မိသားစုနဲ့အတူ အေးချမ်းစွာနေထိုင်လိုသူများအတွက် ( အကွက်သစ်များ )

khunmyomyatDecember 16, 20111min1014

ပေ ၈ဝ × ၆၀ ( ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးသွားရာလမ်းမဘေး VIP ရပ်ကွက် ) အုတ်တံတိုင်းခက် ၊ ခြံတံခါး တပ်ပြီး သိန်း ၁၈၀ဝိ ( ညှိုနှိုင်းဈေး ) ဘေးဘယ်ညာ ကားလမ်းရှိသည်။ ပတ်ဝန်းကျင်ဆိတ်ငြိမ်ပြီး သန့်ရှင်းသပ်ရပ်သည့် ရပ်ကွက်ဖြစ်ပါသည်။

ပေ ၅ဝ × ၁၂၅ ( ပြင်ဦးလွင် – မိုးကုတ် ) လမ်းမဘေး ၊ မိုးကြိုးပစ်ရွာအဝင် ၊ အုတ်တံတိုင်းခက် ၊ ခြံတံခါး တပ်ပြီး သိန်း ၉၀ဝ ( ညှိနှိုင်းဈေး )
မိသားစုနှင့် အထူးသင့်တော်သည်။ ဆိတ်ငြိမ်ပြီး လေကောင်းလေသန့်ရသည်။

ပေ ၅ဝ × ၁၂၅ ( ၃၁ မိုင် – ကျင်ဂနိင် ) (မန္တလေး- ပြင်ဦးလွင် ကားလမ်းမဘေး ) သိန်း( ၁၃ဝ ) ညှိနှိုင်းဈေး

ပေ ၄ဝ × ၆၀ ( အောင်ချမ်းသာ ) (မန္တလေးပြင်ဦးလွင် ကားလမ်းမဘေး ) သိန်း ၃၅ဝ ညှိနှိုင်းဈေး
လေယာဉ်ကွင်းနဲ့မျက်နှာချင်းဆိုင်တည်ရှိပြီး ၎င်းအကွက်ရဲ့ ဘေးမှာလည်း စားသောက်ဆိုင်အကြီးတွေရှိပါတယ်။ ပန်းတန်းကိုလည်း လမ်း ၅ မိနစ်လျှောက်ရင်ရောက်ပါသည်။

ဆက်သွယ်ရန်

mr.kyawlintun@gmail.com

4 comments

  • kai

    December 16, 2011 at 3:32 pm

    ဈေးတွေမဆိုးပါဘူး…
    ယူအက်စ်က ပင်စင်စားတွေ.. စိတ်ဝင်စားမယ်ထင်တယ်..။
    ရှိရင်ရှိသလို…တင်ပေးစေလိုပါတယ်နော….။ 😆

  • thit min

    December 16, 2011 at 3:45 pm

    ညှိနှိုင်းဈေးတဲ့။

    “တောက်!!!”

    စိတ်ရှိလက်ရှိညှိလိုက်ရရင်တော့ကွာ။
    ~~~~~~~~~~~~~~~~~~~~~~~~~~
    (^^) ကျေးဇူးပါ၊
    ထပ်တင်အုန်းနော် ။ သိချင်လို့။

  • Maung Dae`

    December 16, 2011 at 4:02 pm

    အင်း… လောလောဆယ် တစ်ပေပတ်လည်တောင် မဝယ်နိုင်တဲ့ ဘဝပါကွယ်.. အဟင့် ရွှတ်..
    အငဲ ရဲ့ သီချင်းလေးကိုသာ ဟစ်လိုက်ချင်တယ်..

    အကောင်းဆုံး.. နားခိုဖို့အတွက် သည်အချိန်ထိ မျှော်နေဆဲပဲ…
    တစ်နေ့တော့ တို့ နှစ်ယောက်လုံးအတွက် လုံခြုံတဲ့ အိမ်လိုချင်တယ်…

  • ကြောင်လတ်

    December 17, 2011 at 7:16 am

    ဟိုတုန်းက ပြောကြတယ် “ဟေ့ ဘာမှ ပူမနေနဲ့၊ သေရင် ခြောက်ပေ×သုံးပေတော့ လူတိုင်းရကြမှာပဲတဲ့”
    ခုများတော့ မဟုတ်တော့ပါ။ အငွေ့ပျံ အမှုန်ဖြစ်လို့ လေမှာလွင့်ရပါပေါ့လေး။

Leave a Reply