ပြင်သင့်မပြင်သင့်(အစဉ်အလာခြံဝန်း ထဲက ထွက်သင့် ….မထွက်သင့်)-၂

naywoon niDecember 14, 20111min17715

အဲဒိလို တစ်ကိုယ်ရည်ကိစ္စတွေရဲ့ နောက်မှာ လူတွေကို မောင်းနှင်နေတဲ့ ကိုးကွယ်ယုံကြည်မှု အစဉ်အလာဟောင်းကို စပြီးဆန်းစစ်ကြည့်ရင်ကောင်မလားလို့….။ ကိုယ့်ဟာကို သာဆက်ဖြည့်တွေးကြည့်ကြပေါ့….။
၁။ ဘုရား ပန်းအိုးကိစ္စ
၂။ ဘုရားပန်း ကိစ္စ
၃။ ကန်တော့ပွဲ ထိုးသင့် မထိုးသင့်
၄။ အမွှေးတိုင်လှူသင့် မလှူသင့်
၅။ မီးပူဇော်ခြင်း ( နေအိမ်မှာ ….။ လျှပ်စစ်မီး ဘက်ထရီ မီး မဟုတ်ဘဲ ဖယောင်းတိုင်မီး ပူဇော်ခြင်း ကိစ္စ)
၆။ ပုတီး ကိစ္စ
ရ။ ဘုရားပုံတော်မဟုတ်တဲ့ …။ ပုံတော် အဆောင်အယောင်တွေ ထားသင့် မထားသင့်
စိတ်ဝင်စားကြရဲ့လားတော့ မသိဘူးနော်…။
ဒီလိုလေးတွေကိုတွေးမိလို့ပါ…။
ဘုရားပန်းအိုးနဲ့ ပန်းထိုးလှူတဲ့ ကိစ္စ ဘယ်သူတွေက ဘာအတွက်နဲ့ ဘယ်လိုလုပ်ခဲ့တာလဲ ပြန်ဆန်းစစ်ကြပါဦး …..။ နေဝန်းနီတွေးမိသလောက်ကတော့ ဘာသာရေး ယုံကြည်သက်ဝင်မှု အထမ်းအမှတ်တစ်ခုပဲ…။ ဒါကို အခြေားအဆောင်အယောင်တွေ ဘာသာရေးနဲ့ မအပ်စပ်တာတွေ တွဲသုံးနေကြတာ အမြင်မတော်ဘူး….။ ရိုးရိုး ပန်းအိုးနဲ့ ဆွမ်း ရေချမ်း ကပ်လှူ ရုံတင်မဟုတ်တော့ဘူး…။ ဗေဒင် ယတြာ ကပါ ဝင်ရှုပ်ပြီး ဟိုအရွက်လှူ ရတာနဲ့ ဒီအသီး လှူရတာနဲ့….။ သင်္ဘော သီးအစိမ်းကြီးဗျာ ….။ ဘုရားဆောင်/ စင်ပေါ် တင်လှူထားတယ်…။ ယတြာ ချေတာတဲ့…။ ဘုရားရှေ့ သင်္ဘောသီး မှဲ့အောင် လုပ်ခိုင်းထားသလိုပဲ…။ နောက်ရှိသေးတယ်…။ ရိုးရိုးဆွမ်း မဟုတ်ဘူး …။ ငွေဆွမ်းတဲ့…။ ငွေစက္ကူတွေ ပန်းကန်နဲ့ တင်လှူ သတဲ့…။ အဲဒါတွေ ပြန်စွန့်ပြီး ဆောင်ထားရင် ဘာဖြစ်တယ်ဆိုလား ……။ ဘုရားကို ဥုံဖွ ပျောက်စေ ဆရာများအောင့်မေ့ နေသလားမပြောတတ်ဘူး…။
နောက်ရှိသေးတယ်…။ ဘုရားပန်းအိုးကို စိတ်လိုလက်ရရှိတဲ့ အချိန်ကျရင် ဈေးကြီးပါပေ့ ဆိုတဲ့ ပန်းတွေနဲ့ ဝေဝေဆာဆာ ….။ မေ့လျော့နေတဲ့ အချိန်ကျရင်တော့ ပန်းတွေ ညိုးခြောက်လို့…။ ဘာကို ပြနေသလဲဆိုတော့ ရုပ်ဝတ္ထုကို အလေးအမြတ်ထားပြိး စိတ်ထဲ က ရိုသေ လေးစား ယံကြည်သက်ဝင်မှုက သာမည ဖြစ်နေသလားလို့…။
ပြီးတော့ ကိုယ်ကိုတိုင်တောင် မနံ့ မခံနိုင်တဲ့ အမွှေးတိုင်တွေ ထွန်းညှိထားတဲ့ ကိစ္စ….။ သူကတော့ လွတ်ရာရှောင်နေပြီး လေသင့်ရာ အနီးပတ်ဝန်းကျင်ကို ဘာဖြစ်ဖြစ်ဆိုပြိးလုပ်လိုက်တာ…။ ကန့်တော့ပွဲဆိုပြီး အုန်းစိမ်း ငှက်ပျောစိမ်းတွေနဲ့ နတ်ပွဲလို လုပ်တာကလည်းတစ်မှောက်…..။ အံမာ နာမယ်တောင် ပြောင်းလိုက်သေးတယ်..။ ဘာတဲ့ ……..သာသနာပွဲတဲ့..။ ဘုရားမပြောနဲ့ ဦး …။မိဘ ဆရာ သမားတောင်မှ အသီးတွေ သေချာ ရေဆေး အခွံ သင်ပြီး စာလို့ ဖြစ်မဲ့ တစ်လုပ်စာလောက်ကို အနေတော် စိတ်ပြုပြိးမှ ကျွေးကြတာ….။ သေချာ စဉ်းစားကြည့်ကြပါဦးနော်…။
လျှပ်စစ်မီး ရှိပါလျက်ကယ်နဲ့ ယတြာ လား ဘာလားမသိ….။ အေရင်အမျိုးမျိုးနဲ့ ဖယောင်းတိုင်တွေကို အင်းချပြီးကပ်လှူတဲ့ ဟာက ရှိသေးတယ်…။ လျှပ်စစ်မီး ဝပ်အားနဲနဲ လောက် ထွန်းရင်ဖြစ်ပါရက်ကယ်နဲ့…။ အဲဒိထွန်းတဲ့သူကို သူထွန်းထားတဲ့ ဖယောင်းတိုင်နား ထားလိုက်ချင်ရဲ့…။ သူတို့ကတော့ အဲဒိလိုဖယောင်းတိုင်ထွန်ထားပြီး အမွှေးတိုင်ဆိုတာတွေ ထွန်းထားပြီး လွတ်ရာရှောင်နေကြတော့တာပဲ…..။ ဖယောင်းတိုင်ပေါ် ကပ်ထားတဲ့ စက္ကူက မီးထတောက်မှ အတင်းဝင်ငြိမ်း မသိလိုက်ရင် ရပ်ကွက်ပါပြောင်မဲ့ ကိန်း…..။ ဒါက တရားမျှတမှု ရှိပါရဲ့လား…။ ဒုက္ခလွတ်ငြိမ်းပြိးနေတဲ့ ဘုရားရှင်ကို ပိုက်ဆံ အကုန်ခံပြီး ဒုက္ခသွားပေးနေကြတာ….။
ပုံတော်တွေ (ဘုရားပုံတော်မဟုတ်ပဲနဲ့ ) ဘုရားဆောင်ပေါ် နေဝန်းနီတို့ မိဘတွေက မတင်စေရပါဘူး…။ နေဝန်းနီကလည်း စိတ်မဝင်စားပါဘူး…။ ဒါပေသိ အိမ်လာလည်တဲ့ သူများက ကိုယ့်ဟာကို မနေနိုင်ကျဘူး…။ ဟိုဘိုးတော်ပုံ ဒီဘိုးတော်ပုံ ….။လာတင်ပေးသွား …။ နေဝန်းနီရဲ့ အဖေရှိတုန်းကတော့ မီးဖိုထဲ ချည့် ပစ်ထည့်တာပဲ…။ “ ငါ့အိမ်မှာ ဘုရားက လွဲပြီး ဘယ်နတ်စိမ်းမှ နေရာမပေးနိုင်”တဲ့လေ….။ မှတ်ကရောပဲ…။ နောက်ပုတီးတွေလည်း တို့လို့ တွဲလောင်း ဆွဲထားတာမကြိုက်…။ တစ်ချို့ကလုပ်သေးတယ်..။ ဘာနေ့သားဆို ဘယ်အသားနဲ့လုပ်တဲ့ ပုတီးမှ….။ လုပ်ချင်ရာလုပ်ကြပါစေ….။ နေဝန်းနီတို့ အဖေကတော့ သေသာသွားရော ဒါဆိုဒါပဲ…။ သူက ဟင့်အင်းဆိုတာ ဇွတ်မငြင်းလေနဲ့…။ ပြောထည့်လိုက်တာများ နတ်ကြောင်တဲ့ ဗေဒင်ကြောင် လိုင်းကြောင်တဲ့….။ သရဏ ဂုဏ် ညိုးနွမ်းစေသတဲ့…။ သရဏဂုဏ်ပျက်ရင် ဗုဒ္ဓဘာသာ မဟုတ်တော့ဘူးတဲ့…။
ထားတော့…။ နောက်လူမှု ဆက်ဆံရေးနဲ့ ပါတ်သက်ပြီးနဲနဲလောက်ပြောကြည့်ရအောင်…။
၁ ။အားနာပြီး ဂတိလွယ်လွယ်ပေးတဲ့သူက သူပေးတဲ့ ဂတိ မတည်တတ်တာများပါတယ်…။ ဒါကြောင့် ကိုယ်လုပ်မပေးနိုင်တဲ့ကိစ္စဆိုရင် အကြောင်းပြချက်နဲ့ ငြင်းလိုက်တာအကောင်းဆုံးပါပဲ…။ ပေးပြိးသားဂတိကို ဘယ်လောက်ပဲ သေးဖွဲနေပါစေ တည်အောင်လုပ်ပေးလိုက်ပါ…။
၂ ။ အတင်းပြောတဲ့ ကိစ္စ …။ ကိုယ်လည်းမပြောပါနဲ့ …။ ပြောတတ်တဲ့သူနဲ့လည်း မပေါင်းရင် အကောင်းဆုံးပါပဲ…။ အချိန်ကုန်လို့ပါ…..။
ကဲ ပြောချင်တာတွေချည့် နင်းကန် စွတ်ပြောနေတာ ….။ နောက်မှာ လိုအပ်တာလေးတွေ ရှိလည်း ထပ်ဖြည့်ဦးပေါ့…။ နေဝန်းနီ တစ်ယောက်ထဲ ပြောနေလို့ နေဝန်းနီ ဝါဒ ဖြစ်နေဦးမယ်…။
အစဉ်အလာတစ်ချို့ကို ဆန်းစစ်ကြည့်တာပါ…။ နောက်ကျန်သေးတယ်..။

နေဝန်းနီ

15 comments

  • ကြောင်လတ်

    December 14, 2011 at 9:39 pm

    ကျန်သေးရင် နဲနဲပေးပါ၊အဲလေ (များများရေးပါ)
    ကိုနေရေ ၊ကျနော်အဖေနဲ့နတ်အကြောင်းကမပြီးသေးဘူး ဆက်ရေးဦးမယ်။

  • kai

    December 15, 2011 at 4:42 am

    ဂေါတမဗုဒ္ဓက.. သူ့ကိုယ်ပွားရုပ်ထုလုပ်ကြည်ညိုကိုးကွယ်မပြောနဲ့.. သူသက်ရှိထင်ရှားကိုယ်တော်တိုင်ကို.. ကြည်ညိုနေတာတောင် မကြိုက်ပါဘူး..။
    အဲဒီလိုလုပ်တဲ့. ဘုန်းကြီးကို နှင်ထုတ်ပါတယ်..။
    အနောက်တိုင်းမှတ်တမ်းတွေမှာတေ့ာ.. အဲဒီဘုန်းကြီး..လယ်ပင်းလှီးပြီး သတ်သေလိုက်သတဲ့..။
    ဆိုတော့..
    အခုခေတ် မြန်မာပြည်က သူ့ရုပ်ထု(ဆင်းတုထု) အလွန်အကျွံလုပ်နေတာတွေ..မြင်များမြင်ရင်….ဘာပြောမယ်မသိ..။ 🙁

    ==============

    တစ်ခါတုန်းက ဝက္ကလိအမည်ရှိတဲ့ ရဟန်းတော်တစ်ပါးဟာ နေ့စဉ်နေ့တိုင်း ဗုဒ္ဓမြတ်စွာရဲ့ ရှေမှောက်ကိုသွားရောက်ပြီး ဗုဒ္ဓမြတ်စွာရဲ့ ကြည်ညိုဖွယ်ကောင်းတဲ့ ရှုပကာယ ခန္ဓာကိုယ်ကို ကြည့်ရှုလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်နေ့ကျတော့ ဗုဒ္ဓမြတ်စွာက ရဟန်းတော်ကို မေးပါတယ်။
    “ဝက္ကလိ သင် ငါဘုရားအနား နေ့တိုင်းလာပြီး ဘာများလုပ်နေသလဲ။”

    “ဘုန်းတော်ကြီးမြတ်တော်မှုသော မြတ်စွာဘုရား၊ တပည့်တော် မြတ်စွာဘုရားရဲ့ ရှုချင်စဖွယ် ကောင်းတဲ့ ကိုယ်ကာယကို ကြည့်ရှုနေတဲ့အချိန်တိုင်းမှာ တပည့်တေ်ာ အနေနဲ့ ပျော်ရွှင် ကျေနပ်မှု့တွေရရှိတဲ့အတွက် နေ့စဉ်နေ့တိုင်း လာရောက် ဖူးမြှော် ကြည့်ရှုနေခြင်းဖြစ်ပါတယ် ဘုရား။” လို့ လျှောက်ထားတော့….

    “ဝက္ကလိ ဒီမမြဲသောသဘောတရားကို ဆောင်ပြီး စက်စုတ်ဖွယ်ကောင်းတဲ့ ကိုယ်ကာယကြီးကို ကြည့်ရှုခြင်းဖြင့် သင် ဘာအကျိူးတရားကို ရရှိနိုင်မှာလဲ၊ သင်ရဲ့ စိတ်ခံစားမှု့ကို တခဏသာ ကျေနပ်ရုံကလွဲလို့ ငါဘုရားဟောကြားထားတဲ့ တရားတော်များကို နားလည်ခြင်း၊ အသိပညာများတိုးပွားခြင်းများကို သင်မရနိုင်ဘူး။ ဘဝလွတ်မြောက်ရေးတရားကို သင်မရနိုင်ဘူး ဝက္ကလိ။”

    “ဝက္ကလိ ဒီငါ၏ခန္ဓာကိုယ်ကြီးကို ကြည့်ရှုနေခြင်းဖြင့် သင်ဟာ ငါဘုရားအစစ်အမှန်ကို မသိမမြင်နိုင်ဘူး၊ ငါဘုရားဟောကြားထားတဲ့ တရားတော်များကို နားလည်သိရှိပြီး လိုက်နာကျင့်ကြံနေတဲ့ သူများသာလျင် ငါဘုရားအစစ်ကို သိမြင်နိုင်တယ်။ “ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။ အကြင်သူသည် တရားဓမ္မကို သိမြင်ကာ လိုက်နာကျင့်ကြံ၏၊ ထိုသူသည် တရားပိုင်ရှင် ဘုရားရှင်ကို အမှန်တကယ် မြင်၏။” လို့ ဟောကြားခဲ့ပါတယ်။

    =

    Vakkali(ဝက္ကလိ)
    A monk who was fascinated by the physical appearance of the Buddha and who followed him around in admiration. It was to Vakkali that the Buddha uttered the famous statement ‘who sees the Dharma sees me, who sees me sees the Dharma’. This was said with the intention of helping the monk go beyond his obsession with physical appearance. In the end, however, the Buddha had to order Vakkali to leave his presence. On another occasion, according to the Saṃyutta Nikāya, Vakkali fell ill while on his way to visit the Buddha at Rājagṛha, and in great pain committed suicide by cutting his throat. The Buddha went to see his body and declared that he had attained nirvāṇa, and that Māra would be unable to find his departed consciousness (vijñāna). On the basis of this and a few similar cases of suicide (notably those of Godhika and Channa) it has been thought by some Western scholars that Buddhism does not regard suicide as immoral for the enlightened, but this conclusion is not supported by the Theravāda commentaries and tradition nor by a close reading of the canonical passages in question.

    Read more: http://www.answers.com/topic/vakkali#ixzz1gYBrknZf

    • ကြောင်ကြီး

      December 15, 2011 at 1:02 pm

      သဂျီးတို့များ စာနယ်ဇင်းလွတ်လပ်ခွင့် ဘာညာနဲ့ အသံကောင်းဟစ်ပြီး သူများ ဘုရားအပါ် ကြည်ညိုသဒ္ဓါစိတ်ကိုတောင် လိုက်အပြစ်မြင်နေတယ်။ သူဇိမ်ဘုံးဂျီးဝတ်မှ ဗွီဒီယိုကင်မရာနဲ့ စောင့်ကြည့်ပြီး အပြစ်ပြောပြမယ်။။။။ 😡

    • TTNU

      December 15, 2011 at 4:19 pm

      ကိုခိုင်
      တော်တယ်။ ၁၅၀% ထောက်ခံတယ်။
      Link ကူးလို့ မရတော့ ကိုခိုင် ရေးထားတာကိုပဲ ကော်ပီလိုက်တယ်။
      ကျေးဇူးနော်။

  • aye.kk

    December 15, 2011 at 6:01 am

    အာဏာရှူးပြီးယတြာတွေချေနေတဲ့..သူတွေ..
    အစဉ်လာဆိုတဲ့ခြံဝန်းထဲကမထွက်နိုင်ရင်တော့..
    ကိုးဆယ်ဆနောက်ကျလို့သာကျန်နေခဲ့မှာအမှန်ပါပဲ..။

  • Moe Z

    December 15, 2011 at 11:29 am

    ဘဘနီပြောတာထောက်ခံတယ် သဂျီးကိုလည်း ခရက်ဒစ်ပေးထားတယ် 🙂
    လူငယ်တွေတော်တော်များများလည်း ဒီသဘောပါပဲ..

  • Gipsy

    December 15, 2011 at 11:35 am

    တချို့များ အယူသည်းတာ မပြောနဲ့တော့ သန့်စင်ခန်းသွားတာတောင် ယတြာနဲ့ အချိန်ကိုက်
    လုပ်ချင်နေကြပုံပဲ … ဘာလုပ်လုပ် အချိန်အခါတော်ရွေးနေကြတာလဲ တွေ့ရဲ့…
    ကျနော်တော့ ဆရာစံ ခေတ်သမိုင်းအကြောင်းကိုပဲသတိရတယ်ဗျာ..
    အင်း အိုင် လက်ဖွဲ့ ကိစ္စတွေကြောင့် မဖြစ်သင့်တာ ဖြစ်ခဲ့ကြရတယ်…။

  • kotun winlatt

    December 15, 2011 at 11:35 am

    ဆရာလူထုစိန်ဝင်းပြောသလိုပါပဲ…
    ဟောရင်းသာပျံလွန်တော်မူလိမ့်မယ်…
    ပြင့်သင့်တာတွေတော့ ပြင်လာကြမှာ
    မဟုတ်ပါဘူးးးးးးး။

  • pooch

    December 15, 2011 at 3:12 pm

    ကြားဖူးတာလေး ပြောပါရစေ..

    သာနာပြုတယ်ဆိုတာ ဘုရားစေတီ ပုထိုးတွေ အများကြီးတည်တာကို မဆိုလိုပါဘူးတဲ့

    (ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီစေတီ အဆောက်အဦး များဟာ သာသနာ မကွယ်အောင် မစောင့်ရှောက်နိုင်ပါဘူးတဲ့။
    ကြာရှည်မတည်တံ့နိုင်ပါဘူးတဲ့။ ဥပမာ အားဖြင့် အာဖဂန် နစ္စတန် မှာဆိုရင် ကျမတို့ ဗုုဒ္ဓဘာသာရဲ့ ကျောက်ဆင်းတုတော်များဟာ ကျောက်တောင် နံရံများမှာ ကမာ္ဘ့ အံ့ဖွယ်အနေနဲ့ကို ကြီးမားစွာထုလုပ်ထားတာတွေ ရှိခဲ့ပါတယ်။

    ဒါပေမဲ့ အဲ့ဒီအရပ်ဒေသမှာ ဗုဒ္ဓဘာသာဝင်မရှိတော့ပါဘူး။ အဲ့ဒါအပြင် ဒီတသက် ပျက်စီးဖို့ ခဲယဉ်းလှတဲ့ အဲ့ဒီ ကြီးမားလှတဲ့ ကျောက်ဆင်းတုတော်ကြီးများကို အဲ့ဒီက လူတွေက မိုင်းတွေနဲ့ကို ခွဲပြီး ဖျက်ဆီးခဲ့ပါတယ် ။

    ပြီးတော့ ကွဲတဲ့ကျောက်အပိုင်းအစများကို လည်း လမ်းခင်းပြီး အမှုန့်ကြိတ်ခဲ့ပါတယ် ။ ကမာ္ဘ့အမွေအနှစ်ထိန်းသိမ်းရေး အဖွဲ့တခုကတောင် ဗုဒ္ဓဘာသာတိုင်းပြည်များက ဒီလုပ်ရပ်ကို မေတ္တာရပ်ခံ တားမြစ်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

    ဒီလိုတွေ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ သူတို့ တိုင်းပြည်လည်း ဘင်လာဒင် ကြောင့် ဖွတ်ဖွတ်ညက်ညက်ကြေခဲ့ပါတယ်။ ခုချိန်ထိလည်း နလံမထူ နိုင်ကြသေးပါဘူး။)

    ဆိုလိုချင်တာက သာသနာကိုမပျောက်ပျက်အောင်စောင့်ရှောက်တယ်ဆိုတာ

    သာသနာကို စောင့်ရှောက်တဲ့
    ဝိနည်းနဲ့ အညီ ကျင့်သုံးဆောက်တည်နိုင်တဲ့ ဘုရားသားတော် သံဃာတော် များကို ပဋိကတ်သုံးပုံ အာဂုံဆောင်နိုင်အောင် အထောက်အပံ့ပေးတာ ပစ္စည်းလေးပါး စာသင်ကျောင်းတိုက် စသဖြင့် လှူဒါန်းတာမျိုးပါ။

    ပဋိယတ် ၊ ပဋိပတ် များ ကျင့်သုံးဆောက်တည်တဲ့ ရဟန်းသံဃာတော်များကို လှူဒါန်း ထောက်ပံ့ပြီး
    ကိုယ်တိုင်လည်း ဘုရားဟောနဲ့ အညီ ကျင့်သုံး ပြီး ဘာဝနာ ပွားများအားထုတ်မှသာလျှင် သာသနာ မကွယ်နိုင်မှာ လို့ ဟောတာကို ကြားဖူးပါတယ်။

    ဘုရားစေတီများကတော့ သင့်တင့်ယုံ ကြည်ညိုရအောင် ရှိရင်လုံလောက်ပါတယ်တဲ့။

    ဘယ်လောက်ကြီးမားတဲ့ ခိုင်ခံ့တဲ့ ဘုရားစေတီရှိပါစေ အဲ့ဒီတရားများကို ကျင့်သုံး ပြီး အာဂုံဆောင် စောင့်ရှောက်မည့်သူမရှိရင် အဲ့ဒီအရပ်မှာ သာသနာ ကွယ်ပါတယ်တဲ့။

    ဒီလိုအသိလေးတွေက စာအုပ်တွေထဲကရော ဆရာတော်များ ဟောခဲ့တဲ့ အထဲကရော ကိုယ့်ရဲ့ စိတ်ထဲမှာ စွဲမြဲကျန်နေခဲ့တာပါ။

    သို့သော် အိမ်မှာကတော့ မြင်သမျှ တွေ့သမျှ ဘာမှမစူးစမ်း မစဉ်းစားပဲ လှူတတ်တဲ့ လှူဖို့ကိုသာ စိတ်ဝင်စားတဲ့ အတူနေ အဒေါ်ကြောင့် ကုသိုလ်တပဲ ငရဲ တပိသာ ဘဝမှာ နေနေရပါတယ်။

    • ဦးဦးပါလေရာ

      December 15, 2011 at 6:21 pm

      အင်မတန် ဖြောင့်မှန်တဲ့ အသိလေးတွေပါပဲ။

      သာသနာကို တလွဲပြုတာကိုအားပေးတာများရင်
      သာသနာနည်းမှန်လမ်းမှန်ပြုသူတွေကို အားလျော့စေပါတယ်။
      စာသင်တိုက်တွေ စာချဆရာတော်တွေ စာသင်သားတွေ သင့်လျော်တဲ့ အထောက်အပံ့ မရတဲ့အခါ
      အခြားနည်းနဲ့ဘုန်းကြီးကြတာကို မြင်ရပါများတဲ့အခါ
      ိဝိနည်းလိုက်နာမှု့မှအစ အရာရာ ယုတ်လျော့လာပါတော့တယ်။

  • TTNU

    December 15, 2011 at 4:51 pm

    ဆရာနေဝန်း
    တီချာတို့ ဗုဒ္ဓဘာသာဖြစ်လို့ ဘုရားခန်း ဘုရားရုပ်ထုကတော့ရှိမယ်။ ကိုးကွယ်မယ်။
    ဒါပေမဲ့ ….
    (၁) ဘုရားပန်းအိုး ဘုရားပန်းထိုးရာမှာ မြတ်စွာဘုရားအားရည်မှန်း၍
    ဤမွှေးရနံ့ ရှိသော ပန်းကို ကပ်လှူပါ၏ လို့ပဲ စေတနာပြဌာန်းပါတယ်။ဘာယတြာမှ မလုပ်ပါ။
    (၂) အမွှေးတိုင်ကို တစ်တိုင် လောက် (အနံ့ကောင်းတဲ့ တံဆိပ်ပါ) ဘုရားရှိခိုးနေတုန်း
    ပူဇော်ပါတယ်။ ခုနလိုပဲဤမွှေးရနံ့ ရှိသော အမွှေးတိုင်ရနံ့ ကို ကပ်လှူပါ၏ လို့ပဲ
    စေတနာပြဌာန်းပါတယ်။ ကိုယ် ဘုရားရှိခိုးပြီချိန်ဆိုရင် အမွှေးတိုင်ကုန်ပါပြီ။
    (၃)သာသနာပွဲ လုံးဝ မထိုးပါ။
    (၄) ဘုရားဝတ်တက်ချိန်မှာ သင့်သောနေရာမှာ သာမာန်ဖယောင်းတိုင်မီး တစ်တိုင်ထွန်းပြီး
    လျှပ်စစ်မီးရောင်စုံပူဇော်ပါတယ်။ကိုယ် ဘုရားရှိခိုးပြီးချိန်ဆိုရင် ဖယောင်းတိုင်ကုန်ပါပြီ။
    (၅) ပုတီးလုံးဝမစိတ်ပါ။ တရားထိုင်ပါတယ်။ ဝိပဿနာပွားပါတယ်။
    (၆) ဘာဂါထာ ဘာ အဆောင်အယောင်ကိုမှ မယုံပါ။ အုန်းသီးလဲ မဆွဲပါ။
    (၇) ဆွမ်းတော်၊ ရေတော် ၊ သစ်သီးနွာပြီး တွေ ကိုသာကပ်လှူပါတယ်။
    ( တစ်ချို ့ စာတွေထဲမှာရေးသလို လူတစ်ယောက် စားသလိုပြင်ရမယ် ဆိုပေမဲ့ မလိုက်နာမိသေးပါ
    ပူဇော်ရုံ ဦးထိပ်ထားရုံ စားဦးစားဖျား မမေ့မလျော့ ကပ်လှူရုံ သဘောဖြစ်ပါတယ်)

    ကိုနေဝန်းနီရေ …တီချာရဲ ့ ပုဂ္ဂလိက ဆောင်ရွက်သမျှဆွေးနွေးတာပါနော်။

  • ဦးဦးပါလေရာ

    December 15, 2011 at 6:41 pm

    အရင်မျိုးဆက်အထိတော့ မိရိုးဖလာ အစွဲအလမ်းတွေလဲကြီး၊ ဘုရားအကြောင်းပြု ကိုယ်ကျိုးရှာချင်စိတ်တွေလဲများ နဲ့ ပြင်နိုင်ကြဘို့မလွယ်ပါဘူး။
    နောက်မျိုးဆက် လူငယ်တွေမှာတော့ ပြင်သွားကြလိမ့်မယ်ထင်ပါတယ် ကိုနေ ရေ။
    ကျွန်တော်တို့ များများ ဝိုင်းပြောကြရမှာပေါ့။

  • zaw min

    December 15, 2011 at 9:33 pm

    မိရိုးဖလာ ဗုဒ္ဒဘာသာလို့ ဆိုထားတဲ့ ဗုဒ္ဒဘာသာကိုအခြေခံအသိမရှိသေးသူများလို့ဆိုချင်ပါတယ်…
    မြတ်စွာဘုရားအား ပန်း၊ဆီမီး၊ရေချမ်းကပ်လှူခြင်းသည် ဘုရားကခိုင်းခဲ့လို့လုပ်တာလား၊သူများလုပ်လို့ပိုက်လုပ်တာလား…
    မိမိရဲ့စိတ်သန္ဒန်မှာ ဖြစ်ပေါ်နေတဲ့ သဒ္ဒါစိတ်နဲ့လုပ်တာလား…သဒ္ဒါစိတ်ဆိုတာလည်း ကြည်ညှိခြင်းသဒ္ဒါပါ။
    အဲဒါမှမဟုတ်ရင်တော့ လမ်းလွဲပြီး လိုချင်မူ၊တပ်မက်မူ တဏှာနဲ့လုပ်တဲ့ အလုပ်တွေဖြစ်ကုန်မှာပါပဲ…
    သိတဲ့လူများက နောင်လာနောင်သားများအားတတ်နိုင်သလောက် အခြေခံအသိလေးတွေကို ဖြန့်ဝေ၊မျှဝေပေးတာ မင်္ဂလာတစ်ပါးပါပဲ…

  • kai

    December 16, 2011 at 2:36 am

    မြန်မာတွေ..ဆင်းတုကို…ဆွမ်းတော်ကပ်နေတဲ့.. ဆွမ်းတနပ်လျှော့ပေးလိုက်ရင်..
    =================
    မိုးဂျိကမ္ဘ္ဘာအေးစေတီနှင့် ဘုန်းကြီးကျောင်းအား ပိတ်ပစ်တော့မည်

    ဖူကုအိုကားခရိုင် ခိတာ့ကျူးရှုူးမြို့ မိုးဂျိ မြို့နယ်တွင်ရှိသော ဂျပန်လူမျိုးများက စီမံခန့်ခွဲနေသည့် ကမ္ဘ္ဘာအေးစေတီအား ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပိတ်ပစ်ရန် ဆုံးဖြတ်လိုက်သည် ဟု သိရသည်၊ ထို့အပြင် မြန်မာဘုန်းကြီးနှစ်ပါးနေထိုင်လျက်ရှိသော ဟောင်းနွမ်းနေပြီဖြစ်သည့် ဘုန်းကြီး ကျောင်းကို ထိန်းသိမ်းစောင့်ရှောက်ရန်ကုန်ကျစရိတ်အတွက်လည်း အခက်အခဲရှိလာပါသည်။ ကမ္ဘ္ဘာအေးစေတီသည် လွန်ခဲ့သောနှစ်ပေါင်း ၅ဝ ကျော်မှ စတင်ကာ ဂျပန်နှင့် မြန်မာနှစ်နိုင်ငံတို့ အကြား ချစ်ကြည်ရေး၏ပြယုဂ်တခုအဖြစ် တည်ရှိနေခဲ့ပါသည်။
    ၁၉၅၆ ခုနှစ်တွင် စေတနာ့ရှင်များ၏အလှူငွေဖြင့် တည်ဆောက်ထားသော အဆိုပါကမ္ဘ္ဘာအေးစေတီ နှင့် ဘုန်းကြီးကျောင်းသည် ဆိပ်ကမ်းနှင့်ပင်လယ်ကို အပေါ်စီးမှမြင်ရသော တောင်ကုန်းထိပ်တွင် တည်ရှိပါသည်.။
    ကမ္ဘ္ဘာအေးစေတီသည် ဒုတိယကမ္ဘ္ဘာစစ်အတွင်း သေဆုံးသွားခဲ့သော ဂျပန်စစ်သားများ၏ဝိညာဉ်များ ကိုအထိမ်းအမှတ်အဖြစ်ထားရှိရာပရဝုဏ်တွင်း တည်ရှိပြီး မြန်မာဘုန်းတော်ကြီးများက ပေးပို့ထား သည့် ငြိမ်းချမ်းရေးအထိမ်းအမှတ်ကဗ္ဗည်းသည်လည်းရှိပါသည်။ ထေရဝါဒဗုဒ္ဓဘာသာအခြေပြု ဘာသာရေးလုပ်ငန်းများဖြစ်သော ဝိပသနာတရားဟောခြင်း ကမဌာန်းတရားထိုင်ခြင်း စသည်တို့ အား ဘာသာတရားလေ့လာလိုက်စားသူများအတွက် တနှစ်ပတ်လုံး ပြုလုပ်သည်ဟုလည်း သိရသည်။
    သို့သော်လည်း ယခုနှစ် နိုဝင်ဘာတွင် ဂေါပကအဖွဲ့သည် ကမ္ဘ္ဘာအေးစေတီနှင့်အတူ အိုမင်း ဟောင်းနွမ်းနေပြီဖြစ်သော ဘုန်းကြီးကျောင်းကို ပိတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ဂေါပကအဖွဲ့ဝင်တဦးဖြစ် သော မစ္စတာ ဟာ့ချိယာ့ က “ဘုန်းကြီးကျောင်းက သစ်တွေဟာ ဟောင်းနွမ်းဆွေးမြေ့လာနေပြီ ဆိုတော့ ဘုန်းကြီးတွေဆက်နေဖို့ဆိုတာက အန္တရာယ်ရှိလာပြီ“ ဟု တယ်လီဖုန်းမှတဆင့် ဖြေကြား ပြောဆိုခဲ့သည်။
    ပြန်လည်တည်ဆောက်ရေးအတွက် ကုန်ကျစရိတ်မှာလည်း ယန်းသန်း ဆယ်ဂဏန်း အထိကုန်ကျနိုင် သည့်အတွက် အဆိုပါငွေကြေးကို ရရှိရန်နည်းလမ်းမရှိသောကြောင့် ဂေါပကအဖွဲ့က ပိတ်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ အဆိုပါစေတီနှင့် ဘုန်းကြီးကျောင်းအား မည်သည့်အချိန်တွင် ပြန်လည် ဖွင့်လှစ်မည်ဆိုသည်မှာလည်း အတိအကျမဆုံးဖြတ်သေးဟု သိရသည်။ ဘုန်းကြီးကျောင်းအတွက် လိုအပ်သောကုန်ကျစရိတ် လုံလုံလောက်လောက်မရရှိခြင်းကလည်း ပိတ်ပစ်ရသည့်အကြောင်းရင်း တရပ်ဖြစ်သည်။
    ဂေါပကအဖွဲ့သည် အဖွဲ့ပိုင်ငွေကြေးဖြင့် ယနေ့ထက်တိုင်စိုက်ထုတ်ကုန်ကျခံကာ ထိန်းသိမ်းစောင့် ရှောက်မှုများပြုလုပ်ခဲ့သည်။ သို့သော်လည်း လက်ရှိအခြေအနေတွင် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက်ပံ့ပိုးမှုပေးနိုင်သောငွေကြေးမရရှိတော့ပေ။ လာရောက်ကြသော ဘုရားဖူးများထံမှဝင်ငွေကို မှီခိုနေရသော်လည်း သီတင်းပတ်အတွင်းအချို့ရက်များတွင် လာရောက်သူ တဦးမျှပင်မရှိသည့်အပြင် ခိတာ့ကျူးရှူးတွင် နေထိုင်ကြသော မြန်မာလူမျိုးများ၏အရေအတွက်သည်လည်း နည်းပါးလာသည့် အတွက် အလှူငွေရရှိရေးမှာ ခက်ခဲလာခဲ့ပါသည်။
    ဒီဇင်ဘာလကုန်တွင်ပိတ်ပစ်တော့မည်ဖြစ်သောကြောင့် ဂေါပကအဖွဲ့သည် ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေသော ဘုန်းကြီး နှစ်ပါးအား ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံးထားကာ ကျောင်းမှထွက်ခွာ ရန်တောင်းဆိုခဲ့သည်။
    ဘုန်းတော်ကြီးတပါးဖြစ်သည့် ဦးဝိဇ္ဇာနန္ဒသည် သာသာနာပြုလုပ်ငန်းကို နှစ်ပေါင်း ၃ဝ ကြာ လုပ်ကိုင် ဆောင်ရွက်နေခဲ့ပါသည်။ သူက “ ဘုန်းကြီးတို့က အခုလိုရုတ်တရက်ဆုံးဖြတ်လိုက်တာကို အတော့် ကိုစိတ်ပျက်မိတယ်။ ဒီမှာ သာသနာပြုလုပ်ငန်းကို ရှေ့လျှောက် ဆက်ပြီးလုပ်ချင်တယ်။ ဒီဆုံးဖြတ်ချက်ကို တနည်းနည်းနဲ့တော့ ပျက်စေချင်တယ်။ တတ်နိုင်သမျှတော့ အကူအညီပေးပါ “ ဟု ပြောပါသည်။

    သတင်းရေးသူ- Tomohiro Yokoi
    ဘာသာပြန်သူ- ကျော်ကျော်စိုး

  • naywoonni

    December 16, 2011 at 11:30 am

    ကဲ….။ လုပ်ကြလေ…။ ဘုရားဒါယကယ ကျောင်းဒါယကာ တို့…။ ကိုယ်နေတဲ့
    နေရာလေးတင်ကို ယ်မိုးကွက်ရွာကြတော့မလား?

Leave a Reply