Autumn in my heart-3 ကိုတင်ဖို့ကြည့်လိုက်တော့ ..

ပုံက သိပ် စိတ်တိုင်းကျ မရှိ …..

စိုင် ပစ်ထားတာက . … တင်ချင်စိတ်မရှိ  …. မရှိဆို အလွမ်းဇာတ် ရိုက်ထားတာကိုး …

ထားတော့ …သူများ ပါစင်နယ် တွေပါတော့မယ် ..

သည်တော့ ဘ၀တူ ကင်မလာ သမားတွေကို candid ပြန်လုပ်ကြံထားတာတွေ တင်ဖို့ အကြံရတယ်ဗျ

 

နည်းနည်းပြင်ပြီး တင်လိုက်ပြီဗျာ …..

စကားမစပ် သည်မှာ ကင်မလာ မန်း များတယ်ဗျ…. လိုင်းတခုဆိုတခု ..ဇောက်ချ လေ့လာတဲ့လူတွေချည်းပဲ

ကျနော့်လို ဟိုစပ်စပ် သည်စပ်စပ် ရိုက်တဲ့လူ တယောက်မှ မပါဘူးရယ်….landscape ဆို Landscape လေ့လာ

ကြသူတွေချည်းပဲ ….

 

1. the listener

ကျနော် သူ့လို သီချင်းနားထောင်နေရင်းတော့ မရိုက်တတ်ဘူးဗျ …. mood ပျက်လို့ အေးလေ …ကျနော်ကလည်း

Rock နားထောင်တာကိုး … သူကတော့ ဗီထှောဗင်း ဗီဗယ်ဒီ ဖွင့်ပီး ရိုက်နေလားမှ မသိတာ ….

စကားမစပ် ဘိုးတော် က CPL သုံးတယ် ထင်တယ်ဗျ … ဟုတ်လားဟင် ဆြာသော့?

 

2. လုံးဝ မနာလိုဘူး …

 

ကြည်နူးနေကြတာများပြောပါတယ်. ..candid တွေထဲမှာ ဒါမျိုး ၁၀ပုံလောက်ပါတယ်….

ငတိများက ကောင်မလေးနဲ့ ကိုရော်(autumn leaves) ရိုက်ပေးလိုက် …ကိုရော် သပ်သပ်ရိုက်ခေါင်းချင်းယှဉ်

ကြည်နူးလိုက်နဲ့ …… ပိုဆိုးတာ က ကင်မလာ လက်ထဲလာလာထိုးပေးပြီး ရိုက်ခိုင်းတဲ့ လူတွေ ကို …….

 

 

အံမယ် တချို့များ  ဟိုလိုလေးနော် သည်လိုလေးနော် ဆြာ လုပ်တတ်ကြသေး …. နိုက်ကွန်တွေလာထိုးပေးရင် ကျနော်နဲ့ အသားမကျတဲ့

7D တွေလာပေးရင် ချွေးပြန်ရတယ် တကယ်. … သည်တော့ နောက်ပိုင်း… ဟိတ်လူ ရိုက်ပေးမယ် ကျုပ်ဘော်ဒီနဲ့ပဲရမယ် …ပြောင်းလာတပ်ချင်တပ်

ကဒ်ပေး …. ဒါပဲ …… (အလိုက်မသိတဲ့ကောင်တွေ ….သည်ပုံထဲက ပေါက်ခေါ အဆိုးဆုံး …)

 

 

3. သိသွားတယ် ထင်တယ်…

အစက ကျနော်လည်း သိသွားတယ်ထင်တာဗျ …ဘယ်ဟုတ်မလဲ ..မြေမညီတော့ ထလိုင်ပေါ့ထောင်တာ အဆင်မပြေလို့…

စုံတွဲပုံ ရိုက်ပေးပါလား ဟင်  ပြောမလို့ကြည့်နေတာ …..

 

 

4.  သတိထားကြပါဆြာတို့ …

ရိုက်လိုက် ကင်မလာကို နှဖူးပေါ်က ပွတ်ဆွဲလိုက် …

ပြန်ရိုက်လိုက် နှဖူးကို လက်ခုံဖြင့် သုတ်ပြီး မော်နီတာ ငေးလိုက် ……

လျော့ကြပါနော … သတိပြုကြပါနော. …. မင်းမြတ်စက်ကြာ ကြီးဆို အတော် ပြောင်နေပြီ ကြားတယ်…

 

 

5. အန်တီမမ များလည်း ရှုကြပါသည်…

မှတ်ချက် ရွာထဲက သတ်ပုံဆြာမ အန်တီမမ ကို မဆိုလိုပါခင်ဗျား ….

လေဒီရှုတာ ပါခင်ဗျား. ….

သာ့ထ်ပါတီ …ဘတ်တာဖလိုင်း ဟုဒ် ကြီးနဲ့ပါ

 

 

6. Romance

ကျုပ်ရတဲ့ ၁ပုဒ်တည်းသော ကလပ်စစ်ကယ် သီချင်းလေး …Autumn in my Heart

ကို အတိအကျ ဖွဲ့ဆိုတဲ့ပုံလေး ….သည် Album မှာထည့်ရတာ စိတ်တောင်မကောင်းတဲ့ပုံလေး…

မနာလိုတာတွေ အားကျတာတွေ အကုန်မေ့လောက်အောင် romantic ဖြစ်ရတဲ့ပုံလေးဗျာ …..

ဘာလို့လဲ ဆို ကောင်မလေး ပြောနေတဲ့ စကားတွေ ကျနော် အကုန် ကြားနေရတာကိုး …..

(ဘာပြောနေလဲ သိချင်ရင် PM ပို့ ….ခစ်ခစ်…)

နောက်အချိန်ရမှ သေချာ ပြန်ကိုင် ပြန်တင်မယ်ဗျာ ….candid ဆိုတော့ candid လိုပဲ တင်တော့မယ်..နော…

 

 

7. Patience 

 

ring ကို အပြည့် မကိုင်ထားဘူးဗျ. …. လက်ချောင်း အဆစ်ကလေးတွေ လောက်ပဲ ဒီဂရီ အနည်းငယ်စီလောက်

ကွေးတာ ဆန့်တာနဲ့ ကစားနေတာ …လုံးဝ manual သမား စစ်စစ်ကြီး

လေးစားပါ၏

 

 

 

8. The frame …

 

သူကျ တမျိုးဗျ ….frame ကို အသားပေးတဲ့လူစားမျိုးဗျ ကျယ်ကျယ်ရိုက် ပြန် CROPမယ်ဆိုတဲ့

မက်သတ်ကို အားမကိုးတဲ့လူ ဖြစ်မယ်ဗျ ….

 

 

 

9. ဘွားဘွား တို့လည်း ရှုပါမယ် …

ပညာလို အိုသည်မရှိတဲ့ဗျ …. ဒါ့ပုံပညာသင်ယူနိုင်သော အသက်အရွယ် ရယ်လို့ ကန့်သတ်ထားတာကျုပ်တော့ မကြားမိပေါင်ဗျာ…

မျက်စိမြင်ဖို့တော့ …Color blind မဖြစ်ဖို့တော့ လိုသပေါ့လေ. …

(သည်လိုရေးလို့ discrimination လုပ်တယ် မထင်စေလိုပါ ..အရှိကို အရှိအတိုင်း ရေးလိုက်တာပါခင်ဗျား…)

 

 

 

10. Mr. Sniper..

ပြောင်းအရတော့ အဝေးပစ်ပြောင်းဗျ….

ကနွန်းသမားပဲ …အဲ့ ..ထူးခြားတာ က extender ကြီးတပ်ထားတာ ပဲ ..

ကျုပ်သိသလောက်တော့ ….2x extender ဖြစ်ဖို့များတယ်ဗျ….

အကြင်သူသည် ၁၀၀-၄၀၀ မမ ကို extender တပ်ပြီး ချောင်းနေအံ့

ထိုသူ့ရှေ့မှ ဖြတ်လျောက်သင့်…..

 

 

 

11. my favorite 

မမန့်တော့ဘူးဗျာ …သည် အယ်လ်ဘမ်မှာ ကျနော် အကြိုက်ဆုံးပုံ ဟာ သည်ပုံပဲ …

ကိုယ်တိုင်ခံစား …ကြည့်ကြပါ….

 

 

12. The Ninja 

သူလည်း လေဒီ ရှူတာ ပါပဲ …တမင်ရုပ်ဖျက်ထားတာတော့မဟုတ်ပါဘူး

နှာစေးချောင်းဆိုး ဖြစ်နေလို့သော်လည်းကောင်း (ယဉ်ကျေးမှုအရ)

ဖုန်နှင့် ပန်းဝတ်မှုန်များကို အလာဂျီ ဖြစ်၍ သော်လည်းကောင်း ..

တပ်ဆင်ထားခြင်းသာ ဖြစ်ပါသည်…

 

ကဲ ပြီးပြီဗျ …အားပေးပါဦး …. သည်ပုံတွေ ပြန်သုံးသပ်တော့မှ ကျနော်လည်း

သင်ခန်းစာ တခုရတယ်…. ဟုတ်တယ် ဆြာတို့ရေ့ …third party lens တွေကို လျော့မတွက်သင့်ဘူး…

ကနွန်း နဲ့ နစ်ကွန်း ရဲ့ အော်ရီဂျင်ဒယ် လန်းစ် တွေကို မမီတော့ မမီဘူးပေါ့ဗျာ … သို့သော် စိတ်ကျေနပ်ဖွယ်

ကောင်းတယ် ဆိုတဲ့ အဆင့်ထက်တော့ သာလွန်ကြောင်း … ကျနော် ဖမ်းဆီးရမိတဲ့ …သားကောင် တဖြစ်လည်း

မုဆိုးများက ကျနော့်ကို တိုးတိုးလေး ပြောပြသွားပါကြောင်း…

 

ခင်တဲ့

Inz@ghi

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011