*** အွန်လိုင်း ပေါ်က ဗုဒ္ဓဘာသာဝင်တစ်ချို ့ ဆင်ခြင်ဖို ့***

ချမ်းချမ်း အင်တာနက် သုံးတာ နှစ်နှစ်နီးပါး ကာလအတွင်းမှာ ဖတ်ခဲ့သမျှ  Post   တွေ Comment တွေ နဲ ့ပက်သက်ပြီး ရင်ထဲရှိတာ ဝေဖန်ဆွေးနွေးချင်တဲ့အကြောင်းလေးပါ။
လူတစ်ကိုယ် စိတ်တစ်မျိုးမို ့ခံယူချက်တွေ၊ ထင်မြင်ချက်တွေ ခံစားချက်တွေ တူချင်မှလည်း တူလိမ့်မယ်။ အခုရေးတဲ့ပိုစ့်ဟာ
အွန်လိုင်းပေါ်မှာ တွေ ့ခဲ့ရတဲ့ အဆဲသန်တဲ့ တစ်ချို ့သောဗုဒ္ဓဘာသာဝင် သူငယ်ချင်း တွေကို ချမ်းချမ်းသိထားတာတွေကို ပြန်လည်မျှဝေတဲ့သဘောပါ။
အမှားပါရင်တော့ ခွင့်လွှတ်ပေးပါလို ့ ကြိုတောင်းပန်ပါတယ်။
စာပေလောကမှာ ပုံနှိပ်တိုက် ထောင်ပြီး  အကျိုးအမြတ်အတွက် စာအုပ်တွေထုတ်ဝေနေတဲ့စီးပွါးရေးသမားတွေ၊ အချစ်ဝတ္ထုတွေ၊ရေးရင်းနာမည်ကြီးပြီးချမ်းသာ
သွားကြတဲ့ စာရေးဆရာမတွေ ရဲ ့ဘဝ နဲ ့စာရင် ချမ်းချမ်းတော့ အင်တာနက်ပေါ်က Site ပိုင်ရှင်များနဲ ့စေတနာရှင် စာရေးတဲ့သံဃာတော်များ
၊ဘလောဒ့်ဂါများနဲ ့ပိုစ့်ရေးကြတဲ့သူများအားလုံးကို အရမ်းလေးစားအားကျမိတယ်။ ဘာလို ့လဲဆိုတော့ အင်တာနက်ပေါ်မှာဖတ်ခဲ့ရတဲ့ စာတွေအားလုံးဟာ
စိတ်ကူးယဉ်အချစ်ဇာတ်လမ်း.တွေမဟုတ်ပဲ ဘဝအမြင်၊လောကအမြင်နဲ ့ကိုယ်သိသမှ ခံစားမိသမျှ ပြန်လည်မျှဝေပေးတဲ့ ရသစာတွေ ဖတ်ရလို ့ပါပဲ။
အင်တာနက်ပေါ်က ဆိုဒ်ပိုင်ရှင်တွေဟာပိုက်ဆံအကုန်ခံပြီး  Site တွေ  BlogSpot ဝယ် ပြီးကိုယ်ကျိုးစီးပွါးအတွက် မဟုတ်ပဲ စေတနာသက်သက်နဲ ့
စီးပွါးရေး၊လူမှုရေး၊ဘာသာရေး၊ဘဝအမြင်တွေ ဆောင်ရန် ရှောင်ရန်ဗဟုသုတစာပေ တော်တော်များများ ကို မျှဝေပေးနေသလို Blogger များနဲ ့  Site တွေမှာ Post တင်တဲ့
သူတော်တော် များများဟာ လူငယ်တွေ အသိအလိမ်မာရှိဖို ့၊အတွေးအခေါ်တွေရင့်ကျက်ဖို ့၊ငွေရဖို ့အတွက်မဟုတ်ပဲ အချိန်အကုန်ခံပြီး  ဝါသနာအရ စာပေတွေမျှဝေပေးတာဟာ
ပညာဒါန ပြုနေကြတာပါ။ ၃၈ ဖြာမင်္ဂလာတရားထဲမှာ အသိပညာ ဗဟုသုတ နဲ ့ပြည့်စုံတာလည်းမင်္ဂလာတစ်ပါး လို ဗုဒ္ဓဘုရားရှင်ဟောထားပါတယ်။

အပြင်က ဆောင်းပါးတစ်ပုဒ်နဲ ့ အင်တာနက်ပေါ်က ဆောင်းပါးတစ်ပုဒ် ယှဉ်ကြည့်ရအောင်။
စာဖတ်တဲ့သူတွေအနေနဲ ့အပြင်က ဆောင်းပါးတစ်ပုဒ်ကို မနှစ်သက်ဘူး ဆိုရင် မူရင်းရေးတဲ့သူ
ကိုတိုက်ရိုက်ဝေဖန်စာရေးလို ့မရဘူး။ အဲ့ဒီစာရေးဆရာကိုမကျေနပ်ရင်လဲ တိုက်ရိုက် ဆဲလို ့မရဘူး။ ကိုယ့်အတွေးကိုယ့်ခံယူချက်နဲ ့မကိုက်လို ့ပြိုင်ပြီးငြင်းလို ့လဲမရဘူး။
ဒါ့ကြောင့် အပြင်က စာရေးတဲ့သူတွေဟာ စာတစ်ပုဒ်ရေးတိုင်းသူတို ့အတွက်ထိုက်တန်တဲ ့
ပိုက်ဆံကရပြီးသားပဲ၊ မကြိုက်တဲ့သူမဖတ်နဲ ့ကြိုက်တဲ့သူဖတ်။ တိုက်ရိုက်ဝေဖန်ဆဲဆိုတာမခံရတော့ နားပူသက်သာတယ်။ အင်တာနက်ပေါ်က ပိုစ့်ရေးကြတဲ့ သူတော်တော်များများကတော့
ပိုက်ဆံရဖို ့ပိုစ့်ရေးနေကြတာမဟုတ်ပါဘူး၊ တစ်ကယ်လို ့ကိုယ်ရေးလိုက်တဲ့ပို်စ့်ဟာ ဖတ်တဲ့သူရဲ ့စိတ်နဲ ့မကိုက်ရင်လဲ အပြစ်တင်ခံရတယ်။

Post တိုင်းမှာ ဖတ်တဲ့သူအတွက် Comment  ရေးဖို ့အခွင့်အရေးရှိပါတယ်။Comment ဆိုတာကလည်း စာရေးတဲ့သူနဲ ့စာဖတ်တဲ့သူ ကြားက အတွေးအမြင်
တွေဖလှယ်တဲ့သဘော။အားပေးတဲ့သဘော ဝေဖန်ဆွေးနွေးတဲ့ သဘောလောက်ပဲ ရှိသင့်ပါတယ်။ ကိုယ်ထင်မြင်ရာ တစ်ဖက်သတ် ရမ်းပြီး
လူမျိုးခြား   နဲ ့တစ်ခြားသောဘာသာဝင်တွေကိုရိုင်းရိုင်းစိုင်းစိုင်းဆဲဖို ့တော့ လုံးဝ မဖြစ်သင့်ပါဘူး။
အထူးသဖြင့် နိုင်ငံရေး ဘာသာရေးနဲ ့ပက်သက်တဲ့ Comment  ပြဿနာတွေ မန်ဘာအချင်းချင်းအဆင်မပြေတာတွေ
တော်တော်များများ  အွန်လိုင်းပေါ်မှာ တွေ ့နေရပါတယ်။

လွန်ခဲ့တဲ့ ရ လကျော်လောက်တုန်းက
facebook မှာ အမေစုနာမည်နဲ ့အကောင့်ဖွင့်ပြီး အမေ နဲ ့စုNLD အဖွဲ ့ဝင်တွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲထားတဲ့ သူတစ်ယောက် တွေ ့လိုက်ရတယ်။
အမေစုကိုလည်း မိန်းမပျက်တစ်ယောက်လို သတ်မှတ်ပြီး ဆဲနည်းပေါင်းစုံနဲ ့ဆဲထားလိုက်တာ တော်တော်လေးကြောက်စရာကောင်းတယ်။
ချမ်းချမ်းဘဝ မှာ အဲဒီလောက် အောက်တန်းကျတဲ့သူ တစ်ခါမှမတွေ ့ဖူးဘူး၊ရိုင်းစိုင်းပါတယ်ဆိုတဲ့ငါးစိမ်းသည်ထက်  အဆပေါင်းများစွာ ယုတ်ညံ့တဲ့ စကားလုံတွေနဲ ့ဆဲထားတာလည်း
မိုးမွှန်နေတာပဲ။အဲ့ဒီဆဲတဲ့ သူဟာ လူ လာဖြစ်ပေမယ့် လူတစ်ယောက်လို စဉ်းစားဆင်ခြင်နိုင်တဲ့အသိညဏ် ရှိမယ့်ပုံမပေါ်ဘူး။
အမေကိုစု ဆဲလိုက်လို ့အမေဆုရဲ ့ဂုဏ်သိက္ခာ ကျမသွားဘူး၊ အမေစုငရဲမကျသွားဘူး၊ အမေဆုဘာမှဖြစ်မသွားဘူး၊ကိုယ်တိုင်ပဲ အကုသိုလ်ဖြစ်တယ်၊ကိုယ်တိုင်ပဲငရဲကျတယ်။
ပြီးတော့ ဖတ်လိုက်ရတဲ့ တခြားသူလဲ စိတ်ရှုပ်ရ၊ဒေါသထွက်ရတယ်။
မေတ္တာရှင် (ရွှေပြည်သာ) အရှင်ဇဝန ရဲ ့**ဘဝနဲ ့ရင်းရသော အတွေးအမြင်များ**စာအုပ်ထဲမှာ
လူသားတိုင်းကြုံရမယ့် ဘေးနှစ်မျိုးရှိပါတယ်။အဲ့ဒါကတော့

(၁) ပရာနုဝါဒဘေး
(၂) အတ္တာနုဝါဒဘေး

(၁) ပရာနုဝါဒဘေး….ဆိုတာ သူတစ်ပါးက ကဲ့ရဲ ့အပုတ်ချ စွပ်စွဲခံရတဲ့ဘေးပါ။အဲ့ဒီဘေးကို လူတိုင်းကြုံဖူးကြပါလိမ့်မယ်။ ဘုရား၊ရဟန္တာ တွေတောင်မှ မလွတ်ပါဘူး၊
အဲ့ဒီဘေးမှာ ကိုယ်က အမှန်တစ်ကယ်အပြစ်ကင်းနေရင် သီလ လုံခြုံနေရင် ကိုယ့်ကို ငရဲကျအောင် မပို ့ပေးနိုင်ဘူး။ ကိုယ့်ကိုယ် ဆဲတဲ့သူပဲ ငရဲကျပါတယ်။
တစ်ကယ်လို ့အဆဲခံလိုက်ရတဲ့ ပုဂ္ဂိုလ်ဟာ သီလ လုံခြုံနေရင် တစ်ကယ် သူတော်ကောင်းဖြစ်နေရင် ဆဲလိုက်တဲ့သူဟာ ဘဝမကူးပါဘူး၊ဒီဘဝမှာပဲ ဘေးဆိုးကြုံရပါတယ်။
အသေဆိုးနဲ ့သေရပါတယ်။ ဘုရားကိုစွပ်စွဲပုတ်ခတ်စော်ကားခဲ့တဲ့ စိဉ္စမာန မိန်းမဟာ ချက်ချင်းမြေမြိုခံရသလို သုန္ဒရီ ဟာလည်းအသေဆိုးနဲ ့သေခဲ့ရပါတယ်။

(၂) အတ္တာနုဝါဒဘေး…ဆိုတာက ကိုယ့်ကိုယ် ကိုယ် ပြန်လည်အပြစ်တင်ကဲ့ရဲ ့တဲ့ ဘေးပါ။ အဲ့ဒီဘေးကတော့ သူတစ်ပါးမစွပ်စွဲပေမယ့် ကိုယ့်လုပ်
ခဲ့တဲ့ အကုသိုလ်ကို  သူများမသိပေမယ့် ကိုယ်ပဲသိလို ့ ကိုယ်တိုင်ငရဲကျနိုင်တဲ့ဘေးပါ။ အပြင်ပန်းသူတစ်ပါးအထင်ကြီးအောင် ချီးမွမ်းအောင် နေပြီး
ကိုယ်တိုင်က လူမသိ သူမသိ မဟုတ်တာတွေ အကုသိုလ်တွေလုပ်နေရင်တော့ အဲ့ဒီဘေးဟာ ငရဲကလည်းမလွတ်နိုင်ပါဘူး။
အခု..အမေဆုကို ပုတ်ခတ်စော်ကားတဲ့သူဟာ အမေဆုသာ တစ်ကယ် သီလနဲ ့ပြည့်စုံနေရင် တစ်ကယ် ပြည်သူအတွက် အနစ်နာခံ တယ်ဆိုရင် ဆဲတဲ့သူပဲ
အပြစ်ပိုကြီးပါတယ်။ အမေဆုရဲ ့ကိုယ်ကျင့်တရားတွေ စိတ်ဓါတ်တွေ အောက်တန်းကျမသွားဘူး။

မြတ်စွာဘုရား ရှင်ကိုယ်တိုင် တရားနာပရိတ်တွေ ရှေ ့မှာပုတ်ခတ်ဆဲဆိုတာ ခံရဖူးပါတယ်။အဲ့ဒီအခါ ဘုရားရှင်က ဆဲတဲ့သူကို လက်ဆောင်တစ်ခုနဲ ့ဥပမာပေးပါတယ်။
***အကယ်၍ ငါဘုရားကို သင်ကလက်ဆောင် တစ်ခု ပစ္စည်းတစ်ခု လာပေးတဲ့အခါ ငါဘုရားက လက်မခံရင် အဲ့ဒီလက်ဆောင်ဟာ မူလပိုင်ရှင်ဖြစ်တဲ့ သင့်
လက်ထဲပဲပြန်ရောက်သွားလိမ့်မယ်။
အခုလဲ ငါဘုရား ကိုလာဆဲတဲ့အခါ ငါဘုရားက လက်မခံဘူး၊ဒေါသမဖြစ်ဘူး၊ပြန်မဆဲဘူး ဆိုရင် အဲ့ဒီအကုသိုလ်ဟာ မူလ ဆဲတဲ့သူကိုပဲ ပြန်အကျိုးပေးလိမ့်မယ်တဲ့”။
.**ဝစီဗေဒ ထိထိုင်းရှ*** ဆိုပြီး  မြန်မာစကားပုံလဲ ရှိတယ်လေ။ဒါ့ကြောင့် အရေမရ အဖတ်မရ ရိုင်းရိုင်းစိုင်းစိုင်းဆဲတာ ရှောင်ကြပါ။

တစ်ခါတစ်လေ တစ်ချို ့ပိုစ့်တွေမှာ ဗုဒ္ဓဘာသာဝင် မြန်မာတွေက ဘာသာခြားလူမျိုးခြားတွေကို ”အမျိုးယုတ်တွေ ကိုမုန်းတယ် အဲ့ဒီကုလားမျိုးတွေ ကမ္ဘာမြေပေါ်က နေပျောက်သွားပါစေ”
.“ ကုလားတွေဆို ရွံတယ် တဲ့”  အဲ့ဒီလို Comment မျိုးတွေ   တစ်ချို ့ဆိုဒ်တော်တော်များများမှာ ခဏခဏ တွေ ့ဘူးတယ်။
အဲ့ဒီComment တွေမြင်ရတိုင်း ဗုဒ္ဓသာသနာတော်အတွက် စိတ်မကောင်းဖြစ်မိပါတယ်။
ဆိုဒ်တိုင်းမှာ ဖောင်ဒါတွေနဲ ့အက်ဒ်မင်တွေကိုယ်တိုင် နိုင်ငံရေး၊ဘာသာရေးနဲ ့ပက်သက်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတာ တားမြစ်ထားပါတယ်။
တစ်ချို ့က ငါ့ပါးစပ်နဲ ့ငါဆဲတာ ငါ့အကုသိုလ် ငါရှာတာ သူများကို ငရဲပေးတာမဟုတ်ဘူးလို ့ဆင်ခြေပေးချင်တဲ့သူတွေ ရှိပါလိမ့်မယ်။
ဗုဒ္ဓဘာသာမှာ ကိုယ်ဖြစ်ကိုယ်ခံ ဆိုတော့ ကိုယ်စိတ်ထင်ရာ လုပ်လို ့သူတစ်ပါးကို မထိခိုက်ဘူး ထင်ပါလိမ့်မယ်။
သူတစ်ပါးကို မထိခိုက်ပေမယ့် ကိုယ့်လုပ်ရပ်ကြောင့်  ကိုယ့်ရဲ ့အမျိုး ၊ဘာသာ ၊သာသနာကို ထိခိုက်နေတာ သတိပြုမိကြဘူး။
ဗုဒ္ဓဘာသာဝင်တွေအတွက်မှတ်သားစရာ မြတ်စွာဘုရားရဲ ့အဆုံးအမ လေးတစ်ခုရှိပါတယ်။
သားတော် ရာဟုလာ သာသနာ့ဘောင်ထဲစဝင်တော့ အသက်က ရ နှစ်သားလောက်ပဲ ရှိတာမို ့တခြား သောရဟန်းတွေလို ဝိနည်းတွေ သိက္ခာပုဒ်တွေ ထိန်းရအောင်
အသိညဏ်က ကလေးသာသာ ရှိသေးလို ့ မရင့်ကျက်သေးတော့ ဘုရားရှင်က စကားသုံးခွန်း နဲ ့ပထမဦးဆုံး  လိုက်နာဆင်ခြင်ဖို ့ဆုံးမပါတယ်။

***ချစ်သား ရာဟုလာ ကာယကံ(ကိုယ်အမူအရာ) နဲ ့ပြုလုပ်မယ့် အလုပ်တစ်ခု လုပ်မယ်ဆိုရင် မလုပ်ခင် အရင်စဉ်းစားပါ။ဆိုလိုတာက (အရင်ဆုံးသတိထားပါ)။ ငါ့အတွက် ဒါမှမဟုတ်
သူတစ်ပါး
အတွက် ထိခိုက်နစ်နာမယ်ဆိုရင် အဲ့ဒီအလုပ်ကိုမလုပ်ပါနဲ ့။တစ်ကယ်လို ့အရင်မစဉ်းစားမိဘဲနဲ ့လုပ်မိသွားတယ်ဆိုရင်တောင် လုပ်နေတုန်းမှာ စဉ်းစားပါ။(သတိထားပါ၊)
ငါသူတစ်ပါး ထိခိုက်နစ်နာ နိုင်မယ် ဆိုရင် ဆက်မလုပ်ပါနဲ ့ချက်ချင်းရပ်ပစ်ပါ။ တစ်ကယ်လို ့လုပ်နေတုန်းမှာ သတိမထားမိလို ့လုပ်ပြီးသွားခဲ့ရင်တောင် ငါလုပ်ခဲ့တာဟာ ငါ့အတွက်
ဒါမှမဟုတ်သူတစ်ပါးအတွက် ထိခိုက်နစ်နာသွားသလားဆိုတာကို ပြန်စဉ်းစားပါ။တစ်ကယ်လို ့ငါ့ အတွက် သူတစ်ပါး အတွက် ထိခိုက်သွားတယ်ဆိုရင် နောက် ဘယ်တော့မှ
ထပ်မလုပ်မိပါစေနဲ ့။

ဝစီကံ (နှုတ်အမူအရာ) နဲ ့ပြောဆိုမယ့်စကားတစ်ခွန်းကိုလည်း မပြောခင်မှာ အရင်စဉ်းစားပါ။ငါ့ အတွက် သူတစ်ပါး အတွက်ထိခိုက်နစ်နာ နိုင်မယ်ဆိုရင် မပြောမိပါစေနဲ ့။
တစ်ကယ်လို ့
မစဉ်းစားမိဘဲပြောမိသွားခဲ့ရင်တောင် ပြောနေတုန်းမှာ သတိထားပါ။ငါ့အတွက် သူတစ်ပါး အတွက် ထိခိုက်နိုင်မယ် ဆိုရင် ဆက်မပြောပါနဲ ့ချက်ချင်းရပ်လိုက်ပါ။
တစ်ကယ်လို ့သတိမထားမိဘဲ ပြောပြီးသွားခဲ့ရင်တောင် ပြန်စဉ်းစားပါ။ငါ့ အတွက် သူတစ်ပါးအတွက် ထိခိုက်နစ်နာသွားတယ်ဆိုရင် နောက်အဲ့ဒီစကားကိုဘယ်တော့မှ
ထပ်မပြောမိပါစေနဲ ့။

မနောကံ( စိတ်အမူအရာ )နဲ ့ စဉ်းစားကြံစည်မယ့်အရာကိုလည်း  မစဉ်းစားခင်  မကြံစည်ခင် သတိထားပါ။ငါ့အတွက် သူတစ်ပါးအတွက် ထိခိုက်နစ်နာမယ့် အတွေးမျိုး
စိတ်မျိုးဆိုရင် မတွေးမိ
မကြံမိအောင် အရင်စဉ်းစားပါ။တစ်ကယ်လိ ု ့တွေးမိသွားတယ်ဆိုရင်တောင်  သတိထားပါ၊ ငါ့အတွက် သူတစ်ပါးအတွက် ထိခိုက်နစ်နာနိုင်တယ်ဆိုရင်
ဆက်မတွေးပဲချက်ချင်းအတွေးကိုရပ်ပစ်လိုက်ပါ။
တစ်ကယ်လို ့တွေး မိပြီးသွားပြီဆိုရင်တောင် ပြန်စဉ်းစားပါ။ငါ့အတွက် သူတစ်ပါးအတွက် ထိခိုက်နစ်နာသွားတယ်ဆိုရင် နောက်ဘယ်တော့မှ အဲ့ဒီအတွေးကိုထပ်မတွေးမိပါစေနဲ ့***

ဒါက  ရ နှစ်သားအရွယ် ကလေးလေးတစ်ယောက်  လိုက်နာကျင့်ကြံရမယ့် ဘုရားကပေးတဲ့ ရိုးရှင်းတဲ့အဆုံးအမနည်းလေးပါ။ အခု တစ်ချို ့ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင်
တခြားသော လူမျိုးခြား၊ဘာသာခြားတွေကို ဆဲဆိုလိုက်တာဟာ  ဝစီကံ နဲ ့မနောကံ  ပြစ်မှုကိုကျုးလွန်တာပဲ။
လူကိုယ်တိုင်ဆဲမရလို ့စာနဲ ့ရိုင်းရိုင်းစိုင်းစိုင်းသုံးနှုန်းပြီးရေးထားတာလဲ ဝစီကံ နဲ ့မနောကံထိုက်တာပါပဲ။
မဆဲခင်မှာ ငါဆဲလိုက်ရင်  ငါ့အတွက် ငါ့ဘာသာအတွက် အကျိုးရှိလား၊မရှိဘူးလားဆိုတာ သေချာပြန်တွေးပါ။
ရပ်ကွက်ထဲမှာ အဆဲသန်တဲ့ ကလေးတွေကို လူတွေက  မိမဆုံးမ၊ဖမဆုံးမ မို ့လို ့ဒီလောက်ရိုင်းနေတာလို ့ ပြောကြတာ ကြားဖူးပါလိမ့်မယ်။
အခုလဲ…
ကိုယ့်စိတ်ထားက ညံ့လို ့ ဘာသာခြား၊လူမျိုးခြား တွေကိုရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုတာဟာ  ကိုယ်ကိုးကွယ်တဲ့ ဘာသာက မဆုံးမရာ ရောက်လို ့  ကိုယ့်ဘာသာကို
တခြားဘာသာဝင်တွေက အထင်သေးပါတယ်။
ပြီးတော့  ကိုယ်ယုံကြည်နေတဲ့ ကိုယ့်ဗုဒ္ဓဘုရား နဲ ့ကိုယ် ကိုးကွယ်တဲ့သာသနာရဲ ့ဂုဏ်ကို ညှိုးနွမ်းအောင်လုပ်တာနဲ ့အတူတူပါပဲ။

***သူ ့ဂုဏ် နှိမ့် ရင် ကိုယ့်ဂုဏ် နိမ့်တယ်***လို ့ ဆရာတော်တစ်ပါးက ဆုံးမခဲ့ဖူးပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအတွက်  ဘာသာခြား ၊လူမျိုးခြားတွေကို  ဆဲဆိုဖို ့  မုန်းတီးဖို ့ဗုဒ္ဓမြတ်စွာဘုရားကလည်း သင်ခဲ့ဖူးပါသလား။
သာသနာပြုနေကြတဲ ့ဆရာတော်များ ကိုယ်တိုင် ဘာသာခြား လူမျိုးခြားတွေကို ရိုင်းရိုင်းစိုင်းစိုင်းဆဲပြီးမှ သာသနာပြုခဲ့ပါသလား။
သင်သာ ထေရဝါဒဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်ပြီး ဘုရားကို ရိုသေရင်တယ်ဆိုရင် သေချာပြန်စဉ်းစားသင့်ပါ။

ဝေဖန်တာ နဲ ့ဆဲဆိုတာကို  နားလည်သလို ပြောရရင်   လူမျိုးတစ်စု၊ဘာသာတရားတစ်ခုကို  လူသားတိုင်း ဝေဖန်ဆန်းစစ်လေ့လာခွင့် ရှိပါတယ်။ဗုဒ္ဓသာသနာ(ဗုဒ္ဓရဲ ့အဆုံးအမတရား)
သစ္စာလေးပါတရားကို  မှန် မမှန် ယုတ္တိရှိမရှိ တစ်ကမ္ဘာလုံးက ဝေဖန်ဆန်းစစ်ခွင့်ရှိသလို ။ခရစ်ယာန်သာသနာ ၊အစ္စလာမ် သာသနာ တို ့
ရဲ ့ဟောပြောချက် ဆုံးမချက် ကိုလည်း ဘာသာဝင်အားလုံးက
ဝေဖန်ဆန်းစစ်လေ့လာခွင့် ရှိပါတယ်။ဒါပေမယ့် အမျိုး၊ဘာသာ၊သာသနာနဲ ့ပက်သက်လာရင်ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုဖို ့တော့ လုံးဝမဖြစ်သင့်ပါဘူး။
ဘာသာခြား၊လူမျိုးခြားကို မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တစ်ယောက်က ဆဲဆိုဖို ့မသင့်သလို၊ဘာသာခြား လူမျိုးခြားကလည်း မြန်မာလူမျိုး၊ဗုဒ္ဓဘာသာကို ဆဲဆိုဖို ့မသင့်ပါဘူး။
ဘာလို ့လည်းဆိုတော့ ဒါဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းမှာရှိသင့်တဲ့ လူ ့ယဉ်ကျေးမှုတစ်ခုပါပဲ။
တစ်ချို ့ဗုဒ္ဓဘာသာဝင်တွေထဲက လူမျိုးခြား ဘာသာခြားတွေကို အလိုလိုနေရင်းမုန်းတယ်၊ရွံတယ်ဆိုတဲ့သူတွေ ကို တစ်ခုမေးချင်ပါတယ်။
ဘာဖြစ်လို ့ မုန်းရတာလဲ။ရွံတယ် ဆိုရင်ရော ဘာကြောင့်ရွံရတာလဲ ။ကိုယ့်ကိုယ်ကို သေချာပြန်မေးကြည့်ပါဦး။
သူတစ်ပါးကို အမျိုးယုတ်တွေလို ့ဆဲလိုက်တိုင်း ကိုယ့်အမျိုးအားလုံးကို ကိုယ်ပြန်စစ်ကြည့်ပါ ။ကိုယ့်အမျိုးအားလုံး
တစ်ကယ် မြတ်ပါသလားလို ့။ သူတစ်ပါးကို  ရွံစရာလို ့သတ်မှတ်လိုက်တိုင်း ကိုယ့် စိတ်ဓါတ်နဲ ့ကိုယ့်ခန္ဓာကိုယ်ကိုပြန်စစ်ကြည့်ပါ။တစ်ကယ်သန် ့ပါသလားလို ့။
လူမျိုးခြား၊ဘာသာခြားမို ့လို ့သူတို ့ရဲ ့အယူအဆတွေ ကိုယ်က လက်မခံနိုင်လို ့
အလိုလိုနေရင်းနဲ ့မုန်းနေတာဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တွေရဲ ့နှလုံးသားမှာ လူလူချင်းအပေါ်ထားရှိတဲ့ အမုန်းတရားတွေ ဟာ ဘယ်လိုမှ မရှိသင့်တဲ့အရာပါ။
တစ်ချို ့က…ဘာသာခြားတွေဟာ ဗုဒ္ဓဘာသာအမျိုးသမီးတွေကို ရာထူးတွေငွေတွေနဲ ့ဆွဲဆောင်ပြီး သူတို ့ဘာသာထဲ အတင်းသိမ်းသွင်း လို ့သူတို ့လူမျိုး ကို မုန်းတယ်လို ့
ပြောကြတယ်။

ဒါကလည်း ကိုယ့်ရဲ ့မြင့်မိုရ်တောင်လောက်အပြစ်ကို မမြင်ပဲ သူတစ်ပါးရဲ ့ဇီးစေ့လောက်အပြစ်ကို မြင်ပြီးပုံကြီးချဲ ့တာနဲ ့တူပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေကိုယ်တိုင်  ဘာသာတန်ဖိုး၊ဘဝတန်ဖိုး  မသိရင်  ငွေအတွက် ရာထူးအတွက် စည်းစိမ်အတွက်နဲ ့
ဘာသာခြားကိုယူပြီးဘာသာပြောင်း နိုင်ပါတယ်။
ခြွင်းချက်အနေနဲ ့ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ၊အမျိုးသားတွေ ဘာသာခြားကို တစ်ကယ်ချစ်မိလို ့ဘာသာခြားကိုယူလိုက်တဲ့သူတွေ ရှိပါတယ်။
တစ်ကယ်လို ့သူဟာ ရတနာသုံးပါးရဲ ့ကျေးဇူး၊နဲ ့ကံ ကံရဲ ့အကျိုး ကိုမယုံတဲ့သူဆိုရင် ဘာသာခြားကို ပြောင်းနိုင်ပါတယ်။ဘာဖြစ်လို ့လဲဆိုတော့
ဘာသာရေး အဆုုံးအမ နဲ ့ဘာသာတန်ဖိုးမသိလို ့ပဲ။ တစ်ချို ့ကျတော့ ဘာသာခြားကို ချစ်လို ့ယူလိုက်တယ် ဘာသာခြားကိုလည်းမပြောင်းနိုင်ဘူး၊ တစ်ဦးနဲ ့တစ်ဦး
နားလည်မှုတွေ မထားနိုင်ကြဘူးဆိုရင် ပြဒါးတစ်လမ်း သံတစ်လမ်းနဲ ့အသွင်မတူတော့ အိမ်ထောင်ရေးအဆင်မပြေကြပြန်ဘူး။
သူရဲ ့အသိုင်းအဝိုင်း ဆွေမျိုးမောင်နှမ ဘာသာဝင်အနေနဲ ့ကြည့်ရင် ကိုယ်ဟာ ရုပ်တုတွေ ကိုးကွယ်တဲ့ အယူမှားတဲ့သူတွေ၊
ကိုယ့်ဘက်က အသိုင်းအဝိုင်း ကလည်း သူတို ့ဘာသာကို မမြင်ဘူးတဲ့  ဖန်ဆင်းရှင် ကယ်တင်ရှင် တွေ ယုံကြည်ကိုးကွယ်နေတဲ့ အယူမှားတဲ ့သူတွေ
လို ့မြင်ကြပြန်ရော။ အချစ်နဲ ့ဘဝ ထပ်တူမကျ ခဲ့ရင် အချစ်တစ်ခုတည်းနဲ ့ဘဝတစ်ခုတည်ထောင်လို ့မရဘူး။အချစ်ဆိုတာ ရင်ထဲက ခံစားချက်တစ်ခု.ဘဝဆိုတာ လက်တွေ ့
ရင်ဆိုင် ဖြတ်သန်းနေရတဲ့ ခရီးလမ်းတစ်ခု။ဘာသာတရားဆိုတာက သံသရာခရီးအတွက် ပန်းတိုင် တစ်ခု။
ဒါ့ကြောင့် ကိုယ့်ဘဝ ကို ဘယ်လိုခရီးလမ်းမျိုးလျှောက်ပြီးတော့ ဘယ်လိုပန်းတိုင်မျိုးရောက်ချင်လဲ ဆိုတာ သေချာ လေ့လာဆန်းစစ်ပြီးမှ ရွေးချယ်ပြီးလျှောက်လှမ်းသင့်ပါတယ်။
အဓိက အရေးကြီးဆုံးက ဘယ်အရာကိုမဆို တန်ဖိုးသိအောင်သေချာလေ့လာဆန်းစစ်ပါ။ ***တန်ဖိုးသိမှ တန်ဖိုးရှိမယ် တန်ဖိုးရှိမှ တန်ဖိုးထားကြမှာပါပဲ***
ဘာသာခြားတွေကိုယ်တိုင် သူတို ့ဘာသာကို လေးလေးနက်နက်ယုံကြည်ကြတာဟာ ဘာသာတန်ဖိုးကို သိ ပြီး ဘာသာရေးအဆုံးအမအတိုင်းနေကြလို ့ပါပဲ။

ကိုယ့်ဘက်က ဘာသာရေး အဆုံးအမတွေ အသိညဏ်တွေအားနည်းနေတာကို အရင်မြင်ပါ။သူတစ်ပါး ရဲ ့အပြစ်ကို အရင်မမြင်ပါနဲ ့။
ကိုယ်တိုင်က ဘာသာတန်ဖိုး သိအောင် ဗုဒ္ဓရဲ ့အဆုံးအမတွေ  ကိုကိုယ်ပိုင်ညဏ်နဲ ့သေချာ ဆန်းစစ်လေ့လာပါ။
ကိုယ့်လူမျိုး ကိုယ့်ဘာသာရဲ ့အားနည်းချက်ကို အရင်မြင်အောင်ကြည့်ပြီး ပြုပြင်ပါ။
ဗုဒ္ဓကိုယ်တော်တိုင် လူကောင်း လူဆိုး  အမျိုး ဘာသာ အဆင့်အတန်းမရွေး ပဲ တစ်ပြေးထဲမေတ္တာ ထားပါတယ်။ အောင်ခြင်းရှစ်ပါး ကို လည်း မေတ္တာဓါတ်
ဂရုဏာဓါတ်နဲ ့အောင်မြင်ခဲ့တာပါ။
ဗုဒ္ဓဘာသာဝင်တို ့ နေ ့စဉ် ဘုရားရှိခိုး ကန်တော့ တိုင်း ဆုတောင်း မေတ္တာပို ့ပြီး အမျှဝေ တဲ့အခါ  လူ၊နတ်၊ဗြဟ္မာ သတ္တဝါအားလုံး ပါပါတယ်။
မဟာစည်ဆရာတော်ဘုရားကြီးရဲ ့မေတ္တာပို ့နည်းလေးထဲမှာ
***ကမ္ဘာပေါ်ရှိ များဘိသူတွေ ရောဂါကင်းလျှက်အသက်တာရှည်
ချမ်းသာကိုယ်စိတ်ယိုဖိတ်လျှံဝေ ဘေးခပ်သိမ်း အေးငြိမ်းကြပါစေ***
နဲ ့
***သုံဆယ့်တစ်ဘုံ နေကုန်သူတွေ ရောဂါကင်းလျှက် အသက်တာရှည်
ချမ်းသာကိုယ်စိတ် ယိုဖိတ်လျှံဝေ ဘေးခပ်သိမ်း အေးငြိမ်းကြပါစေ ***
လို ့ဆိုတဲ့နေရာမှာ လူသားအားလုံး သတ္တဝါအားလုံး ကို မေတ္တာထားဖို ့ပါပါတယ်။

ဗုဒ္ဓဘာသာ ပြန် ့ပွားအောင် သာသနာပြုခဲ့ကြတဲ့ ရဟန္တာများ နဲ ့သံဃာတော်များအားလုံးဟာ ခန္တီဆိုတဲ့သည်းခံခြင်း ၊ စေတနာ၊ဂရုဏာ၊မေတ္တာဓါတ်၊အပြည့်နဲ ့
သာသနာတော်ကို စောင့်ရှောက်ခဲ့ကြပါတယ်။ သာသနာအတွက် အတွက် မတရား ညှင်းဆဲ သတ်ဖြတ် ပြီးတော့လည်း မသိမ်းသွင်းခဲ့ပါဘူး။ဘာသာပြောင်းသွားတဲ့သူတွေကိုလည်း
အပြစ်မပေးခဲ့ဖူးပါဘူး။ဗုဒ္ဓပေးတဲ့အဆုံးအမလေးတစ်ခုက***ချစ်သား ချစ်သမီးတို ့ တစ်စုံတစ်ယောက်သောသူက သင်တို ့ရဲ ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တစ်စစီ
ဖြတ်တောက်ပြီး  ညှင်းဆဲသတ်ဖြတ်နေစေဦး အဲ့ဒီပုဂ္ဂိုလ်အပေါ် ဒေါသအမျက်မထွက်ပဲ နဲ ့မေတ္တာဘာဝနာကိုသာအထပ်ထပ်ပွားပါ။အကယ်၍ ဒေါသအမျက်ထွက်ခဲ့ရင်
် ငါဘုရားရဲ ့အဆုံးအမကို ဆန် ့ကျင်တဲ့သူပဲ။သင်တို ့ကိုယ်တိုင် ဒေါသစိတ် နဲ ့သေခဲ့ရင် ငရဲကျလိမ့်မယ်။မေတ္တာ ပွားပြီးမေတ္တာဈာန်နဲ ့သေရင်တော့ ဗြဟ္မာ
တောင်ဖြစ်ပါတယ်*** လို ့ဆုံးမထားပါတယ်။

မြတ်စွာဘုရား ရှင်နဲ ့ဆရာတော်ကြီးများကိုယ်တိုင် မေတ္တာ ဂရုဏာထားဖို ့ဆိုဆုံးမခဲ့တာမို ့ ကိုယ်တိုင်က လူလူချင်း မုန်းတဲ့စိတ် နဲ ့ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆို ဖို ့မသင့်ပါဘူး။
အခုဆိုရင် ဆရာတော်သံဃာတော်များက ထေရဝါဒဗုဒ္ဓသာသနာ ကို ကမာ္ဘအနှံ ့သာသနာပြုနေကြပါတယ်။ ဗုဒ္ဓဘာသာဟာ သိပ္ပံပညာ နဲ ့အပြိုင် အစမ်းသပ်ခံပြီး ဟောပြနေကြပါတယ်။
ဒါပေမယ့် ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင် စိတ်ဓါတ်ရေးရာ ညံ့ဖျင်းအောက်ကျနေရင် ကိုယ့်ဘာသာကို  သူတို ့တွေက ယုံကြည်လက်ခံတယ်ဆိုရင်တောင် အထင်ကြီးလေးစားမှုသိပ်မရှိပါဘူး။
ဘာလို ့လဲဆိုတော့ *** ငါတို ့ကိုသာ စိတ်ဓါတ်ရေးရာ နဲ ့ကိုယ်ကျင့်တရားကောင်းအောင် ဝိပဿနာကမဋ္ဌာန်းတရားတွေဟောနေတာ သူတို ့ဘာသာဝင်တွေကိုယ်တိုင်က
စိတ်ဓါတ်ရေးရာနဲ ့ကိုယ်ကျင့်တရား အောက်တန်းကျနေတာပဲ*** လို ့ပြောကြမှာတေ့သေချာပါတယ်။
ကိုယ့်ဘာသာကိုယ့်သာသနာကို ကိုယ်တိုင်ရိုသေမှ သူများက ရိုသေမှာပေါ့။

ကိုယ်တိုင်က ဘာသာခြား လူမျိုးခြားကို ဆဲနေ၊မုန်းနေလို ့ ဘာသာခြား လူမျိုးခြားက ပျောက်မသွားဘူး၊ကုန်မသွားဘူး။ ကိုယ့်ဘာသာကိုယ့်သာသနာ ကိုယ့်လူမျိုးပဲ ဂုဏ်ညှိုးပါတယ်။
ကိုယ်ပဲ ဝစီကံ မနောကံ အကုသိုလ်ထိုက်ပါတယ်။ဒီအချက်လေးကိုတော့ အလေးအနက်ထားကြပါ။
သင်ကိုယ်တိုင်က ဒီဘဝမှာတောင် ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် စိတ်ဆိုး စိတ်ညံ့တွေနဲ ့ဒေါသတရားတွေနဲ ့ရိုင်းရိုင်းဆဲဆိုနေရင် ။ဗုဒ္ဓဘာသာကို တစ်ကယ်ကြည်ညိုတာ
တော့လုံးဝမဖြစ်နိုင်ဘူး။
မြတ်စွာဘုရားက ဗုဒ္ဓဘာသာဝင်အချင်းချင်းကို ဆဲလို ့အကုသိုလ်ဖြစ်တယ် ဘာသာခြား သာသနာခြားကို ဆဲရင်အကုသိုလ်မဖြစ်ဘူးလို ့မျက်နှာလိုက်ပြီး မဟောခဲ့ဘူးနော်။
သတ္တဝါ အားလုံးအပေါ်မေတ္တာထားဖို ့ကိုယ်ချင်းစာစိတ်ထားဖို ့ပဲဟောခဲ့ပါတယ်။သုံးဆယ့်တစ်ဘုံ မှာ လူ ့ဘုံက အမြတ်ဆုံးလို ့ဟောထားတယ်။
ရခဲခြင်း ၅ မျိုးထဲမှာ လူ ့ဘဝ ကိုရခဲတယ်လို ့ဟောထားတာပါတယ်။ ရှေးဘဝက ကုသိုလ်ကံ ရှိမှ ဒီဘဝ လူလာဖြစ်ရတာနော်။
ဒါ့ကြောင့် ဘာသာခြား၊လူမျိုးခြား လည်း  ဘုန်းကံရှိတဲ့ လူသားတစ်ယောက်ပါဘဲ။ ကံအကျိုးပေးကြောင့်သာ လူမျိုးခြား၊ဘာသာခြား ဖြစ်နေရတာပါ။ သူတို ့ဘာသာသူတို ့
လူမျိုးကို မနှစ်သက်ဘူးဆိုရင် ကိုယ့်စိတ်ထဲမှာ ထားလိုက်ပါ။ ရိုင်းရိုင်းစိုင်းစိုင်းတော့ မဆဲကြပါနဲ ့။ ကြားရတာ ဖတ်ရတာနဲ ့တင် ရှက်စရာကောင်းလွန်းလို ့ပါ။
ပြီးတော့ ရတနာသုံးပါးရဲ ့ဂုဏ်လည်းညှိုးပါတယ်။ဘုရားရှင်ဟောကြားထားတဲ့ အဆုံးအမကို မလေးစားရာလည်း ရောက်ပါတယ်။

ကိုယ်ဟာ ဒီဘဝမှာ ဒီလူမျိုး၊ဒီဘာသာကို မုန်းတယ် ၊ရွံတယ် ဆိုပါစို ့.တစ်ကယ်လို ့နောက်ဘဝမှာ ကိုယ်မုန်းတဲ့ လူမျိုး ကိုယ်မုန်းတဲ့ ဘာသာရဲ ့မိခင်ဝမ်းထဲဝင်စားရင်တော့ သေချာတယ်
အဲ့ဒီလူမျိုး၊အဲ့ဒီဘာသာ ကို ကိုယ်လဲ လိုက်ပြီးကိုးကွယ်ရမှာပါပဲ။ ဗုဒ္ဓဘာသာမှာ…လက်ရှိဒီဘဝမှာ  သရဏဂုံ တည်ပေမယ့် ရတနာသုံးပါး ဘယ်လောက်ပဲ ရိုသေနေပေမယ့်
ဝိပဿနာညဏ်၊သောတပတ္တိ မဂ်ညဏ် ဖိုလ်ညဏ်ရအောင်မကျင့်နိုင်ခဲ့ရင်နောက်ဘဝမှာ ကံဆိုးရင် ဘာသာခြားဘဝတောင်ရောက်နိုင်ပါတယ်။ ဒီဘဝမှာတည်ထားတဲ့
ပုထုဇဉ်တွေရဲ ့သရဏဂုံဟာဒီဘဝမှာပဲတည်ပါတယ်။နောက်ဘဝ ပါမသွားပါဘူး။ နောက်ဘဝပါသွားတာက ဒါန၊သီလ၊ဘာဝနာ ကုသိုလ်ပါ။ ဒါ့ကြောင့်
ချမ်းချမ်းတို ့လို ပုထုဇဉ်တစ်ယောက် သေသွားခဲ့ရင် ကုသိုလ်အကုသိုလ်အတိုင်း ခံစားစံစားရမှာမို ့ရောက်ချင်တဲ့
ဘဝရောက်နိုင်ပါတယ်။  ကိုယ်တိုင်ရွေးချယ်ခွင့်မရှိဘူး၊ ကိုယ်ပြုခဲ့တဲ့ ကံက ပို ့ပေးမှာ။ဒါ့ ကြောင့် ဒါန၊သီလ၊ဘာဝနာ ဘယ်လောက်ပဲ ရှိရှိ ဘာသာခြားရဲ ့ဝမ်းထဲလဲရောက်နိုင်ပါတယ်။
ဒီဘဝမှာ ဒါနပြုထားလို ့ နောက်ဘဝ ဘာသာခြားမိခင်ဝမ်းထဲ ဝင်စားရင်တော့
ချမ်းသာတဲ့ဘာသာခြား ဝမ်းထဲဝင်စားရမှာပါပဲ၊သီလစောင့်တည်ထားလို ့ရုပ်ရည်ချောမောတဲ့ ဘာသာခြားဖြစ်မှာပါပဲ၊ဒါပေမယ့် ကိုးကွယ်ရမှာကတော့ သရဏဂုံမဟုတ်တော့ဘူး။
ကိုယ့်မိဘတွေ ကိုးကွယ်တဲ့ဘာသာကို လိုက်ပြီး ကိုးကွယ်ရတော့မှာနော်..
ဒါဟာ မမြင်နိုင်တဲ့ ကံတရားရဲ ့ဖန်တီးမှုပါပဲ။မဖြစ်နိုင်ဘူး ထင်တဲ့ သူငယ်ချင်းတွေကို သက်သေတစ်ခုပြပါ့မယ်။
ဗုဒ္ဓကိုယ်တိုင် သဗ္ဗင်ညုတ ညဏ်တော်ရဖို ့ လေးသင်္ချေ နဲ ့ကမ္ဘာတစ်သိန်းမှာ ဘဝမရွေး၊ဘာသာမရွေး၊ ကာလမရွေး
ကျချင်ရာဘုံဘဝကျပြီး ပါရမီအကျဉ်းဆယ်ပါး အကျယ်သုံးဆယ်ဖြည့်ခဲ့ရပါတယ်။ ဗုဒ္ဓရဲ ့ဖြစ်စဉ်တော် တစ်ခုအကြောင်းပြောပြပါ့မယ်။
ကဿပ မြတ်စွာဘုရားရှင်လက်ထပ်မှာ ဘုရားအလောင်းတော်ဟာ ဘာသာခြားတစ်ယောက်ပါ။ တစ်နေ ့တော့ တောထဲမှာ ဘုရားဖြစ်ဖို ့ဒုက္ခရစရိယ
ကျင့်နေတဲ့ ကဿပ ဘုရားအလောင်းတော်ကိုမြင်တဲ့အခါ ဘေးကအဖော်ပါလာတဲ့ သူငယ်ချင်းကို ဘာပြောလိုုက်လဲဆိုတော့****ဒီကိုယ်တော် ဘုရားဖြစ်ဖို ့ ၆ ရက်ကျင့်တာနည်းတာပေါ့
ငါ့အလှည့်ကျ ၆ နှစ်ကျင့်ပြမယ်*** လို ့အထင်သေးပြီး နှုတ်နဲ ့ပြစ်မှားမိခဲ့ပါတယ်။

ဘုရားရှင်ကို အထင်သေးပြီး နှုတ်နဲ ့ပစ်မှားမိခဲ့တဲ့ အကုသိုလ်ကံကြောင့် သူကိူယ်တိုင် ပါရမီပြည့်လို ့ဘုရားဖြစ်တဲ့ဘဝမှာတောင် အစာရေစာငတ်ပြတ်ခံပြီး ၆နှစ်တိတိ
ဒုက္ခရစရိယကိုဆင်းရဲပင်ပန်းစွာကျင့်ခဲ့ရပါတယ်။
တစ်ကယ်တော့ ပွင့်ခဲ့ပြီးတဲ့ ဘုရားရှင်တိုင်းဟာ ပြည့်စုံလုံလောက်တဲ့ ပါရမီ ရှိနေပြီမို ့
အနည်းဆုံး ရ ရက် အများဆုံး ရ လ လောက်ပဲ ဒုက္ခရစရိယ ကျင့်ခဲ့ရတာပါ။ဂေါတမဘုရားတစ်ဆူသာလျှင် ၆ နှစ်တိတိ ကျင့်ခဲ့တာဟာ
သူဘာသာခြားဘဝ ရောက်ခဲ့တုန်းက ဘုရားရှင်ကို ပြစ်မှား မိတဲ့ အကုသိုလ်ကံကြောင့်ပါပဲ။ ကဿပဘုရားရှင် ဘုရားအဖြစ်ရောက်ပြီး တရားဟောတော့ သူငယ်ချင်းက ဗုဒ္ဓဘာသာ ဖြစ်
သွားပေမယ့် ဂေါတမအလောင်းတော်က ဘာသာခြား မို ့ဘုရားရှင်ကို မဖူးသလို တရားလည်းမနာပါဘူး။ သူငယ်ချင်းက သုံးကြိမ်တိတိ ခေါ်တော့မှ ကဿပဘုရားရှင် ရဲ ့တရားကို
လေ့လာရင်း နောက်ဆုံးတော့ ဗုဒ္ဓဘာသာဖြစ်သွားခဲ့ပါတယ်။
သေချာစဉ်းစားကြည့်ရင်
ဒီပင်္ကရာ မြတ်စွာဘုရားလက်ထပ်မှာ ဘုရားဖြစ်ဖို ့ဗျာဒိတ်ခံပြီး ပါရမီဖြည့်ခဲ့ ရတဲ့ ဘုရားအလောင်းတောင်မှ
ဘာသာခြား လူမျိုးခြားဘဝ ရောက်ခဲ့သေးတာနော်။ချမ်းချမ်းတို ့လို သာမန်ပုထုဇဉ်တွေဆို ရောက်နိုင်ချေ ပိုများပါတယ်။
နောက်ထပ်တစ်ခု…အရှင်ဇဝန မေတ္တာရှင် (ရြွှေပည်သာ) ရဲ ့တရားခွေထဲက  စိတ်ဝင်စားစရာ အကြောင်းလေးတစ်ခုက..ရန်ကုန်ုမြို ့က
အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ယောက် ဟာ သိတတ်တဲ့အရွယ်က စပြီး ဘုရားမြင်တိုင်း အရမ်းကန်တော့ချင်တဲ့စိတ်တွေ ဖြစ်ခဲ့တယ်။ သံဃာတော်တွေဆွမ်းခံကြွလာတာမြင်တိုင်း
အရမ်းဆွမ်းလောင်းချင်တယ်။အရမ်းလဲကန်တော့ချင်တယ်။ ဒါပေမယ့် သူမမိဘတွေက အတင်းအကျပ်တားမြစ်ထားတော့ လုံးဝမကန်တော့ရဲဘူးတဲ့။ အဲ့ဒီအခါမှာ သူမ အရွယ်ရောက်တော့
မြတ်စွာဘုရားကို စိတ်ထဲကနေ အာရုံပြုပြီး ***ကျွန်မသည် ရတနာသုံးပါးအား အမှန်တကယ် ကြည်ညိုစိတ်ဖြစ်မိပါသည် ။ဗုဒ္ဓဘာသာဝင်တစ်ယောက်လည်း ဖြစ်ချင်ပါသည်။
ထို ့ကြောင့်ကျွန်မအား ဗုဒ္ဓဘာသာ အမျိုးသားကလွဲပြီး ဘယ်သူကမှ ဇနီးအဖြစ်မယူနိုင်ပါစေသား***လို ့အဓိဌာန် ပြုပါတယ်။  သူမ အရွယ်ရောက်တော့ မိဘတွေက သင့်တော်တဲ့ သူတို ့ဘာသာဝင်
အမျိုးသားနဲ ့ပေးစားတိုင်း အကြောင်းအမျိုးမျိုး ကြောင့်ပျက်သွားကြတာချည်းပဲ။နောက်ဆုံးတော့ သူမ မိဘတွေက မွတ်စလင်ဖြစ်ရင်ပြီးရော ဆိုပြီးကွယ်းယာရောင်းတဲ့ သူနဲ ့တောင်
အတင်းအကျပ်ပေးစားပါတယ်။ ဒါပေမယ့် အဲ့ဒီကွမ်းယာရောင်းတဲ့သူနဲ ့ယူမယ့်အစီအစဉ်ထပ်ပျက်သွားတော့မှ မိဘတွေက လက်လျှော့လိုက်ပါတယ်.အခုသူမကိုယ်တိုင်
ဗုဒ္ဓဘာသာအမျိုးသားတစ်ယောက်နဲ ့လက်ထပ်ပြီးလို ့ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်သွားခဲ့ပါပြီ။
သေချာစဉ်းစားကြည့်ရင်…အစ္စလာမ်ဘာသာဝင်တစ်ယောက်ဟာ သူတို ့တွေ ယူဆထားတဲ့  ရုပ်ထုတွေ ကိုးကွယ်တဲ့ဘာသာကို အလိုလိုနေရင်း ကြည်ညိုမိတယ်ဆိုတာ
ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ဘာ့ကြောင့်လဲဆိုရင်….
သူတို ့ဘာသာဝင်တွေရဲ ့ယုံကြည်ချက်က  ကမ္ဘာမြေကြီးနဲ ့လူသားတွေကို ဖန်ဆင်းရှင်ဘုရားသခင်က ဖန်ဆင်း
ထားပေးပါတယ်။တိရိစ္ဆာန်တွေက လူတွေ စားသုံးဖို ့။သစ်ပင်တောတောင်တွေက နေထိုင်အသုံးပြုဖို ့ပေါ့။ဒါ့ကြောင့် ဖန်ဆင်းရှင် ကျေးဇူးရှင် အလ္လာဟ်အရှင်မြတ်
ကို ကိုးကွယ်တဲ့သူက လွဲပြီး
ကျန်တဲ့ ရုပ်တုတွေ ကိုးကွယ်တဲ့ သူတွေအားလုံး၊  နဲ ့ အလ္လာဟ်အရှင်မြတ်ရဲ ့အဆုံးအမ နဲ ့မနေတဲ့ သူတွေအားလုံးဟာ
စစ်ဆေးခြင်းခံရမယ့်  ကီရာမ နေ ့မှာ  မီးငရဲမှာ ဘယ်တော့မှ မလွတ်နိုင်တော့ပဲ  ထာဝရ ငရဲ ခံနေရတော့မယ်။ လို ့www.tvmuslim.org မှာ ဖတ်ခဲ့ရဖူးတယ်။
သူတို ့ရဲ ့အထွတ်အမြတ်ဖြစ်တဲ့ ကုရ်အာ ကျမ်းထဲမှာလည်း
အခြားတစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နဲ့ တွဲဖက်ကိုးကွယ်ခြင်းဟာ လွတ်ငြိမ်းချမ်းသာခွင့် ဘယ်လိုမှ မရနိုင်တဲ့ ဒုစရိုက်မှုကြီးလို့ ဆိုထားပါတယ်။

အစ္စလာမ်ဘာသာဝင်တိုင်းဟာ သူတို ့ရဲ ့ကလေးတွေကို ငယ်ငယ်လေးကတည်းက ဘာသာရေးနဲ ့ပက်သက်ပြီး လေးလေးနက်နက်ပုံစံသွင်းထားပါတယ်။
ဆရာဦးဆန်းလွင် (ဆရာတော် အရှင်အာဒိစ္စရံသီ) ရေးသားတဲ့ ***ရတနာသုံးပါးကို ယုံကြည်
ကိုးကွယ် ဆည်းကပ် လာသူတစ်ယောက် အကြောင်း*** စာအုပ်လေးထဲမှာ သူဟာ အရင်တုန်းက အစ္စလာမ်ဘာသာဝင်စစ်စစ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး တခါတလေ ဘုရားပေါ်ကို
မိန်းမနဲ့ အတူ ရောက်ဖြစ်တယ်တဲ့၊ ရောက်တဲ့အခါတိုင်း သူ့မိန်းမ ဘုရားရှိခိုးနေတာကြည့်ပြီး ရင်ထဲမှာ အရမ်းပူပူလောင်လောင် ခံစားရတယ်တဲ့၊
အဲ့ဒါဘာကြောင့်လည်းဆိုတော့ ဘာသာရေးနဲ ့ပက်သက်ပြီး
ငယ်ငယ်လေးကတည်းက မိဘတွေရဲ့ သွင်သင်ဆုံးမမှုကြောင့်တဲ့။ သူ့အမေသူ့ကို ဆုံးမနေကျ စကားက
“ဘယ်လောက် အသိဉာဏ် နည်းလိုက်ကြသလဲ ရုပ်တုကို ထိုင်ကန်တော့နေကြတယ်” တဲ့။ အဲ့ဒီစာအုပ်လေးကိုဗုဒ္ဓဘာသာဝင်အားလုံးဗဟုသုတရအောင် ဝယ်ဖတ်သင့်တယ်။
ဘာသာရေးနဲ ့ပက်သက်တဲ့အကြောင်းတွေအားလုံးကိုအသေးစိတ် နှိုင်းယှဉ်ပြီးရှင်းပြထားပေးပါတယ်။

အခုအစ္စလာမ်အမျိုးသမီးဟာလည်း သူမရဲ ့ ဘာသာတရားနဲ ့မိဘတွေက ငယ်ငယ်ကတည်းက ပုံစံသွင်းထားပေမယ့်
ဒီဘဝမှာ ဗုဒ္ဓဘာသာဝင်မဟုတ်သော်လည်း ရတနာသုံးပါးအကြောင်း မသိနားမလည်ပဲနဲ ့ဘာဖြစ်လို ့ဘုရားတရားသံဃာ ကို
့ကြည်ညိုတဲ့စိတ်တွေ အလိုလိုဖြစ်နေရတာလဲဆိုတော့ အရင်ဘဝတုန်းက သူမဟာ ရတနာသုံးပါးကို
တော်တော်လေးကြည်ညိုပြီး ဒါနသီလ၊ဘာဝနာ ကုသိုလ်တော်တော်များများလုပ်ခဲ့တဲ့ဗုဒ္ဓဘာသာဝင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သူမဟာ ရတနာသုံးပါးကိုသာ ရိုသေပြီး ဒါန၊သီလဘာဝနာကုသိုလ်
ပြုပေမယ့် သောတပတ္တိမဂ်ညဏ်၊ဖိုလ်ညဏ်မရဘဲ သေဆုံးခဲ့တဲ့ အတွက် ဘာသာခြားဝမ်းထဲ ဝင်စားရတာပါပဲ။ လူဝင်စားဘဝကို ယုံကြည်လက်ခံတာ ဗုဒ္ဓဘာသာ တစ်ခုပဲရှိပါတယ်။
ဘာသာရေးနဲ ့ပက်သက်ပြီး လေ့လာမိတာလေးတစ်ခု ရှိပါတယ်။ ဘာသာတရားတိုင်းဟာ  လက်တွေ ့ဘဝမှာ မကောင်းတာမလုပ်ဖို ့စိတ်ကောင်းထားဖို ့ တော့ ဆုံးမခဲ့တာချည်းပါပဲ။
ဒါပေမယ့်…. သေပြီးမှ ဖြစ်မယ့်  နောက်ဘဝ ကိုယ်ကြိုတင်မသိတဲ့ မမြင်နိုင်တဲ့ နိဗ္ဗာန် တို ့ကောင်းကင်ဘုံတို ့ငရဲပြည်တို ့ နဲ ့ပက်သက်ရင်တော့ ဟောထားတာချင်းမတူပြန်ဘူး။
ဗုဒ္ဓက ခရစ်တော်ထက် နှစ်ပေါင်း ၅၀ဝ လောက်စောခဲ့သလို တမန်တော်မုဟမ္မဒ်ထက် နှစ်ပေါင်းတစ်ထောင်ကျော် အရင်  ပေါ်ခဲ့တာနော်။
ဗုဒ္ဓဝါဒက ဖန်ဆင်းရှင် ကယ်တင်ရှင် ဝါဒ ၊အတ္တဝါဒမဟုတ်ဘူး၊အကြောင်းအကျိုးကံဝါဒ၊ အနတ္တဝါဒ ၊
သူကိုယ်တိုင်က လူစစ်စစ် ကနေ တရားအလုံးစုံ သိလို ့ဘုရားဖြစ်လာတာ။သူ ့လိုမျိုးဘုရားဘဝလူတိုင်းဖြစ်ခွင့်ရှိတယ်။လေးသချေင်္နဲ ့ကမ္ဘာတစ်သိန်း ပါရမီဆယ်ပါး ဖြည့်
ဆည်းနိုင်တယ်ဆိုရင်ပေါ့။ ဒါဟာ လူသားတိုင်းမှာ ရှိတဲ့ ကိုယ်ပိုင်အရေအချင်းနဲ ့လုပ်ပိုင်ခွင့်ပါပဲ။ ဘယ်တန်ခိုးရှင် ဖန်ဆင်းရှင်ကမှာ ကိုယ့်ဘဝကို အပြစ်ပေးခွင့် မရှိဘူး။
ကိုယ့်ရဲ့ စိတ်ဓါတ်နဲ ့အပြုအမူကသာ ကိုယ့်ကို ကောင်းကျိုးမကောင်းကျိုးပေးတာ။
ဗုဒ္ဓက
ကံ၊ကံ ရဲ ့အကျိုး ကြောင့်  လူ ့ဘဝ နတ်ဘဝ တိရိစာ္ဆန်ဘဝ သံသရာမှာအဖန်ဖန်ကျင်လည်ခဲ့ရတယ်လို ့ဟောထား တယ်။
သံသရာဝဋ်က လွတ်ချင်ရင် ဒိဌိနဲ ့ဝီစိကိစ္စာ ကိုပယ်သတ်နိုင်မှ  ကိလေသာ ကင်းမှ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း  ကင်းတဲ့ နိဗ္ဗာန် ကိုမျက်မှောက်ပြုနိုင်ပါလိမ့်မယ်။
ဒါဟာ သူကိုယ်တိုင် သိခဲ့ ကျင့်ခဲ့လို ့သူ ့လို လူသားအားလုံး သိနိုင်အောင် ကျင့်နိုင်အောင်
ကိလေသာကင်းတဲ့နည်း လက်တွေ ့ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းတဲ့  သတိပဌာန်ဝိပဿနာ တရားတွေကို ဟောထားပေးခဲ့တယ်။ သူကိုယ်တိုင် လက်တွေ ့ကျင့်ကြံကြိုးစားခဲ့လို ့
သူ ့လိုကျင့်ကြံတဲ့ သူတွေမှန်သမျှ သူ ့လိုဆင်းရဲဒုက္ခ ကင်းလိမ့်မယ်လို ့ဟောထားခဲ့တယ်။ ဗုဒ္ဓကို မယုံကြည်ပေမယ့် ကောင်းတာလုပ်တဲ့သူမှန်သမျှ ကောင်းတဲ့အကျိုး ကိုခံစားရမှာပါပဲ။
မကောင်းတာလုပ်တဲ့သူ မှန်သမျှ မကောင်းတာခံစားရမှာပါပဲ။ဒါဟာ လောကဓမ္မတာ တရားပါ။

ကျန်တဲ ့ဘာသာ ဝင်တွေမှာကတော့ ကယ်တင်ရှင် ဖန်ဆင်းရှင် ဘုရားသခင်ဆိုတာ ရှိတယ်။
အလ္လာဟ်အရှင်မြတ်သည် ယခင်နှစ်ပေါင်း(၁၄၀ဝ)ကျော်က ကမ္ဘာသူ ကမ္ဘာသားအားလုံးကို ကရုဏာ တရားပွားများ၍ နှစ်ဘဝ၏ သုခချမ်းသာအဖြာဖြာကို ရစိမ့်သောငှာ တမန်တော်အပေါင်းတို့၏ အချုပ် ဖြစ်သောတမန်တော်မြတ် မုဟမ္မဒ်အား (ကောင်းချီးမင်္ဂလာအဖြာဖြာသည် တမန်တော်မြတ်အပေါ်သို့ သက်ရောက်ပါစေ)နောက်ဆုံးတမန်တော်အဖြစ် စေလွှတ်တော်မူ၍ ကျမ်းဂန်အပေါင်းတို့၏ အချုပ်ဖြစ်သော ကုရ်အာန်ကျမ်းမြတ် ကိုလည်း တမန်တော်မုဟမ္မဒ်ထံသို့
ချပေးသနားတော်မူခဲ့လို ့ဟောထားတယ်။  ကမ္ဘာမြေကြီးနဲ ့သက်ရှိလူသားအားလုံးဟာ
ဘုရားသခင်ရဲ ့ကျေးဇူးကြောင့် ဖြစ်ခွင့်ရတာ မို ့ဘုရားသခင် ကိုမယုံကြည်တဲ့သူ အဆုံးအမနဲ ့မနေတဲ့ သူတွေ သေရင် ထာဝရငရဲကျရမယ်ဆိုရင်
ထာဝရ ဘုရားသခင်ရှိတယ်လို ့ကိုယ်တိုင် ဟောခဲ့တဲ့ တမန်တော် ထက်အရင် ပွင့်ခဲ့တဲ့ လူသားစစ်စစ်ဗုဒ္ဓကလည်း ဒီကမ္ဘာမြေပေါ်မှာ
နေနေတာမို ့ ဖန်ဆင်းရှင်ထာဝရ ဘုရားသခင် ကို မယုံလို ့ငရဲကျရမယ့်ပုံပဲ။ဘာသာခြားတွေက သေပြီးရင် ကောင်းကင်ဘုံနဲ ့ငရဲပြည် နှစ်ခုပဲရောက်နိုင်တယ်။
ဒါတောင် ချက်ခြင်းမရောက်ဘူး။ဖန်ဆင်းရှင်ဘုရားသခင်ပြန်ဆင်းလာတာ စောင့်နေရဦးမယ်။
တိရိစာ္ဆန်ဘဝ ပြိတ္တာဘဝ ငရဲပြည်နဲ ့လူ ့ဘဝ နတ်ဘဝ ချက်ခြင်းမရောက်ဘူး။
လူတွေသေရင် မီးရှို ့လို ့မရဘူး။ ရေမျှော လို ့မရဘူး၊ဘာလို ့လဲ ဆိုတော့ ကိုယ်သေသွားရင် ကိုယ့်ရဲ ့အသက်ဝိညာဉ် ဟာ အပြစ်တွေကို စစ်ဆေးဖို ့
ကောင်းကင်ဘုံ ရောက်ဖို ့ ဘုရားသခင် ပြန်ဆင်းလာမယ့်နေ ့ကို စောင့်နေရပါတယ်။ ဒါ့ကြောင့် ဘာသာခြားတွေက သေတာကို သေတယ်လို ့မသုံးဘူး။
ဘဝပြောင်းသွား တာလို ့မယူဆဘူး။ခရစ်တော်၌အိပ်ပျော်ခြင်း၊(ခရစ်တော် ပြန်မဆင်းမလာမချင်း တမလွန်မှာ စောင့်နေရမယ့်သဘော ချက်ချင်းလူ ့ဘဝ နတ်ဘဝ မဖြစ်ဘူး)
အလ္လာဟ်အရှင်မြတ်အမိန် ့ခံယူခြင်း (ကီရာမ နေ ့မှာ စစ်ဆေးမေးမြန်းမယ့် အလ္လာဟ် အရှင်မြတ်အမိန် ့ကို  စောင့်နေရမှာမို ့ ချက်ခြင်း ငရဲ ပြည်နဲ ့ နတ်ပြည် မရောက်သေးဘူး)
လို ့ဆိုထားပါတယ်။ ဘုရားသခင် ဘယ်နေ ့ပြန်ဆင်းလာမလဲ ဆိုတာကို ဘယ်မတန်တော်က မှ ရက်အတိအကျမဟောနိုင်ပြန်ဘူး။
အဲ့ဒီဟောပြောချက်တွေကိုတစ်ကယ်လက်တွေ ့စပ်းသပ်လေ့လာလို ့မရဘူး။ယုတ္တိရှိအောင် သက်သေမပြနိုင်ဘူး။
ဗုဒ္ဓဘာသာ မှာက သေရင် ဗုဒ္ဓဘုရားက  မကယ်ဘူး၊ ကိုယ်ပြုခဲ့တဲ့
ကုသိုလ်အကုသိုလ်အလိုက်  ချက်ချင်း ငရ၊ဲတိရိစာ္ဆန် ၊ပြိတ္တာ၊လူ ့ဘဝ နတ်ဘဝ ရောက်နိုင်တယ် လို ့ဟောထားတယ်။ ဗုဒ္ဓက ဘယ်အလုပ်က အကုသိုလ်အလုပ်၊ဘယ်အလုပ်က ကုသိုလ်အလုပ်
အကြောင်းအကျိုး ကံတရားကိုဟောပြတယ်။  လူသားတွေရဲ ့ရင်ထဲမှာရှိတဲ့ ကိလေသာတွေ ကြောင့် သံသရာဝဋ်ဆင်းရဲ ခြင်းအကြောင်းတရားတွေကို သိပြီး သံသရာဝဋ်ဆင်းရဲခြင်းကင်းတဲ့နိဗ္ဗာန်
ကို လမ်းပြပေးနိုင်တဲ့ ဆရာကောင်း တစ်ဆူပါ။

နောက်ဘဝ ကိုယ်ကြိုတင်မသိတဲ့ မမြင်နိုင်တဲ့ နိဗ္ဗာန် တို ့ကောင်းကင်ဘုံတို ့ငရဲပြည်တို ့ နဲ ့ပက်သက်ရင်တော့
ဘယ်အယူအဆ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာကို နွားဝင်စား၊ဝက်ဝင်စား လူဝင်စားတဲ့ သက်သေအထောက်အထား တော်တော်များများ ကိုကြည့်ရင် သိနိုင်ပါတယ်။

ကမ္ဘာပေါ်မှာ ဘာသာကြီး လေးခုရှိပါတယ်။ဘာသာကြီး လေးခုထဲမှာ ဗုဒ္ဓဘာသာကလွဲရင် ကျန်တဲ့ဘာသာအားလုံးဟာ  ယုံကြည်မှု ဆိုတဲ့ သဒါ္ဓ တစ်ခုတည်းနဲ ့ကိုးကွယ် ကြပါတယ်။ လေ့လာဆန်းစစ်မှု
ပညာ မရှိဘူး။ ဗုဒ္ဓဘာသာတစ်ခုတည်းသာလျှင်  ယုံကြည်မှု သဒ္ဓါတရားအပြင် လေ့လာဆန်းမှုပညာနဲ ့ပြည့်စုံပါတယ်။
ဗုဒ္ဓဘာသာဟာ ယုံကြည်ချက်နဲ ့ကိုးကွယ်ရတဲ့ဘာသာမဟုတ်ဘူး။ ကိုယ်ပိုင်အသိညဏ်နဲ ့လေ့လာဆန်းစစ်ဝေဖန်ပြီးမှ ကိုးကွယ်ရတဲ့ဘာသာပါ။

“ကိုယ်တိုင်က ဗုဒ္ဓဘာသာ ဖြစ်ပေမယ့်  ဗုဒ္ဓရဲ ့တရားတော်ကို
မလေ့လာ မဆန်းစစ် ဘူးဆိုရင် ဘာသာတန်ဖိုး၊သာသနာတန်ဖိုး မသိနိုင်ဘူး။
အရှင်ဇဝန မေတ္တာရှင်ရွှေပြည်သာက ဗုဒ္ဓဘာသာဝင်တွေကိုယ်တိုင် မြတ်စွာဘုရားကို
***(၁)  သေဘေး ဒါမှမဟုတ် အသက်အန္တရယ် တစ်ခုခုကို ကြောက်လို ့ မကိုးကွယ်သင့်ပါဘူး
(၂)   လာဘ ဆိုတဲ့ ကြီးပွားချမ်းသာချင်လို ့စည်းစိမ်တိုးချင်လို ့ဆိုပြီး လည်း လာဘ်လာဘကို မျှော်ပြီး မကိုးကွယ်သင့်ပါဘူး
(၃) မိရိုးဖလာ ဆိုတဲ့ မိဘဘိုးဘွား အစဉ်အဆက်က ဗုဒ္ဓဘာသာဖြစ်ခဲ့လို ့ ကိုယ်ဟာ မြတ်စွာဘုရား ကို ကိုးကွယ်တာမဖြစ်သင့်ပါဘူး…***

တစ်ကယ်လို ့အဲ့ဒီ သုံးချက်နဲ ့ကိုယ်ဟာ မြတ်စွာဘုရားကို ကိုးကွယ်ပြီး ဗုဒ္ဓဘာသာဖြစ်ခဲ့ရင်  အညံ့စားဗုဒ္ဓဘာသာ ယုတ်ညံ့ တဲ့ဗုဒ္ဓဘာသာ တစ်ယောက်ပဲဖြစ်ပါလိမ့်မယ်။
လို ့မြတ်စွာဘုရားရှင်က ဟောကြားထားပါတယ်တဲ့။ကို်ယ့်အဖေအမေတွေက ကိုးကွယ်နေလို ့မိရိုးဖလာ ရိုးရားအစဉ်အဆက်ကို ထိန်းသိမ်းချင်လို ့ကိုးကွယ်နေတာထက် ။
ဗုဒ္ဓကိုဘာ့ကြောင့် ကိုးကွယ်နေရတာလဲ။ဗုဒ္ဓကိုကိုးကွယ်နေလို ့ငါတို ့အတွက် ဘယ်လိုတန်ဖိုးရှိနိုင်မလဲ။
မြတ်စွာဘုရား  နှုတ်တော်က ဟောကြားခဲ့တဲ့ တရားတော်ကို  ကိုယ်ပိုင်အသိညဏ်နဲ ့
သေချာ  လေ့လာဆန်းဖို ့လိုပါလိမ့်မယ်။ မှန် မမှန် အကြောင်းအကျိုး ခိုင်လုံမှုရှိမရှိ ကိုယ်ပိုင်အသိညဏ်နဲ ့ဝေဖန်ပါ။ မြတ်စွာဘုရားရှင်ကိုယ်တိုင်ဝေဖန် ဆန်းစစ်တာကို နှစ်သက်ပါတယ်။
မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်များအားလုံးဟာ ***ဧဟိပသိကော*** ဆိုတဲ့ လာပါ ရှုလှည့်ပါ လို ့ဖိတ်ခေါ်ပြီး လေ့လာဆန်းစစ်ဝေဖန် နိုင်တဲ့  ဂုဏ်ကျေးဇူးရှိပါတယ်။
ကိုယ်ဟာ  ဗုဒ္ဓဘာသာဝင် ဖြစ်ပြီဆိုရင်တော့ဘုရားဟောထားတဲ့ အဆုံးအမကိုသေချာနားလည်အောင် လေ့လာသင်ယူရပါ့မယ်။
ဘုရား၊တရားနဲ ့သံဃာတော်များရဲ ့ဂုဏ်ကျေးဇူးကို ကိုယ်ပိုင်အသိညဏ်နဲ ့လေ့လာဆန်းစစ်ဝေဖန်ပြီးမှ မြတ်စွာဘုရားကို တစ်ကယ်ကြည်ညိုလေးစားမှ
ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ပါတယ်။ ပြီးရင်  ဘုရားဟောထားတဲ့ အဆုံးအမကိုလည်း လက်တွေ ့ကြိုးစားကျင့်သုံးနိုင်ရပါ့မယ်။

နောက်ဘဝတွေမှာ သင်မဖြစ်ချင်တဲ့ဘာသာဝင်၊သင်မုန်းတယ်ဆိုတဲ့  လူမျိုး တစ်ယောက်ဖြစ်ခဲ့ရင် အခုအစ္စလာမ်အမျိုးသမီးလို ဗုဒ္ဓဘာသာကို ပြန်လည်ကြည်ညိုမြတ်နိုးကိုးကွယ်ခွင့်
ရချင်မှ ရလိမ့်မယ်။ဒါက သင့်ရဲ ့ပါရမီ အနုအရင့် ကုသိုလ်ကံတရားနဲ ့ဆိုင်သေးတယ်။ဒါ့ကြောင့်
ကိုယ်ဟာ ဖြစ်လေရာဘဝမှာရတနာသုံးပါးကိုပဲ ယုံကြည်ပြီးဘာသာခြား ရဲ ့ဝမ်းထဲ မဝင်စားချင်ဘူးဆိုရင်တော့ ဒီဘဝ၊မှာ လူမျိုးခြား၊ဘာသာခြားတွေကို မုန်းတဲ့စိတ်တွေလျော့ပါ၊ရိုင်းရိုင်းစိုင်းစိုင်း မဆဲပါနဲ ့
ပြီးတော့ သောတပန် ဒါမှမဟုတ် စူဠသောတပန် ဖြစ်အောင် ကြိုးစားပါ။ သောတပန်ပုဂ္ဂိုလ်တွေဟာ ဒိဌိနဲ ့ဝီစိကိစ္စာ ပယ်သတ်ထား ပြီးပြီး၊ ငါးပါးသီလကို လည်း စောင့်ထိန်းစရာမလိုပဲ အသက်ထက်ဆုံးလုံခြုံသွား
ပြီ၊ရတနာသုံးပါးကိုလည်း အသက်နဲ ့လဲပြီး ကိုးကွယ်နိုင်လို ့ သူဟာ ဘယ်တော့မှ အပယ်မလားသလို ဘာသာခြားဘဝ လဲ မရောက်နိုင်တော့ဘူးဆင်းရဲခြင်းကင်းရာ နိဗ္ဗာန်ကိုလည်း ရောက်နိုင်ပြီ။

တစ်ကယ်လို ့ဒီဘဝမှာ သောတပတ္တိမဂ်ညဏ်၊ဖိုလ်ညဏ် ရအောင်မကျင့်နိုင်သေးရင်  စူဠသောတပန် ဖြစ်အောင် မကျင့်နိုင်သေးရင် ဒါန၊သီလ၊ဘာဝနာ ကုသိုလ်တွေများများလုပ်ပါ။
ကိုယ်ကျင့်တရားနဲ ့စိတ်ဓါတ် ဖြူစင်အောင် ကြိုးစားပါ။
ကုသိုလ်ပြုပြီးတိုင်း  ***ဤကောင်းမှုကြောင့် နိဗ္ဗာန်မရောက်မီ ကျင်လည်ရမည့် ဘဝဘဝ၌ ရတနာသုံးပါး နဲ ့ကံကံရဲ ့အကျိုးကိုသာ ယုံကြည်သော ထေရဝါဒ ဗုဒ္ဓဘာသာဝင် သာ
ဖြစ်ရပါလို၏” လို ့၏ဆုတောင်းပါ။
***လောကကြီးကို အလှမဆင်ချင် နေပါ အမှိုက်တော့ မဖွ ပါနဲ ့*** ဆိုတဲ့ ဆရာဟိန်းဇေ ရဲ ့ဒဿန လေး လိုပဲ ကိုယ်ဟာ ဘာသာ၊သာသနာ တိုးတက်ဖို ့ကိုယ့်ကိုယ် ကို
ဘာသာရေးအဆုံးအမ နဲ ့အညီနေပြီး သာသနာကို မလျှုဒါန်း မချီးမြှုင့် မကာကွယ်မစောင့်ရှောက်ချင်နေပါ။ ကိုယ့်ရဲ ့အပြုအမူကြောင့်ကိုယ့်ဘာသာကို  တခြားသော ဘာသာက
အထင်သေးအောင် ရိုင်းရိုင်းစိုင်းစိုင်း
မဆဲဆိုပါနဲ ့။ဘဝတန်ဖိုး ဘာသာတန်ဖိုး သိအောင် ကြိုးစားပါ။ကိုယ့်ဗုဒ္ဓဘာသာဝင် အချင်းချင်း တစ်ဦးနဲ ့တစ်ဦး  အမှားတွေ ့ရင် လမ်းညွှန်ဆုံးမပါ။ ပြုပြင်ပေးပါ ။
ချမ်းချမ်းမသိတာတွေ နားမလည်တာတွေ မှားတာတွေကို သိတဲ့ တတ်တဲ့ သူတွေက ပြန်လည်ဆုံးမပါ။ ချမ်းချမ်း ထက်အသက်ငယ်တဲ့သူ ဆုံးမလည်း ချမ်းချမ်း ရဲ ့ဆရာအဖြစ် လေးစားနာခံပါတယ်။
ပုထုဇဉ်လူသားတိုင်းဟာ အမှားတော့မကင်းပါဘူး။ ဒါပေမယ့် မှားနေတာကိုမှားမှန်းသိပြီး ပြင်တတ်ဖို ့ပဲလိုပါတယ်။
အခုလဲ.. တစ်ချို ့သော ဗုဒ္ဓဘာသာဝင်တွေ ရဲ ့အမှားကို ချမ်းချမ်း ထောက်ပြတာဟာ သိလို ့တတ်လို ့ ဆရာလုပ်ချင်လို ့မဟုတ်ဘူး။ ဗုဒ္ဓသာသနာတော်ကို တစ်ကယ် မြတ်နိုး ကြည်ညိုစိတ်နဲ ့
ဗုဒ္ဓဘာသာဝင်များ သိသင့်သိထိုက်တယ်လို ့ပါ။

ဗုဒ္ဓဘာသာဝင်များ အားလုံး သာသနာတော်ကိုတစ်ကယ် မြတ်နိုးတန်ဖိုးထားတတ်ကြပါစေလို ့

Written….By….ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်) http://www.haymonchan.blogspot.com

***  နတိ္ထမေ သရဏံ အညံ
အဂ္ဂေါမေ သရဏ ံဝရံ
ဧတေန သစ္စဝဇ္ဇေန
အဂ္ဂေါ ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု
သဗ္ဗဘိက္ခုသံဃာ သုခိတာ ဟောတု
မာတာပိတု အာစရိယာ သုခိတာဟောတု
သဗ္ဗဒေဝတာ ဝေနေယျ သုခိတ၊ဒုက္ခိတ
သဗ္ဗသတ္တာ ဘဝန္တု သုခီတတ္တာ***

ဒီမေတ္တာပို ့ဂါထာလေးကို ချမ်းချမ်း  ဘုရားရှိခိုးတိုင်း ၊သတိရတိုင်း အမြဲရွတ်ဖတ် ပူဇော် ပါတယ်။
ရတနာ သုံးပါးကို ကြည်ညို လို ့ ပါဠိတွေကို မြန်မာလို အဓိပ္ပါယ်တွေလေ့လာရင်း ကိုယ့်ဘာသာကိုယ် မှန်းပြီးစပ်ထားတဲ့ မေတ္တာပို ့ဂါထာလေးပါ။
ချမ်းချမ်းအတွက်တော့…လောကမှာ ကြောက်စရာ မုန်းစရာ ရွံစရာအကောင်းဆုံးဟာ အပြင်က လူတွေ၊မဟုတ်ဘူး။ ချမ်းချမ်းရဲ ့အတွင်းစိတ်ဓါတ်မှာ ရှိနေတဲ့
စိတ်ဆိုး စိတ်ညံ့တွေ ပါပဲ။ အဲ့ဒီစိတ်တွေဟာ ချမ်းချမ်းအတွက် ကြောက်စရာ အကောင်းဆုံးရန်သူပါပဲ။
သူငယ်ချင်းတို ့ရော..အပြင်က ရန်သူကိုကြောက်မှာလား ။အတွင်းစိတ်ဓါတ်က ရန်သူကိုကြောက်မှာလား။
အတွင်းစိတ်ဓါတ်က ရန်သူကိုကြောက်ရင်တော့ ဆရာတော်  သံဃာတော်များရဲ ့ဆုံးမသွန်သင်မှု နဲ ့ကိုယ့်စိတ်ဓါတ်ကို ပြုပြင်ပါ။
ရတနာသုံးပါးကို ရိုသေပါ။
ဗုဒ္ဓဘာသာဝင်များအားလုံးဗုဒ္ဓဆုံးမထားတဲ့ ငါးပါးသီလစောင့်ထိန်းနိုင်ကြမယ်ဆိုရင်
သူ ့အသတ် သတ်တဲ့ လူသတ်သမားတွေ။
သူ ့ဥစ္စာပစ္စည်းလိမ်ညာခိုးယူနေတဲ့ သူခိုးတွေ
သူတစ်ပါးလင် သူတစ်ပါးချစ်သူ သူတစ်ပါးသားမယား နဲ ့ဖောက်ပြန်နေတဲ့ သူတွေ
လိမ်ညာလှည့်ဖျားနေတဲ့ လူလိမ်တွေ
အရက်သမားတွေ
လဲ မြန်မာနိုင်ငံမှာ မရှိတော့ဘူးလေ…
ဗုဒ္ဓဘာသာဝင်များအားလုံး  ကိုယ့်စိတ်ဓါတ် နဲ ့ကိုယ့်ဘဝကို ကိုယ်တိုင်ကြိုးစားပြုပြင်ကြမယ်ဆိုရင် သေချာတယ် ကမ္ဘာပေါ်မှာ
စိတ်အချမ်းသာဆုံး၊မေတ္တာ အပြည့်ဝဆုံးထေရဝါဒ ဗုဒ္ဓဘာသာ ဝင် မြန်မာနိုင်ငံ ဖြစ်လာပါလိမ့်မယ်…..

32 comments

  • mzm

    December 15, 2011 at 3:19 pm

    သာဓုဗျာ .ခုလိုတရားဟောပေးလို့ တပည့်တော်သောတာပန်ကိန်းဆိုက်သွားလို့……

  • etone

    December 15, 2011 at 3:28 pm

    ပို့အကြောင်းဆွေးနွေးဖို့တော့ လက်မရဲပေမယ့်…
    မရဲတရဲနဲ့ ပြောချင်တာလေးရှိလို့ရေးလိုက်ပါတယ် ချမ်းချမ်းရေ … ။
    အမေစုပေါင်းတာ မှားနေတယ် … ။ 🙄

    • နီကီတာ

      December 15, 2011 at 3:51 pm

      ုဟုတ်တယ်နော်
      အမေဆုလို့ ရေးထားတော့ ဖတ်ရတာ တစ်မျိုးဖြစ်သွားတယ်

      ဘာသာရေးတော့ တော်တော်လိုက်စားပုံရတယ်နော် 😀

  • TTNU

    December 15, 2011 at 3:54 pm

    ချမ်းချမ်းရေ
    တော်တော်လေး ဖော်ပြထားတာပဲ။ မေတ္တာရှင် Reference တွေလည်း စုံလင်လှပါတယ်။
    စာဖတ်အားအတော်ကောင်းပါတယ်။ ဒါပေမဲ့…
    (လူထုဒေါ်အမာ ရဲ ့ယောက်ျား ဒေါက်တာသာလှ ဟာ လူဝင်စားတစ်ယောက်ပါ။
    သူဟာ အရင်ဘဝက အင်မတန်ဆင်းရဲတဲ့ သူတစ်ယောက်ပါ။
    စာပေလဲသင်ကြားခွင့်မရခဲ့ဖူး။)

    ဒီအချက်ကလေး ပြန်စစ်ပါဦးလားကွယ်။

    မေတ္တာပို့သလျှက်။
    TTNU.

    • ကြောင်ကြီး

      December 15, 2011 at 7:16 pm

      လူထုဒေါ်အမာရဲ့ ယောက်ျားဟာ ဒေါက်တာသန်းထွန်းဖြစ်ပါတယ် တီချယ်ကြီးခင်ဗျား….. 😮

      • windtalker

        December 15, 2011 at 7:25 pm

        ဟေ့လူတွေ
        ခင်ဗျားတို ့ဟာ က လဲ ဗျာ
        ဟာသ ဆိုပေမယ့်
        ကျုပ် တို ့မန်းတလေးမြို ့ရဲ ့ထိပ်သီး အလေးမြတ်ထားစရာတွေ ပါဗျာ

      • ဖီးကျူ

        December 15, 2011 at 10:55 pm

        သောက်ပလုပ်တုတ်
        လူထုဒေါ်အမာ ဆုံးပြီးကာမှ
        ဒေါက်တာသာလှ မယားဖြစ်ရ
        ဒေါက်တာသန်းထွန်း မယားဖြစ်ရ
        မသိရင်လည်း မပြောကြပါနဲ ့

        လူထုဦးလှသာ ဒေါ်အမာယောကျင်္ားစစ်စစ်ပါ ။

        • ကြောင်ကြီး

          December 16, 2011 at 9:09 am

          သောက်တုပ်ပလုပ်….
          ယောက်ျားပါဗျ
          သူ့လက်ထဲကျမှ
          ယောင်္ကျားဖြစ်ရ
          ယောင်ကျားဖြစ်ရ
          မယောင်ဘူးဟေ့
          ညောင်နေတာ
          ကြောင်ကြီးသာ
          အတော်ဆုံး….။ 😎

  • Shwe Tike Soe

    December 15, 2011 at 4:11 pm

    အရမ်းကောင်းတဲ့ပို.စ်လေးပါ…
    ဗုဒ္ဒဘာသာက ဒီမိုကရေစီ ဘာသာပါ.. ဘာလုပ်ရမယ် ညာလုပ်ရမယ် ထိန်းချုပ်မထားပါဘူး..
    ကိုယ်လုပ်သလောက် ကိုယ်ခံစားရမှာပါ..
    ကောင်းတာလုပ်ရင် ကောင်းတာခံရသလို မကောင်းတာလုပ်ရင် မကောင်းတာပဲ ခံရမှာပါ..

    • Foreign Resident

      December 15, 2011 at 4:59 pm

      ” ဗုဒ္ဒဘာသာက ဒီမိုကရေစီ ဘာသာပါ ?????????? ”
      အနဲဆုံး ၊ အခုအချိန် ၊ မြန်မာပြည် မှာတော့ ၊ မဟုတ်သေးဘူးထင်တယ် ။

      ” ရွှေညဝါဆရာတော်ကို လူဝတ်လဲရန် ၊ ကြည့်မြင်တိုင် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်
      နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ ၄ရ ပါး စုံညီအစည်းအဝေးဆုံးဖြတ် ”

      ဗုဒ္ဓဘာသာဝင်ဖြစ်ရတာ ၊ ရှက်ဖို့တောင် ကောင်းလာပြီ ။
      တော်တော် ကျက်သရေတုန်းတဲ့ သတင်းပဲ ။

      သံဃာ့မဟာနာယက ဆိုတဲ့ ပုဂ္ဂိုလ်တွေကို
      တော်တော် အထင်အမြင်သေးသွားတယ် ။

      နောက်နောင် ဒီသံဃာ့ မဟာနာယက ဆိုတဲ့ ပုဂ္ဂိုလ်တွေကို တွေ့ရင်
      ကန်တော့သင့် မသင့် တော်တော် စဉ်းစားရတော့မယ် ။

      တိုင်းပြည်ကောင်းကြိုး အတွက်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို
      အားမပေးရဲတောင် ဒီလို မနှောက်ယှက်သင့်ဘူးလို့ ထင်တယ် ။

      အဲဒီလိုသာဆက်လုပ်သွားရင်
      ရေရှည်မှာ ဒီသံဃာ့မဟာနာယက ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ
      ပြည်သူ့ ချဉ်ဖတ် ဖြစ်သွားတော့မှာပဲ ။

      • koaung

        December 15, 2011 at 7:35 pm

        မပြောပါနဲ့ဒေါ့ဗျာ ဒီလိုလက်သီးပုန်းစနစ်နဲ့တိုင်းပြည်ကိုဆက်အုပ်ချုဎ်နေလို့ကဒေါ့ ဘယ်အဖေ(တရုတ်၊အမေရိကန်) ကိုပဲ အားကိုးကိုး
        ဒုံရင်းကဒုံရင်းပါဘဲ (ထူးမခြားနား ငါလုဎ်လိုက်ရင် ငါလုဎ်ကြီးဖြစ်ရုံပါပဲ)

      • kai

        December 16, 2011 at 1:37 am

        ထေရဝါဒဗုဒ္ဓဘာသာဖြစ်တဲ့အတွက်….ထေရီထေရာ(မြန်မာပြည်မှာတော့..ထေရာ)က.. ဗုဒ္ဓရှေ့ရောက်နေတယ်လေ..။
        ဗုဒ္ဓစကား/တရားထက်…ထေရာတရား/စကားက..ဓမ္မစက်အရပိုပြင်းနေခဲ့တာ…
        ဘယ်လိုဖြစ်လာသလည်းဆိုတော့.. အယူအဆအတွေးအခေါ် မတူသူတွေကိုပါ..ကိုယ့်ရဲ့ဓမ္မစက်ဟုဆိုသောအရာနဲ့ နှိပ်ကွပ်ရမယ်ဖြစ်လာတော့တာပဲ..။
        …ထေရာတွေဂိုဏ်းဖွဲ့ပေးပြီး.. အာဏာစက်(အစိုးရ)က.. .ပေါင်းထားလိုက်တော့.. ဓမ္မစက်+အာဏာစက် .. အခုလိုတွေ ဖြစ်ကုန်တော့တာပါ..။

        တိမ်ပေါ်နေတဲ့ လူတန်းစားဖြစ်အောင် ဖန်တီးလိုက်ပြီး.ငရဲနဲ့ခြောက် ဘုံနဲ့မြှောက်လို့.. . လူတွေက..ပြန်မလှန်ရဲအောင်လည်း.. အထပ်ထပ်..ရိုက်သွင်းထားခဲ့ကြတယ်..။
        brainwashing လို့ခေါ်ရမယ်..။

        ဆိုတော့..
        ဘာမှမပြောနဲ့..ဘာမှပြန်လှန်မပြောနဲ့..
        “ကျမမှာချစ်သူရှိတယ်.. ရှင်ငရဲကြီးလိမ့်မယ်.”..ဒန်တန်တန်… 😆

  • Maung Dae`

    December 15, 2011 at 4:37 pm

    အရှည်ကြီးပဲ… တစ်ဝက်ဖတ်ပြီးသွားပြီ… 😀 နောက်နေ့ တစ်ဝက်ဖတ်ပြီးမှ Comment ထပ်ပေးမယ်.. အဟီး… 😀

  • Gipsy

    December 15, 2011 at 6:07 pm

    ဒီပို့စ် ကို Facebook မှာလဲ တင်သင့်တယ် ..
    ချမ်းချမ်းပြောသလို အသိစိတ်တွေ လူသားတိုင်းမှာ ရှိနိုင်ခဲ့ရင် အကောင်းဆုံးပါပဲ..
    တကယ်လက်တွေ့ဘဝမှာတော့ မိတ်ဆွေတို့ သိတဲ့အတိုင်းလေ ..
    တခြားတော့မပြောချင်ပါ .. ကိုယ့်ကိုကိုယ်ပဲ အရင် ဆန်းစစ်ကြည့်ကြပါစို့ ..
    ကျနော် ဆိုတဲ့ အပုပ်ကောင်ရုပ်ဆောင်ကြီးအတွက် အဲဒီအသိစိတ်မျိုးရှားပါးနေသေးလို့ပါ…။

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 15, 2011 at 6:46 pm

    ဒေါ်ဂျမ်းဂျမ်းခင်ဗျား ဟုတ်ပါဘူးယောင်လို့ ဒေါ်ချမ်းချမ်းခင်ဗျား
    ရေးအားကောင်းတယ်နော တော်တော်ရှည်တာဘဲ
    ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အခြားဘာသာဝင်တွေကို ဆဲရေးတိုင်းထွာတာဟာ
    တော်တော်ဆိုးဝါးပါတယ် ကျုပ်တောင် ဒီအကြောင်းတွေကို ရေးမလို့ပါဘဲ မရေးတတ်လို့ 😀
    ခုတော့ အတော်ပါဘဲ
    ဒီနေရာကနေ တိုက်တွန်းခြင်ပါတယ် ဘာသာခြားတွေကို မဆဲကြဘို့ပါ
    ဒီလို အခြားဘာသာခြားတွေကို ဆဲရေးတိုင်းထွာတယ်ဆိုတာ မိမိတို့ကိုယ်တိုင်
    မိမိတို့ရဲ့ သက်ဆိုင်ရာ ဘာသာတရားမှာ လုံးဝနားမလည်ဘူးဆိုတာ ထင်ရှားတယ်
    ဒီဆိုဒ်ထဲ ဆဲတာကတော့ ကျုပ်တစ်ယောက်ထဲပါ
    ကျုပ်အမြင်ကိုပြောရမယ်ဆိုရင် မဆဲတတ်ဘူးပြောတဲ့သူဟာ လူလိမ်ပါ
    အသိဉာဏ်ကြောင့် မပြုမူတာဘဲဖြစ်ပါတယ်
    မကောင်းတဲ့အမှု့ကိုမပြုတာပါ
    စာရေးသူအနေနှင့် ယ္ခု ဤပို့စ်အတွင်းမှာ ဆဲရေးတိုင်းထွာခြင်းကို ယဉ်ကျေးစွာ
    သစ္စာတရားတွေနှင့် ချဉ်းကပ်ပြီး ရေးထားပေမယ့်
    ယဉ်ယဉ်ကျေးကျေးလေး မိုက်ရိုင်းထားတဲ့ စကားစုလေးတစ်ခု ရှိပါရဲ့
    ( ချမ်းချမ်းဘဝ မှာ အဲဒီလောက် အောက်တန်းကျတဲ့သူ တစ်ခါမှမတွေ ့ဖူးဘူး၊
    ရိုင်းစိုင်းပါတယ်ဆိုတဲ့ငါးစိမ်းသည်ထက် အဆပေါင်းများစွာ ယုတ်ညံ့တဲ့ စကားလုံတွေနဲ ့
    ဆဲထားတာလည်း မိုးမွှန်နေတာပဲ။)
    ငါးရောင်းတဲ့သူတွေကို ရိုင်းစိုင်းတဲ့လူတန်းစားတွေလို့ ဘယ်အစိုးရ ဘယ်ဥပဒေက
    သတ်မှတ်သတုံးခင်ဗျ
    အဲ့ဒါတွေ အဲ့ဒါတွေ ကိုယ်က ယဉ်ယဉ်ကျေးကျေး မိုက်ရိုင်းလိုက်တာ 😀
    ( ဒီဃနိကာယ် သီလက္ခန်ပါဠိတော် – ဗြဟ္မဇာလသုတ် – ပရိဗ္ဗာဇကကထာ )
    ၅။ ရဟန်းတို့
    သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကို ဖြစ်စေ
    ပြောကြ လျှင်
    ထို (ပြောကြရာ) ၌ သင်တို့သည် ရန်ငြိုးထားခြင်း နှလုံးမသာခြင်း စိတ် မကျေချမ်းခြင်း မဖြစ်စေသင်။
    ပြောကြရာ၌ သင်တို့သည်အမျက်ထွက် ကြလျှင် နှလုံးမသာကြလျှင် သင်တို့အား သာလျှင် အန္တရာယ် ဖြစ်ရာ၏။
    သင်တို့သည် အမျက်ထွက်ကြလျှင် နှလုံးမသာကြလျှင် သင်တို့သည်
    သူတစ်ပါးတို့၏ စကားကောင်း စကားဆိုးကို သိနိုင် ကြပါမည်လော။
    အပြစ်ကို ပြောကြရာ၌ ဤစကားသည် ဤအကြောင်း ကြောင့် လည်း မဟုတ်၊
    ဤအကြောင်း ကြောင့် လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ ဟု
    မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်။
    ၆။ ရဟန်းတို့
    သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ သံဃာ၏ ဂုဏ်ကိုဖြစ်စေ ပြောကြလျှင်
    ထို (ပြောကြရာ) ၌
    သင်တို့သည် နှစ်သက်ခြင်း ဝမ်းသာခြင်း စိတ် တက်ြွကခြင်း မဖြစ်စေသင်။
    နှစ်သက်ကြလျှင် ဝမ်းသာကြလျှင် စိတ်တက် ြွကကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏။
    ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း ဟုတ်ပေ၏၊
    ဤအကြောင်း ကြောင့် လည်း မှန်ပေ၏၊ စင်စစ် အားဖြင့် ဤဂုဏ်သည် ငါတို့၌ ထင်ရှားရှိပေ၏
    ဟု ဟုတ်မှန်သည်ကို ဟုတ်မှန်သည့် အတိုင်း သင်တို့ ဝန်ခံရမည်။

  • blackchaw

    December 15, 2011 at 7:23 pm

    ကိုကြောင်ကြီးရေ။
    လူထုဒေါ်အမာ ယောင်္ကျားက
    လူထုဦးလှ ဟုတ်ဘူးလားဗျို့။
    မှားနေရင်လည်း ခွင့်လွှတ်ဗျို့။

  • windtalker

    December 15, 2011 at 7:31 pm

    မတူညီသော အတွေးဖြင့် ဤကွန်မင့် ကို ရေးပါသည် ။
    ရွာသူလေး ချမ်းချမ်း ဆိုသော နာမည် ကို ကြားဖူးနေသည်မှာ ကြာပြီ ။
    ကိုပေါက် (မန်းတလေး) ပြောပြသဖြင့် ရွာသူလေး ချမ်းချမ်း အကြောင်း ကို ကြားဖူးနေခဲ့သည် ။
    ကဗျာဆရာမလေး တဲ့ ၊ သည်ပို ့စ်ကို ရေးသူ ရွာသူလေး ချမ်းချမ်း နှင့် အတူတူဘဲလားတော့ သေချာမသိပါ
    ရွာသူလေး ချမ်းချမ်း ၏ သဘောထားများကို ကြိုက်နှစ်သက်မိပြီး ၊ ခန် ့မှန်းချက်အရ
    ရွာသူလေး ချမ်းချမ်း တစ်ယောက် ကွန်မင့်ဖြင့် အဆဲခံထားရပုံ ပေါက်ပါသည် ။
    ဘာဘဲဖြစ်ဖြစ် ၊ မသိခဲ့သော အကြောင်းအရာများကို ဖတ်ရသည့်အတွက် ရှဲရှဲ

  • kyawkoko

    December 15, 2011 at 8:13 pm

    အာဂ ရွာသား/သူ များပါလား…. ဘက်စုံတော်ကြပါပေတကား…
    ဘာသာရေးဆရာများလည်းရှိကြပေတကား..
    နိုင်ငံရေးသမားများလည်းရှိကြပေတကား..
    ဘောပွဲဆရာများလည်းရှိကြပေတကား…
    အွန်လိုင်းဆန္ဒပြသူများလည်းရှိကြပေတကား…
    မင်းသိင်္ခဝတ္တုများထဲရှိအလွန်တော်သောလူရွဲ.ကြီးများလည်းရှိကြပေတကား…
    စာလုုံးပေါင်းစစ်သော ဆရာမများလဲ ရှိကြပေတကား…
    ကင်မရာဆရာများလဲရှိကြပေတကား..
    သူကြီးအားဆဲသောလူမိုက်များလဲရှိကြပေတကား…
    ပေတေအပြောခံကာ ဒူပေဒါပေခံသောဩူကီးလဲရှိပေတကား….

  • mandalarthu

    December 15, 2011 at 9:34 pm

    ချမ်းချမ်းေ၇….
    အရမ်းကောင်းလို ့အစမှ အဆုံးတိုင် သေသေချာချာဖတ်မိပါတယ်။ စိတ်ထဲမှာလဲ အရသာရှိတဲ ့အစားကောင်းကို တဝကြီး စားရပြီး ဗိုက် ဝ သွားသလို ခံစားမိပါတယ်။အရမ်းကို သဘောကျ ကျေနပ် မိပါတယ်။ ဘာသာရေး၊ စိတ်ဓာတ်၊တရားတော်ရဲ ့အနှစ်သာရတွေကို တကန် ့ချင်း တင်ပြ သွားလို နှစ်ချိုက် မိတာပါ။ “ကိုယ်တိုင်က ဗုဒ္ဓဘာသာ ဖြစ်ပေမယ့် ဗုဒ္ဓရဲ ့တရားတော်ကို
    မလေ့လာ မဆန်းစစ် ဘူးဆိုရင် ဘာသာတန်ဖိုး၊သာသနာတန်ဖိုး မသိနိုင်ဘူး။ ဆို ပြီး တော ့ထောက်ပြ ထားတာလေးကို အကြိုက်ဆုံးပါ ဘဲ။
    ဘာသာ၊သာသနာ အတွက် မြတ်ဗုဒ္ဒရဲ ့အဆုံးအမ တရားတွေကို လက်ခံ ယုံကြည် လိုက်နာမှ သာ
    သံသရာက လွတ်မြောက်ကြောင်းလမ်းပေါ်ကို ရောက်မှာဖြစ်ကြောင်း မီးမောင်းထိုးပြ နိုင်တဲ့ ပို ့စ် တခု ဖြစ်လို ့အထူးနှစ်သက် မိပါတယ်။
    ရင်ထဲစွဲငြိမိတဲ ့စကားလေး ကတော ့…..
    ””အဓိက အရေးကြီးဆုံးက ဘယ်အရာကိုမဆို တန်ဖိုးသိအောင်သေချာလေ့လာဆန်းစစ်ပါ။ ***တန်ဖိုးသိမှ တန်ဖိုးရှိမယ် တန်ဖိုးရှိမှ တန်ဖိုးထားကြမှာပါပဲ***”
    ကျေးဇူးတင်ပါတယ် ချမ်းချမ်းေ၇…..
    နောက် လဲ ဒီလို တန်ဖိုးရှိတဲ ့ အတွေးအခေါ်လေးတွေ ကို အားလုံးကို မျှဝေပေးပါဦး။
    မန္တလာသူ

  • that naing oo

    December 15, 2011 at 9:45 pm

    သိသင် ့သိထိုင်တာကိုပြောပြတဲ ့ ချမ်းချမ်း ကိုကျေးဇူးတင်ပါတယ်ဗျာ ကွန် းပေးပြီး ပိုသိထိုက်တာတွေကို ပြောပြတဲ ့ ရွာသားတွေကိုလည်း ကျေးဇူးတင်ပါတယ် ….

  • comegyi

    December 16, 2011 at 3:31 am

    ချမ်းချမ်းရဲ့ စေတနာနဲ့ရည်ရွယ်ချက်က
    ကောင်းမွန်လှပါတယ်
    ငါးစိမ်းသည်အပေါ်မှာ
    ဥပမာပေးလိုက်ပုံကတော့
    သတိလက်လွတ်ဖြစ်သွားပုံရတယ်လို့
    ထင်မိပါရဲ့……

  • small cat

    December 16, 2011 at 7:28 am

    ကျေးဇူးတင်ပါတယ်ချမ်းချမ်းရေ…..
    သိသင့်တဲ့အချက်လေးတွေထောက်ပြသွားတာကောင်းပါတယ်။
    ဒါမျိုးလေးတွေများများရေးဖို့ အားပေးပါတယ်။

  • nigimi77

    December 16, 2011 at 10:56 am

    ဒေါ်ချမ်းချမ်း ခင်များ..

    ကျေးဇူးပြုပြီး စာပြန်ပါ ။

    ရေးချင်တာတွေရေးသွားပြီး ဘယ်သော အခါမှ စာဖတ်သူမှ ရေးသားသွားတဲ့

    ကွန်မန် ့တွေကို ပြန်လည် ချေပခြင်း ၊ ဆွေးနွေးခြင်း အစရှိတာကို ပြုလုပ်တာ

    လုံးဝ မတွေ ့ခဲ့ပါဘူး ။ မိမိရေးသားတဲ့ စာတွေကို ဖတ်ရှုတဲ့ ပရိတ်သတ်ကို လေးစား

    ခြင်းဖြင့် တုံ ့ပြန်ပေးပါ ။ ဒါမှ မဟုတ်ရင်တော့ ” ငါ့စကား နွားရ ” ဖြစ်နေပါလိမ့်မယ် ။

    • windtalker

      December 16, 2011 at 11:45 am

      ရဲ ဘေဘီ ရဲ
      သက်စ်ရိုက်
      ချမ်းချမ်း
      ကမ်းဘက် အန်
      ရီပလိုင်း ရော် ပို ့စ် ကော်မန် ့စ်

  • aungnng87

    December 16, 2011 at 12:09 pm

    Really very very nice post. Totally I like it.

  • mummymoon

    December 16, 2011 at 7:23 pm

    ဖတ်လို့ကောင်းပါတယ်—

  • nigimi77

    December 19, 2011 at 12:38 am

    @ ချမ်းချမ်း

    စာမူရှင်သည် မိမိစာအပေါ်ကော်မန့်ပေးသူများအား ဦးဆောင်ဆွေးနွေးသူဖြစ်ရမည်။

  • Gipsy

    December 19, 2011 at 12:59 am

    ပုံ
    ——–
    ကိုယိုကိုကျုံး လီမိတက်

  • jmaungmg

    December 19, 2011 at 8:11 am

    ချမ်းချမ်းနဲ့ရတဲ့ယောက်ကျားတော့ ကံကောင်းတာပဲ နေ့တိုင်းတရားနာလို့ရတယ်

  • Ka Yin Lay

    December 19, 2011 at 8:40 am

    ဟုတ်မှလဲ လုပ်ပါ အကိုလေးရာ သီလရှင်ဖြစ်နေပါဦးမယ် (စတာ)

  • teekaunglay

    December 19, 2011 at 2:23 pm

    ကမာ္ဘပေါ်မှာ လူသားတိုင်းဟာ မိမိယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာကိုးကွယ်နိုင်ခွင့်ရှိရပါမယ်။ ဒါဟာ အခြေခံကျသော လူ့အခွင့်အရေးထဲက တစ်ချက်လည်းဖြစ်ပါတယ်။ ဘာသာတရားတစ်ခုနှင့် တူတာတွေ ရှိသလို မတူတာတွေလည်းရှိပါတယ်။ ကိုယ်မှန်တယ်ထင်လို့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားက အမှန်ဆုံးလို့ ထင်ကြတာလဲ မဆန်းပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ မှာ အစွဲတွေရှိကြပါတယ်။ အဲဒီအစွဲတွေ လွန်ကဲမှုကြောင့် ပဋိပက္ခတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဘာသာတရားတိုင်းက မေတ္တာထားဖို့ ၊ ငြိမ်းချမ်းရေးရှိဖို့၊ ဆင်းရဲဒုက္ခရောက်သူတွေကို ပေးဝေလှူဒါန်းဖို့ သွန်သင်ဆုံးမထားတာကို တွေ့ရပါတယ်။ ဗုဒ္ဓဘာသာမှာ နိဗ္ဗာန် မျှော်ကိုးသလို၊ တခြားသော ဘာသာတွေမှာလည်း ကောင်းကင်ဘုံ ကို မျှော်ကိုးကြပါတယ်။ ဗုဒ္ဓဘာသာမှာ နောက်ဘုရားတစ်ဆူထပ်ပွင့်ဖို့ ရှိသလို.. တခြားသော ဘာသာတွေမှာလည်း ဘုရား ပြန်ကြွလာဖို့ရှိတယ်လို့ ယုံကြည်ကြပါတယ်။ ကောင်းတာ လုပ်ရင် ကောင်းတာခံရမယ်.. မကောင်းတာလုပ်ရင်လည်း မကောင်းတာခံရမယ်ဆိုတာလည်း အတူတူပါပဲ…. မတူတာက (ဥပမာ…ဗုဒ္ဓဘာသာမှာ ထာဝရဘုရားသခင် မရှိဘူး…. ကျန်တဲ့ ဘာသာတွေမှာ ထာဝရဘုရားသခင်ဆိုတာ ရှိတယ်..) ဒါတော့ ကွဲကြပါတယ်။…ကျွန်တော်အနေဖြင့် ဘယ်ဟာ မှန်တယ်မှားတယ်လို့ မဝေဖန်လိုပါဘူး…. အဓိက က ဘာသာတရားတိုင်း အပြန်အလှန်လေးစားပြီး နားလည်မှု ရှိဖို့ အရေးကြီးပါတယ်… လို့ ငြိမ်းချမ်းရေးကို ရှေးရှုပြီး စဉ်းစားမိပါကြောင်း ဆွေးနွေးတင်ပြအပ်ပါတယ်။………

  • teekaunglay

    December 19, 2011 at 2:26 pm

    ကမာ္ဘပေါ်မှာ လူသားတိုင်းဟာ မိမိယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာကိုးကွယ်နိုင်ခွင့်ရှိရပါမယ်။ ဒါဟာ အခြေခံကျသော လူ့အခွင့်အရေးထဲက တစ်ချက်လည်းဖြစ်ပါတယ်။ ဘာသာတရားတစ်ခုနှင့် တူတာတွေ ရှိသလို မတူတာတွေလည်းရှိပါတယ်။ ကိုယ်မှန်တယ်ထင်လို့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားက အမှန်ဆုံးလို့ ထင်ကြတာလဲ မဆန်းပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ မှာ အစွဲတွေရှိကြပါတယ်။ အဲဒီအစွဲတွေ လွန်ကဲမှုကြောင့် ပဋိပက္ခတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဘာသာတရားတိုင်းက မေတ္တာထားဖို့ ၊ ငြိမ်းချမ်းရေးရှိဖို့၊ ဆင်းရဲဒုက္ခရောက်သူတွေကို ပေးဝေလှူဒါန်းဖို့ သွန်သင်ဆုံးမထားတာကို တွေ့ရပါတယ်။ ဗုဒ္ဓဘာသာမှာ နိဗ္ဗာန် မျှော်ကိုးသလို၊ တခြားသော ဘာသာတွေမှာလည်း ကောင်းကင်ဘုံ ကို မျှော်ကိုးကြပါတယ်။ ဗုဒ္ဓဘာသာမှာ နောက်ဘုရားတစ်ဆူထပ်ပွင့်ဖို့ ရှိသလို.. တခြားသော ဘာသာတွေမှာလည်း ဘုရား ပြန်ကြွလာဖို့ရှိတယ်လို့ ယုံကြည်ကြပါတယ်။ ကောင်းတာ လုပ်ရင် ကောင်းတာခံရမယ်.. မကောင်းတာလုပ်ရင်လည်း မကောင်းတာခံရမယ်ဆိုတာလည်း အတူတူပါပဲ…. မတူတာက (ဥပမာ…ဗုဒ္ဓဘာသာမှာ ထာဝရဘုရားသခင် မရှိဘူး…. ကျန်တဲ့ ဘာသာတွေမှာ ထာဝရဘုရားသခင်ဆိုတာ ရှိတယ်..) ဒါတော့ ကွဲကြပါတယ်။…ကျွန်တော်အနေဖြင့် ဘယ်ဟာ မှန်တယ်မှားတယ်လို့ မဝေဖန်လိုပါဘူး…. အဓိက က ဘာသာတရားတိုင်း အပြန်အလှန်လေးစားပြီး နားလည်မှု ရှိဖို့ အရေးကြီးပါတယ်… လို့ ငြိမ်းချမ်းရေးကို ရှေးရှုပြီး စဉ်းစားမိပါကြောင်း ဆွေးနွေးတင်ပြအပ်ပါတယ်။……… (စာကြွင်း… လူထုဦးလှနှင့် လူထုဒေါ်အမာတော့ သနားပါတယ်ဗျာ.. 😛 )

Leave a Reply