ဒေါ်စုနဲ့တရုပ်သံအမတ် တွေ့ဆုံ China says its envoy met Myanmar opposition leader

KyaemonDecember 15, 20115min1065

China says its envoy met Myanmar opposition leader

China says its envoy met Myanmar opposition leader – Yahoo! News

http://news.yahoo.com/china-says-envoy-met-myanmar-opposition-leader-074253874.html

BEIJING (AP) — China says that its ambassador to Myanmar has met Aung San Suu Kyi in the first reported meeting between one of the military regime’s biggest backers and the high-profile opposition leader.

Chinese Foreign Ministry spokesman Liu Weimin said Thursday that the meeting came at Suu Kyi‘s request. He would not say when it took place.

The meeting comes amid democratic stirrings in Myanmar that have raised hopes of change after decades of military rule.

Suu Kyi met earlier this month with U.S. Secretary of State Hillary Clinton, whose visit raised questions about Myanmar’s ties with China.

China and Myanmar have historic ties but Myanmar pulled back recently from a major dam project sought by its northern neighbor.

5 comments

  • koyinmaung

    December 15, 2011 at 6:45 pm

    ဝမ်းသာစရာသတင်းပါဘဲ

  • ကြောင်ကြီး

    December 15, 2011 at 7:02 pm

    ယနေ့ ကြောင်သတင်းဌာန သတင်းထောက်များ ပေးပို့လာတဲ့ အရေးကြီးသတင်းနှစ်ပုဒ်ကိုကို ဂေဇက်ရွာသားများ နိုင်ငံရေးအသိအမြင် နိုးကြားစေရန် အကျဉ်းချုပ် တင်ပြသွားမှာ ဖြစ်ပါတယ်။
    (၁) တရုတ်သံအမတ်ကြီး ချဉ်ပေါင်လူးသည် ဒေါ်အောင်ဆန်းစုကြည်ထံ လာရောက်တွေ့ဆုံသွားကြောင်း သတင်းရရှိပါသည်။ ဒေါ်စုမှ သံအမတ်ကြီး ချဉ်ပေါင်လူးအား ပုဇွန်ခြောက်တထုပ်၊ ငပိစိမ်းစားတဗူး၊ မျှစ်တထုပ်၊ ဆီအဝက်သားနှင့် ငရုပ်သီးစိမ်း အနည်းငယ်တို့ကို ချစ်ကြည်ရေး လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရပါသည်။ လာရောက်သွားသည့် နေ့ရက်နှင့် ဆွေးနွေးသည် အကြောင်းအရာတို့ကို ထုံးစံအတိုင်း ထုတ်ပြန်ခြင်း မရှိကြောင်းပါခင်ဗျာ။ 😆
    (၂) အိန္ဒိယနိုင်ငံတွင် ချစ်ကြည်ရေး ခရီးရောက်ရှိနေသော ပြည်သူ့လွှတ်တော် အုတ်ကထ ဦးရွှေမန်းအား ကမာ္ဘကျော် တာ့ချ်မဟာ နန်းတော်သို့ သွားရောက်လည်ပတ်ရန် စီစဉ်ပေးထားရာ ၎င်းမှ အိန္ဒိယစစ်တပ် တပ်မဟာတခု ထင်မှတ်၍ မသွားလိုကြောင်း ငြင်းပယ်ခဲ့သည်ဟု သိရှိရသည်။ 😀

    ခံဝန်ချက်။။ ဧရာဝတီဘလော့ဂ်သတင်းကို ဖတ်ရှုမှီငြမ်းရေးပါသည်။။။

    • ကြောင်ကြီး

      December 16, 2011 at 9:29 am

      တော်တော်ဆိုးတဲ့ လူတွေဗျာ။ တလုပ်သံအမတ်ကြီး နာမည်ကို ဖျက်ရေးထားတယ်။ ဗွီအိုအေ သတင်းမှာ ဒီနေ့ဖတ်ရတဲ့ နာမည်အမှန်က လှီကျုံဝါတဲ့။ ဒါကြောင့် အသစ်ပြန်ရေးပါမယ်။
      (၁) တရုတ်သံအမတ်ကြီး လှီကျုံဝါသည် ဒေါ်အောင်ဆန်းစုကြည်ထံ လာရောက်တွေ့ဆုံသွားကြောင်း သတင်းရရှိပါသည်။ ဒေါ်စုမှ သံအမတ်ကြီးအား ထုံးတပုံး၊ နွားနို့တဗူး၊ ကြက်ဥတလုံး၊ ကွေကာအုပ်တထုပ်တို့ကို ချစ်ကြည်ရေး လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရပါသည်။ သံအမတ်ကြီးမှ ပြန်ခါနီးတွင် “တောက်တဲ့ တောက်တဲ့” ပြောဆိုရာ အရိပ်သုံးပါး နားမလည်သော အန်အယ်ဒီအဖွဲ့ဝင်တဦးက မျက်နှာကျက်တွင် ကပ်နေသော တောက်တဲ့အား ဖမ်းမပေးဘဲ လက်ဆောင်ပစ္စည်းများကို လက်ဆွဲအိတ်ထဲ ကောက်ထည့်ပေးလိုက်သောကြောင့် သံအမတ်ကြီး ခင်မျာ မယူချင်ဘဲနှင့် ယူသွားရကြောင်း ထပ်မံသတင်း ရရှိပါသည်။။ 😆

      မှတ်ချက်။ ယင်းပစ္စည်းများ ယခုအခါ amazon နှင့် ebay တို့တွင် အင်တာနက်မှ ဈေးပြိုင်စနစ်ဖြင့် ရောင်းချလျက်ရှိပါသည်။ လျော့ဈေးဖြစ် လိုချင်သူများ အချိန်မနှောင်းမှီ လေလံပစ်ကြပါကုန်။။။ 😀

  • zaw min

    December 15, 2011 at 8:46 pm

    တရုတ်ကြီးလည်း ဒေါ်စုကို ပစ်ပယ်ထားလို့မရတော့ဘူးဆိုတာ သဘောပေါက်လာပုံရတယ်…

  • kai

    December 16, 2011 at 12:32 am

    မိုးမခမှ ကူးယူသည်။ ။ http://www.moemaka.blogspot.com/

    တရုတ်သံအမတ် ဒေါ်စုနဲ့တွေ့၊ တရုတ်နိုင်ငံတော်ကောင်စီဝင် မြန်မာပြည် လာမည်
    Reuters သတင်းဌာန
    ဒီဇင်ဘာ ၁၅၊ ၂ဝ၁၁

    မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်သည် ယခင်တပတ်က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက်က ပြောသည်။

    နှစ်ပေါင်း ၂ဝ အတွင်း တရုတ်နိုင်ငံနှင့် မြန်မာအတိုက်အခံတို့ အကြားတွင် အဆင့်မြင့်ဆုံး တွေ့ဆုံခြင်း ဖြစ်သည်။

    တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရအရာရှိ Liu Weimin ကလည်း ထိုတွေ့ဆုံမှုရှိခဲ့ကြောင်း ပြောဆိုသည်။ ထို့ပြင် မဲခေါင်မြစ်နိုင်ငံများဆွေးနွေးပွဲတခု တက်ရောက်ရန် တရုတ်နိုင်ငံတော်ကောင်စီဝင် Dai Bingguo မြန်မာပြည် လာမည်သို့ လာမည်ဟုလည်း ပြောလိုက်သည်။

    သံအမတ် Li Junhua သည် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုကြောင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရအရာရှိက ပြောသည်။

    “တရုတ်ဘက်နဲ့တွေ့ချင်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အကြိမ်ကြိမ် ကမ်းလှမ်းဖူးပါတယ်။ မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်နဲ့ တွေ့ဆုံမှုဟာ ဒီကမ်းလှမ်းချက်တွေကို တုန့်ပြန်လိုက်လျောလိုက်တာပါပဲ” ဟု သူက ပြောသည်။ သို့သော်လည်း တွေ့ဆုံသည့် နေရာ နှင့် အချိန်ကို ပြောဆိုခြင်း မရှိပေ။

    သံအမတ်က ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်တို့ကို နားထောင်မှတ်သားခဲ့သည်ဟု ဆိုသည်။

    ဒီဇင်ဘာ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တနာရီကျော်ကြာ တွေ့ဆုံခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက် ဦးခွန်သာမြင့်က Reuters သတင်းဌာနကို ပြောသည်။

    “အဆင်ပြေပြေ ဆွေးနွေးနိုင်ခဲ့ကြပါတယ်၊ အင်မတန် ရင်းရင်းနှီးနှီးဖြစ်တဲ့ တွေ့ဆုံမှုပါပဲ” ဟု ဦးခွန်သာမြင့်က ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် သူ့အား အကျဉ်းချခဲ့သည့် စစ်အစိုးရဘက်မှအစွမ်းကုန်ရပ်တည်ခဲ့သောတရုတ်နိုင်ငံကို ရန်သူအဖြစ် သတ်မှတ်ခြင်း မရှိကြောင်း ပြီးခဲ့သည့်နှစ် နေအိမ်အကျယ်ချုပ်မှ လွတ်ပြီးပြီးချင်း မှတ်ချက်ချ ပြောဆိုခဲ့ပြီး ဖြစ်သည်။

    “မြန်မာနဲ့တရုတ်ဆက်ဆံရေးကောင်းဖို့ အရေးကြီးတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် သဘောပေါက်တဲ့အတွက် ဝမ်းသာပါတယ်” အငြိမ်းစားသံတမန်တဦးက ပြောသည်။

    “မြန်မာတရုတ်ဆက်ဆံရေး ကောင်းမွန်ဖို့ ဆိုတာ မြန်မာနဲ့တရုတ်အတွက်သာ မက ဒေသတခုလုံးအတွက်ပါ အင်မတန် အရေးပါပါတယ်” ဟု သူက ဆိုသည်။

    မြန်မာပြည်တွင် ၁၉၈ရ မှ ၁၉၉၁ အထိ တရုတ်သံအမတ်အဖြစ် တာဝန်ယူခဲ့သော Cheng Ruisheng သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ ကြိမ် တွေ့ဆုံခဲ့ဖူးကြောင်း၊ ယခင်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် အဆင့်အမြင့်ဆုံး တရုတ်အရာရှိဖြစ်ကြောင်း တရုတ်မီဒီယာများတွင် ဖော်ပြထားသည်။

    “အမေရိကန်ရဲ့ (မြန်မာပြည်) ခရီးစဉ် အပြီးမှာ ကျနော်တို့လည်း ပိုပြီး သွားရောက်ဖို့၊ ဆက်သွယ်ဖို့ လိုလာတယ်” ဟု Guangzhou ပြည်နယ် Jinan တက္ကသိုလ်မှ မြန်မာ့ရေးရာကျွမ်းကျင်သူ Lin Xixing က ပြောသည်။

    “မြန်မာဟာ အမေရိကန်ထက် တရုတ်ကို ပိုလိုအပ်ပါတယ်၊ အစိုးရကိုတိုက်နေတဲ့ တိုင်းရင်းသားလူနည်းစုတွေပြဿနာကို ရှင်းချင်တယ် ဆိုရင်ပေါ့လေ” ဟု သူက ဖြည့်စွက်ပြောသည်။ အဖွဲ့အစည်းများနှင့်တိုက်ပွဲဖြစ်ပြီး တရုတ်ပြည်ဘက်သို့ ဒုက္ခသည်များ ရောက်ရှိလာခြင်းကို သူက ရည်ရွယ်ခြင်း ဖြစ်သည်။

    တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာပြည်သို့ လာမည့်တပတ်တွင် သွားရောက်မည်ဟု သတင်းရင်းမြစ်များက Reuters ကို ပြောဆိုခဲ့သည်။ သို့သော်လည်း မဲခေါင်အစည်းအဝေးသို့ ဝန်ကြီးချုပ် ဝမ်ကျားပေါင် အစား နိုင်ငံတော်ကောင်စီဝင် Dai Bingguo အစားထိုး သွားရောက်မည့် အကြောင်းရင်းကို မသိရသေးပေ။
    (Reuters သတင်းကို မျိုးဇော် ကောက်နှုတ် ဘာသာပြန်သည်)

Leave a Reply