ဘုရင်တစ်ပါး၏ ချင်းခြင်းတရား အပိုင်း (၈)

SonnyDecember 14, 20115min18217

8

———————-

The Storm

မုန်တိုင်းထန်လေပြီ

        In July and August Wallis and the King sailed the Mediterranean.

ဂျုလိုင်လရောက်တော့ ဘုရင်အက်ဒဝပ်နဲ့ ဝေါလစ် တို့နှစ်ဦးသား မြေထဲပင်လယ် ခရီး ထွက်ကြပါပြီ။

They met Prime Minister Metaxas in Greece, Kernal Ataturk, and King Boris in Bulgaria.

သူတိုနှစ်ယောက် ဂရိနိုင်ငံက ဝန်ကြီးချူပ် မက်တာကစပ်စ် နဲ့ရော၊ ဗိုလ်မှုး အက်တာတပ် နဲ့ရော၊ ဘူဂေးရီးယားက ဘောရစ်ဘုရင်နဲ့ရော တွေဆုံခဲ့ကြပါတယ်။

But that summer is famous for Edward’s clothes.

ဒါမေမဲ့ အက်ဒဝပ် အဲဒီတစ်နွေအပန်းဖြေရက် ကလေးမှာ သူ့အဝတ်အစားကိစ္စကြောင့် ဟိုးလေးတကြော်ကြော်ဖြစ်သွားသေးတယ်။

On the journey from Athens to Istanbul, the King took off his shirt to get brown in the sun. It was hot, and ten minutes later he was asleep. So he did not see the young photographer who was now taking pictures of the King.

အေသင်က နေ အစ်တန်ဘူ မြို့ ကို အသွား သူ့ရှပ်အင်္ကျီကိုချွတ်ပြီး နေပူစာလှုံပါလေရော။ ရာသီဥတုကလည်းအရမ်းကိုပူတော့ အိမ်မောကျသွားတယ်။ အဲဒီလို ရှပ်အကျင်္ီမပါတဲ့ဘုရင် ဓါတ်ပုံ ကို ဓါတ်ပုံဆရာငယ်ငယ်တစ်ယောက်က မှတ်တမ်းတင်လိုက်ပါရော။

When Edward returned from the Mediterranean, there was a letter waiting for him.

ဘုရင်အက်ဒဝပ် မြေထဲပင်လယ်ခရီးက လည်းပြန်လာရော၊ စာတစ်စောင်အသင့်စောင့်နေလေရဲ့။

It was from Mr Albert Thompson of Birmingham, who wrote: “I saw a picture of you in the newspaper this morning and felt very angry. I have never seen a King dressed as badly as you were! No shirt! And no tie, no socks, no hat….. and in short trousers! How could you, Sir?”

ဘာမင်ဂမ် က မစ်စတာ သောမဆင် ဆီကရေးလိုက်တဲ့စာပါ။ စာမှာဆိုထားတာကတော့….. “အက်ဒဝပ် အရှင်ရဲ့ ဓါတ်ပုံ ကို ဒီမနက်သတင်းစာမှာ တွေ့လိုက်ရတော့ အရမ်း စိတ်ဆိုးမိပါတယ်။ ကျွန်နော့် ဘဝမှာ ဘုရင်တစ်ပါး ကို ဒီလောက် ဆိုးဆိုးဝါးဝါး ဝတ်စားထားတာ မတွေ့ဘူးသေးဘူး။ ရှပ်အင်္ကျီမပါ။ လည်စည်းမပါ။ ခြေအိတ်ဗလာ။ ဦးထုပ်ဝေလာဝေး။ ဒီကြားထဲ ဘောင်းဘီတို နဲ့ပါလား။ ဘယ်လိုဖြစ်ကုန်ရတာပါလည်း။”

Edward showed this letter to Baldwin, the prime Minister. “What do you think of this letter?” the King asked.

အက်ဒဝပ်က စာကို ဝန်ကြီးချုပ် ဖြစ်တဲ့ ဘော်လဒွင် ကို ပြလိုက်ပါတယ်။ ပြီး မေးလိုက်တာက “ဒီစာပါ အကြောင်းအရာတွေကိုဘယ်လိုယူဆပါသလဲ”

“Mr Thompson is right, Sir,” the Prime Minister replied. “You want t be modern, but the people don’t like it.”

ဝန်ကြီးကပြန်ပြောပါတယ်.. “မစ်စတာ သောမဆင် မှန်တဲ့ကိစ္စပါ။ အရှင်က ခေတ်မှီဆန်းပြားချင် ပြည်သူတွေက ဒါကို အကောင်းမမြင်ဖြစ်နေကြပြီ။”

Edward put the letter on the fire. “And do you think that divorce is “modern”, Mr Baldwin?”

အက်ဒဝပ် က စာကို မီးရှို့ ပစ်လိုက်ပါတယ် ပြီးတော့ “မစ်စတာ ဘော်လဒွင် လင်းမယားကွာရှင်းပြတ်စဲတာ ကို ဆန်းပြားတယ်လို့ထင်တာလား”

The Prime Minister sat down, “Yes, Sir,” he began, “I’ve read about this Mrs Simpson. She has two husbands still alive. And you must understand what that means, Sir. She cannot marry a King.”

ဝန်ကြီးချုပ်ကထိုင်ပြီး ပြောရှာတယ် “ဟုတ်ပါတယ်အရှင် ဆန်းပြားခေတ်မှီိလွန်းလှပါတယ်။ ကျွန်ုပ် မစ်စစ် ဆင်မဆင် ရဲ့ အကြောင်းတွေဖတ်ပြီးပါပြီ။ သူ့ ယောကျာင်္းနှစ်ယောက်လုံးက လည်း သက်ရှိထင်ရှားရှိနေသေးတာပဲ။ အရှင် ဒီအဓိပ္ပါယ် ဘာလည်းဆိုတာသိပြီးသားပါ။  ဝေါလစ် ဘုရင် ကို လက်ထပ်ဖို့မဖြစ်နိုင်ပါဘူး”

“But I cannot live without her,” Edward said.

အက်ဒဝပ်ကပြန်ပြောပါတယ် “ငါ သူမရှိ လို့ မရပ်တည်နိုင်ဘူးကွ”

“Then, Sir,” the Prime Minister replied, “I can see there’s a storm coming. I have talked to your family and Archbishop Lang, and we will not have this woman as our Queen.

ဝန်ကြီးချုပ်ကလည်းပြန်လည်းဖြေရှင်းပါတယ်။

“သို့ပေမဲ့ အရှင်..ပြဿနာတော့ဖြစ်တော့မယ်လိုထင်မိပါတယ်။ အရှင့်ရဲ့တော်ဝင်မိသားစု ကိုရော ၊ ခရစ်ယန် ဂိုဏ်ချုပ် ကြီး လန်း ကိုရော အကြောင်းကြားပြီးပါပြီ။ ကျွန်ုပ်တို့ အားလုံး ဒီအမျိုးသမီး ကိုတော့ဖြင့် ကျွန်ုပ်တို့ အားလုံး ရဲ့ဘုရင်မ အဖြစ် မတင်မြှောက်နိုင်ပါဘူး အရှင်..”

That night the Prime Minister and the King spoke for many hours. There were thousands of questions, but only one answer.

အဲဒီည ကတေ ာ့ဘုရင် နှင့် ဝန်ကြီးချုပ်တို့ အခြေအတင် ငြင်ကြခုန်ကြပေမဲ့ အဖြေကတော့တစ်ခုပဲရလိုက်ပါတယ်။

 

And so, in the early hours of the next morning, Edward said:

        “You tell me that Wallis cannot marry a King. So there is only one thing that I can do. I will give the crown to my brother, and leave England. I must follow my heart. You tell me that it’s a crime to fall in love. You tell me that it’s wrong to be happy. How strange this country is!”

 

ဝန်ကြီးချုပ်ဘောလဒွင် ကို နောက် တစ်နေ့မနက်မှာ အက်ဒဝပ်ကပြောပါတယ်

 

“ ဝေါလစ် က ဘုရင် ကိုလက်ထပ်လို့မရဘူး လို့ မင်းပြောတယ်နော်။ ဒါဆိုလည်း ကျုပ်ဘက်က လုပ်နိုင်တာ တစ်ခုပဲရှိတော့တယ်။ ကျုပ် ထီးနန်း ကို ကျုပ် ညီ ကို စွန့် ပေးလိုက်ရုံပဲပေါ့။ ပြီး အင်္ဂလန်မြေကထွက်သွားမယ်။ ကျုပ် စိတ်က လုပ်ချင်နေတဲ့ဆန္ဒကိုယ့်ဘာသာဖြည်ဆည်းမယ်။ ချစ်မိတာ ရဇဝတ်သင့်တယ်၊ ပျော်စရာ တွေ ဖြစ်အောင်နေမိတာ မှားတယ်လို့ ခင်ဗျားကျုပ် ကိုပြောတယ်နော်။ အလွန်ဩချ လောက်တဲ့ ဒီတိုင်းပြည်ရဲ့စည်းမျဉ်းတွေပါလား”

An hour later Edward telephoned Wallis. “The Prime Minister says that a storm is coming,” Edward said. “So I want you t go away.”

တနာရီလောက်နေတော့ အက်ဒဝပ်က ဝေါလစ်ဆီဖုန်းဆက်တော့တာပါ

ပဲ “ဝေါလစ်ရေ..ဝန်ကြီးချုပ်ကပြောတယ် ပြဿနာတော့တက်တော့မယ်တဲ့။ မင်း ကို ကိုယ် တစ်နေရာ ရာ ရှောင်စေချင်ပါတယ်။”

Wallis packed her bags and left for France. Then Edward went to see his mother.

ဝေါလစ်လည်း အထုပ်အပိုးပြင်ပြီး ပြင်သစ်ကို ထွက်ခဲ့ပါတော့တယ်။

ပြီးတော့ အက်ဒဝပ်က သူ့ အမေကို တွေ့ ဖို့ သွားခဲ့ပါတယ်။

 

It was a sad, strange, and angry meeting.

ဒီကိစ္စဟာကြေကွဲစရာ၊ထူးခြားတဲ့ ၊ စိတ် တိုစရာ ဆုံတွေ့မှုလေးတစ်ခုဖြစ်ခဲ့တယ်။

“Do you know what you’re doing?” the Queen asked. “Look out of that window.” Outside this palace there are 400,000,000 people who call you King. They need you. And you will leave all this for Mrs Simpson?”

ဘုရင်မကြီးကမေးပါရော

“မင်းကိုယ်မင်းဘာတွေလုပ်မိတယ်လို့သိရဲ့လား သားတော်..ဟိုးပြူတင်းပေါက်ကနေ လှမ်းကြည့်လိုက်စမ်းပါ..မင်းကို ဘုရင်မင်း လို့ ခေါ်ကြမဲ့ လူပေါင်း လေးသိန်းလောက် နန်းတော်အပြင်ဘက်မှာရှိနေကြတယ်။ သူတို့ကမင်းကိုအားကိုယ်းတယ်။  မစ်စစ်ဆင်မဆင် တစ်ယောက်အတွက်နဲ့ သူတို့ ကိုစွန့်ခွာသွားတော့မှာလား ..သားတော်..ဟင်…”

“Yes, mother, I will. I’m in love.”

ဟုတ်ကဲ့ပါမယ်တော်..စွန်ခွာသွားပါတော့မယ်..သားတော်သူ့ကို ချစ်မေတ္တာရှိနေပါပြီ။

“Love?” Queen Mary shouted. “You’re a King! You must love your country first!”

ဘုရင်မကြီးက.. “ချစ်မိနေပြီ..ဟုတ်လား…မင်းက ဘုရင်ေလေ..ကိုယ့်တိုင်းပြည်ကို ဦးစားပေးရမယ် ကိုယ့်တိုင်းပြည်ကို အရင် ချစ်ရမယ်။”

“But I’m also a man,” Edward said softly, “and there’s nothing that I can do.”

“ဒါပေမဲ့သားတော့်ကလူသားတစ်ဦးပါ..သားတောဘာမှ မတတ်နိုင်ပါဘူး။”

 

That afternoon, the King telephoned Winston Churchill, one of his closest friends.

အဲဒီ နေ့လည်ခင်းမှာပဲ။။ဘုရင်အက်ဒဝပ်က သူ့သူ်ငယ်ချင်း အခင်ဆုံးသူငယ်ချင်း ဝင်စတန်ချာချးစ်လ် ကို ဖုန်းဆက်ပါတယ်။

“I have some sad news,” Edward began. “Last night Mr Baldwin came to see me. I have decided to go away next week.”

အက်ဒဝပ်က.. “သီတင်းဆိုးပဲသူငယ်ချင်းရေ..မနေ့ညက မစ်စတာ ဘော်လဒွင် ငါ့ကိုလာတွေ့တယ်။ ငါ နောက်တစ်ပတ်မှာ ဒီ ကနေ ထွက်သွားတော့မယ် လို့ဆုံးဖြတ်ထားတယ်။”

“Do you mean on holiday, Sir?”

“အပန်းဖြေခရီးထွက်မှာလား” ဝင်စတန်ချာချးစ်လ် ကမေးပါတယ်။

“No, Winston, I’m leaving England. I’m never coming back. George will be King.”

“မဟုတ်ပါဘူး။ အင်္ဂလန်ကနေ အပြီးထွက်သွားမှာပါ။ ညီတော် ဂျောချ် က ဘုရင် ဖြစ် ကျန်ရစ်မယ်။”

“But that’s not right, Sir. You’re a free man. You must stand and fight.”

“ဒီလိုုလုပ်တာမသင့်လျှော်ဘူး။ အရှင်က လူလွတ်တစ်ယောက်ပါ။ တိုင်းပြည်ကို ကာကွယ် တိုက်ခိုက်ရမယ်လေ။

“No,” King said. “I have seen war and it’s a terrible thing. I don’t want to fight again.”

“မဟုတ်ဘူး…ငါစစ်ပွဲ ကို ကြုံတွေ့ဘူးပြီ။ အလွန် ဆိုးတဲ့ အရာပါ။ ငါ သတ်တာဖြတ်တာတွေမလုပ်ချင်တော့ဘူး”

“But the people love you. And they want Wallis to be Queen.”

“သိုုု့ပေမဲ့..ပြည်သူတွေကအရှင်ကိုချစ်ကြတယ်လေ…သူတို့က ဝေါလစ်ကို လည်း ဘုရင်မ ဖြစ်စေချင်ပါတယ်။”

“Perhaps they do,” Edward replied. “But she cannot be Queen.

My enemies are stronger than I am. I am just a sailor. And when the winds change, the sea moves and it takes my boat away.”

“ဟုတ်ကောင်းဟုတ်မှာပါ။ ဒါပေမဲ့.. ဝေါလစ်က ဘုရင်မ မဖြစ်နိုင်ပါဘူး။ ငါ့ရဲ့ ရန်သူတွေက ငါ့ထက် အင်အားကြီးကြပါတယ်။ ငါက သာမန်သဘောင်္သားလေးလောက်ပါ။ လေကြမ်းတွေဆင်လာရင် လှိုင်းတွေ ရွေ့ရမယ်။ လှိုင်းတွေ ရွေ့ရင် ငါ့ရဲ့ ဘဝ လှေလေး ကို လိုရာ သယ်ပြီး မျောသွားရမှာ ဓမ္မတာပဲလေ။”

 

မအားလပ်လို့ အဆက်ပြတ်သွားတာတောင်းပန်ပါတယ်။ စာလုံးပေါင်းအမှားပါရင် ခွင့်လွှတ်ဖြည့်စွက်ဖတ်ရှု့ကြရန်တောင်းပန်ပါတယ်။

ချစ်ခြင်းအားဖြင့်….ကိုဆန်နီ……

 

 

17 comments

  • Sonny

    December 14, 2011 at 10:27 pm

    ချစ်သောမိတ်ဆွေများ
    နေကောင်းကြပါစ။
    မရေးဖြစ်တာ မအားလပ်လို့ပါ။
    အလွန်ညံ့သော ကျွန်တော့်ရဲ့
    စားလုံးပေါင်းတွေမစစ်လိုက်ရပါ။(ပိုစ် တင်ချင်ဇောနဲ့မို့ပါ။)
    တောင်းပန်ပါတယ်နော်။
    ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….

  • thit min

    December 14, 2011 at 10:36 pm

    ဘုရင်တစ်ပါး၏ ချင်းခြင်းတရား နဲ့
    ရင်တွင်းစကားတွေ ထုတ်လို့ပြ
    သရုပ်ပြစာစီ ကိုဆန်နီရေ……..
    ကျန်းမာပကတိ ချမ်းသာစွာရှိကြောင်း
    ထင်ရှားစွာသိရ ဝမ်းမြောက်လှပါ၏ ခင်ဗျာ။
    (^^)

    • Sonny

      December 15, 2011 at 1:23 pm

      ကိုသစ်မင်းရေ
      ကျန်းမာလျှက်ပါ။ အလုပ်နဲနဲများသွားလို့ပါ။
      ခေတ်ပေါ် ရောဂါ ကားဟောင်းရောင်း ပြီး ကားသစ်လဲ နေလို့ပါ။
      ကဗျာလေးရေးပြီးနှုတ်ဆက်တာ
      ကျေးဇူးပါနော်။ အကို ကျန်းမာပါစေ။
      ချစ်ခြင်းအားဖြင့်….ကိုဆန်နီ…

  • MaMa

    December 15, 2011 at 8:44 am

    မအားတဲ့ကြားထဲက ကြိုးစားပြီးတင်ပေးလို့ ကြန့်ကြာသွားတာကို အပြစ်မပြောတော့ပါဘူး ဆရာဆန်နီရှင့် 😀

    • Sonny

      December 15, 2011 at 1:34 pm

      မမရေ
      နေကောင်းပါသလား
      မအားတာတော့အမှန်ပါ
      နိစ္စဓူဝ အိုဒုက္ခ လေ။

      ချစ်ခြင်းအားဖြင့်…..ကိုဆန်နီ…..

  • Moe Z

    December 15, 2011 at 9:06 am

    ဆရာ့ရဲ့ ဘာသာပြန်အရည်အချင်းကိုလေးစားပါကြောင်း
    မကောင်းတဲ့အကျင့်ကိုလည်း ဖျောက်လို့မရလို့ မြန်မာလိုပဲ ရွေးဖတ်သွားပါတယ် 😀
    စိတ်မဆိုးနဲ့နော် ဆရာ ဆန်နီ

    • Sonny

      December 15, 2011 at 1:38 pm

      မိုးစက်(ဇက်) ရေ…
      မဆိုးပါဘူး ခင်ဗျာ…ကိုမိုးစက်..မိုးစက်လေးလို အေးမြပါစေ။
      ကိုမိုးစက် အင်္ဂလိပ်လိုလေး ကို ကူးပြီး အားတဲ့အချိန်ကြ တစ်ကြောင်းစနှစ်ကြောင်းစ
      ဖတ်ကြည့်ပေါ။ နော…
      ကိုမိုးစက်..မိုးစက်လေးလို အေးမြပါစေ။
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ……

      • Moe Z

        December 15, 2011 at 4:18 pm

        မနောက်ပါနဲ့ဆရာရယ် ကိုမိုးစက်မဟုတ်ပါဘူး
        မိုးစက်ကမိန်းကလေးစစ်စစ်ပါ
        (ဝဍ်လည်ပြီထင်တယ်) 😛

        • Sonny

          December 15, 2011 at 9:12 pm

          မမိုးစက်ရေ
          တကယ်မသိလို့ပါ။
          ညီမရေ တကယ်မသိလို့ပါနော…
          ချစ်ခြင်းအားဖြင့်….ကိုဆန်နီ

  • pooch

    December 15, 2011 at 2:08 pm

    ကိုမင်းနိုင် မအားတဲ့ကြားက အချိန်လုတင်တဲ့အတွက် ကျေးဇူးတင်ပါတယ်..

    အက်ဒဝပ်ရဲ့ အချစ်ကလည်း မျက်ကန်းအချစ်လိုပါပဲလားနော် …
    ဒါပေမဲ့ ဖြေတွေးရင်တော့ သူက အချစ်မှာသာ ကန်းတာ တိုင်းပြည်ကိုတော့ ဒုက္ခမပေးဘူးလို့ပဲ တွေးရမှာပဲ
    ကျမကတော့ အက်ဒဝပ်ထက် သူ့ညီ ဂျော့ချ် ဘုရင် ကို ပိုပြီး လေးစားမိပါတယ်…
    သူကတော့ သူ့တိုင်းပြည်အတွက် သူ့ဖက်က အတတ်နိုင်ဆုံး အကောင်းဆုံး ဖြည့်ဆည်းပေးခဲ့သလိုပါပဲ…

    • Sonny

      December 15, 2011 at 10:27 pm

      Pooch
      အက်ဒဝပ် က အချစ်ကိုဦးစားပေးသူ အာဏာကိုမမက်မော စည်းစိမ်ကို တန်ဘိုးမထားသူပါ။
      ဂျော့က တော့ အမေ့စကားနားထောင်သူ တိုင်းပြည်ကို ငဲ့ကွက်သူ တိုင်းပြည်ရဲ့ ပဲ့ကိုင်ရှင် ဖြစ်မှာပါ။
      သူ့အဆင်းနဲ့သူတော့ လှ နေကြတာပါပဲ။
      ကိုဆန်နီထက်တော့ အဆတရာမက သာကြပါတယ်လေ။
      အဲဒီခေတ်က ကိုဆန်နီသာ အက်ဒဝပ် အဖေဖြစ်ခဲ့ ရင် ဝေါလစ် ကို သားနဲ့ ပေးစားဖြစ်မှာ။
      တကယ်ချစ်တတ်သူတိုင်းက (တကယ်ချစ်တတ်) တိုင်းပြည်ကို လည်းချစ်တတ်ပါတယ်။ ဝေါလစ်လည်း မိန်းကလေးပဲလေ တရားဝင် ကွဲပေးထားတာပဲ။ လင်းကွဲမို့ ဘုရင်မ ဘာလို့ ဖြစ်ခွင့်မရှိရမှာလည်း ဒါ human rights ပဲလေ။ အင်း အဲဒီတုန်းက England က ဒီလောက်အမြင်မကျယ်ရှာသေးဘူးကိုး….

      ချစ်ခြင်းအားဖြင့်….ကိုဆန်နီ…

  • manawphyulay

    December 15, 2011 at 4:14 pm

    ဟုတ်ကဲ့ပါရှင် ဖတ်လို့တော့ ကောင်းပါတယ် ခေါင်းစဉ်က စာသားလေးတော့ နည်းနည်းပြင်လိုက်ပါဦးနော် ချင်းခြင်းတရားလား ချစ်ခြင်းတရားလားမသိဘူးဖြစ်နေလို့ပါရှင်။ ဘုရင်က ချင်းခြင်းဆိုတော့ တစ်မျိုးပဲ ဖတ်ရတာ။ အရေးအသားတော့ တော်တော်ကောင်းပါတယ်။ အင်္ဂလိပ်လိုအားနည်းလို့ မြန်မာလိုတွေပဲ အားပေးသွားပါတယ်ရှင်။
    လေးစားစွာဖြင့်
    မနော

    • Sonny

      December 15, 2011 at 10:41 pm

      မနောဖြူရေ
      ကျွန်တော့ ပိုစ် အပိုင်း ၈ ရဲ့ အောက်ဆုံးမှာ ကို့ကိုယ်ကိုစိတ်မချလို့ စာလုံးပေါင်းအတွက်တောင်းပန်
      ထားပါတယ်။ မနောဖြူရေ စိတ်ဖြူဖြူလေးထားပြီး သည်းခံဖတ်ပေးပါနော်။
      ပြန်ပြင်လိုက်ပါ့မယ်။
      ချစ်ခြင်းအားဖြင့်…ကိုဆန်နီ….

  • windtalker

    December 15, 2011 at 9:13 pm

    “ I am just a sailor. And when the winds change, the sea moves and it takes my boat away. ”
    အရမ်းကြိုက်မိသွားတယ် ဗျာ ။ ရှင်းရှင်းနဲ ့လင်းလင်း ဆိုတော့ ကျုပ်တို ့လို လူတွေ အတွက် ကွက်ကွက်ကွင်းကွင်း မှတ်လို ့လွယ်တယ်ဗျို ့ ။
    ဘာဘဲဖြစ်ဖြစ်လေ ၊ ဘရားသား ရေ ငါးခုံးမ တစ်ကောင်ကြောင့်တော့ တစ်လှေလုံး မပုပ်လောက်ပါဘူး

    • Sonny

      December 15, 2011 at 10:45 pm

      ညီဝင်းတော့ကာရေ
      ငါးခုံးမ တစ်ကောင်ကြောင့်တော့ တစ်လှေလုံး ပုတ် ဆိုတဲ့စကားကခတ်အောက်သွားပါပြီကွာ။
      ချစ်ခြင်းအားဖြင့်….ကိုဆန်နီ………..

  • ကိုရင်စည်သူ

    December 15, 2011 at 10:49 pm

    ကိုဆန်နီရဲ့
    ချစ်ခြင်းမေတ္တာ
    ဂေဇက်မှ
    ဘိလပ်စာမတတ်တဲ့
    ကိုရင်တို့အတွက်ပါ။ 😀 😀

    ကျေးဇူးပါဗျာ…

  • blackchaw

    December 16, 2011 at 6:31 pm

    ကိုဆန်နီရေ။
    ကျွန်တော် မြန်မာလိုတွေ အကုန်ဖတ်သွားပါတယ်။
    အင်္ဂလိပ်လိုကတော့ ဆြာတွေ ဆြာမ တွေ အတွက်ထားခဲ့ပါတယ်ဗျာ။

Leave a Reply