သင်္ချာနဲ့လောဂျစ်

introMay 26, 20101min631

တစ်ခါက သင်္ချာလို့ခေါ်တဲ့ မယ်သီလရှင်နဲ့ လောဂျစ် (Logic) လို့ခေါ်တဲ့
မယ်သီလရှင်တို့ရှိကြတယ်။မယ်သီ

လရှင်နှစ်ဦးဟာ ညကြီးမိုးချုပ်ညတစ်ညမှာ
အဝေးတစ်နေရာကနေ ကျောင်းကိုပြန်ခဲ့ကြတယ်။

သချင်္ာ း နင့်သတိထားမိလား? ငါတို့နောက်မှာ လူတစ်ယောက်လိုက်နေတာ ၃၈မိနစ်နဲ့
စက္ကန့် ၃ဝရှိပြီ။ သူဘာလုပ်ချင်တာလဲ မသိဘူး?

လောဂျစ် း ဒါယုတ္တိတန်တယ်။ ငါတို့ကို စော်ကားချင်လို့ဖြစ်မယ်။

သင်္ချာ း ဘုရားသခင်ရေ! ဒီလိုခြေလှမ်းမျိုးနဲ့ဆို (၁၅)မိနစ်အတွင်း
ငါတို့ကို သူမီလိမ့်မယ်။ ဘယ်လိုလုပ်ရမလဲ?

လောဂျစ် း ယုတ္တိတန်အောင် ငါတို့မြန်မြန်လျှောက်ရအောင်..

သင်္ချာ း မရတော့ဘူးထင်တယ်။

လောဂျစ် း အင်း.. မရတော့ဘူး။ အဲဒီလူက ယုတ္တိရှိရှိ မြန်သထက်မြန်လာခဲ့ပြီ။

သင်္ချာ း ငါတို့ဘယ်လိုလုပ်ကြမလဲ? ဒီလိုခြေလှမ်းမျိုးနဲ့ဆို တစ်မိနစ်အတွင်း
ငါတို့ကို သူမီနိုင်တယ်။

လောဂျစ် း တစ်ခုတည်းသော ယုတ္တိတန်တဲ့နည်းက ငါတို့လမ်းခွဲပြီး
ပြေးကြဖို့ပဲ။ နင်ဟိုဖက်ကသွား၊ ငါဒီဖက်ကသွားမယ်။ နှစ်ယောက်လုံးကို
သူဖမ်းမှာတော့ မဟုတ်ဘူး။

ဒီလိုနဲ့ မင်္သကာစရာယောက်ျားက လောဂျစ်နောက် ဆက်လိုက်သွားခဲ့တယ်။
သင်္ချာကကျောင်းကို ချောချောမောမော ရောက်သွားခဲ့ပေမယ့် လောဂျစ်ကို
စိတ်ပူနေခဲ့တယ်။ ခဏကြာတော့ ကျောင်းပေါက်ဝကို လောဂျစ်ရောက်လာခဲ့တယ်။

သင်္ချာ း အိုး.. ဘုရားသခင် ကျေးဇူးတင်လိုက်တာ နင်ပြန်လာပြီ!
ဘာတွေဖြစ်ခဲ့လဲ ငါ့ကို မြန်မြန်ပြောပါဦး!

လောဂျစ် း အင်း… နှစ်ယောက်လုံးနောက် သူမလိုက်နိုင်တော့ ငါ့နောက်ကို
ယုတ္တိရှိရှိ သူလိုက်ခဲ့တယ်။

သင်္ချာ း အဲဒီနောက် ဘာဖြစ်လဲ!

လောဂျစ် း ယုတိ္တရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ အားကုန်ပြေးတယ်။
သူအားကုန်လိုက်တယ်။

သင်္ချာ း ပြီးတော့ရော?

လောဂျစ် း ယုတိ္တရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ခဲ့တယ်။ ငါ့ကို သူဖမ်းမိသွားတယ်။

သင်္ချာ း ဘုရားသခင်! နင့်ကို သူဘာလုပ်လိုက်လဲ?

လောဂျစ် း ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုက ငါ ဂါဝန် မ,လိုက်တယ်။

သင်္ချာ း ဘုရား.. ဘုရား.. အဲဒီလူရော!

လောဂျစ် း သူလဲ ယုတ္တိရှိတဲ့ လုပ်ရပ်တစ်ခုလုပ်လိုက်တယ်။ သူ သူ့ဘောင်းဘီကိုဆွဲချတယ်။

သင်္ချာ း ဘုရား.. ဘုရား.. အဲဒီနောက်?

လောဂျစ် း အဲဒီနောက်…. ဂါဝန်မ,ထားတဲ့ သီလရှင်တစ်ယောက်က
ဘောင်းဘီဆွဲချထားတဲ့ ယောက်ျားတစ်ယောက်ထက် ပိုအပြေးမြန်ခဲ့တယ်လေ။ ကဲ
ယုတ္တိမတန်ဘူးလား! ခုနားက နင် လျှောက်တွေးနေတယ် မဟုတ်လား! “အာမင်” လို့
မြန်မြန်ရွတ်လိုက်…

P.S: ကြာတော့ ကြာပါပြီ… Mail အဟောင်းတွေ သိမ်းရင်းနဲ့ ပြန်တင်ပေးလိုက်တာပါ…

One comment

  • myominkhine

    May 26, 2010 at 3:00 pm

    ကြိ ုက်တယ်
    ဟောင်းပေမယ့်လည်း ကောင်းနေဆဲဆိုတာဒါပေါ့

Leave a Reply