“နံနက်ခင်းစိ်တ်ရွှင်-အပိုင်းလေး(အဝေးကနံနက်ခင်း)”

1 အောင်ပန်းမြို့ကိုခဏရောက်တဲ့နံနက်ခင်းလေးပါ တိမ်ပြာနုအောက်က အိမ်အစုစု

“နံနက်ခင်းစိတ်ရွှင်(အပိုင်းလေး)”

(အဝေးကနံနက်ခင်း)

 

2 အောင်ပန်းမြို့က နံနက်ခင်းလေးပါဘဲ
3အောင်ပန်းမှာပါဘဲ နေထွက်ပြီဆိုတော့ စိမ်းစိုတဲ့ မြင်ကွင်းလေး
4 လွိုင်ကော်သွားဘိုး ကားဂိတ်မှာကားစောင့်နေရင်း မြင်ရတဲ့ အောင်ပန်းမြို့ နံနက်ခင်း
5 ရောင်နီလာခါစလေးမှာ အပြာရောင်တိမ်က တွေက အလှဆင် အပင်လေးက အထီးကျန် အဝေးမှာတောင်ပေါ်စေတီ
6 လွိုင်ကော်ကိုသွားတဲ့လမ်းမီးရထားလမ်းနဲ့က တိမ်ခိုးတွေဝေတဲ့တောင်ထဲကို ဝင်သွားသလို(တစ်ခါတော့တင်ဘူးတယ်)
7 ကောင်းကင်ပြာပြာ တောင်တန်းက ညို့ဆိုင်း တောင်ခြေမှာတိမ်ခိုး စိမ်းစိုုသောလယ်ကွင်း မီးရထားလမ်းလေးနဲ့ရေအိုင် ပြည့်စုံသောအလှတစ်ပါးပါ
8 တောင်ပေါ်မှာ က အိမ် အခြေမှာစုိုစိမ်းသော သစ်ပင် အမြင်မှာအေးချမ်း တောပန်းဝါဝါလေးတွေက လဲသဘာဝအလှလေးပါဘဲ
9 ကောင်းကင်ပြာပြာမှာ အဖြူရောင်စွက် တောတောင်စိမ်းစိမ်းရယ် ထွန်လက်စလယ်ကွင်းရယ်က အေးချမ်း
10 ့မြင်လိုက်ရတာနဲ့ ရင်ကိုအေးမြသွားစေပါတယ် နောက်ခံက တောင်တန်း တောင်ခြေမှာက အိမ်တွေ အလယ်မှာ ယာခင်း အရှေ့ဖျားမှာတော့ ပန်းပင်လှလှ
11 ဒီမြင်ကွင်းကိုမြင်လိုက်တော့ ကျနော် ရင်ထဲကို အလွမ်းစိတ်တွေရောက်လာပါတယ်။ လယ်ကွင်းတွေကြားထဲမှာ တစ်ကိုယ်တော် အထီးကျန်နေတဲ့သစ်ပင်ကိုမြင်လိုက်ရလို့ပါ

“နံနက်ခင်းစိတ်ရွှင်(အပိုင်းလေး)”

(အဝေးကနံနက်ခင်း)

 

မထင်မှတ်ဘဲဒီနှစ်မှာခရီးတွေထွက်ရပါတယ်။

နေ့ချင်းပြန်ခရီးလောက်ကလွဲပြီးအဝေးကို မသွားရဘဲ

နှစ်အတော်ကြာကြာ မန်းလေးမှာဘဲနေခဲ့ရပါတယ်။

ရောက်တဲ့မြို့တိုင်းမှာ လဲ မနက်စောစောထုံးစံမပျက်လမ်းလျှောက်ထွက်ခဲ့ပါတယ်။

မရောက်ဘူးတဲ့ဒေသလဲဖြစ်ပြန်၊

နောက်ဘယ်တော့ မှာပြန်ရောက်မယ်ဆိုတာလဲမသိတော့

ရောက်လေရာရာ လက်ဆော့ မိပါတယ်။

ဒါကတော့ ရှမ်းပြည်တောင်ပိုင်းအောင်ပန်းနဲ့

လွိုင်ကော်အသွားလမ်းက ပုံလေးတွေပါ။

တစ်ချို့ပုံတွေက သွားနေတဲ့ကားပေါ်ကရိုက်တော့

သိပ်တော့ မကြည်လင်ပါဘူး။

မှတ်တမ်းတစ်ခုအနေနဲ့ပါ။

တောင်းပန်ချင်တာလေးကတော့

တင်ပြီးသား မြင်ပြီးသားဖြစ်နေရင်ခွင့်လွှတ်ပေးဘို့ရယ်။

လိပ်ကော်နက်ရှင်ကြောင့် ကြည့်သူလဲအဆင်ပြေ

ကျနော်လဲသက်သာအောင် ပိုစ်တစ်ခုကို

ဓါတ်ပုံ(10)ပုံဘဲတင်ပါတော့မယ်။

 

 

ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။

(15-12-2011)

 

14 comments

  • MaMa

    December 15, 2011 at 9:26 am

    နံနက်ခင်းမှာပဲ လာကြည့်ပြီး စိတ်ရွှင်သွားရပါတယ် ကိုပေါက်ရေ။
    ပုံလေးက ကဗျာဆန်သလို၊ ကဗျာဆန်ဆန် နာမည်ပေးထားတဲ့
    အထီးကျန်သစ်ပင်လေးကို သဘောကျတယ်။
    🙂

  • super

    December 15, 2011 at 10:29 am

    လေးပေါက်ရေ ကျနော်တော့ ပုံ ၁ဝ နဲ့ ၁၁ ကိုကြိုက်တယ်ဗျာ…….:D

  • ရွှေဘိုသား

    December 15, 2011 at 10:52 am

    ရွာထဲကို တကျော့ပြန်လာရတာ စဖတ်လိုက်ရတဲ့ လေးပေါက်ရဲ့ ရိုက်ချက်တွေမြင်ရတော့ တော်တော်ကိုကျေနပ်သွားတယ်
    စကားမစပ် နံပါတ် 6 ကရေချမ်းစင် လေးမြင်တော့ ဘယ်သူ့ကိုလည်းတော့ မသိဘူး သတိရသွားတယ်

    • windtalker

      December 15, 2011 at 11:08 am

      သတိရသွားတယ် ဆိုတာ
      ဟိုတစ်ခါ ပို ့စ်ထဲမှာ ဖတ်ခဲ့ဖူးတဲ့ ကိုပေါက်ဆိုတဲ့ ဇါတ်ကောင်ကိုများလား…. ဟင်

  • kotun winlatt

    December 15, 2011 at 11:00 am

    မင်္ဂလာရှိသွားတဲ့ နံနက်ခင်းလေးဖြစ်သွားတယ်ဗျာ..
    စိတ်ရွှင်လန်း ဝမ်းပန်းသာမိပါတယ်…
    ကိုပေါက်ရေ…..ကျေးးးဇူးးးးဗျ…။

  • ကြောင်ကြီး

    December 15, 2011 at 12:11 pm

    အောင်ပန်း အံပေါင်း လို့ နမိတ်ကောက်ရသဗျ။။ ဒီနှစ် နှစ်ကူးရင် သူဌေးဆီက ဘောနပ်စ် များများရလိမ့်မယ် တူမနီးပါးချစ်ရသော အန်တယ်ပေါက်….။

  • “ဘီလူးကြီး”ogre

    December 15, 2011 at 2:45 pm

    ပုံ4 က တဲလေးတွေက
    ဘာတဲတွေလဲဗျ
    ဒုက္ခသည်စခန်းကျနေတာပဲ
    မနက်ခင်းပုံတွေက ကောင်းမှကောင်း
    အေးမယ့်ပုံပဲဗျ

  • pooch

    December 15, 2011 at 3:27 pm

    လေးပေါက်အနော်တော့ ကြည့်ပြီး လွမ်းသွားတယ်

  • TTNU

    December 15, 2011 at 4:08 pm

    ကိုပေါက်ရေ
    ပုံ(၆) ရထားလမ်းလေး ကြိုက်တယ်။ မာမီက ရထားနဲ့ မကင်းသူဆိုတော့
    သံလမ်းလေးတွေကိုက လွမ်းစရာဖြစ်နေတာ။ ( မောင်သစ်တွေ့ ရင် လွမ်းပြန်ပြီလို့ပြောနေမယ်)
    သံလမ်းလေးရယ် ဘုံရေအိုးစင်ကလေးရယ် What a life!
    တီချာလည်း မမ လိုပဲ ပုံ(၁၁) အထီးကျန်သစ်ပင်ကြိုက်တယ်။

  • blackchaw

    December 15, 2011 at 5:16 pm

    ပုံ ၁ဝ ကိုအကြိုက်ဆုံးပဲဗျို့။

  • ရွှေဘိုသား

    December 18, 2011 at 9:51 am

    ဇာတ်ကောင် ကိုပေါက်ကိုမဟုတ်ဘူးဗျ အလိုနေရာမျိုးလေးမှာ တွေ့ဖူးတယ် ဒါ့မို့

  • အမှတ်လေးပုံမှာပါတဲ့ တဲလေးတွေက ဈေးဆိုင်လေးတွေပါ။
    အဲဒါကြီးက ဘောလုံးကွင်း။
    ကျနော်ဓါတ်ပုံရုိုက်တုံး အောင်ပန်းမှာဈေးပွဲတော်လုပ်နေပါတယ်။
    ယာယီဆိုင်ခန်းလေးတွေပါ။

  • naywoonni

    December 18, 2011 at 9:38 pm

    ကျွန်တော်က အပူအရောင် အဝါရောင်ကိုပဲ တွေ့နေမြင်နေကြဆိုတော့ ဓါတ်ပုံတွေထဲက အအေးပိုင်းဒေသရဲ့ အရောင်က အမြင်တစ်မျိုးဆန်းနေတယ်……….။ ခုမှပဲ ခေါင်းနဲနဲ ကြည်သွားတော့တယ်…………..။

  • အဝါရောင်ဆိုလို့ ခင်ဝမ်းရဲ့ ပန်းချီကားတစ်ချပ်ကို ဘုတ်အုတ်ထဲမှာမြင်ဘူးတယ်။
    တကားလုံးအဝါရောင် အဲဒီအထဲမှာ အနက်စက်ကလေးတစ်စက်။
    ကိုနေရေ မန်းလေးကို လာခဲ့စမ်းပါဗျာ။

Leave a Reply