ကျုပ်ကိုလူတွေ နားမလည်ကြဘူးဗျာ…ငပျင်းတဲ့ .. ပျင်းတယ်ဆိုတာ

ကြားရတာဆိုးပြီး အလွန်သက်သာသကိုးဗျ .. သြော်..ကျုပ်လား

နာမည်က တင်ဝင်း …အရက်မူးလာရင် မဟုတ်မဟတ် လုပ်ဇာတ်

တွေခင်းတတ်လို့ ရွာကလူတွေက ကျုပ်ကို ရွှေငန်းတင်ဝင်းတဲ့ ..

ကျုပ်ကို လူတွေကအရေးမလုပ်ကြဘူး …ကျုပ်ကလည်းဘယ်သူ့ကိုမှ

ဂရုမစိုက်ပါဘူး .. ကိုယ့်ထမင်းကိုယ်စားနေတာပဲ …ဘယ်သူ့ဂရုစိုက်

ရမှာလဲ .. ကျုပ်မိန်းမလား … ဆုံးသွားပြီဗျ…ငွေမရှိတော့ ရောဂါဖြစ်တာ

မကုနိုင်လို့ဆုံးသွားတာလေ…. ကျုပ်မှာကလေးတွေ ကျန်ခဲ့တာပေါ့ …

သမီးက ( ၄ ) ယောက် သားက ( ၅ )ယောက် ဒါတောင် နှစ်ယောက်က

ဆုံးသွားလို့ …အပြည့်တာဆိုဘော့လုံးတစ်သင်းစာ ကွက်တိရယ်…

သမီးတွေတော့ အိမ်မှာမရှိကြတော့ပါဘူး ..လင်ယူကုန်ပြီလေ……

မိဘကို မလုပ်ကျွေးချင်ကြပါဘူးဗျာ… ကျုပ်အသက်လား…

၄၅ နှစ်ဗျ … အသက်ကြီးပေမယ့် မပျက်စီးသေးပါဘူးဗျ …

ခေါင်းဖြူပေမယ့် ကျောင်းသူလောက်တော့ရနိုင်ပါသေးတယ်…

ကျုပ်ရဲ့ ဖျတ်လတ်မှုကိုမယုံဘူးဆိုရင် ညနေ ..ညနေ ..

ဘုံဆိုင်ကပြန်လာရင် လာကြည့်ပါ … ကျုပ်ကအိမ်ပေါ်ကို

လှေကားကနေမတက်တော့ဘူး … လမ်းကနေ အိမ်ကပြင်ကို

ကျွမ်းပစ်တက်လိုက်တာ… ကျုပ်အိမ်ကမြေပေါ်ကနေ သုံးပေ

လောက်တောင်မြင့်တယ်လေ… ကျုပ်ကအရက်သောက်ပေမယ့်

အပြင်မှာပြသနာမရှာပါဘူး …အိမ်ရောက်မှ..ကလေးတွေကို

အပြစ်မရှိ အပြစ်ရှာ ရိုက်တတ်တာလေးပါပဲ …. ကျုပ်သားအကြီးဆုံးက

လက်တစ်ဖက်မရှိဘူး … စီးပွားရေးအဆင်မပြေတော့ ကျောင်းထွက်ပြီး

အလုပ်လုပ်ရတာလေ…ခေါက်ဆွဲစက်မှာ အလုပ်လုပ်တာ အမှုန့်ကြိတ်တဲ့

စက်ထဲလက်ပါသွားလို့ လက်ကောက်ဝတ်ကနေ ဖြတ်လိုက်ရတာပါ…

သူ့ကိုလည်းကျုပ်တို့ ရွာကနာမည်ပေးထားတယ် ဒေးဗစ်ချန်းတဲ့ …

ဒီကောင်နဲ့ကျုပ်က ခဏခဏ စကားများရတယ်… ဒီကောင်ကအကျင့်မကောင်းဘူး

သူများပစ္စည်းတွေယူယူ လာတတ်တယ် … ကျုပ်လည်းအဆင်မပြေတော့

သူယူလာတဲ့ဟာတွေကို မိသားစု စားဝတ်နေရေးအတွက် ဖန်မိတဲ့အခါလည်း

ရှိတတ်တယ်… တစ်ခါတစ်ခါ ပိုင်ရှင်လိုက်လာရင်တော့ အသံကောင်းဟစ်ပြီး

ဒီကောင့်ကို ပညာပေးရတယ်..ဒါကိုဒီကောင်နားမလည်ဘူးရယ်…ဖအေကို

ပြန်ပြန်ပြောတယ်…ကျုပ်ကရိုက်မယ်ပုတ်မယ်လုပ်ရင် စိန်ခေါ်ပြီးပြေးတယ်..

ကျုပ်အလုပ်လား ပိုက်ဆံလက်ထဲမှာရှိရင် အရက်လေးသောက် ရွာထဲမှာ

အသုဘရှိရင် ဗျတ်ထု…ဗျတ်ထုဆိုတာ ဗန်းစကားလေ..ဖဲရိုက်တာကို

ပြောတာပါ… သားအငယ်တွေကိုလည်း ကျောင်းမထားတော့ဘူး ..

ပညာတတ်တော့ရော ဘာလုပ်လုပ်လို့ရမှာလဲနော့ ..ကျုပ်တို့ရွာမှာ

ဘွဲ့လက်မှတ်ကို ဖင်ခုထိုင်ပြီး လယ်လုပ်နေတဲ့လူတွေ မနည်းမနော..

ဒီတော့ပညာသင်တာ ပိုက်ဆံကုန်ရုံရှိမှာပေါ့လေ.. ဒီတော့ကျုပ်

ဒီကောင်တွေကို စီးပွားရေးနယ်ထဲဝင်ခိုင်းလိုက်တယ်….

နေပူရင် ရေခဲချောင်းရောင်း မိုးရွာရင် လယ်ထဲ ပုစွန်လုံးနှိုက်

ငါးရှာ ဆောင်းရာသီဆို သူရင်းငှားထည့်ပေါ့ .. ကျုပ်ကောင်တွေ

ကလည်းကျုပ်လိုပျင်းတင်းတင်းလေးတွေဆိုတော့ ခေါ်ချင်သူတွေ

ရှားပါ့ ..ခေါ်သွားရင်လည်း နှစ်ရက်လောက်အလွန်ဆုံး ခံတယ်လေ…

ပြီးရင်ပြန်ပြေးလာကြရော…ကျုပ်လည်းဆုံးမတာပါပဲ .. ဘမျိုးဘိုးတူ

ဘယ်သန်ဘမှန်တွေကိုး ..မျိုးရိုးလိုက်တယ်ပေါ့ဗျာ…အလတ်ကောင်

ကိုတော့ ရွာကလူတွေကပဲ ကင်ပွန်းတတ်ထားတယ် ကမ္မဋ္ဌာန်းတဲ့

ပြောလည်းပြောစရာပါ… ဒီကောင်က ပေါင်နဲ့ခြေသလုံးက တတန်းတည်း

ရယ်…သူ့ထက်အောက်ကကောင်ကိုတော့ ပင်လယ်ဓားပြတဲ့…

ခင်ဗျားတို့များနာမည်ရချင်ရင် ကျုပ်တို့ရွာကိုလာခဲ့ နာမည်တစ်ခုတော့

ရစေရမယ်… အငယ်ဆုံးကိုတော့ မျက်ပြူးတဲ့ ..ကျုပ်က သားလေးတွေ

ကိုချစ်လွန်းလို့ နာမည်လှလှလေးတွေပေးထားတာကို ရွာကလူတွေက

နာမည်ဖျက်ကြတယ်… ရွာသားတွေမကောင်းကြဘူးဗျ… ကျုပ်အိမ်က

အမိုးတွေမလုံဘူး … ဒီနှစ်ပွင့်လင်းရာသီမှာ သက်ကယ်မိုးမလို့ပဲ …

သက်ကယ်ကလည်းဈေးကြီးပါ့ဗျာ.. သက်ကယ်တစ်ရာကို ငွေတစ်

သောင်းတဲ့ … ဆန်တစ်ပြည် တစ်ထောင်ကိုတောင် နပ်မှန်အောင်

မနည်းလုပ်ကိုင်စားသောက်နေရတာ ဘယ်လိုလုပ်မိုးနိုင်ပါ့မလဲ ..

ဒီတော့ ကျုပ်အိမ်က မိုးရွာရင်အစို နေပူရင်အခြောက်ပေါ့ …..

မနှစ်ကတော့ ကျုပ်အိမ်ရှေ့က မိသားစုက အိမ်ကိုပြင်ပေးမယ်ပြော

တယ် …အမှန်ကစေတနာရှိလို့ မဟုတ်ပါဘူးဗျာ…ကျုပ်ကို သူတို့အိမ်

ရှေ့ကရွေ့သွားစေချင်တာပါ … ခု ကျုပ်နေတဲ့ နေရာက မိုးရာသီဆိုရေ

ဝပ်တယ်လေ.. အိမ်နောက်မှာတော့ကုန်းလေးတစ်ခုရှိတယ်….

အဲ့ဒါကိုရေမ၀ပ်အောင် အိမ်နောက်မှာ ဆောက်ပေးမယ်တဲ့ …

ကျုပ်ဘယ်လက်ခံလိမ့်မလဲ…… အိမ်ရာကွက်လား … ကျုပ်အပိုင်မဟုတ်ဘူး

ရွာက ဒီနေရာမှာနေဆိုပြီး နေရာချပေးထားလို့နေနေရတာပါ …..

အရင်ကတော့ အိမ်ရာအပိုင်ရှိတယ်ဗျ … စီးပွားရေး မပြေလည်တော့

ရောင်းစားလိုက်ရတယ်ဗျ … ရွာထဲမှာ ကျုပ်ဘကြီးက ရွာဆော်လေ….

သူ့ကိုကပ်ပြီး အကူအညီတောင်းလို့ ဒီနေရာလေးမှာနေရတာပါ …..

ကြုံလို့ပြောရဦးမယ်.. ကျုပ်ဘကြီး ရွာထဲမှာ လုပ်အားပေး ဒါမှမဟုတ်

အကြောင်းအရာ တစ်ခုခု ပြောစရာရှိရင် ကျုပ်ဘကြီးက တစ်လမ်းဝင်

တစ်လမ်းထွက် အသံကျယ်ကျယ်နဲ့ ရွာသားတွေကြားအောင် အော်ရ

တာလေ… သူအော်ပုံက ဒီလိုဗျ … ရွာဆော်လာတယ် ဘာအော်မလဲ

ဆိုတာ သေချာနားထောင်  ကလေးငိုရင်တိတ် တီဗွီဆိုရင်ပိတ် …..

မကြားမသိမရှိစေရ ….လို့ အစချီပြီ… မနက်ဖြန်နံနက် အဲ့လိုအော်တာဗျို့

ခင်းဗျာတို့ကို ကျုပ်ဆီကိုလာလည်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ… လာလည်

ရင်တော့ ကျုပ်သောက်ဖို့ အရက်နဲ့ အမြည်းတော့ မမေ့ခဲ့စေနဲ့ ဗျာ…

ကျုပ်ဆီလာတဲ့ ဧည့်သည်ကို ကျုပ်ဧည့်ခံချင်ပါတယ်… ဒါပေမယ့်

စီးပွားရေးက အဆင်မပြေဘူးလေ … ရွာထဲမှာလည်း သေတဲ့လူ

မရှိတော့ ခုတစ်လောကျုပ်နေ့ထွက်မကိုက်ဘူးလေ….

ဒါကြောင့် ကျုပ်အရက်မသောက်ရတာ နှစ်ရက်ရှိပြီဗျ …

အရက်မသောက်ရတော့ ခြေတွေလက်တွေတုန်နေတယ်…

ညညဆိုလည်းအိပ်မပျော်ဘူး … ခင်ဗျားတို့ စိတ်ဝင်စားတယ်

ဆိုနောက်မှ ကျုပ်နဲ့ ကျုပ်မိသားစုအကြောင်းထပ်ပြောမယ်…..

About kotun winlatt

ကို ထွန်းဝင်းလတ် has written 132 post in this Website..

ကမ္ဘာကြီးဟာ ပြားပြီး ရွာကြီးတစ်ရွာဆိုရင် ကျနော်ဟာ ရွာနဲ့ခပ်ဝေးဝေးက ဇနပုဒ်သားတစ်ယောက်ပါ......။