ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတကာ အကူအညီများ

လင်းဝေDecember 15, 20111min1186

နိုဝင်ဘာလ အတွင်းက ဂျပန်နိုင်ငံက METI(Ministry of Economic, Trade and Industry ) က အရာရှိများ မြန်မာနိုင်ငံကို လာခဲ့ပါတယ်။ နေပြည်တော်မှာ အမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန(Ministry of National Planning and Economic Develipment- MNPED ) တွေ့ဆုံပြီး ODA တွေအတွက် ဆွေးနွေးခဲ့ပါတယ်။

ဂျပန်ဘက်က အိုဒီအေနဲ့ ပတ်သက်တာတွေ ပြင်ဆင်လာပေမယ့် မြန်မာဘက်ကတော့ အိုဒီအေနဲ့ ပတ်သက်တဲ့ စာရင်းဇယား၊ ကိုယ်ဘက်က ဘာတွေ စတောင်းဆိုမယ်၊ အရင် အဟောင်းတွေ ဘာရှိတယ် စတာတွေ ဆွေးနွေးဖို့ အဆင်သင့်မဖြစ်ခဲ့ပါဘူးလို့ ဆိုပါတယ်။ အဲဒီအဖွဲ့ဟာ မြန်မာပြည်ကို အကူအညီပေးဖို့အတွက် စတင်ပြီး လေ့လာ ဆန်းဆစ်တဲ့ အဖွဲ့ပါပဲ။ အခု ဒီအပတ်ထဲမှာလည်း ဂျပန် NEDO(New Energy Development Organization) ရဲ့ ဘန်ကောက်ရုံးခွဲက လူတွေ မြန်မာပြည်ကို လာပါဦးမယ်။ အိုဒီအေ အတွက်ပါပဲ။ ကြံခင်းဘိလပ်မြေ စက်ရုံအတွက်လည်း ရှိပါတယ်။

အခုလကုန်ပိုင်းမှာ( ဒီဇင်ဘာ ၂၅ရက်နေ့မှာ )လာမယ့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ကိုအိချီးရို ဂမ်းဘ Koichiro Gemba ရဲ့ ခရီးစဉ်ဟာလည်း သံတမန်ရေးအရ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုများကို တွန်းအားပေးဖို့နဲ့ အသိအမှတ်ပြုလာရောက်တာဖြစ်သလို အကူအညီပေးရေးအတွက် သံတမန်လမ်းခင်းမှုနဲ့ အိုဒီအေ ဘာကြောင့်ပေးရမယ် ဆိုတာကို သေချာစေဖို့ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လာရောက်တဲ့ သဘောလည်းဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ဒီလထဲ လာပြီးသွားရင်၊ အဆင်ပြေရင် နောက်ကနေ ဆက်ပြီး လိုက်လာမှာက အကူအညီပေးရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ဝန်ကြီးပါ။ METIဝန်ကြီး လာမှာဖြစ်ပါတယ်။ ဇန်နဝါရီလထဲမှာ လာဖို့အတွက် မှန်းထားပြီး အဲဒီလို လာတဲ့ အခါမှာ အကူအညီပေးရေးအတွက် စီမံကိန်းအချို့ကို MOU လေးတွေ ထိုးသွားဖို့အထိ ဂျပန်ဘက်က ရည်မှန်းထားပါတယ်။ သို့သော်လည်း မြန်မာဘက်ကတော့ ဘယ်စီမံကိန်းကို ဘယ်လိုစကိုင်ပြီး ဘယ်လိုအကူအညီ စယူရမယ် ဆိုတာမရှင်းလင်းသေးဘူးလားမသိပါဘူး။ ဒီလို အနေအထား အပြောင်းအလဲတွေကြောင့် အရင်က ဌာန ၂ခု ကိုင်ခိုင်းထားတဲ့ သူကို အခုတော့ MNPED တစ်ခုထဲ ပြောင်းကိုင်ခိုင်းလိုက်တာပါ။ ဖိဖိစီးစီး လုပ်နိုင်အောင်ပေါ့လေ။ ပြောရရင် ဂျပန်ဘက် က METI ဆိုတဲ့ ဝန်ကြီးဌာနဟာ မြန်မာပြည်လိုဆိုရင် ကုန်သွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန တွေ အားလုံးကို ဝန်ကြီးဌာန တစ်ခုတည်း ဝန်ကြီးတစ်ယောက်တည်းက လုပ်ကိုင်ဆောင်ရွက်နေတာပါ။ ဂျပန်နိုင်ငံရဲ့ စီးပွားရေး၊ ကုန်သွယ်မှု နဲ့ စက်မှုလုပ်ငန်းများ ရဲ့ ပမာဏ ကိုကြည့်ရင် ဘယ်လောက်ကြီးမယ်ဆိုတာ သိသာမယ်ထင်ပါရဲ့။ မြန်မာပြည်နဲ့စာရင် အလုပ်တွေပိုများမှာပေါ့။ သို့သော် မြန်မာပြည်မှာတော့ ဝန်ကြီး သုံးယောက်ခန့်ထားတယ်ဗျ။ ( နောက်မှပဲ Clean Government အတွက် Lean Government လုပ်သင့်ကြောင်းလေး လုပ်ပါဦးမယ်။ ဆရာသစ်မင်းနဲ့ ကိုအင်ဇာဂီ တို့ဖြစ်ဖြစ် ရေးသင့်ပါကြောင်း။)

ဂျပန်ဘက်ကနေပေးမယ့် အကူအညီတွေကို မြန်မာဘက်က အသစ်စမတောင်းခဲ့ရင်တော့ ဂျပန်ဘက်ကနေပြီး အရင်တုန်းကပေးထားခဲ့တဲ့ အကူအညီနဲ့ ဆောက်ထားတဲ့ စက်ရုံတွေ ကို ပြန်လည်ပြင်ဆင်ရေး အဆင့်မြှင့်တင်ပေးရေးတွေကို ပထမအဆင့် ဦးစားပေးလုပ်သွားမှာဖြစ်ပြီး တစ်ဘက်မှာလည်း သန့်ရှင်းသောသောက်သုံးရေစနစ်၊ ရေပိုက်လိုင်း ၊ကျောင်းဆောင် တက္ကသိုလ်၊ ဆေးရုံ စတဲ့ကျန်းမာရေး၊ ပညာရေး တွေအတွက် ဆက်လက်လုပ်ဆောင်ပေးနေမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ မြန်မာဘက်က တောင်းဆိုလာတာတွေနဲ့ ဂျပန်ဘက်က အသစ်ချထားမယ့် ဘတ်ဂျက်ပေါ်မူတည်ပြီး ဆက်ပေးသွားမယ် လို့ ထင်မြင်ယူဆမိပါတယ်။

အခုလောလောဆယ်တော့ မြန်မာပြည်ကို နိုင်ငံခြားရေးဝန်ကြီးမျာ စတင်ပြီး လွှတ်နေတဲ့ အထဲမှာ အမေရိကန် နောက်က စကာင်္ပူလိုက်လာပြီး ဂျပန်က ဆက်လာပါမယ်။ အဲဒီနောက် ဗြိတိန်က နိုင်ငံခြားရေး ဝန်ကြီး လာပါဦးမယ်။ အမေရိကန်ကလည်း USAIDS ရုံး/ဌာန ကို ရန်ကုန် မှာ အပြည့်အဝ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်တဲ့။

6 comments

  • Gipsy

    December 15, 2011 at 11:15 am

    သေချာတာကတော့ မြေဈေး တိုက်ခန်းဈေးတွေ တက်ဦးမဲ့ နိမိတ်ပဲ…၊
    ခုတောင် သံလျင် ဖက်မှ မြေဈေးတွေ ခေါင်ခိုက်နေပြီ..၊
    ဒလ ဖက်ကမ်းမှာလဲ လမ်းမတန်းကမြေဈေးတွေ ထောင်ကျော်ဖြစ်နေပြီ…၊
    ဘာတွေ ဆက်ဖြစ်ဦးမလဲ ….။း

  • inz@ghi

    December 15, 2011 at 11:23 am

    >>On Tuesday, Gemba said he would meet with Suu Kyi as well as President Thein Sein and other top officials while in Yangon.

    Myanmar’s new government has rolled out a series of reformist measures as the former generals who dominate it have sought to reach out to political opponents and the West.

    Gemba also said he will travel to Washington to meet Clinton on Monday, with Myanmar and bilateral issues—including a public furor over the planned relocation of a U.S. military base on the island of Okinawa—to figure prominently in the talks, according to local media.

    Gemba ပြောခဲ့ တာလေးအချို့ပါ ..

    Ref:

    http://www.japantoday.com/category/politics/view/gemba-to-visit-myanmar

  • windtalker

    December 15, 2011 at 11:25 am

    တင့်ခရု ဖော် ရော် အပ်ဒိတ် နယူးစ်
    မေ ဂေါ့ ဘလက်စ်ယူ ပါ ဘရားသားမြွေ

  • ကြောင်ကြီး

    December 15, 2011 at 12:08 pm

    အေပေးဂျာပွန်တွေ ပေးရင်ပေး၊ မပေးရင် ဒုတိယကမာ္ဘစစ်တုန်းက လုပ်ခဲ့တဲ့ မကောင်းကြောင်းတွေ သတင်းစာထဲ လျောက်ရေးခိုင်းမယ်။။။
    ပုံ
    ယာမာဂူချီဟတ်ချိုးကြောင်ကြီး 😎
    မြန်မာ ဂျာပွန် ခြစ်ကြည်ရေးအသင်း အုတ်ခထ

  • blackchaw

    December 15, 2011 at 5:20 pm

    ကိုလင်းဝေရေ။
    သတင်းလေးတွေ ပေးတာ ကျေးဇူးဗျို့။

Leave a Reply