1 အောင်ပန်းမြို့ကိုခဏရောက်တဲ့နံနက်ခင်းလေးပါ တိမ်ပြာနုအောက်က အိမ်အစုစု

“နံနက်ခင်းစိတ်ရွှင်(အပိုင်းလေး)”

(အဝေးကနံနက်ခင်း)

 

2 အောင်ပန်းမြို့က နံနက်ခင်းလေးပါဘဲ

3အောင်ပန်းမှာပါဘဲ နေထွက်ပြီဆိုတော့ စိမ်းစိုတဲ့ မြင်ကွင်းလေး

4 လွိုင်ကော်သွားဘိုး ကားဂိတ်မှာကားစောင့်နေရင်း မြင်ရတဲ့ အောင်ပန်းမြို့ နံနက်ခင်း

5 ရောင်နီလာခါစလေးမှာ အပြာရောင်တိမ်က တွေက အလှဆင် အပင်လေးက အထီးကျန် အဝေးမှာတောင်ပေါ်စေတီ

6 လွိုင်ကော်ကိုသွားတဲ့လမ်းမီးရထားလမ်းနဲ့က တိမ်ခိုးတွေဝေတဲ့တောင်ထဲကို ၀င်သွားသလို(တစ်ခါတော့တင်ဘူးတယ်)

7 ကောင်းကင်ပြာပြာ တောင်တန်းက ညို့ဆိုင်း တောင်ခြေမှာတိမ်ခိုး စိမ်းစိုသောလယ်ကွင်း မီးရထားလမ်းလေးနဲ့ရေအိုင် ပြည့်စုံသောအလှတစ်ပါးပါ

8 တောင်ပေါ်မှာ က အိမ် အခြေမှာစိုစိမ်းသော သစ်ပင် အမြင်မှာအေးချမ်း တောပန်းဝါ၀ါလေးတွေက လဲသဘာဝအလှလေးပါဘဲ

9 ကောင်းကင်ပြာပြာမှာ အဖြူရောင်စွက် တောတောင်စိမ်းစိမ်းရယ် ထွန်လက်စလယ်ကွင်းရယ်က အေးချမ်း

10့ မြင်လိုက်ရတာနဲ့ ရင်ကိုအေးမြသွားစေပါတယ် နောက်ခံက တောင်တန်း တောင်ခြေမှာက အိမ်တွေ အလယ်မှာ ယာခင်း အရှေ့ဖျားမှာတော့ ပန်းပင်လှလှ

11 ဒီမြင်ကွင်းကိုမြင်လိုက်တော့ ကျနော် ရင်ထဲကို အလွမ်းစိတ်တွေရောက်လာပါတယ်။ လယ်ကွင်းတွေကြားထဲမှာ တစ်ကိုယ်တော် အထီးကျန်နေတဲ့သစ်ပင်ကိုမြင်လိုက်ရလို့ပါ

“နံနက်ခင်းစိတ်ရွှင်(အပိုင်းလေး)”

(အဝေးကနံနက်ခင်း)

 

မထင်မှတ်ဘဲဒီနှစ်မှာခရီးတွေထွက်ရပါတယ်။

နေ့ချင်းပြန်ခရီးလောက်ကလွဲပြီးအဝေးကို မသွားရဘဲ

နှစ်အတော်ကြာကြာ မန်းလေးမှာဘဲနေခဲ့ရပါတယ်။

ရောက်တဲ့မြို့တိုင်းမှာ လဲ မနက်စောစောထုံးစံမပျက်လမ်းလျှောက်ထွက်ခဲ့ပါတယ်။

မရောက်ဘူးတဲ့ဒေသလဲဖြစ်ပြန်၊

နောက်ဘယ်တော့ မှာပြန်ရောက်မယ်ဆိုတာလဲမသိတော့

ရောက်လေရာရာ လက်ဆော့ မိပါတယ်။

ဒါကတော့ ရှမ်းပြည်တောင်ပိုင်းအောင်ပန်းနဲ့

လွိုင်ကော်အသွားလမ်းက ပုံလေးတွေပါ။

တစ်ချို့ပုံတွေက သွားနေတဲ့ကားပေါ်ကရိုက်တော့

သိပ်တော့ မကြည်လင်ပါဘူး။

မှတ်တမ်းတစ်ခုအနေနဲ့ပါ။

တောင်းပန်ချင်တာလေးကတော့

တင်ပြီးသား မြင်ပြီးသားဖြစ်နေရင်ခွင့်လွှတ်ပေးဘို့ရယ်။

လိပ်ကော်နက်ရှင်ကြောင့် ကြည့်သူလဲအဆင်ပြေ

ကျနော်လဲသက်သာအောင် ပိုစ်တစ်ခုကို

ဓါတ်ပုံ(10)ပုံဘဲတင်ပါတော့မယ်။

 

 

ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။

(15-12-2011)

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။