ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းအချို့

badbabylay09@gmail.comMay 27, 20101min803

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကဗျာလေး ဖတ်ရတော့ နှစ်သက်မိလွန်းလို့ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ မြန်မာလူမျိုးတို့အတွက် အမှာစာလေး ကို မှတ်စုထဲလှန်လှောပြီး ဖော်ပြခဲ့ပြီးပါပြီ။ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာလွတ်လပ်ရေးအတွက် အချိန်တိုင်း စဉ်းစားလုပ်ကိုင်ခဲ့တယ်ဆိုတာ ယုံမှာ သံသယ ဖြစ်ဖွယ်မရှိခဲ့ပါဖူး။လွတ်လပ်ရေးအတွက် နိုင်ငံရေးသမားဘဝကိုစွန့်ကာ မြန်မာတပ်မတော်ကို အုတ်မြစ်ချ မွေးဖွားပေးခဲ့ပါတယ်။ဒါပေမဲ့ ဦးစောရဲ့ အဆင်မချင် ရူးမိုက်စွာလုပ်ဆောင်ချက်ကတော့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို မကြားဖူး မမြင်ဖူးတဲ့ ကျေးရွာလူမိုက်တွေ လက်ထဲကို သေနက်အပ်ကာ လုပ်ကြံခဲ့လို့ တိုင်းပြည်အတွက် အဖိုးမဖြတ်နို်င်အောင် ဆုံးရူံးခဲ့ရလေသည်။ဗိုလ်ချုပ်အောင်ဆန်းပြောလို့ပြီးတဲ့ စကားတခွန်း ကို အခြားသူတယောက် အစားထိုးပြီး အခါတရာ ပြောလဲ မရနိုင်ပါ။ဗိုလ်ချုပ်ဟာ အမျိုုုးသားခေါင်းဆောင် တစ်ယောက်ဖြစ်သလို လက်ရှိမြန်မာနိုင်ငံကိုမွေးဖွားပေးခဲ့တဲ့ ဖခင်ပါ။ခုတော့ အဖေ ပေးတဲ့ မြေမှာ နေရင်း အဖေအကြောင်းလေးတွေ ရေးရင်း အဖေ့ ကို လွမ်းမိပါတယ်။အခုလဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူသိနည်းတဲ့ မိန့်ခွန်းလေး ကို ကူးယူဖော်ပြလိုက်ပါတယ်။နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်း အကြောင်းပြောလို့ နိုင်ငံရေးသမားလို့ ထင်တက်တဲ့ ခပ်ညံ့ညံ့ လူတွေထဲမှာ ညီကိုတို့ မပါဖူးလို့ ယုံကြည့်ထားပါ့မယ်။ သရက်ချောင်းရွာ မိန့်ခွန်း စစ်ဝန်ကြီးနှင့် စစ်သေနာပတိဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးသည် တိုင်းအမှတ် ရ နယ်မြေဖြစ်သော သရက်ခရိုင်အတွင်းတွင် ဖွင့်လှစ်ထားသည်။ ဗိုလ်ချုပ်သည်အဆိုပါ စစ်ဌာနချုပ်စခန်းမှ နေကာ မြန်မာတပြည်လုံးရှိ ဖတ်စစ်ဂျပန်စစ်ဆင်မှုများ ကို ဦးစီးကွပ်ကဲလျှက်ရှိသည်။မျိုးချစ်မြန်မာ့ တပ်မတော် ပြည်သူတို့ အကူအညီဖြင့် ဖတ်ဆစ်ဂျပန်တို့ ကို တွေ့ရာ သချိင်္ုင်း ဓားမဆိုင်း လိုက်လံတိုက်ခိုက်ခဲ့သည်။ အောင်ပွဲများလဲ တစ်ခုပြီးတစ်ခုရရှိခဲ့သည်။ထိုအတောအတွင်း မဟာမိတ် များ၏ ထိုးစစ်ကလဲ တဖြည်းဖြည်းမြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အောက်ပိုင်းအထိ ထိုးဝင်ရောက်ရှိလာခဲ့သည်။မျိုးချစ်မြန်မာတပ်မတော်နဲ့ အင်္ဂလိပ်တပ်များမှာ ပူုးတွဲစစ်ဆင်ရေးအတွက် နားလည်မှုယူထားပြီးဖြစ်သည်။အဂ်လိပ်တပ်များရောက်ရှိလာခြင်းကို မျိုးချစ်တပ်မတော် အတွင်းရှိ အချို့ အရာရှိများက မိမိတို့ ကိုယ်ရေး ကိုယ်တာ အတွက် ဝမ်းမြောက် စိတ်ကူးယဉ်လာကြသည်။တာဝန်မကြေဖြစ်ကြသည်။မျိုးချစ်တပ်မတော်၏ လုပ်ငန်းစဉ်းများကို မေ့လျှော့လာကြသည်။ ထို့ကြောင့် ၁၉၄၅ ခု၊ မေလ ၁ဝ ရက်နေ့တွင် သရက်ခရိုင်၊ ကံမမြို့ အပိုင်၊ သရက်ချောင်းရွာတွင် တပ်စခန်းချနေသော ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဌာနချုပ်စခန်းရှိ အရာရှိ အကြပ်တပ်သားများကို ညနေ ၅နာရီတွင် တန်းစီစေကာ တော်လှန်ရေးကာလအတွင်း အပြတ်သားဆုံးသော မိန့်ခွန်း ကိုပြောကြားခဲ့ပေသည်။ ………………………………………………………………………….. ရဲဘော်တို့………… ဒီနေ့ရဲဘော်တို့ ကိုဘာလို့တန်းစီးခိုင်းရသလဲဆိုရင် အားလုံးရဲဘော်တွေရော …ဗိုလ်ကြီးတွေ …ဗိုလ်မှုးတွေဆိုတဲ့ ခေါင်းဆောင်ပိုင်းကပါ တာဝန်ယူထမ်းဆောင်ကြတဲ့ နေရာမှာ တော်တော့် ကိုပေါ့ဆဆ လုပ်နေကြတာကို တွေ့ရမြင်ရ ကြားရလို့ဘဲ။ ပွဲဦးထွက် တော်လှန်ရေး အောင်ပွဲလေးတွေ ကိုရခဲ့ပြီး အဲ့ဒိအောင်ပွဲလေးတွေ ဆင်နွှဲခဲ့နိုင်တာလောက်ကို တကယ်အောင်ပွြဲ့ကီးတွေလို့ထင်ပြီးအဲ့ဒိအောင်ပွဲ အပေါ်တွေမှာ မိန်းမောနေတာ တွေ့ရတယ်။ ကို်ယ်ကိုကိုယ် အထင်ကြီးပြီး ဘဝင်မြင့်နေတာ တွေ့ရတယ်။ရဲဘော်တို့ ……… ဒီလိုမိန်းမောနေရင် အမှားကြီးမှားမယ်လို့ တိတိကျကျပြောရဲတယ်။ တချို့ကလဲ ဒီတော်လှန်ရေးပြီးရင် ‘ ပြီးပြီး ‘ လို့ထင်တဲ့ လူတွေက ထင်ကြသေးတယ်။ဒါတင်မကဘူး။ အင်္ဂလိပ်စစ်တပ်တို့ ၊ အင်္ဂလိပ်အုပ်ချုပ်ရေးတို့ လာရင် ဗိုလ်တွေက ဗိုလ်ကြိီး၊ ဗိုလ်ကြီးတွေက ဗိုလ်မှုး၊ ဗိုလ်မှုးတွေက ဗိုလ်မှုးကြီးတွေဖြစ်ပြီး ၊ရာထူးတွေ အဆင့်အတန်းတွေ တိုုးလားတော့မယ် ထင်ပြီးတယောက်နဲ့တယောက် ခြေရာတိုင်းနေကြတယ်။ဒါတွေ ကိုကျုပ်သိတာ အတော်ကြာပြီ၊ဒါပေမဲ့ ကျုပ်မပြောချင်သေးလို့ မသိဟန်ဆောင်နေခဲ့တယ်။စောင့် ကြည့်ကြသေးတာပေ့ါ။ ရဲဘော်တို့ထင်သလို အရင်္ဂလိပ်လာရင် ရာထူးပဲတိုးကြမလား၊ သေနက်မောင်းပဲ ထပ်ချိုးကြရမလားဆိုတာ ဟိုအခါကျတော့ သိကြပါလိမ့်မယ်။ ဘယ်လောက်အထိတာဝန်မဲ့လုပ်နေကြသလဲဆိုရင် ဗိုလ်ဇေယျကိုကြည့်ှ၊ ကျုပ်က တာဝန်နဲ့ လွတ်လိုက်တယ်။ ခုအထိပြန်မလာသေးဖူး။သူ့မယားရှိတဲ့ ဆားတွင်းတက်သွားတယ်လို့ ကြားရတယ်။ အဲ့ဒါသာကြည့်တော့။ ဟိုတနေ့ကလဲ ဗိုလ်ဝင်းတယောက်ဟာ ရဲဘော် သုံးယောက်နဲ့ အမဲပစ်ထွက်တယ်။ သူတို့တွေဟာ ပျော်ပွဲစားထွက်လာတယ်လို့များ ထင်နေကြလား မသိဖူး။အဲ့ဒါလောက်ထိအောင် ရဲဘော်တွေဟာ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ပေါ့ပေါ့ဆဆ ဖြစ်လာတာတွေ့ရတယ်။ရန်သူကို အထင်မကြီးသော်လဲ အထင်မသေးသင့်ဖူး ဆိုတာ အစဉ် သတိချပ်စေချင်တယ်။အင်္ဂလိပ်အုပ်ချုပ်ရေးကိုမြော်ပြီး အတွေးလွန်မနေကြနဲ့။ နားအလယ် အလွယ်ဆုံးပြောလိုက်မယ် ”””’ အခုဂျပန်က ကျုပ်တို့တွေနဲ့ တိုင်းရင်းသား အားလုံးကို (…….) သွားပေမဲ့ ဆီဆွတ်လို့ တော်သေးတယ်။ အင်္ဂလိပ်လာယင် ဆီမဆွတ်ဘဲ (……) လိ်မ့်မယ် ”””” ဒါဘဲ ကျုပ်ပြောခဲ့မယ်။ ။

မှတ်ချက်။       ။

အိမ်လွမ်းသူမှာကူယူတင်ပြခြင်း

3 comments

  • kolay

    May 27, 2010 at 1:18 pm

    ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျား ထက်ဆိုး ဆိုတဲ့ ဆောင်ပုဒ် ကမြန်မာ တွေ အဖို့ ရိုးနေပါပြီ
    ဗြိတိသျှ ခေတ်မှ စ၍ ယနေ့ထိ ပါ။
    အခု လဲ ဘယ်ပါတီ နိုင်လို့ ဘာဆက် ဖြစ်မလဲ မသိ ပါ
    ကိုယ်ကိုတိုင် ကျားကို ရင်မဆိုင်နိုင် သ၍ ရှင်ကြီး ကိုးဘို့ စဉ်းစား ဘို့မလို။
    သူခိုး ကြောက်လို့ အကူတောင်းမှ ဓားမြ နဲ့ တွေ့နေမှာစိုးပါတယ်။
    Chicken in the Basket…..I, We, You , all are one of them……Suppressed by Regime

  • Scott

    July 28, 2010 at 6:18 pm

    အရမ်းကိုအဖိုးထိုက်တန်တဲ့ စကား များပါပဲ…..

  • မန်း ရိပ်

    August 20, 2010 at 1:20 pm

    အခုခေတ်ကလေးတွေကို ဖတ်စေချင်တယ်ဗျာ
    ဗိုလ်ချုပ်အောင်ဆန်းနဲ့နိုင်ငံခေါင်ဆောင်ကြီးတွေ ဘယ်လို ကျိုးပမ်းခဲ့ပြီးမှ လွတ်လပ်ရေးရခဲ့တယ်ဆိုတာ အခုတော့ဗျာ…….။

Leave a Reply