွားစရာ ကိစ္စလဲ ရှိသေးတယ်..လမ်းတစ်ဝက်ရောက်မှ မွေး..အဲအဲ..
ထွက်ချင်လာရင် ဒုက္ခဆိုပြီး အဆင်ပြေတုန်းလေး ကိစ္စရှင်းထားရန် Toilet ပတ်ရှာပေါ့။

Toilet လဲတွေ ့ရော..ဝမ်းပန်းတသာနဲ ့..ပြေးဝင်၊နီးစပ်ရာ အခန်းတံခါးဖွင့်တော့..မပွင့်၊
ကိုယ့်ထက်ဦးတဲ့လူရှိ၏..။နောက်တစ်ခန်းရွေးတော့..တံခါးမှာ စာရွက်ကပ်ထား၏ “အသုံးပြု၍မရပါ”တဲ့
နောက်တစ်ခန်း “အသုံးပြု၍မရပါ”၊နောက်တစ်ခန်းကျတော့ အိုကေပြီး ကိစ္စလေးရှင်းဖို ့ပြင်တုန်းပဲရှိသေး..
အခန်းထဲမှာ..ဆေးဖို ့..ရေပိုက်ခေါင်းမတွေ ့၊တစ်ရှုးသာတွေ ့၏..။
တော်သေးတယ်..မရှင်းခင် မျက်လုံး ကစားမိလိုက်လို ့..၊
ကိစ္စပြီးရင် ရေများများသုံးပြီး ဆေးတတ်တဲ့အကျင့်ကလဲ လုံးဝ ပြင်မရတော့…ဆန္ဒကို အကျင့်နဲ ့ချုပ်တီးပြီး
ဓာတ်လှေကားစီး..နောက်တစ်ထပ်တက်…ဆေးစရာရေရှိတဲ့အခန်းရှိငြားဆိုပြီး Toilet ထပ်ရှာပေါ့။

တော်တော်လေးရှာပြီးသကာလ တွေ ့ပါပြီ.. Toilet ၊
ခက်တာက Toilet သွားတဲ့ လျှောက်လမ်းဘေး၊ Toilet ကပ်ရပ်မှာ စားသောက်ဆိုင်တွေ၊
စားနေကြတဲ့လူတွေ ၊ သူတို ့ကြည့်ပြီးရှက်လဲရှက်.အားလဲနာသလိုရှိပေမဲ့ .မသိခြင်ထောင် ဆောင်ပြီး
ရုပ်တည်နဲ ့ ဝင်လာရာ အပေါက်ဝနားရောက်တော့.ဝိတ်တာ တစ်ယောက်က
“ကြိုက်တာစား.ငါးရာ..ကြိုက်တာစား ငါးရာ” ဆိုပြီး  အလိုက်မသိအော်၏
နဂိုထဲက ထုတ်ကုန်လွှတ်ဖို ့လာပါတယ်ဆိုမှ.ကြိုက်တာစား ငါးရာလာလုပ်နေတယ်…

အဲတာနဲ ့.ဝိတ်တာကို လက်ကာပြပြီး ကိစ္စရှင်းဖို ့..အိမ်သာခန်းတွေလိုက်ကြည့်တာ
တစ်ခန်းမှ ဆေးစရာရေမရှိ..တစ်ရှူးသာရှိ၏..။သို ့နှင့် ကျွန်ုပ်လဲ ဆန္ဒကို အကျင့်နဲ ့ချုပ်တည်းပြီး သကာလ
လျင်မြန်စွာပဲ တော်ဝင်မှ ထွက်ခွာခဲ့ပါတော့တယ်..။

ငယ်ငယ်ကဆိုလျင်တော့ ပြဿနာမရှိလှ၊အရီးလေးဖွားပိန်တို ့ ဆိတ်ကြီးခနောင်တိုရွာ သွားလည်ရင်
အီးပါပြီးပါက ရေမရှိ။ တုတ်၊စက္ကူ တို ့ဖြင့် ရှင်းဖူး၏။ခလေးဘဝမိုလို ့..ပြောင်သည်လဲရှိ၏..မပြောင်သည်လဲရှိ၏
ပြဿနာမရှိ။ နဲနဲ သိတတ်စအရွယ်ရောက်လာတော့.တုတ်၊ စက္ကူ မသုံးရ ရေနဲ ့သာသုံးရ၏။
အစက ရွံတွံတွံရှိပေမဲ့.ကြာလာတာ့…အသက်ကြီးသည်အထိ ရေနဲ ့သာ.အသားကြပြီးရေမပါရင် ထုတ်ကုန် မချတတ်။
ရေနှင့်ဆေးရမှ ကျေနပ်ပါတော့တယ်။ဒါဟာ..အကျင့်ဆိုးလား.အကျင့်ကောင်းလား သေချာမသိ….
သေချာတာတစ်ခုက ဟိုတယ်ကြီးတော်တော်များများ၌ ယခုလိုပဲ တစ်ရှူးလိပ်များသာ အသုံးပြုကြသည်
ဆိုသဖြင့် ကျွန်ုပ်သည် အီးခေတ်မှာ ခေတ်နောက်ကျနေတာ သေချာနေပါတော့သည်။

ဝမ်းဒေသ၌ လူတစ်ယောက် အထုပ်ကြီးပိုက်၍ ရှုံ ့ကာမဲ့ကာဖြင့် ကားတစ်စီး အသဲအသန်ငှားနေ၏..
ကမောင်ချောက ကားဆီထည့်ပြီး လိုက်ပို ့ပါ့မယ်ဆိုတာတောင် တားမရတော့ပဲ..တက္ကစီငှား၍
သုတ်ချေတင်သွားလေ၏..။ထိုသူ ့ကြည့်ရသည်မှာ..စိတ်မချမ်းသာလှပါ။
ကမောင်ချောက
“အီးပါချင်လို ့..နေမပေါ့ကွာ” ဟု ထင်မြင်ချက်ပေး၏..။
ကျွန်ုပ်လဲ ထိုသူ ့ကိုအကဲခတ်ရာ..ကားထဲ  လှစ်ခနဲဝင်၍ ပါသွားသဖြင့်
လိမ်ကျစ်လိမ်ကျစ်..လိမ်ဖယ်လိမ်ဖယ် လျှောက်သွားသလား သေချာမြင်ခွင့်မရလိုက်ပေ..။

ပုံ၊
အဘ မင်းသိင်္ခ ၏တပည့် ဝမ်းကွဲ
ပေါက်သိင်္ခ-(အိမ်မဲ)-B.E,

25 comments

  • ကိုရင်စည်သူ

    December 14, 2011 at 8:07 pm

    ပေါက်သိင်္ခရေ… နင်အခုတလော ပျောက်နေလို့
    ဂန်ဒါရီ ထွက်သွားပီလားတောင် ကိုရင်က
    ထင်နေတာ… လတ်စသတ်တော့ အီး သုသေတနဆင်းနေတာကိုး… အဟီးး 😀 😀
    ကိုရင်က နင့်ထက်တစ်ဘွဲ့မြင့်မယ်… BE နဲ့ WE (ဝီစကီ)

    • ပေါက်ဖော်

      December 14, 2011 at 8:14 pm

      ကိုရင်က တပည့်အရင်း
      ကျနော်က တပည့်ဝမ်းကွဲ..အဟဲဟဲ..

      ရွာထဲက စာတွေ..ဝင်ဖတ်ဝင်ပြောဖို ့..စိတ်ပဲ ရှိတယ်..
      လူက မအားဘူးဖြစ်နေလို ့..ရွာထဲမဝင်နိုင်ဖြစ်နေတယ်.အာစိတို ့ရေ..ခွလွှတ်ကြပါ..

      နောက် တစ်လလောက်ထိ…ကျနော်ပျောက်နေပါဦးမယ်ဗျာ..

      🙄

      • ကိုရင်စည်သူ

        December 14, 2011 at 8:20 pm

        ကိုရင် ပေါက်သိင်္ခက နောက်တစ်လလောက်အထိ
        ပျောက်နေမယ်ဆိုတော့ ကျနော်နဲ့ မဆုံနိုင်တော့ဘူး
        ကျနော်က နောက်တစ်လမတိုင်ခင် အပြီးပျောက်တော့မယ်ဗျ…. :crying: :crying:

      • “ဘီလူးကြီး”ogre

        December 15, 2011 at 1:05 pm

        နောက်လအထိပျောက်နေမယ်ဆိုရင်တော့
        “အဟမ်းအဟမ်း”…ပြသနာရှိနိုင်ပါတယ်
        အထူးကုဆီသွားပြကြည့်ပါလားပေါက်ဖော်…ဒီကိစ္စသွေးရိုသားရိုးမဟုတ်တန်ဘူး
        🙂 😛

        • windtalker

          December 15, 2011 at 1:09 pm

          ဟမ် ဘာတွေ ပျောက်ကုန်လို ့
          အထူကု ဆီ သွားခိုင်းနေကြတာလဲ ဟင်
          ချက်ချာကြီးတွေ

  • naywoonni

    December 14, 2011 at 8:10 pm

    ကဖောက်ဖော်ရယ် ကိုယ့်ဘွဲ့ကို သေချာရေးလေကွယ်…။ BEDC ဆိုလည်း BEDC ပေါ့……….။ အခုတော့ OP ဆိုလားဖြစ်သွားပြီ…။

    • ပေါက်ဖော်

      December 14, 2011 at 8:17 pm

      ဘီအီး အာမခံ ပရိတ်သတ် ထင်ပါ့.
      အသစ်ထွက်တဲ့ Brand တွေ သူအကုန်သိနေတယ်

  • KING

    December 14, 2011 at 10:41 pm

    အီးးးးးးးးးးဆိုမှ ဆီးကိစ္စလည်း တူတူလောက်ပဲထင်တယ်
    ဟိုရက်ကပဲ
    နေပြည်တော်၊ မြို့မဈေးနားက အဝေးပြေးကားဂိတ်နဲ့ မနီးမဝေးနားမှာဗျ လူစုံတက်စုံနဲ့ အဖွဲ့တစ်ဖွဲ့ တွေ့လိုက်ရတယ် … တောသူ/တောင်သား အဖွဲ့လားမသိဘူးဗျ … ပလက်ဖောင်းဘေးကို ကျော်ပြီး အဲသည်ထဲက အမျိုးသမီးလေးက ထိုင်ချပြီး ထမိန်ကိုလှန် ဘောင်းဘီအရောင်တောင်တွေ့လိုက်လို့ မျက်စိဟိုဘက်တောင်လှည့်လိုက်ရတယ် … ဘာလုပ်မယ် ဆိုတာတော့ မကြည့်ဖြစ်လို့ မသိတော့ဘူးဗျ .. (ဆီးကိစ္စလို့ပဲထင်တယ်)

  • ကြောင်လတ်

    December 14, 2011 at 10:47 pm

    ကပေါက်ဖော်ကြီး ခုတလောအီးထွက်တဲ့အကြောင်းတွေတော်တော်ရေးနေပါလား။

  • thit min

    December 14, 2011 at 11:10 pm

    မရေးတာကြာလို့ မှတ်တယ်၊ ရေးမဲ့ရေးတော့ အနံ့ပါတဲ့စာကိုရေးတာဘဲ။
    ရင်မှာခံစား မမြင်နိုင်းဘဲ အဲအဲ
    ဆိုပြီး အော် နေတာ ဒါ့ကြောင့်ကိုး။
    တော်ပါပေတယ် ညီပေါက်ဖော် လူတိုင်းတာဝန်ရှိတဲ့ ကိတ်စပေဘဲ။(^^)
    တောမှာကျွမ်းတဲ့ အီးရယ် တောမှာဘဲ အီးပန်းစေလိုတယ် ဆိုချင်တာပေါ့နော။

  • kai

    December 15, 2011 at 4:24 am

    ခေတ်နောက်ထပ်မကျအောင်.. တံဆိပ်အသစ်လေးတင်ပေးလိုက်တယ်..။
    ပြောပြတဲ့.. အိမ်နားကမိတ်ဆွေကို..ကျေးဇူး..

    Johnny Walker’s new Double Black Label

    Recently, Johnny Walker unveiled a new delicacy for the discerning whisky connoisseur, the Double Black Blended Scotch. This new blend excellently represents Walker’s brand heritage and further pushes the typical Johnny Walker tasting notes to another degree of refinement. Regarding JW, the peat-level and smokiness reveals a truly new aroma, which already scored a masters award from this years World Whisky Masters Awards. If savoured entirely, the tinted charcoal grey bottle will remain as a keepsake, recalling the hours of relief, contemplation and sophisticated conversations.

    • windtalker

      December 15, 2011 at 12:31 pm

      အားပါး ရှလူး ရှလူး
      ပျလက်စ် ပျလက်စ်
      ပုံမြင်ရရုံနဲ ့တင် ၊ လျှာတွေ လိပ်ချင်လာဘီနော
      ွနွားရူး ရီးယား လက်ဆောင် အဖြစ် အဲ့ဒါလေး ပို ့ပေး
      ဟီဟိ

    • ကိုရင်စည်သူ

      December 15, 2011 at 9:13 pm

      အမလေး.. သဂျီးရယ်… သဂျီးရေးခဲ့သမျှ ကွန့်မန့်တွေထဲမှာ
      ဒီကွန့်မန့်ကို အကြိုက်ဆုံး… အပေါင်းပေးခဲ့မယ်… 😉 😉
      နောက်ဘဝနတ်ဖြစ်မဲ့ ကိုရင်က ဒယ်ဘယ်ကို အညှော်ဝင်ခံသွားပါတယ်…

      ဂျော်နီနဲ့ဆိုရင် မိုးထိအောင်လျှောက်မယ့်
      ဂျော်နီစည်သူ

  • Moe Z

    December 15, 2011 at 9:22 am

    ဖြစ်မှဖြစ်ရလေ ဒီပို့စ်ကိုမှ မုန့်စားရင်းဖတ်မိတယ် 🙁

  • super

    December 15, 2011 at 10:43 am

    ကိုပေါက်ဖော်က ကျွန်ုနဲ့ အီးခတ်ဆိုလို့ မေးလ်အကြောင်းရေးထားလားလို့ ဖတ်လိုက်တာ ဟဲ ဟဲ အီးအီးပါချင်တဲ့အကြောင်းရေးထားတာကိုး………… 😛

  • ကြောင်ကြီး

    December 15, 2011 at 11:55 am

    အီးကို မစင်လို့ ဘာကြောင့်ခေါ်လဲ သိချင်သား။။။။ ဟိုးတုန်းက ပြောင်အောင်ရှင်းဖို့ အိမ်သာသုံး နည်းပညာ မထွန်းကားသေးလို့လား၊ ဒါမှမဟုတ် မသန့်စင်တဲ့ သဘောကိုပြောတာလား… 🙄

  • kotun winlatt

    December 15, 2011 at 12:00 pm

    အီးးးးဖတ်ရင်းးးဗိုက်နာလာလို့…
    ပြေးးးဘီ…ဗျို့….။

  • စုံ စုံ

    December 15, 2011 at 12:21 pm

    ဖတ်ရင်းနဲ့ကိုပေါက်ဖော်လဲကျမလိုပါလားလို့တွေးမိတယ်
    သွားရင်းလာရင်းကိစ္စပေါ်လို့ကတော့ ရောက်ရာအရပ်ကအိမ်အမြန်ပြေးရတယ်
    ဘာလို့ဆိုတော့ ရေမရှိရင် အဆင်မပြေလို့ စစချင်းတုန်းက
    ကိုယ်ဘဲမျက်စိရှန်းသလားဆိုပြီး ရေပိုက်ကိုဒေါင့်စေ့အောင်လိုက်ရှာတာ
    နောက်မှ တမင်ရေပိုက်မရှိမှန်းသိတယ် ဒါကြောင့် အဲ့လိုနေရာတွေသွားရင်
    ပေါ့ပေါ့လေးလေးဘယ်တော့မှ ထုတ်လုပ်ရေးမလုပ်ဘူး
    သန့်စင်ခန်းထဲဝင်တာအကြောင်းတခုဘဲရှိတယ်
    ခေါင်းဖြီးချင်တာနဲ့ မှန်ကြည့်ချင်တာကြောင့် 😛 😛

  • windtalker

    December 15, 2011 at 12:32 pm

    ပြောချင်တာဒွေလဲ ပြောကြပါစေကွယ်…
    ကိုယ့် ဝမ်းနာ ကိုယ်သာ သိပါ ကွယ်ဟယ်ဟယ်…

  • comegyi

    December 16, 2011 at 12:24 am

    ငပေါက်ရဲ့ အီးအကြောင်း တစေ့တစ်စောင်းက ကောင်းလှပေတယ်
    မစင်အဓိပါယ်ကို ကိုကြောင်ကြီး ရှင်းမှ လင်းတော့တယ်ခင်ဗျ…..

  • နီကီတာ

    December 16, 2011 at 11:28 am

    ဒါနဲ့
    ဟိုတစ်လောက ကိုပေလာတုန်းက အပြန်မှာကြားမိသလိုပဲ
    အိမ်သာတတ်ချင်လို့ ဆိုလားပဲ…. ဟီး 😀 😀

  • blackchaw

    December 16, 2011 at 6:38 pm

    ပေါက်သိင်္ခရေ။
    အခုမှ ဖတ်မိတယ်ဟေ့။
    ဇာတ်ရည်လည်း အခုမှ လည်တော့တယ်ဟ။
    မန်းသားတွေက စိတ်ကြီးတယ်ဟ
    ဗိုက်နာလာရင် နည်းနည်းလေးမှ အောင့်နိုင်တာဟုတ်ဘူး
    အဲဒါလေးမှတ်ထား။ ဗျန်းဗျန်းဗျန်း။

  • nigimi77

    December 16, 2011 at 9:52 pm

    ကပေါက်ဖော်

    အိမ်သာ ကိစ္စဆိုလို ့ ကြုံတုန်း ဝင်ရွှီးလိုက်မယ် ။

    တသက်လုံး ရေနဲ ့ ဗျန်းဗျန်းဗျန်း လာတဲ့ ကျုပ်လဲ ကကြီးရောက်မှ လိပ်ခေါင်းထွက်သဗျာ ။

    အများအားဖြင့် ကကြီးက အိမ်သာတွေမှာ ဖင်ကို ရေနဲ ့မဆေးဘူး ။

    ဖင်ရေဆေးဖို ့ အင်တုံ ဒါမှမဟုတ် ဖင်ဆေးပိုက် မရှိဘူးပေါ့ ။

    ဘယ်နေရာက အခမဲ့ အိမ်သာကို သွားသွား တစ်ရှုးကတော့ အလျှံအပယ်ပါပဲ ။

    ဆိုတော့…ချီးပါပြီးရင် ဖင်ကို တစ်ရှုးနဲ ့ပဲ ကုန်းကြတယ် ။

    အထီးဖြစ်ဖြစ် အမဖြစ်ဖြစ်ပေါ့ ။

    ကကြီးဆန်က စီးစီး ….ရာသီဥတုကအေး …နဂိုကတည်းက ယမကာလုလင် ဆိုတော့ ။

    သိပ်မကြာပါဘူး ဖင်ရေဆေးစရာမရှိပဲ တစ်ရှုးနဲ ့ကုန်းတဲ့ နိုင်ငံမှာ ကျုပ် လိပ်ခေါင်းစဖြစ်တော့တာပဲ ။

    ဇာတ်လမ်းက အဲဒီက စတာ ။

    တရက်သော စနေနေ ့ညမှာပေါ့ ။

    ထုံးစံအတိုင်း ဆိုလ်းမြို ့ထဲက အမေရိကန် စစ်စခန်း အခြေချတဲ့ အနားက အီထယ်ဝန် ဆိုတဲ့

    အပိုင်က နိုက်ကလပ်တွေမှာ စိုင်ဖမ်းပွဲ အတွက် ချီတက်ဖို ့ လမ်းခွဲဖြစ်တဲ့ Young San Station

    ကို ရောက်လာတယ် ….ဖြစ်ချင်တော့ လမ်းမှာ စားလာတဲ့ အာပူရှာပူတွေ တန်ခိုးနဲ ့ ဗိုက်က ရစ်ကရော ။

    ဒါနဲ ့ပဲ ဘူတာမှာ ရှိတဲ့ အခမဲ့ အိမ်သာထဲမှာ ဝင်ပြီး ဟီရိုရှီးမား အနုမြူဗုံးကို ကျဲချပါတယ် ။

    မြင်ဘူးမလား မသိဘူး ဇော်က ကတာတို ့ သမင်က ကတာတို ့ ။

    ဇာတ်ပွဲထဲမှာလေ ။ လိပ်ကို သွားဖြတ်ရမှာ ကြောက်တဲ့ ကျုပ်လဲ ဇော်က ကလေး ကပြီး ကိုရွှေလိပ်ကို

    ဖနောင့်ကလေးနဲ ့ ချော ့ချော့ပြီး ပြန်သွင်းရသကိုး ။ ဒါနဲ ့ ဘိုထိုင် ဘောင်ပေါ် ဆောင့်ကြောင့်ထိုင်ပြီး

    ညာဖက် ဖနောင့်ကလေးနဲ ့ချော့ပြီး သွင်းနေစဉ် သကာလ……….

    ဗြုံး….ဆို ……ခြေချော်ပြီး ကျုပ်ရဲ ့ညာဖက် ခြေထောက်က ရေမဆွဲရသေးတဲ့ ချီးခွက်ထဲကို

    ဝုန်း ကနဲ ကျွံဝင်သွားပါတော့တယ် ။ မြင်ယောင်သာ ကြည့်ကြပါ ဆြာ တို ့…..။

    ဖင်ထိုင် အဖုံးကလည်း ကံဆိုးစွာနဲ ့ထက်ခြမ်းကွဲပါတယ် ။

    အခြေအနေနဲ ့အချိန်အခါက တိုက်ဆိုင်တော့ အိပ်သာ အပြင်ဖက်မှာ သန် ့ရှင်းရေးလုပ်နေတဲ့

    ဘွားတော်က အရက်သမား တစ်ယောက် ပြည်သူပိုင် ပစ္စည်းကို ဖျက်စီးနေပါတယ် ဆိုပြီး

    ဘူတာစောင့် ရဲ ကို သွားတိုင်ပါလေရော ။

    ကျုပ်လဲ ကိစ္စပြီးလို ့ များပြားလှတဲ့ Rapper ဝတ်စုံပြည့်ကို ပြန်လည် ဝတ်ဆင်နေတုန်း….

    အပြင်ကနေ…..အာဂျောရှိ….အခုချက်ချင်း အပြင်ထွက်လာပါဆိုပြီး အော်ဟစ်သံတွေ ကြားပါလေရော။

    စကားက ရှည်မှာစိုးတော့ ပြသာနာကို ဖြေရှင်းချက်ကိုတော့ မပြောတော့ပါဘူး ။

    အလျှောက်ကောင်းလို ့ အထောင်းသက်သာခဲ့ပေမဲ့ နိုင်ငံခြားသား မှတ်ပုံတင် ကတ်နဲ ့

    ခံဝန်ကတိကိုတော့ လက်မှတ်ထိုးခဲ့ရပါတယ် ။ ဒဏ်ငွေကိုတော့ လုပ်ငန်းလိပ်မူပြီး တောင်းခံမယ်

    ဆိုပါတယ် ။ အဲဒီကနေစပြီး နိဂိမိ ဘယ်သော အခါမှ လမ်းတွင် မစင် မစွန် ့တော့ပါ ။

    ကိုရွှေလိပ် ဒုက္ခပေးချက်တွေ………

    (မှတ်ချက်) ရွာထဲမှ အပျိုတော်များ သိသာစေရန်…..ကိုကို နိဂိမိ လိပ်ခေါင်းအား ဟာလာ လုပ်ပြီး

    ပါကြောင်း….. 🙂

    • windtalker

      December 16, 2011 at 9:57 pm

      ဟားဟား
      ရယ်ရတယ် ဗျို ့ ဗြဲ
      နီ to the ဂမိ = ပွင့်လင်းစွာပြော

Leave a Reply