ကမာ္ဘ့ အကောင်းဆုံး တောင်ပံတစ်ဖက်

ムラカミDecember 15, 201110min24714
ဘောလုံးအကြောင်း ရေးမလို့ပါဗျာ ..
(ပေါ့ပေါ့ပါးပါးဖြစ်အောင် ကျုပ် နဲ့  မိတ်ဆွေ တယောက်ယောက်
စကားလက်ဆုံပြောတဲ့ ဟန် နဲ့ရေးမယ်ဗျာ..ကဲ စပြီ)

ဂီ။ သည်မယ်ကိုယ့်လူ ..ဘောလုံး သမိုင်းမှာ အကောင်းဆုံးတောင်ပံ ကစားသမား ဘယ်သူလဲ သိလား ?

ဆွေ။ သိတာပေါ့ကွ ... L.Messi လား ? C. Ronaldo လား ?


ဂီ။ မဟုတ်ဘူးဗျ။
ဆွေ။ ဘာလို့လဲ? ဩ .....နှစ် အနည်းငယ်ပဲ ပေးဆပ်ရသေးလို့။ ခုနေ သေသွား ကျိုးသွားရင်
workdone သိပ်မများသေးလို့ .....အကောင်းဆုံး စာရင်း မဝင်ဘူးလို့ ငြင်းချင်တာလား?
ဂီ။ ဆိုပါဦးဗျာ..
ဆွေ။ ကဲ ဒါဆို ဟုတ်ပြီကွာ ဒါဆို G.Best ကွာ .. R.Giggsကွာ ... P.Nedved ကွာ L.Figo ကွာ
n   




ဂီ။ မဟုတ်ဘူးဗျ... မှားနေသေးတယ် ။

ဆွေ။ ဟေ့ကောင် ဂီဂီ မညစ်နဲ့ကွာ .. ကဲ မင်းပဲဖြေ ..ဘယ်သူလဲ .. ငါအခုပြောတဲ့ ကောင်တွေ
အားလုံးထက် သာတဲ့ လွန်တဲ့ လူ မရှိလောက်တော့ဘူး ..မဟုတ်ရင်မင်းနာဖို့ပြင်ထား
ဂီ။ ဖြေပါ့မယ်ဗျာ ဖြေပါ့မယ် ဖြေချင်လို့ကို မေးထားတာပါ

ဆွေ။ ကဲပြော
ဂီ။ G.Zambrotta(LWB) ဗျ...


ဆွေ။ ဘာ... ဟေ့ကောင် ဒါတော့ မဖြစ်နိုင်ဘူး ...
ဂီ။ ဘာလို့ မဖြစ်နိုင်ရမှာလဲဗျ ...
ဆွေ။ မင့်ကောင်က ငါရွတ်ပြ သွားတဲ့ ကစားသမားတွေ ထဲက အညံ့ဆုံးကောင်ကိုတောင်
ဘယ်လိုမှ ယှဉ် မရဘူးကွ.. ... ပေါက်ကရ မပြောနဲ့ ....

ဂီ။ ဒါတော့ point-of-view ကွာလို့ပါဗျ .... သာပါတယ်..
ဘာသာတာတုန်း ပြောပါဦး..

ဂီ။ သည်မယ် ..ခင်ဗျား ... G.Zambrotta အကြောင်း သေချာ သိသလား ??
ဆွေ။ သိတယ်လေကွာ A.C Milan က တောင်ပံခံစစ်ကစားသမား(LWB)
ဘောသမား ထဲမှာ အဘိုးကြီးလို့ ပြောလို့ရတဲ့အရွယ် အသက် ၃၅လောက်
ရုပ်က ပြင်သစ်ဗီလိန် ရုပ် ... ကဲပြောပါဦး ဘာကောင်းတာတုန်း နင့်ကောင်က
ငါပြောခဲ့တဲ့ ကစားသမားတွေ ထားလိုက်ဦး သူလက်ရှိကစား တဲ့နေရာမှာ
ကစားသွားတဲ့ အနားယူသွားတဲ့ နင်တို့ Captain ဟောင်းကြီး P.Maldini(LWB) ထက်ပဲ
ကောင်းဦးမလားကွာ ..အဓိပ္ပါယ် မရှိတာ..


ဂီ။ ဟဲဟဲ ....ကျုပ်ပြောပြီးပါပကော perspective ကွာပါတယ်ဆိုဗျာ...
ဆွေ။ ကဲ ..မင်းပဲ လင်းတော့ကွာ ...ငါတော့ သိပ်လက်မခံချင်ဘူးမောင်။

ဂီ။ Como က စပြောမယ်ဗျ သူကစားသမား စခဲ့တဲ့နေရာ ....
ဆွေ။ အင်း ဆိုပါဦး ..
ဂီ။ Left Wing(LW) ကစားသမား အနေနဲ့ စခဲ့တာခင်ဗျ...
ဆွေ။ ငါသိသလောက်တော့ သည်ကောင် စထင်ရှားလာတာ Juventus ရောက်မှပါကွာ..
ဂီ။ မလောနဲ့ ကိုယ့်ဆြာ ... Como ကနေ Bari ကိုအရင်ရောက်တာဗျ ...Bariမှာ ကစားရင်း
အလားအလာရှိတဲ့ ချာတိတ် ဆိုပြီး Juve က ဝယ်တာ ..၁၉၉၉ ခုနှစ်ဗျ ...တန်ကြေးက
ပေါင် ၁၅သန်း ...အဲ့သည့်ခေတ်က ဈေးနဲ့ဆို မနည်းဘူးနော ...

ဆွေ။ ကဲဟုတ်ပါပြီကွာ ...မင့်ကောင် က နောက်ပိုင်း P.Nedved(LW) ရောက်လာတော့ အရံခုံ
ရောက်သွားရော မလားကွ ...ဒါနဲ့ပဲ ...ခံစစ်ပြောင်းကစားတယ်ပေါ့ သည်လိုလား....
ဟားဟား .....ဒါများ အကောင်းဆုံး လုပ်ချင်နေသေး...
ဂီ။ ဟိုးထား ကိုယ့်ဆြာ ...မလောပါနဲ့ဆို...သူ့ကို ဝယ်ခဲ့တာ Chelsea နည်းပြဖြစ်လာမယ့် C.Ancelotti
လက်ထက်ခင်ဗျ။ ခင်ဗျာ့ P.Nedved ရောက်လာတာ Z.Zedine ကို Madrid ကို ဈေးကြီးကြီးနဲ့ ရောင်းပြီး
Nedved ကို လည်း မချိုသာတဲ့ဈေးနဲ့ ပြန်ဝယ်လိုက်တာ ...
အသင်းမှာ Star Player တယောက် လိုတယ်လေဗျာ ...
နောက်တချက် က Lippi က ညာသန်တဲ့ Zambrotta ကို ညာတောင်ပံမှာ ထွက် ကစား တာ ပိုကြိုက်လို့ဗျ
ဆွေ။ မရွှီးနဲ့ ကိုယ့်လူ  ...အဲ့သည့်ကာလ Juve ရဲ့ ညာတောင်ပံ(RW)ဟာ M.Camoranessi ေလကွာ ...
ဂီ။ မလောပါနဲ့ ဆိုမှ ဗျာ ..ကိုယ့်လူကတယ်လောတာကိုး ... အဲ့သည့် ကာလက(၂၀ဝပြည့်နှစ်)လောက်က
ဂျာနယ် အဟောင်းလေးဘာလေး ပြန်လှန်လိုက်ရင် တွေ့ကောင်းတွေ့မယ် ထင်ရဲ့ဗျာ ... သည်လို..
အနှီကာလတွေမှာ Man Utd. က D.Beckham(RW) တယောက် ဘုန်းမီးနေလ တောက်ပတဲ့ ကာလလေဗျာ
D.Beckham အကြောင်းပါရင် ဂျာနယ်တွေ ရောင်းကောင်းတဲ့ ခေတ်... ဆိုတော့ကာ ...4-4-2 magazine
 
ထင်တယ် ...အဲ့သည့်က ဖွ လိုက်တာ ဗျ... D.Beckham လို ထွန်းတောက်လာနိုင်ချေရှိတဲ့(RW)ကစားသမား၂ဦး
ဆိုပြီး ...အဲ့သည့်၂ ယောက်မှာ သူက တယောက်ဗျ... နောက်တယောက်က Hertha BSC မှာ ကစားသွားတဲ့
Sebastian Deisler လေဗျာ ...(နောင် B.Munich ကိုပြောင်း ... ယခု အနားယူ)
ဘယ့်နှယ့် ကိုယ့်ဆြာ ..သည် လောက်ဆို ၂၀၀ဝပြည့်နှစ်က သူ့ခြေ ကို မှန်းမိမယ် ထင်ပါတယ်နော ...
ဂီ။ ဆက်ပြောမယ်ဗျာ ..ဒါက သည်လိုရှိတယ် ကိုယ့်ဆြာရေ့ ..၂၀၀၂ ကမာ္ဘ့ဖလားဟာ
အလှည့်အပြောင်းဗျ ...အဲ့သည့်မှာ Zambrotta ဒဏ်ရာ ရတယ် ၂၀၀၂-၂၀၀၃ ရာသီမှာ
ပွဲ စဉ်အတော်များများကို လွဲချော်ဖို့ ဖြစ်လာတယ် ဆိုပါတော့......
သည်တော့ Argentine မြင်းမြီးကေနဲ့ M.Camoranessi(RW) ကို ဝယ်လိုက်ရတယ် ဗျ...
ဆွေ။ ဂလိုလား .... ဒါမြင့် မင့်ကောင်က M.Camoranessi နဲ့ကျမှ မယှဉ်သာလို့ နောက်ရောက်သွားတာလား..
ဂီ။ ကျနော့် စကား မဆုံးသေးဘူးဗျ .. သူဒဏ်ရာက ပြန်လာတဲ့အချိန် မှာ ဘယ်နောက်ခံ(LWB) ဖြစ်သွားတာက
လူအိုခြေကျ တွေပေါလာတဲ့ အဲ့သည့်ခေတ်က Juve နောက်တန်းကြောင့်ဗျ..M.Uliano တို့ Passoto
တို့ အရွယ်ထောက်လာတဲ့ အချိန်တွေလေဗျာ  Juve ရွှေခေတ်တွေ စတော့ သူက
ဘယ်နောက်ခံ သမား(LWB) လုံးလုံး ဖြစ်သွားပြီဗျ. ..ပုံမှန် လက်ရွေးစဉ်အဖြစ် အရွေးချယ်ခံရပြီး ၂၀၀၂
ကမာ္ဘ့ဖလားမှာလည်း ညာတောင်ပံခံစစ်(RWB) ကစားသမားပဲဗျာ..
ဆွေ။ မင့်ဟာ က နားရှုပ်လာပြီကွာ .ခုဘယ်တောင်ပံ ခံစစ်ဆို (LWB)...
ဂီ။ ဟုတ်တယ်ဆြာသမားရေ့ ကျနော်ပြောပါတယ် ..၂၀၀၂ က turning point ပါဆို...
ဆွေ။ ကဲဆက်ပါဦးကွာ .....
ဂီ။ ၂၀၀၂မှာ နာမည်ကျော် Azzurri captain ကြီး P.Maldini(LWB) လက်ရွေးစဉ်ဘဝက အနားယူတယ်ဗျ
(Milan မှာတော့ ဆက်ကစားသေးတယ်ဗျာ)
သည်တော့ အစားထိုးတဲ့ ကစားသမားက F.Coco(LWB)  .. အဲ့သည့်ခေတ်က Italia နည်းပြ G.Trapattoni

ရွေးခဲ့တာ ..ခင်ဗျားသိတဲ့အတိုင်း လက်ရွေးစဉ်အသင်းက  ၂၀၀၄Euro မှာ  အခြေမလှခဲ့ဘူး
နည်းပြလည်း ပြုတ်တယ် ကစားသမားလည်း နောက်ပိုင်း ထပ် အရွေးမခံရတော့ဘူး ..
... သည်တော့ ခင်ဗျားသိတဲ့အတိုင်းလေဗျာ ...ဆရာရင်း M.Lippi လက်ရွေးစဉ်အသင်း
နည်းပြဖြစ်လာတယ်..သူကဘယ်တောင်ပံခံစစ် မှာကစားတယ် ခံစစ်ဗဟိုမှာ တခေတ်တခါက
အကောင်းဆုံးသော ခံစစ်အတွဲဖြစ်တဲ့ A.Nesta + P.Cannavaro ကစားတယ် 

ဆွေ။ သည်တော့ အိုခေသလားကွ ....
ဂီ။ ဟုတ်ကဲ့ အိုခေတယ်ခင်ဗျ ..P.Maldini ကြီး နေရာကို အပြည့်အဝ အစားဝင်နိုင်ခဲ့တယ်လို့ ဆိုပါတော့
သူ ဖယ်ပေးထားတဲ့ ညာတောင်ပံ ခံစစ်နေရာကိုတော့ Palamo က ကစားသမားလေး Zaccado ကစားတယ်

ဆွေ။ ဒါနဲ့ ကလပ်မှာကောကွ ....
ဂီ။ ကလပ်မှာ က လက်ရှိ အင်္ဂလန် boss F.Capello ကိုင်တယ်ဗျ ...အဲ့သည့်မှာ ခံစစ်ညာတောင်ပံ ဖြစ်သွားပြန်တယ်...
J.Zabina(RWB) ဒဏ်ရာ ရသွားလို့ဗျ ...ဘယ်မှာက လူငယ်စီမံကိန်းက ထွက်လာတဲ့ .G.Chiellini(LWB) လေး
ကိုသုံးလို့ရနေပြီလေ L.Thuram(RWB), J.Zabina တို့ ပြန်ကျန်းမာလာတဲ့အခါ ဘယ်ဘက် ထွက်ထွက်ကစားတယ်ဗျ..
၂၀၀၆ စီးရီးအေ လုပ်ပွဲအရှုပ်တော်ပုံ အထိ ဆိုပါတော့ဗျာ ..ဇွန်လမှာ သည်ဘဲတွေ Germany ကိုချီတက်သွား ကြသည်ပေါ့။
ဆွေ။ အင်း ဆက်ပါဦးကွ ..မင့်တောင်ပံကစားသမားအကြောင်း ....
ဂီ။ ၂၀၀၆ ကမာ္ဘ့ဖလားကလည်း turning point ပြန်ဖြစ်လာသေးတယ်ဗျာ ..
ဆွေ။ ငါတော့ မသောက်ဘဲ မူးနေပါပြီကွာ ....
ဂီ။ အုပ်စု အဆင့် American နဲ့ပွဲမှာ Zaccado(RWB) ကိုယ့်ဂိုးကိုယ်သွင်းပါရောလားဗျာ ..(ညာတောင်ပံ ခံစစ်မှူး..)
အဲ့ဒါနဲ့ သည်ငတိ ဆက်မယုံတော့တဲ့ နည်းပြက Zambrotta ကို ညာခြမ်း(RWB) ပြန်ပို့ပြီး ဘယ်ခြမ်းမှာ မျက်နှာသစ်
F.Grosso(LWB) ကိုပွဲထုတ်ခဲ့တယ်ဗျ...
နောက်ပိုင်းကတော့ ခင်ဗျား သိတဲ့အတိုင်း သူတို့လူသိုက် ဗိုလ်စွဲသွားတယ်.. F.Grosso သူရဲကောင်းဖြစ်လာတယ်.
Z.Zidane နဲ့ M.Matarazzi ပြဿနာ ကမာ္ဘကျော်သွားတယ်။ G.Buffon ပွဲချိန်အတွင်း တဖက်ကစားသမားမှ
ကစားစဉ်အချိန်မှာ ဂိုးသွင်းယူနိုင်ခြင်း မခံရတဲ့ မှတ်တမ်းကောင်းရသွားတယ်။(Z.Zidanepanaltyနှင့်
Zaccadoown-goal ကိုတော့ ခွင့်ပြုလိုက်ရတယ်)..F.Cannavaro ရွှေဘောလုံး ဆုရသည်ပေါ့။
ဒဏ်ရာကြောင့် အုပ်စု ပထမဆုံးပွဲကို လွဲချော်ခဲ့ပေမယ့် နောက် ပိုင်းပွဲတိုင်း ပွဲထွက်ခွင့်ရခဲ့တဲ့ ၁ဂိုးသွင်း၂ဂိုးဖန်တီး
ပေးနိုင်ခဲ့တဲ့ သူ့ကိုတော့ မေ့လျော့နေခဲ့တယ်ဗျ။ ပုံမှန် ခံစစ်တာဝန်အပြင် ညာခြမ်းကနေ  M.Camoranessi နဲ့
အတွဲညီညီOverlap လုပ်ကစား ခဲ့တာတွေ(RWB) ... ရံဖန်ရန်ခါ ကစားကွက်ပြောင်းတဲ့အခါ ကွင်းလယ်ဘယ်တောင်ပံ
(LW) အနေနဲ့တိုက်စစ် ကို ပံ့ပိုးတာတွေ လုပ်ခဲ့သေးသပေါ့။
 
ဆွေ။ ဟုတ်ပါပြီကွာ မင်းဘာကို ညွှန်းချင်တာလဲ ဆိုတာ ငါရေးတေးတေး သဘောပေါက်လာပါပြီ။
သည်တော့  မင်းရဲ့ Point of View အရ  မင်းပြောချင်တဲ့ ဥပဒေသ က?

ဥပဒေသ(၁)။ အသင်းအဖွဲ့ တိုင်းတွင် အမေ့လျော့ ခံ သူရဲကောင်းများ ရှိတတ်ကြ၏။

မပြီးသေးဘူးဗျ ဆက်ပြောရဦးမယ် ။ ၂၀၀၆ ကမာ္ဘ့ဖလားပြီးတယ်။ သူ Barcelona ကိုပြောင်းတယ်။
ခင်ဗျားသိပ်ကြိုက်တဲ့ L.Messi နဲ့ ၂ရာသီ တွဲကစားခဲ့တယ်။အမှတ်ရစရာ အကောင်းဆုံး အခိုက်အတန့်က
Champions Leagueမှာ  Man Utd. ကိုရှုံးတဲ့ Semi-finals ပွဲ.. ထိုစဉ်က  ရွှေဘောလုံးဆုရှင်ဖြစ်လာမယ့်
C.Ronaldo  ကို အကောင်းဆုံး ထိန်းချုပ်သွားနိုင်ခဲ့တယ် (P.Scholds half-volley နဲ့ ရှုံးခဲ့တာ)
 

ဂီ။ နောက်ပိုင်း A.C ကိုပြန်ပြောင်းတယ် ခုချိန်ထိ ဒဏ်ရာ သာ ကင်းစင်နေရင် ပွဲထွက် ကစားနေတုန်း
၂၀၁ဝ ကမာ္ဘ့ဖလား အခြေမလှခဲ့တဲ့ လက်ရွေးစဉ်အသင်းမှာတော့ သူတစ်ယောက်ပဲ ပုံစံကောင်းနဲ့
ကစားနိုင်ခဲ့ပါတယ်။  သည်တော့ ထပ်ပြောချင်တာကတော့


ဥပဒေသ(၂)။ အသင်းအဖွဲ့တိုင်းတွင် ကျရာ အခန်း ကဏ္ဏမှ စွမ်းစွမ်းတမံ ဆောင်ရွက်ခြင်းဆိုသည့် 
စကားလေးကို လက်ဆောင်ပေးချင်ပါ၏။

မင်းသားမလုပ်ရရင်ပတ်မကြီး အဟွာပြုမယ်ဆိုတဲ့ လူတွေ ... ကိုယ်အကြိုက်ဆုံးနေရာမှ မဟုတ်ရင်
ဖာသိဖာသာ ပေါ့ပျက်ပျက် လုပ်တတ်တဲ့သူတွေ ... key palyer မှ front manမှ  ဖြစ်ချင်တဲ့လူတွေ
များတဲ့လောကမှာ ဆက်တွေးရရင် သူ့(Zambrotta)အတွက် အကောင်းဆုံးသော နေရာက တစ်ခုတည်းသာ
ရှိမှာပါ ဥပမာ ကွင်းလယ်ညာတောင်ပံ ဆိုပါတော့။ သူ သည်နေရာမှာသာ စွဲစွဲမြဲမြဲ ကစားခွင့်ရခဲ့ရင် သည့်ထက်ပို
နာမည်ကျော် ဖို့ ရှိပါတယ်.. သို့သော် သည်အခွင့်အရေးကို စွန့်လွှတ်ပြီး အသင်းရဲ့ လိုအပ်တဲ့နေရာ ဖြည့်ဆည်းပေးရင်း
 မိမိအတွက်မိမိရော အသင်းအတွက်ရော အကောင်းဆုံး ကြိုးစားခဲ့တဲ့ ကစားသမားပါ။ ကမာ္ဘ့ အဆင့် ၁-၁ဝ အတွင်းဝင်
လက်ရွေးစဉ်အနေနဲ့ ပွဲ-၁၀ဝကျော် ။ ကမာ္ဘ့ အဆင့်အမြင့်ဆုံး league ၁-၃စာရင်းဝင် league ၂ခုတွင် ၁ဝနှစ်ကျော်။
ပထမဦးစားပေးကစားသမား အဖြစ် ကွင်းလယ် ဘယ်/ညာတောင်ပံ ၊ ခံစစ် ဘယ်/ညာ တောင်ပံ ၄နေရာစလုံးမှာ
(Left Wing)/(Right Wing)/(Left Wing Back)/(Right Wing Back)
 
စွမ်းစွမ်းတမံ စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားပါ။ ဒါတွေကို ဖြန့်တွေးမယ်ဆိုရင်ဖြင့် ...
ဥပဒေသ ၃။ မိမိအတွက် အကောင်းဆုံး ဆိုတာ တခုတည်း ရှိမှာပါ။ အသင်းအဖွဲ့ အတွက်ဆိုပါ က 
ထိုတခုတည်း ကို အဆုံးရှုံးခံပြီး ကြိုးစားလျင် ဖြစ်နိုင်သည့် နေရာများတွင် အကောင်းဆုံးပေးဆပ်ခြင်း။

နိဂုံးချုပ်မယ်ဗျာ .
ဂီ။ ကျုပ် ပြောတာမလွန်ဘူး မလားဗျ
ဆွေ။ အင်း .... ခင်ဗျားအတွေးကိုတော့ ကျုပ်လက်ခံပါရဲ့ ...
ဟုတ်တယ် ...ကျုပ်ကို သာ အသင်းတသင်း ဖွဲ့ခွင့်ပေးမယ်ဆိုရင် L.Messi တို့လို တနေရာတည်းမှာ 
နံပတ်-၁စွဲအောင် အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမားတွေနဲ့ အတူ ကျရာ နေရာမှာ အကောင်းဆုံး 
ကြိုးစားပေးဆပ်သူတွေကိုလည်း မေ့ချန်ထားလို့ မရဘူး ဆိုတာ ကောင်းကောင်း နားလည် သွားပြီဗျို့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

14 comments

  • windtalker

    December 15, 2011 at 12:39 pm

    ဖတ်ရင်း ဖတ်ရင်း နဲ ့ အင်ဇာ့ဂီ့ အသက်ကို ၄ဝ ပတ်ချာလည် လို ့ကို မြင်ရအောင် ပါဘဲလား

  • ကြောင်လတ်

    December 15, 2011 at 2:06 pm

    ဆရာဂီ နည်းပညာလားလို့ဝင်လိုက်တာ ကျနော် ဘောလုံးပွဲသိပ်နားမလည်ဘူး၊
    ကိုပေနဲ့ ဂျီတော့မှာ အပြန်အလှန်ဆွေးနွေးကြပြီး ပြန်တင်ပေးရင် ပိုအသက်ဝင်မယ်ထင်တယ်။

  • htoosan

    December 15, 2011 at 2:21 pm

    အဲ့ဒီလူ (Left Wing)/(Right Wing)/(Left Wing Back)/(Right Wing Back) တွေ ဘယ်လောက်တော်မတော် တော့ မသိဘူး . ကျွန်တော် တော့ နံမည်တွေ အင်္ဂလိပ် စာလုံးတွေနဲ့ LW RWB ABCDEF~~ တွေနဲ့ ပါတ်ခြာလည် ပြီး ပြန်ထွက်သွားပါတယ် . 😀 😀

    သို့သော် ဂီဂီ ပေးလိုသော မက်ဆေ့ဂျ်တော့ ရလိုက်သည် ထင်ပါသည်။

    • inz@ghi

      December 15, 2011 at 2:23 pm

      ကျေးဇူးပါ ကိုထူးဆန်းရေ့

  • amatmin

    December 15, 2011 at 2:23 pm

    ကိုဂီရေ..
    ထပ်မံ လေးစားရပြန်ပါသည် ဗျာ..
    ဘောလုံးထဲ ကနေ ထုတ်နုတ်ယူသွားလိုက်တာများ..
    မြန်မာပြည်မှာဘောလုံးအကြောင်း သာမန်ထက်မကတဲ့ ဆောင်းပါးကောင်းကောင်း ရေးလို့ရတဲ့အဆင့်ကြီးဗျ..
    နံပါတ် ၂ တွေးထားတာလေး ကိုသဘောကျထှာ..

    • inz@ghi

      December 15, 2011 at 2:29 pm

      အားပေးတာ ကျေးဇူးပါ အမတ်မင်း
      ဘောဆောင်းပါးတော့ မရေးပါရစေနဲ့ဗျာ…ကျနော် လေးစားပြီး တွေ့ဆုံခွင့်မရဖူးတဲ့
      ဆြာဝဏ္ဏ(စမ်းချောင်း) လိုမျိုး အသေးစိတ် လေ့လာထားတဲ့အဆင့်မရှိလို့ပါ …
      😀

  • blackchaw

    December 15, 2011 at 3:10 pm

    ဖတ်သွားပါတယ် ညီလေးရေ။

  • KING

    December 15, 2011 at 3:48 pm

    ဗျို့
    ဘောဆရာဂီ
    ပြောစရာအတည်
    မောလာပြီ
    ………………….. ( * _ ^ )

  • FattyCat

    December 15, 2011 at 4:14 pm

    ဂီဂီရေ-
    တစ်ချိန်က အီတလီရဲ့ကြယ်ပွင့် Roberto Baggio အကြောင်းရေးဦးနော်…
    ကော်နတ်ချင်က ကော်ဆဲချင်စရာကောင်းလို့ ဘာမှကိုမတင်ဖြစ်ဘူးကွယ်

  • TTNU

    December 15, 2011 at 4:52 pm

    ငါတို့ကတော့ဟေ့ ကြက်တောင်ပံဟင်းပဲကြိုက်ပါတယ်။
    ဘောလုံးပွဲဆိုရင် ကြိုက်တဲ့ အသင်းကစားတဲ့နေ့မှာ ကြည့်ပါတယ်။
    သားတော်မောင် လောင်းထားသောအသင်းဘက်ကိုမဂိုးအောင် TV Screen ပေါ်က
    ဂိုးပေါက်ကို လက်နဲ့ပိတ်ပေးပါတယ်။ 😛

  • sanaythalay

    December 15, 2011 at 10:43 pm

    ဖိလစ်ပိုရေ ကျနော့်အသည်းကျော် ကားလို့စ် အကြောင်းလေးလည်း အခုပို့စ်လို ရှယ်လေးရေးပေးပါအုံး လို့။။။။။။။။။။။
    ဂေဇတ် စာဖတ် ပရိတ်သတ်တစ်ယောက်

  • ကိုရင်စည်သူ

    December 16, 2011 at 12:29 pm

    ဂီ့ဂီ့ နင်မလည်း တော်တော်လိုင်းစုံတာပဲဟ..
    တကယ်ပြောတာ မြန်မာပြည်သားထဲက
    လိုင်းပေါင်စုံထဲမှာ နင်လည်း တစ်ကပါမယ်…
    တောင်ပံတိုက်စစ်တွေက လက်တလောမှ
    မက်ဆီကို အကြိုက်ဆုံးပဲ…:D 😀 😀

  • E.T

    December 16, 2011 at 6:49 pm

    ဆြာကဆြာပါပဲ။ မစ်စတာ ဂျီးနီးယပ်စ် ပီသပါပေတယ်။ အားပေး၏ ဆက်လုပ် ရဲဘော်။

Leave a Reply