“Information System Development Trend” ဟောပြောပွဲ ကျင်းပမည်

manawphyulayDecember 15, 20111min743

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) မှ ကြီးမှုး၍ ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက် (စနေနေ့) နေ့လယ်(၂းဝ၀) မှ ညနေ(၄းဝ၀)နာရီအထိ ရန်ကုန်မြျိ့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း(၂၀၅) တွင် Singapore နိုင်ငံ NCS Pte.Ltd မှ Senior Consultant ဖြစ်သူ ဦးအောင်မိုးဦးမှ “Information System Development Trend” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည် ဖြစ်ပါသည်။

အဆိုပါ ဟောပြောပွဲတွင် ကမ္ဘာ့ ICT ဦးဆောင်ကုမ္ပဏီများဖြစ်သော CISCO, IBM နှင့် Oracle စသည့် ကုမ္ပဏီကြီးများ၏ System, Security, Storage နှင့် Infrastructure များတိုးတက်ပြောင်းလဲလာမှုများကို Cisco Vision UCS Express (Unified Cisco Server), Oracle Systems T4-Super Cluster and ODA စသည့် နောက်ဆုံးပေါ် နည်းပညာစနစ်များအပေါ်အခြေခံ၍ အတွေ့အကြုံများ ရှင်းလင်းဆွေးနွေးပေးမည်ဖြစ်ပါသည်။ Software ရေးသားနေသော Developer များ၊ System Integrators များ၊ IT Managers and IT professionals များ၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းဝင်များ၊ Computer လုပ်ငန်းရှင်များ၊ Computer ပညာလေ့လာသူ လူငယ်များ နှင့်စိတ်ပါဝင်စားသူ မည်သူမဆို(အခမဲ့) တက်ရောက်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအင်ဖိုတက်ခ်၊ ဖုန်း-၆၅၂၂၇၆ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

3 comments

  • inz@ghi

    December 15, 2011 at 3:15 pm

    ဟယ်လို မစိတ်ဖွေးပိစိ ရေ့..

    Oracle Systems T4-Supercluster and ODA
    အကြောင်းလေး စိတ်ဝင်စားတယ်ခင်ဗျား ….
    မစိတ်ဖွေးပိစိ သွားတက်ဖြစ်ခဲ့ရင် အဲ့ဒါလေး ပြန်ရှဲပေးနော်

    ခင်တဲ့
    ဂီဂီ

    • manawphyulay

      December 15, 2011 at 3:29 pm

      သွားတော့ တက်ချင်ပါတယ်။ ဒါပေမယ့် ရုံးချိန်အတွင်းဆိုတော့ သွားဖြစ်ရင်တော့ ပြန်လည်းရှဲပေးပါ့မယ်။ သေတော့ မသေချာသေးဘူးရှင့်။ ရှေ့က ဟုတ်ပါပြီ ပိစိက ဘာလို့ထည့်တာတုန်း… 🙁

Leave a Reply