ကျမဘဝ ကျမ ဇာတ်ကြောင်း – ၃

ムラカミDecember 16, 20113min24320
ကျမဟာ The Body Shop ကို စတင်ခဲ့ရာမှာ ငွေကြေး လိုအပ်ချက် အရတခုတည်းတော့ မဟုတ်ခဲ့ပါဘူးရှင်။
ကျမ အစောပိုင်းကာလတွေက ကမာ္ဘပါတ်ပြီး ခရီးတွေလှည့်လည်စဉ် ကာလတွေမှာ အတွေ့အကြုံတွေ တပုံတပင်
ရခဲ့သပေါ့ ။ စက်မှုခေတ် မရောက်သေးသလိုမျိုး ခံစားရတဲ့  လယ်ယာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေကို
လုပ်ကိုင်နေတဲ့ လူတွေ အထူး သဖြင့် အမျိုးသမီးတွေနဲ့ သူတို့ ရဲ့ ရိုးရာဓလေ့တွေ ကို ခံစား ထိတွေ့ခဲ့ရသပေါ့ရှင်။
မေမေ့ဆိုင်လေး ကလည်း ပြန်အသုံးချလို့ရနေသေးတဲ့ ခွက်အလွတ်တခုကို ဘာကြောင့် လွှတ်ပစ်မှာလဲ ဆိုတဲ့
အတွေးမျိုး ခံစားမှုမျိုး လေး ကျမကို သင်ကြားပေးခဲ့တယ် မဟုတ်ပါလား ။


ကျမတို့ဟာ စစ်ကာလဆိုးကြီးကို
ဖြတ်သန်းခဲ့ရတာဆိုတော့ ရှားပါးမှု ပြတ်လတ်မှု  အကြောင်း ကို သိတယ်ရှင့်။ ကျမတို့ ဟာ ဘာမဆို ပြန်လည်
အသုံးချခဲ့ရတယ် ... တတ်နိုင်သမျှ recycle လုပ်ကြရတယ်လေ။  The Body Shop ကိုတည်ထောင် မှုဟာ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ဆိုတဲ့ အတွေးအခေါ်လေးလည်း ပါဝင်နေတာ အမှန်ပါ။
အောင်မြင်မှု ဆိုတာ အကြံဉာဏ်ကောင်း ဆီက မြစ်ဖျားခံတဲ့ ခမ်းနားတဲ့ အရာတခုဆိုတာ ကျမ သိပါတယ်။
ဒါပေမယ့် timing ဆိုတာကလည်း အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းတခုပေါ့ရှင်။
ကျမ အမျိုးသား Gordon တယောက် အင်္ဂလန် ပြန်ရောက်လာတော့ "Self-financing" ဆိုတဲ့ idea တခုကို
သယ်ဆောင်လာခဲ့တယ်လေ.။ ဒါဟာ The Body Shop ကို franchise network အနေနဲ့ လျင်လျင်မြန်မြန်ပဲ
တိုးပွားလာစေခဲ့ သပေါ့ရှင်။
ကျမတို့ဟာ Europe ကို စတင်ခြေချတော့ အစိမ်းရောင် ဆိုတဲ့ စကားလုံး ကို စတင် မိတ်ဆက်သူများထဲမှာ
ပါဝင်ခဲ့တယ် ဆိုနိုင်ပါတယ်။ ကျမတို့ရဲ့ Logo ကိုကြည့်ပါ အစိမ်းရောင်ဟာ ထင်ထင်ရှားရှား မြင်နေရမှာပါ။
ကျမရဲ့ ဆိုင်တွေရဲ့ နံရံထက်မှာ အခင်းအကျင်း အပြင်အဆင်တွေမှာ မြင်ရမယ့် တခုတည်းသော အရောင်ပဲဖြစ်ပါတယ်။
၁၉၈၄ခုနှစ်မှာတော့ ကျမတို့ဟာ the Body Shop ကို အများပိုင် public company အနေနဲ့ အသွင်ပြောင်းခဲ့ပါတယ်။
၁၉၉၁ခုနှစ်မှာ တော့ ကျမတို့ဟာ ဆိုင်ခွဲပေါင်း ၇၀ဝကျော် ထိ ရှိလာပြီ ဖြစ်ပြီးတော့ World Vision အဖွဲ့ကပေးတဲ့
Development Initiative ဆုကို လက်ခံရရှိခဲ့ပါပြီရှင်။

လူမှုရေးလုပ်ငန်းတွေ အနေနဲ့ ပြောရရင်တော့ ၁၉၉ဝပြည့်နှစ်မှာ ကျမဟာ Romanian မိဘမဲ့ ကလေးငယ်တွေဆီ
သွားရောက် ခဲ့ပြီး ..စစ်ဘေးဒဏ်ခံ မိဘမဲ့ ကလေးငယ်တွေအတွက် တခုခုလုပ်ပေးဖို့ လိုအပ်တယ်လို့ ခံစားလာရပါတယ်။


ဒါနဲ့ပဲ ကျမ Children on the Edge ဆိုတဲ့ အလှူဓါန အဖွဲ့ အစည်း တခု ထူထောင်ပြီး စစ်ရဲ့ သားကောင် ကလေးငယ်တွေကို
ကူညီစောင့်ရှောက်ရေး တာဝန်တွေ ထမ်းရွက်ခဲ့တာပေါ့။ ကျမရဲ့ အဖွဲ့အစည်း ဟာ လူသားချင်းကိုယ်ချင်းစာစိတ်ရှိတဲ့
ဗြိတသျှလူငယ် လူရွယ်တွေကို သူတို့လို ငြိမ်းချမ်းစွာမနေရရှာတဲ့ ကံမကောင်းရှာကြတဲ့ နိုင်ငံရပ်ခြားက စစ်ရဲ့သားကောင်
ကလေးငယ်တွေကို ကူညီဖို့ အခွင့်လမ်းတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်..


အရှေ့ ဥရောပ တိုင်းပြည်တွေရော နောက်ပိုင်းမှာအာရှတိုင်းပြည်တွေ အထိပါ ကွန်ယက်တွေ ဖြန့်ကျက်နိုင်ခဲ့သပေါ့ရှင်။
Children on the Edge အနေနဲ့ မိဘမဲ့ ကလေးငယ်တွေသာမကဘဲ သဘာဝဘေးဒဏ် သားကောင်တွေ၊ ကိုယ်လက်ခန္ဒာ
မပြည့်စုံသူတွေနဲ့ HIV/AIDS ဝေဒနာရှင်တွေကိုပါ ကူညီစောင့်ရှောက်ပေးဖို့ တိုးချဲ့နိုင်ခဲ့ပါသေးတယ်.

20 comments

  • ပေါက်ဖော်

    December 16, 2011 at 10:40 am

    မဖွတ်ကျားက ဒီလိုလဲ ရသကိုး..
    ကောင်းလေစွ.. ကောင်းလေစွ….သာဓု..အာဝု..

    မောင်ပေက လူသာ မဖြူတာ..စွတ်ကျယ်တော့ ဖြူတယ်နော်.. 🙄

    • inz@ghi

      December 16, 2011 at 10:42 am

      ဘာမဖွတ်ကျားလဲ ….
      အမျိုး လာလာမစပ်နဲ့
      ကိုတောက်တဲ့
      ဒါဗျဲ…
      ဗျန်းဗျန်းဗျန်း….
      😀

    • Moe Z

      December 16, 2011 at 11:44 am

      အင်းလေ တောက်တဲ့နဲ့ဖား ဘယ်လိုအမျိုးစပ်လို့ရမှာလဲ
      ပေါက်ကရတွေ 😀 😀

      • inz@ghi

        December 16, 2011 at 11:56 am

        ဂီမမ ခေါ်လို့ လက်ငင်း ဝဋ်လည်တာ မမှတ်တေးဝူးလား …
        ဘာ ဖားလဲ ….ဟွန့်…

        “ဂီ့ နာမည်ကို မဖျက်ကြပါနဲ့တော့ ဂီ့နာမည်က ဖေဖေပေးထားတာပါ” လို့တော့
        ရေးလော့ဝူးနော … အာဟိ….

        နောက်တာပါ မိုးစက်ရယ်…
        ကျနော်မှာ ဆစ်ဂနေချာ အစား တခါတလေ ဖားရုပ်လေး ရေးရေးပေးတတ်တဲ့ အကျင့်ဆိုးလေးတခုရှိသဗျ..

      • windtalker

        December 16, 2011 at 12:06 pm

        အဲဒီ့ တောက်တဲ့ နဲ ့ဖား အမျိုးစပ် ဖို ့အတွက်
        ပရော်ဖက်စာ ဒေါက်တာ ( အရှေ ့က ဟာတွေ က ကိုယ့်ဟာကိုယ် သမုတ်သည် ) ““ မောင်မောင်ပေ ”” ( ယူကေ ၊ ယူအက်စ် တို ့တွင် ဘွဲ ့ယူရင် အစီအစဉ်ရှိသူ )
        သည် လွန်စွာကြိုးစား အားထုတ် ရီဆက်ချ် လုပ်လျှက်ရှိပါကြောင်း

      • ဆူး

        December 16, 2011 at 12:12 pm

        တောက်တဲ့ နဲ့ ဖား အမျိုးတော့ စပ်လို့ ရတယ်လေ.. ခြေ၄ချောင်းချင်း တူတာပဲ..
        မကျားဖွတ် ဟုတ်တယ်မလား 😀

        • inz@ghi

          December 16, 2011 at 12:15 pm

          အောင်းမျက်မင်း
          နာ့ပိုစ့်လေး ပျက်ပါဘီ ….
          ဟို…ကိုယ့်ဘာသာ မှုတ်တဲ့လူရီး ..
          နဲ့ … ဟာလဘွားကြီး ဆူး ….ရဲ့…

        • E.T

          December 16, 2011 at 12:55 pm

          တောက်တဲ့နဲ ့ ဖားဆိုတော့ ထွက်လာမယ့်ပုံက ဖားကိုယ်လုံးမှာ တောက်တဲ့ အမြီးလေးနဲ ့ဖြစ်မှာ ဟိဟိ 😛 အဲလိုပုံဆိုရင် တောက်တဲ့ထက်ပိုပြီး ဈေးကောင်းရမယ်ထင်တယ်

  • ကိုရင်စည်သူ

    December 16, 2011 at 12:00 pm

    လိုင်းစုံရပြီး အသိဉာဏ်ကြွယ်တဲ့ ဖားကလေးကို
    ဂုဏ်ပြုတဲ့အနေနဲ့ ယနေ့ မိုးစက်ရွာသွန်းမယ်တဲ့…. 😀 😀 😀
    အုံး..ဂွမ်… အုံး.. ဂွမ်…. 😛 😛 😛

  • zoe

    December 16, 2011 at 12:20 pm

    ဒီ တံဆိပ် ရဲ့ concept ဖြစ်တဲ့ တိရစ္ဆန် နဲ့မစမ်းသတ် တာတို့ ၊re-cycle လုပ်တာတို့ ၊ လူမှုရေး အသင်းအဖွဲ့တွေ ကူညီတာ တို့ကို ကြိုက်လို့ အရင်ကသုံးဖူးပါတယ် ။ အခုတော့ တခြား တံဆိပ်တွေ လဲ ဒီ conceptသုံးနေကြပါပြီ ။ Aveda တို့ဘာတို့ ပေါ့လေ ။ ဒါပေမဲ့ re-cycle လုပ်ဖို့က တကယ်လက်တွေ့မှ မလွယ်ပါဘူး ။ အလှကုန်တဗူး ကုန်အောင် သုံးဖို့လနဲ့ချီကြာ ပါတယ် ။ တဗူး ထဲနဲ့လဲ ဆိုင်ကိုမသွား နိုင် ၊ ဆိုင်ဖက်ရောက်တော့ လဲ ဗူးခွံ မဲ့ကျန် ခဲ့တာ နဲ့ … ဆိုတော့ re-cycle မလုပ်နိုင်ခဲ့ ဘူး ။ အခု တော့ body-lotionနဲ့shower gel လောက်ပဲ တခါတလေ ကြိုးကြားသုံး တော့တယ် ။
    Anta Roddick အကြောင်းတော့ အခုမှဖတ်ဖူးတယ် ။ ဒီ တံဆိပ် ကUS,San francisco က တံဆိပ် ကို 1970 ခုနှစ် မှာဝယ်လိုက်တာ လို့ ဖတ်လိုက် ရပါတယ် ၊ ဝီကီပေါ်မှာ။. 😛

    Controversy

    Jon Entine notes that Anita Roddick copied the name, concept and original brochures from the original The Body Shop, which was started in San Francisco and had three stores when Roddick visited the Bay area in the early 1970s. Roddick’s original brochures were word-for-word copies of the San Francisco-based Body Shop. When Roddick decided to expand her multinational corporation into the United States, she bought the rights to the Body Shop name from the original shop owners in exchange for a gag agreement. The original Body Shop renamed itself Body Time, and is still flourishing. Entine also notes The Body Shop did not make charitable donations for its first 11 years of existence, despite Roddick’s statements to the contrary.[18] The Body Shop opened in Brighton in March 1976. The company entered the stock exchange in 1984. The first sponsorship, which was made possible by the wealth generated by the IPO, was for Greenpeace posters in 1985. The IP for “The Body Shop” in the USA was purchased for $3.5 million some time later.[11]

    http://en.wikipedia.org/wiki/Anita_Roddick

    • inz@ghi

      December 16, 2011 at 12:33 pm

      ဟုတ်ပါတယ်ခင်ဗျ.
      Controversy အကြောင်းလည်း ကျနော် ရေးဦးမှာပါ..

      ပေါက်ပန်း၄ဝ မန့်တဲ့လူတွေကြားမှာ အတည်အခန့်..
      အခေါင်းစဉ်ပါ အကြောင်းအရာ ကိုဆွေးနွေးသွားလို့
      ကျေးဇူးပါ ဇိုးမမ ရေ….

      the Body Shop က ကျနော့် မားကတ်တင်းလိုက်ဖ်မှာ
      ထိပ်ဆုံးနီးပါးလောက် လုပ်ခဲ့ရတဲ့ ပေပါ ပါ …

      ဆြာကြည့် စကား ငှားသုံးရရင် မုတ်ဆိတ်နဲ့ မိတ်ကပ်
      အဲ့သည့်တုန်းက အတော်လေး ဂွကျတယ် ခင်ဗျ

      ကိန်းဂဏန်းတွေ ဇယားတွေနဲ့ ရှုပ်ပွနေတဲ့ ပေပါ ကို
      ကူးတင်လိုက်ရင် ဘယ်သူမှ မဖတ်မှာမို့
      Anita ပြန်ပြောပြတဲ့ ပုံစံလေးနဲ့ ဇာတ်လမ်းသွား ရေးတာပါဗျ..

      သည်ပို့စ် ကိုရေးတဲ့ ရည်ရွယ်ချက် ကတော့
      ၁၊ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းတွေကို
      ကျနော်တို့ ပို awareness ရလာဖို့ပါ။

      ၂၊ လူတွေ လူအချင်းချင်း ဖေးမမှုတွေနည်းပါးလာလို့
      သံဃာတော်တွေ NGO ဆန်ဆန်တွေ ဝင်လုပ်ကြရင်း
      ကွန်ဇာဗေးတစ်ဗ်တွေနဲ့ ငြိကြတာတွေ ကို စိတ်မချမ်းသာလွန်းလို့
      နံပါတ်၁ အချက်ကို အားဖြည့်ချင်လို့ပါ၊

      ၃၊ ကျနော်လေးစားရတဲ့ အမျိုးသမီးတယောက်အကြောင်း ကို
      ဖော်ထုတ်ရင်း ရွာထဲက အမျိုးသမီးများလည်း အားကျစေချင်လို့ပါ

      @တီချာကြီး ရေ …. အရင်ပို့စ် မှာတီချာကြီး ဆွေးနွေးတာလေးကို သည်ကပဲ
      ပေါင်းဖြေလိုက်တယ်နော ….(ဆက်လက် ဖတ်ရှုနေမယ်လို့ ယုံကြည်ပါတယ်ဗျာ)

      @ကစ်သိုရေ ညီ ဆင်မီနာမှာ အိပ်ငိုက်ပေမယ့် ကိုယ်တတ်တာလေးနဲ့တော့
      သည်ဘက်မှာ တတပ်တအား ပါဝင်နေပါတယ်နော….

      တန်ဖိုး ရှိတဲ့ ကွန်းမန့်အတွက် ဇိုးမမ ကို ကျေးဇူးအထူးပါ…လို့ ထပ်ပြောပါရစေ

  • pooch

    December 16, 2011 at 8:44 pm

    The Body Shop ရယ်
    ီိDecleor ရယ်
    Clinique ရယ် ဘာဟာက ပိုပြီး image ကောင်းလဲ?
    ဈေးကွက်ရော ဘယ်သူက စီးထားတာလဲ?
    အရည်အသွေးရော ဘာဟာသာတာလဲ?
    Shiseido နဲ့ ရော ဘာကွာတာလဲ
    ခုဒီမှာ နာမည်ကြီးနေတဲ့ Kanebo ကရော ကမာ္ဘနဲ့ ယှဉ်ရင် ဘယ်အဆင့်လောက်မှာ ရှိလဲ?

    တကယ်လို့များ the body shop လိုဟာမျိုးကို အခွဲယူမယ်ဆိုရင် ဘယ်လိုသတ်မှတ်ချက်တွေထုတ်ထားတာလဲ? (သိချင်လို့ မေးကြည့်ယုံ သက်သက်ပါ) just for knowledge ပါ
    ီိ

    • inz@ghi

      December 16, 2011 at 8:52 pm

      သိဝူးဗျ…..

      နောက်တာပါဗျာ ….
      ခနဲဘော …. က သည်လောက် ဆြာမကျဘူးဗျ…

      ရှိဆဲဒိုး ကသူတို့နဲ့ တန်းမတူဘူးဗျ …
      သူက သာမန် ကွာလတီ ပစ္စည်းတွေကို ဈေးချိုချိုနဲ့ ခုရေများများ ထုတ်တဲ့ ကန်ပနီ….

      body shop အကြောင်းက နည်းနည်းစောင့်ဖတ်ပေးပါဗျာ နော….
      ယူရောင်းဖို့ကတော့ ဖရန်ချိုက်ဇီ ..ယူရမှာဆိုတော့ …
      ဆန်ရှင် မရုတ်သမျှတော့ လာဦးမယ် မထင်သေးပါခင်ဗျား….

  • pooch

    December 16, 2011 at 9:14 pm

    .ဖြေပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်..

    မေးလက်စနဲ့ တခါတည်း မေးလိုက်ပါရစေ .
    မစ္စတာဂီရဲ့ မာကတ်တာ အတွေ့အကြုံ အရ အခွင့်အရေးရလို့ ခွဲနိုင်ခဲ့ရင် ဒီမှာ ပေါက်နိုင်မယ် အလုပ်ဖြစ်နိုင်မယ်လို့ ထင်လား… …

    ခု Revlon သွင်းတာတွေတောင် တိုက်ရိုက်သွင်းနိုင်လို့ ဈေးလျော့သွားတယ် ပြောလို့ပါ အရင်က စင်ကာပူက တဆင့်လို့ပြောတာကြားဖူးလို့ပါ..

    • inz@ghi

      December 16, 2011 at 9:46 pm

      မထင်ပါ. ….
      နောက်မှ အရှည် မန့်မယ်အစ်မရေ့ …
      ၁၂ခွဲပီ …

      ဂီ အိပ်ပီ ….

  • nigimi77

    December 16, 2011 at 10:06 pm

    Body Shop တော့ မသိဘူး…

    The Face Shop ကတော့ ကျုပ် အကြိုက်ပဲ

  • kai

    December 17, 2011 at 5:38 am

    ဘောဒီရှော့ပ်က… Home Spray လေး..ပြီးခဲ့တဲ့တနှစ်က ဝယ်ပြီး.. ကားထဲဖြန်းတာ…
    အရမ်းကောင်းတယ်..။ သဘာဝ ပိန်းပင်တွေကြားထဲရောက်သွားသလိုပဲ..။
    ကုန်ကို မကုန်နိုင်ဘူး… အခုထိသုံးရတုံး..
    http://www.thebodyshop-usa.com/home-fragrance/home-sprays.aspx?cm_re=Tyra_HolidayPh2-_-Navigation-_-For_the_Home-Home_Sprays

    ဆိုတော့..
    ကွန်ပျူတာရော.. မားကက်တင်န်းပါရတဲ့..ဂီဂီ.. အနံ ့ပရင့်ထုတ်တဲ့.. ပရင့်တာထွင်ပါဆိုတာကို..ဟာပဲ..ဟာကို..ပဲဟာပဲကို…။
    ဘာခက်လည်း..
    အရောင်မှာ. CMYK ခွဲသလို.. အနံ့ကို.. ဘေ့စ်အနံ ့ရှာခွဲလိုက်..
    ပရင့်တာကနေ.. နှင်းဆီပန်းပုံထုတ်ရင်.. နှင်းဆီနံ ့ထုတ်ရိုက်ပေးလိုက်..
    စပယ်ဆို.. စံပယ်..။
    ခွေးသေပုတ်ဆို.. ခွေးသေပုတ်အနံ ့..
    ဒန်တန်တန်..။ 🙂

    • inz@ghi

      December 17, 2011 at 6:35 am

      ဘတ်ဂျက်ကျ ချမပေးဘဲ …အနံ့ပရင်တာဘဲ
      အတင်းထုတ်ခိုင်းနေတာဘဲ …ဇွတ်
      R & D လုပ်တာ ပိုက်ပိုက် သိပ်ကုန်တာ မသိတာလည်းမဟုတ်

      အနံ့ အသာ ထားလို့ …touch တောင်မှ
      ခု single plane-multi touch ပဲရသေးတာ..
      ဘယ် plane မှာ မဆို တာ့ချ် လို့ရတဲ့ခေတ်
      သွားရဦးမယ်လေဗျာ …any-plane touch

      ပီး
      တာ့ချ် ကိုပဲ 2d, 3dတို့လိုမျိုး …..multiple-plane
      ရအောင် သွားရဦးမယ်လေဗျာ….minority report
      ထဲကလို …Iron Man ထဲကလိုမျိုးတွေ…

      အနံ့ကိုတော့ …ခေးအိုး က ဂျပုတွေ စမ်းနေတယ်ဗျ…
      http://www.geekosystem.com/smell-printer/
      အနံ့က ပျက်လွယ်ပျောက်လွယ် ဆိုတော့
      ပရင့်ပီး မကြာခင်ဘဲ အနံ့ရပီး ပျောက်သွားတယ်တဲ့ …

      မအောင်မြင်ပါစေနဲ့ ဆုတောင်းဦး …သိပ်ငြိမ်းချမ်းသေးတာ
      မဟုတ်လို့ …အနာဂါတ်မှာ သဂျီးတို့ အမေလိကန်ကို တဲရာစ့်တွေက
      အနံ့နဲ့ တိုက်မှာ မြင်ယောင်သေး….ဟီဟိ….

  • nayminkabyar

    December 17, 2011 at 10:17 am

    လိုအပ်နေတဲ့သူတွေကို ကူညီတာလေးစားပါတယ်ဗျာ။ကျွန်တော်လည်း အရမ်းအိုနေပြီး ကိုယ့်ဘာသာကိုယ် ရပ်တည်နေရတဲ့ အဘိုး၊အဘွားတွေကို မြင်ရရင် ရင်ထဲမကောင်းဘူး။တတ်နိုင်သလောက်တော့ အလှူလုပ်ဖြစ်ပါတယ်။အနံ့တွေ စမ်းသပ်နေတယ်ဆိုရတော့ ဒူးရင်းသီးနံ့ရေမွှေးလေး လုပ်ပေးပါလား။
    ဒူးရင်းသီး အရမ်းကြိုက်လို့ပါ။တောက်တဲ့တွေပြီးရင် ဖားတွေဈေးကောင်းပါစေလို့ ဆုတောင်းပါတယ်ဗျာ။

    • inz@ghi

      December 21, 2011 at 10:25 am

      ဒူးရင်းသီးရေမွှေးဟုတ်စ …
      မကြံကောင်း မစီရာဗျာ…..

      ပုံပြင်လေးတပုဒ်ပြောပြမယ် ..
      မြန်မာပြည် တောင်ဘက်ကမြိုးလေးတစ်မြို့မှာပေါ့ …

      နေ့လည်ဘက် နေကလည်း ပြင်းတော့ ..
      အဲကွန်းလေးဖွင့်ထားတဲ့ ကားလေးပေါ်မှာ
      လင်မယား၂ယောက် ….မီးပွိုင့်မှာ မီးနီလို့ ..ကားလေး ရပ်သွားတယ်..
      အလှူအိမ်မှာ နေ့လည်စာ စားလာတဲ့ ယောက်ျား က
      အလှူကပြန် မိန်းမကို အလှပြင်ဆိုင်က ဝင်ကြိုလာတာ…
      (ကဲ စပြီနော…)

      မ။ ဒူးရင်းသီးနံ့လေးက မွေးလိုက်တာမောင်ရယ် …သည်နားမှာ ရောင်းတဲ့ဆိုင်ရှိမယ်ထင်တယ်နော်..
      ကျား။ ဆောရီး ချစ်ရေ … မောင်လေချဉ်တက်လိုက်တာ …

      ကဲပြီးရော …..

Leave a Reply