ခွေးစကားမပြောနဲ့….

naywoon niDecember 16, 20111min22053

ခွေးစကားမပြောနဲ့….တဲ့
ခေါင်းစဉ်က နဲနဲ တော့ရိုင်းပေလိမ့်မယ်…။ မြန်မာ စကားရှိသား ….။ ထိမှနာ ဆိုတာ ……။ ဒါကြောင့် ခပ်စပ်စပ်လေး ပြောမလို့ဟာ…..။ မကောင်းပါဘူးဆိုပြီး တစ်ဆင့်လျော့ပေးလိုက်တာ…………။ လူဆိုတာ တိရစ ္ဆာန်ထက်သာနေတဲ့ အချက်တွေထဲမှာ ဘာသာစကား ရှိမှုကလည်း ပါတယ်…..။ ဘာသာစကားသာမရှိဘူး….။ စာပေသာမရှိဘူး….။ လက်ကြောမတင်းတဲ့ စောက်ပျင်းတွေ အလုပ်ဆိုပြီး မလုပ်ခဲ့ကြဘူးဆိုရင် ခုနေခါ ခွေးလို အူတာရယ် ဟောင်တာရယ် မာန်ဖီတာရယ်လောက်ပဲ ရှိတဲ့ အဆင့်က လူတွေ တက်ကြဦးမယ်မထင်ဘူး….။
လူသမိုင်းအဆင့်ဆင့် ပြောင်းလဲ လာတာကလည်း စာပေကြောင့် မဟုတ်ရင် ဘယ်ဟာကြောင့်လဲ……။ နေ့စဉ်ဘဝ ကနေ စာပေနဲ့ ပတ်သက်တာတွေ ဖယ်ကြည့် လိုက်စမ်းပါဦး ……။ ဝတ္ထု -ကဗျာ -သီချင်း -ရုပ်ရှင်… ဖယ်ထုတ်ထားလိုက်……..။ ဘာစာမှမဖတ်နဲ့ ………..။ ဘာမှမရေးနဲ့ ………။ အက္ခရာ စာလုံးတွေဆိုတာက ပညတ်ချက်တွေချည့်ပဲ ဆိုရင်…………။
စာပေထင်ရှားရှိခဲ့တဲ့ တိုင်းပြည်တောင် ပညာရေး စနစ်မှာ အမြှောက်အလီမရှိလို့ သူတစ်ပါးကျွန်ဖြစ်ခဲ့တယ်လို့ ဆရာကြီးဦးအောင်သင်းက ပြောခဲ့ သေးတယ်….။ စာပေသာမရှိ လူပျင်းအလုပ်မို့ သာ မလုပ်ခဲ့ကြရင် ကျွန်အဖြစ်က လွှတ်မြောက်ခဲ့ဖို့တောင်မမြင်…………။ လူတွေစိတ်ကို နိုးကြွစေဖို့ ထိုးင်းမှိုင်းသွားစေဖို့ စာပေက တတ်နိုင်ခဲ့လို့ “ ကလောင်သွားက ဓါးသွားထက် ထက်တယ်”ဆိုတာ ဘယ်နားသွားထားဦးမလဲ………။
အဲဒိတော့ကာ “စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေ လက်ကြောမတင်းသူတွေကွ” ဆိုတဲ့ အပြောဟာ လူသားမျိုးနွယ် တစ်ခုလုံးကို သိမ်းကျုံးစော်ကားလိုက်သလိုပါပဲ…။ ဒင်းကိုယ်တိုင်ကကော ဒီဆိုဒ်မှာ စာရေးနေတာပဲ မဟုတ်လား….။ ဒီလို ပြောရင် ဒီလိုပြန်ပြောမဲ့သူတွေ ရှိတယ်ဆိုတာ တွေးမိမှာပါ….။ ပွဲဆူအောင်လှန့်တယ်ဆိုရင်လည်း ဆူသထက်ဆူအောင်လုပ်ပေးရပေမပေါ့…….။
လူမှာ လက်ရုံးရည်ရှိဖို့ လိုအပ်သလို နှလုံးရည် ပြည့်ဝဖို့လည်းလိုအပ်ပါတယ်…။ ဒါကြောင့် စာရေးဆရာ ကဗျာဆရာဆိုတာတွေ ရှိနေရတာပဲ…။ သူတို့ရှိနေလို့ စာပေအက္ခရာတည်မြဲနေတာပါ…။ သူတို့တွေ သာမရေးခဲ့ကြရင် ငပျင်းအလုပ်ဆိုပြီးမလုပ်ခဲ့ကြရင် ကျောင်းတွေမှာ ဒီနေ့လို့ သင်စရာ စာရှိလိမ့်မယ်မထင်…။ အရက်သောက်တာ ဆေးစွဲတာကတော့ ကျန်တဲ့ အဖွဲ့အစည်းထဲမှာလည်းရှိတာပဲ…။ သူ့ရေးတဲ့စာနဲ့ ပုဂ္ဂိုလ်ရေး ခွဲခြားကြည့်ပေါ့….။
စာရေးတဲ့သူရဲ့ စေတနာ ဟာသူ့စာထဲမှာပေါ်လွင်ပါတယ်…။ စေတနာမပါတဲ့သူ စေတနာမမှန်တဲ့သူရေးတဲ့စာဟာ ခဏနဲ့ လျောကျသွားမှာပဲ….။ အလုပ်တစ်ဖက်နဲ့ ကိုယ်သိတာကို မျှဝေ သင်ပြပေးနေတဲ့သူတွေကို ခွေးစားပြောပြီး ဝါးလုံးရှည် ချီးသုတ်ရမ်းပြီး မစော်ကားပါနဲ့….။

53 comments

  • naywoonni

    December 16, 2011 at 11:35 am

    အဆိုတစ်ခု တင်လာပြီဆိုရင် ထောက်ခံတာနဲ့ ငြင်းပယ်တာက ကြုံရမှာပဲ…။ ကိုယ်တင်သွင်းလာတဲ့ အဆို အလေးအပေါ့ပေါ်မှာ လိုက်ပြီး အပြင်းအထန် ငြင်းဆန်ခြင်း …။ လှိုက်လှိုက်လှဲလှဲ ထောက်ခံခြင်းဆိုတာ ကြုံရမှာပဲ …။ ဒီဒဏ်ကို မခံစားနိုင်ရင်တော့ ဘာအဆိုမှ မတင်ပြနဲ့တော့………..။

  • windtalker

    December 16, 2011 at 11:46 am

    ဒီလိုရှိတယ် ဘိုနီ ရဲ ့
    အသက်ကလည်း ကြီးလောက်ပါပြီ
    ဒီအသိုင်းအဝိုင်း ကို ဝင်ချင်တာလား ၊ တစ်ကယ်ဘဲ ပုတ်ခက်ချင်လို ့လား
    လားပေါင်းများစွာ နဲ ့ဖြစ်ရအောင် ကို ဉာဏ်တုံးတာလား ၊ မိုက်ရိုင်းစော်ကားတာလား တော့
    ကာယကံရှင်ဘဲ ဖြေနိုင်မှာဘဲ
    အသေချာဆုံး ၊ သူ ့ကို ပြန်ပြောသင့်တဲ့ စကားကတော့
    အခု ခင်ဗျားရေးတဲ့
    “ ခွေးစကား မပြောနဲ ့ ”
    ကျုပ် က ထပ်တိုးရေးချင်တာက
    “ ခွေးလို ပတ်မကိုက်နဲ ့ ”

    • etone

      December 16, 2011 at 2:50 pm

      ခွေးနဲ့တောင် နှိုင်းရမှာ ခွေးဘက်ကတောင် နာပါသေးတယ် … ။ ခွေးတွေထဲမှာတောင် အရမ်း သိတတ်လိမ္မာတဲ့ခွေးတွေရှိတယ် … ။

      သူ့ကိုပြိုင်မပြောပဲ … ဥပက္ခာပြုလိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ် … ။ 🙂

      • Maung Dae`

        December 16, 2011 at 3:58 pm

        ကိုနေလုံးကြီး ပြောလိုက်တာလဲ ဒက်ကနဲ ဂွက်ကနဲ ကိုမှန်သွားတာပဲ…

        ထားလိုက်ပါ သည်ပို့စ်အတွက် အချိန်ကုန်ခံမနေပါနဲ့.. လမ်းကျဉ်းထဲကနေ လှန်းဟောင်တဲ့ ခွေးတစ်ကောင်ကို မမြင်ချင်ယောင်ဆောင်ပြီး ဆက်သွားလိုက်ပါဗျာ…
        ခွေနဲ့နှိုုင်းရတာတောင် ခွေးသိက္ခာကျတယ်..

  • inz@ghi

    December 16, 2011 at 11:52 am

    အဲ့သလို ရဲရဲတောက်တဲ့ အရေးအသားတွေကို ကြိုက်တာ …
    ဟုတ်တယ် အဘနီရေ့ ….အပြည့်အဝ (ဂွင်းစဂွင်းပိတ်)ကို
    ထောက်ခံတယ်…

    ကျုပ်လည်း တခါမန့်ဖူးပါတယ် …ကျုပ်တို့တိုင်းပြည်ကြီးသာ
    ချမ်းသာရင် ဆြာဝန်၊ အင်ဂျင်နီယာ တက္ကနစ်ရှင် မာကတ်တာ
    အားလုံး နိုင်ဂံခြားက အင်ပို့ လုပ်ယူလို့ရတယ်. ….
    ကိုယ့်လူမျိုး …စာပေ ဂီတ ရုပ်ရှင် အနုပညာရှင်တွေ သာ
    မရှိရင် အော်တိုမက်တစ် ကျွန်ဖြစ်ရတာ ကလွဲရင် ဘာရှိဦးမလဲ…

    မလေး အင်ဒို ဗလက်ချိုက် တို့လို ကိုယ်ပိုင် စာလုံးမရှိလို့
    အင်္ဂလိစာလုံးနဲ့ ကိုယ့်အသံထွက် ရေးနေရတဲ့ ကောင်တွေထက်
    ကျုပ်တို့ သာအောင် လုပ်ကြရဦးမှာပဲ …

    သည်တော့ …
    ကျုပ်တို့ စာပေကို ထိန်းတဲ့ဘက်ကလည်း ထိန်း …
    innovate လုပ်တဲ့ဘက်ကလည်း လုပ် သည်လိုပဲ ဖော်ဆောင်သွားရမှာဘဲ..
    သည်ခေတ် သည်ကာလကြီးမှာ သည်လို
    “စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေ လက်ကြောမတင်းသူတွေကွ”
    လုပ်ရင်တော့ မီးဒုတ် ဗျ မီးဒုတ်………..

    • inz@ghi

      December 16, 2011 at 12:18 pm

      ဆြာ ဆွ စကားလေး ထပ်ငှားသုံးလိုက်ဦးမယ်…
      “ခွေး”ဖြစ်မှတော့ “တော်သလင်း”မှာ ဂဲထုခံရတာ မဆန်းပါဘူးလေ….

      • kokoover

        December 16, 2011 at 7:06 pm

        ဘုန်းကျော်သည် ဩစတျေးလျနိုင်ငံတွင်နေသည်။ ၁၉၇၉-ခုနှစ်တွင် အင်းစိန်မြို ့တွင်မွေးပြီး မင်္ဂလာဒုံမြို ့နယ်ရှိ စစ်တပ်ထဲတွင် ကြီးပြင်းလာခဲ့သည်။ အဖေဖြစ်သူသည် တကြပ်ကြီးတဦးဖြစ်သည်။
        အောက်လမ်မှ့ ထွက်၍ နိုင်ငံရေးခိုလှုံခွင်ဖြင့် လုပ်စားနေတယ် ပြည်ပမှာ၊သူ့မိသားစုကို
        အောက်လမ်းမှ့ခေါ်တယ်၊
        တိုင်းပြည်ကောင်းစားပါက ၊ပြန်ဝင်လာပြီးအသံကောင်းဟစ်မှာအသေအချာပါ…….
        ရွာသားများ သို့…သိစေအပ်သည်။

        • windtalker

          December 16, 2011 at 7:42 pm

          သူတောင်းစား ခွက်ပြည့်ရင် စမာန်တက် တယ် တဲ့
          ကြားခဲ့ဖူးတာ
          အခုတော့ တစ်ကယ်ဖြစ်နေပေါ့

  • chityimhtoo

    December 16, 2011 at 11:56 am

    အာဝု………

  • zaymdy

    December 16, 2011 at 11:59 am

    အလို.ပဲဖြစ်သင်.တယ်…အနော်တို.ရွာသားတွေ လက်ရုံးရည်ရော နှလုံးရည်ရော ရှိ
    ကြပါတယ်နော် .ဟင်းဟင်းးး

  • ကြောင်ကြီး

    December 16, 2011 at 12:14 pm

    ဝိုးအူး ဝုတ်အူး ယေးယေ့ ဂိန်ညောင်ညောင် …. I love you more than I can say……

  • “ဘီလူးကြီး”ogre

    December 16, 2011 at 12:46 pm

    ရှင်းရှင်းလင်းလင်းကြီးကိုထောက်ပြပြောဆိုလိုက်တာများ
    အားရထှာ…အဘနီရေ
    ကိုယ့်ဘာသာစကား
    ကိုယ့်စာပေအရေးအသားတွေနဲ့
    ဒီလူက ကိုယ်ယဉ်ကျေးမှုကိုပြန်စော်ကားလိုက်တယ်လို့မြင်မိတာပဲ
    စာပေဟာလဲ ယဉ်ကျေးမှုတစ်ရပ်ကိုဗျ..။။။
    ““ကိုအင်ရေ…မီးဒုတ်ရှိရင် မီးတို့ပေးဘို့ အသင့်ပဲဗျ ကျုပ်မှာ မီးခြစ်ရှိတယ် ””” 🙂 😛

  • KING

    December 16, 2011 at 1:00 pm

    အပြင်ဆိုင်(ရေသန့်ဗူးထောင်ထားတဲ့ဆိုင်)က ဝယ်လာတဲ့ တစ်ဂါလံ (၄၀၀ဝိ/-)နဲ့ ဝယ်လာတဲ့
    ဓါတ်ဆီတွေရော့ …… 😀 😛 🙂

    • မှော်ဆရာ

      December 16, 2011 at 1:06 pm

      တန်လိုက်တာနော် .. နယ်မှာ ၄၆၀ဝ ဖြစ်သွားပြီ .. 🙁

  • မှော်ဆရာ

    December 16, 2011 at 1:05 pm

    ကျွန်တော်ကတော့ သိပ်မနာပါဘူး .. ဘာလို့ဆိုတော့ ရေးတဲ့သူကိုယ်တိုင်ကလဲ စာရေးဆရာ(စာရေးသူ)ပဲကိုး ….။ သူ့အဆင့် သူသတ်မှတ်တာလို့ပဲ ထင်ပါတယ် …။

  • super

    December 16, 2011 at 2:41 pm

    အဘနီ အရေးအသားကို ကြိုက်တယ်ဗျာ၊ ကျနော့်စိတ်ထဲ ဒီလူ့အရေးအသားဖတ်ပြီးကတည်းက ပြန်ရေးချင်တာ၊ မရေးတတ်လို့ဗျ၊ အခုလို အဘနီကရေးပြလိုက်တော့ လွှတ်ကောင်းဗျာ……….

  • thit min

    December 16, 2011 at 3:10 pm

    လူဆိုတာလူလို “သိ” မှ၊ လူလို “နေ” မှ လူ “လို”ပြောမှ လူဖြစ်တာ။ဒါတောင်သာမန်အဆင့်နော်။
    လူ တကယ်ပီသဘို့ဆိုတာ ကိုယ့်ဟာကိုယ် ရေကြည်ရာမျက်နုရာ ရှာနေရုံနဲ့ကို မပီးသေးဘူး။
    ထားတော့ လူ “လို” မပြောတတ် မဆိုတတ်နဲ့ စာပေ ကို လာစော်ကား လူမျိုး ကိုလာစော်ကား
    လူ့ပေါက်ပန်းတွေကိုတော့ “လူစာရင်း”ကိုမသွင်းလို့မလို့
    “ချီးစားတတ်တဲ့အကောင်မျိုးပေမဲ့သခင်ကို သိတတ်သော ခွေး “တို့နဲ့
    တောင်မနှိုင်းစေချင်ပါ ကိုကြီးနေဝန်း ရေ။ ခွေးတွေကိုသနားလို့။

    • inz@ghi

      December 17, 2011 at 11:41 pm

      သဂျီးရေ့

      ကစ်သိုတောင် right answer ဖြစ်လျက် …
      အနီကတ်တွေ ခဲနေအောင် ပြခံထားရပါပေါ့လား ….
      (အဘနီ ပိုစ့်ကိုပြောတာ မဟုတ်ဘူးနော…
      မူရင်းပိုစ့် ကိုဆိုလိုချင်တာ..)

      သဂျီး …အဲသည့် ငတိသည်နေ့လည်း ၂ပိုစ့်တင်ပြီး အကဲစမ်းထားသေးတယ်နော..
      လစ်ဘရယ်လ် တွေဘာတွေ လာမပြောနဲ့ဦးဗျ…..ပွဲဆူအောင်လုပ်ရင် .. ရွာမှာလူစည်ရင်
      သဂျီးကြိုက်တာပဲလားဗျာ??ဒါက သဂျီး မျှော်မှန်းချက်လားဗျာ …??
      ကျုပ်ကို အဲ့လို ထင်သွားအောင် မလုပ်ပါနဲ့ဗျား…

      အနှီငတိရဲ့ ပထမနေ့ ပို့ စ်တွေမှာ အကောင်းအောက်မေ့လို့ သဂျီးလည်း အကောင်း ဝင်ရေးခဲ့သေးတယ်မလား…
      ကြာလာတော့ ဘာဆိုတာ သိလိုက်ရတယ်ဟုတ်?? ကောင်းပြီ ၁ရက် …နောက်တရက်စောင့် နောက် ပိုစ့် အသစ်၂ခု
      တက်တယ်. ..ဘာတွေလည်း သဂျီး ဖတ်ပြီးလောက်ပါပြီ ……

      ဆိုတော့ … သည် ၄၈နာရီကြားမှာ တခြားပိုစ့်တွေမှာ သဂျီး ဝင်ဝင်မန့်နေပုံထောက်ရင် …
      ဒါဟာသဂျီး ဖတ်ဖြစ်နေ ကြည့်ဖြစ်နေတာလမှန်းလို့ရတယ်ဗျ. ……တခါတခါ
      currently online မှာ kai ဆိုတာကြီးပေါ်နေတာတို့ အပါအဝင်ပေါ့ ..ဗျာ

      ဘုရှ်လည်း အဖမ်းခံထိဖူးတယ်. ..သူ့သမီးတွေလည်း အသက်မပြည့်မီ အရက်ဝယ်လို့ ဒဏ်ရိုက်တယ်ဆိုလား…
      သဂျီးညွှန်းလို့ ဖတ်ရတာတွေ ပြောပါတယ်..ဗဟုသုတ တိုးပွားလို့ ကျေးကျေးပါ…

      သို့သော် သည် ငတိကျတော့မှ .. သဂျီးနှလုံးပြူး ဘာလို့ မီးမကူးသလဲ သိချင်စမ်းဘာဘိ…

      ့ပုံ
      ဟိမုရ ဂီ..

      • Shwemoe

        December 18, 2011 at 12:01 am

        သဂျီးစဉ်းစားဆုံးဖြတ်ပါလိမ့်မည်။ သဂျီးစောင့်ကြည့်ပါလိမ့်မည်။
        အတို့အထောင် မလုပ်စေလိုပါ။ ကျေနပ်မှုမရှိတိုင်း ဖြုတ် သတ် လုပ်ချင်ပါလျှင်
        ကိုယ်ပိုင် ဝက်ဆိုဒ် ထောင်ပါရန် အကြံပေးလိုသည်။

      • kai

        December 18, 2011 at 10:04 am

        ဂီဂီရေ..
        ကျုပ်အနေနဲ့က အရမ်းမြန်မြန်ဆုံးဖြတ်လို့မရပါဘူး..။
        ဆုံးဖြတ်ပြီးလည်း.. နောက်ဆုတ်ရခက်ပါတယ်..။

        ဆိုတော့…
        ရွာထဲလူစည်အောင် အဲဒီအပေါစားနည်းနဲ့တော့ မလုပ်သလို ကြိုက်လည်းမကြိုက်ပါဘူး..။
        လူစည်ရင်… ဆာဗာကြေးအပြင်.. ပွိုင့်ပေးလာတာတွေတက်မှာကိုး.. 🙂
        အခုတောင်.. တချို့ရက်တွေများ တရက်မန့်တဲ့နှုန်းအရင်ထက် ၂ဆဖြစ်လာနေလို့.. တခုခုအတွက်စီစဉ်စဉ်းစားနေပါတယ်..။
        ရွာထဲက.. စာတွေ..မန်းတာတွေ အားလုံးတန်ဖိုးရှိတာတွေပဲဖြစ်စေချင်တာပါ..။
        သုံးတဲ့ငွေတိုင်းကို တန်ဖိုးရှိချင်တာပါ..။
        ဖွလို့.. ပွပြီး..ပြန်ရေးနေတာတွေကို.. ပွိုင့်မပေးချင်ပါဘူး…။

        အကြံပေးကြည့်ပါလား…မားကက်တင်န်းသမားကြီးရယ်…။
        ဖွလို့ ပွတဲ့စာတွေနည်းသွားအောင်ဘယ်လိုလုပ်နိုင်သလည်းလို့..။
        အဲ..
        လွတ်လပ်စွာရေးသားပြောဆိုနိုင်ခွင့်ကိုလည်း မထိခိုက်စေနဲ့ပေါ့နော…။ :mrgreen:

        • inz@ghi

          December 18, 2011 at 10:34 am

          သဂျီး သဂျီး ..
          ၂လုံးပြူးကြီး ဘယ်သွားထားသတုန်းဗျ…

          လစ်ဘရယ် ဆိုတိုင်း ကျုပ်တို့ လူမျိုးက လမ်းပေါ်တက် ..ဆေးရိုးလှမ်းတာကလား …

          စာဖတ်သူရေ
          ကျုပ်တို့ အမျိုး ..ခင်ဗျားတို့ အမျိုး တွေအပါအဝင် အတော်များများက
          ဒီမို ကရေစီ ရရင် လမ်းပေါ်မှာ အရက်သောက်လို့ရမယ် ဖဲရိုက်လို့ရမယ်
          အဝှာ ကိစ္စ ..တရားဝင် ပေါ်တင်ဆောင်ရွက်လို့ရမယ် ဒါမျိုးတွေထင်နေကြသေးတာအများသား ……

          ဆိုတော့ ….ဘယ်သူရေးတာလည်း …မမေးနဲ့ ဘာရေးတာလဲပဲ မေးကြေး …စာသားအရဆို
          စည်းကမ်းပြည့်ဝသော ဒီမိုကရေ စီ စနစ်
          ဆိုတဲ့ စာသားကို ကျုပ်တော့ သိပ်ကြိုက်တာပဲ …ရေးတဲ့လူကို ထောက်ခံတာမဟုတ်ဝူးနော…
          စာသားကို ကြိုက်တာ …သည်တော့

          သဂျီးရေ့ ….
          စည်းကမ်းကိုင်ဗျာ …..
          ရွာ ပို သန့်ချင်ရင် ပိုစည်းကမ်းကိုင်..
          မူနဲ့ မညီလို့ကတော့ ကန်ထုတ်ပစ် …
          ငါသူတပါး ယောက်ျား မိန်းမ မရွေး …
          ဆာဗာရော ပွိုင့်ပါ …. အနှစ်သာရ ရှိတဲ့စာ
          ရေးတဲ့လူကို ပဲ အနှစ်သာရရှိရှိ အကုန်ခံစေချင်တယ်ဗျာ

          အကောင်းရေးရင် ပွိုင့်ပေးမယ် …အေး ..ထိုနည်းတူစွာဘဲ..
          ပေါက်ပန်း ၄ဝ ရေးရင် တစုံတရာ ပယ်နယ်လ်တီ ထိမယ်….

          ဒါမျိုး ချပစ်ဗျာ …လူမလာမှာ တော့ မပူနဲ့ သဂျီးရယ်…
          တီချယ်ကြီးတို့ ကစ်သို တို့ ဦးဆောင်သော အကောင်းဘက်က ထောက်ပြ သင်ကြား
          နည်းနာ ပေးနေတဲ့ စာရေးသူတွေ ရှိလို့ ….ဝင်လာမစဲ တသဲသဲ ဖြစ်နေဦးမှာဘဲ …
          (လိုအပ်ရင် …အဲ့သည့်အချိန်ကျမှ မားကတ်တင်းသုံးမယ်ဗျာ…)

          ခုအချိန်ကတော့ …. ကိုယ်ရည် စစ်ဖို့ ပါဘဲ ….

          ကျုပ်ပါ ၆၃မကျဝူးထင် ကန်ထုတ်ပစ်ဗျာ …ကြာတယ်..

          အော်ဒါနဲ့ ….
          ရွာထဲ မထော်မနန်းတွေ တွေ့တော့လည်း လှည့်ပတ်ဆဲမိတယ်သဂျီးရေ့…
          တခုတော့ အဆိုပြုပါရစေ ….
          ဆဲဆိုခြင်း အနုပညာ ဆိုပြီး ပိုစ့် အသစ်ရေးကြည့်ပါ့မယ် …

          သဂျီး အကိုးအကားပြုတဲ့ အန်တီကြီးရဲ့ အဖေ တောင် …အတော်အဆဲသန်တာကလား..
          သို့သော် … မြင်ရာ ငါ နဲ့ ကိုင်တုတ်နေတာမဟုတ် …လ အက္ခရာ ဂါထာလိုရွတ်နေတာမဟုတ်..
          ကြက်သီးထစရာ ..သမိုင်းဝင် အကြောင်းတရားများစွာကို စကားလုံး ကြမ်းကြမ်းများဖြင့် ..
          ခပ်သော့သော့ ရေးဖွဲ့ခဲ့တာချည်း … စကားလုံးဆိုလို့ ပြောရဦးမယ်….
          စကားလုံးရဲ့အား ..ဌာန် .. မာန် …ပြင်းပြမှု …စေတနာ .. ဂရုဏာ ဒေါသော ..
          ဒါတွေဘက်ကနေပြီး ပြောင်မြောက်တဲ့ သမိုင်းဝင် ဆဲဆိုချက်များဆိုပြီး ……..
          ရေးရချည်သေးရဲ့…
          (ခုတော့ စာရှာဖတ်နေပါသည်..)

          သည်နှစ်ထဲမတော့ သိပ်ရေးနိုင်တော့မည် မထင်ပါလေ….

          ခင်တဲ့
          Inz@ghi

        • i love this

          December 18, 2011 at 10:47 am

          ko inz@ghi ရဲ့ ရေးသားပုံက ဒေါသသံ ရှိနေတယ်
          ဂဇက် မှာ ပို့စ်တင်ဖို့ ဂဇက် အရည်အချင်းစမ်းသပ်ရတော့မလိုလို
          အရည်အချင်းစစ်စာမေးပွဲ လုပ်ရတော့မလို ဖြစ်နေပီ
          စာအရေးအသား လေ့ကျင့်သူတွေ စာသင်သား အသစ်တွေ
          ဝေးရာသို့ သွားရတော့မှာလား ကိုကိုဂီရယ် ။

        • inz@ghi

          December 18, 2011 at 11:00 am

          အစွန်းရောက် တွေအတွက်ပြောတာပါဗျာ …
          ကျုပ်လည်း ရေးနေတာပဲ ..ခင်ဗျားလည်း ရေးနေမှာပဲ…..

          အရည်အချင်းဆိုတဲ့စကား ကျုပ် မသုံးနှုံးထားပါဘူး…
          ကျနော်ပြောချင်တာက …
          အဘနီရဲ့ သည်ဆောင်းပါးမှာ ညွှန်းထားတဲ့ ..
          မူရင်းဆောင်းပါးကို ဖတ်ကြည့်ပေးစေချင်တယ်ဗျာ..
          နောက်တခု
          အနှီ မူရင်းဆောင်းပါးရှင်ရဲ့ အခြားသော ပိုစ့်တွေကိုလည်း
          ဖတ်ကြည့်စေချင်ပါတယ်…

          ကျေးဇူးပါဗျာ ..
          ဒေါသဂိုဏ်း သင့်တယ်လို့တော့ မှတ်ဖူးသဗျ…
          အဲ့စာတွေ သွားဖတ်ကြည့်ပါလေ. ..
          ကျုပ်တို့ ရေးတာ မန့်တာ တွေက ဒေါသဂိုဏ်း ဘာကြောင့် သင့်သလဲဆိုတာ …
          မြင်ရပေမပေါ့…

          စကားမစပ်…….
          ကျုပ်ရေးတဲ့ စာတွေလည်း ဖတ်ကြည့်စေချင်တယ်ဗျာ …..

        • ကြောင်ကြီး

          December 18, 2011 at 12:52 pm

          ပွိုင့်တွေသိပ်များနေရင် မသိအောင် လျော့လိုက်ပေါ့ သဂျီးရယ်။ သိသွားတော့လည်း ပြန်ပေးလိုက်။ ဒါလေးများ ဥနှောက်ခြောက်ခံ စဉ်းစားနေရတယ်လို့။ ကြီးပွားအုံးမယ် ဒီပုံနဲ့…… 🙄

        • small cat

          December 18, 2011 at 9:07 pm

          ဟုတ်တယ်သဂျီးရေ ၊အဲဒီကိစ္စကျနော်ဆွေးနွေးချင်နေတာ၊ မူအရ စာဖတ်သူများအကျိုးရှိတဲ့စာမျိုးမန့်ရမှာပါ၊ ဒါပေမဲ့ စာရေးသူချင်း၊မန့်သူချင်းရင်းနှီးမှုနဲ့ နှုတ်ဆက်ကျီစယ်ခြင်းမျိုးတွေလည်းရှိပါတယ်၊ ဒါကိုတော့ တားလို့မရပါဘူး။ မကြိုက်ရင်အော်ကြတာတွေလည်းရှိမယ်၊ အော်ပါစေ၊သို့သော် ပွိုင့်ပေးတာကိုတော့ အပေါ်မှာရေးထားတဲ့ စာနဲ့ပတ်သက်ပြီး အကြံပြုဆွေးနွေးချက်မျိုးကိုသာပေးရင်ဖြစ်နိုင်ပါတယ်။
          ပြောလို့သာပြောရတယ် ကျနော်ရေးထားတဲ့ ပို့စ် ကိုက အကျိုးမရှိတဲ့စာတွေ ပါနေပါတယ်။
          အဲဒါမျိုးတွေ ပွိုင့်မပေးလဲ ရပါတယ်၊ ကျနော်(တို့) ရေးကတည်းက ပိုွင့်လိုချင်လို့ရေး(ကြ) တာမှမဟုတ်ပဲ၊ သဂျီးက ချီးမြှင့်လို့သာလက်ခံရတာ ၊သိပ်တော့ လက်မခံချင်ဘူး(ဂယ်ပြောတာဟုတ်ဘူးနော်)၊

  • manawphyulay

    December 16, 2011 at 3:29 pm

    သူက ဒီလိုရေးတယ်ဆိုတော့ စဉ်းစားတော့ စဉ်းစားစရာပဲနော်။ ငယ်ငယ်ထဲက စာပေမသင်ကြားခဲ့ရသူလား… သူ့ဝန်းကျင်က စရိုက်တွေ၊ အတွေးအခေါ်တွေက ဘယ်လိုတင်သွင်းပေးလိုက်လဲ။ ဘယ်လိုလူမျိုးက ပေါက်လာတာလဲ…. ဘာကြောင့် ဒီလိုအပြောမျိုးနဲ့ ရေးတာလဲဆိုတာတောင် ချီးစားပြီး သူရေးရင်တောင် ချီးကြိုက်တယ်လို့ ယူဆနေမိပါတယ်။ မတူတဲ့အတွေးအခေါ်ဆိုပေမယ့် ဒီလောက် အောက်တန်းကျပြီး အသိတရားမရှိတာ အတော့်ကို အံ့ဩဖို့ကောင်းပါတယ်။ သနားလည်း သနားသွားမိတယ်။ စိတ်ဓာတ်က တိရစ္ဆာန်လောက်တောင် မရှိပါလားလို့လေ။ ဦးနှောက်ကရော ပုစွန်ဦးနှောက်လား….

  • လင်းဝေ

    December 16, 2011 at 4:26 pm

    ကိုယ်တော့ အဲဒီ ပို့စ်ကို ဖတ်ကို မဖတ်ကြည့်ဖြစ်ဘူး။
    မျက်စိရှေ့မှာတွေ့နေပေမယ့် ဘယ်လို အဆီအငေါ်မတည့်ကောင် ဘာတွေလာရေးတာလည်းဆိုပြီး ကျော်ဖတ်လိုက်တယ်။
    ကိုနီလို ဗျင်းမယ့်သူကလည်း ဗျင်းပေးတာကောင်းပါတယ်ဗျား။

  • R Ga

    December 16, 2011 at 4:50 pm

    ဆရာနေ ရေ…. ခွေးက ခွေးစကား ပြောတာထက် ကျွန်တော် ကတော့ အဲဒီခွေး ထဟောင်လိုက်တာ
    ရင်ထဲ ခွေးအကိုက်ခံရတာထက်ကို နာသေးသဗျ…။ သတင်းသဘောကို ပြောင်းပြန်ပြောရမယ်ဆိုရင် ခွေးကလူကို ကိုက်တာ အခုတော့ သတင်းကြီးကို ဖြစ်နေသပေါ့..။

  • M-Lulin

    December 16, 2011 at 5:04 pm

    9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။
    Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် အခွင့်မရှိ……..
    ဆိုတော့ .. ဒီနေ့ comment ဖတ်ရတာ စိတ်တော်တော်ရှုပ်သွားတယ်။ ဝါးလုံးရှည်နဲ့ သိမ်းကျုံးရမ်းတဲ့ သူနဲ့ နံမည် မတပ်ရုံတမယ် . ဆဲ တဲ့သူနဲ့ .. အသစ်တစ်ယောက် အနေနဲ့ ဒီရွာ ကို ဒီလို မဟုတ်လောက်ဘူး လို့ ထင်ထားခဲ့ပါတယ်။ လူမြင်လို့ မကောင်းပါဘူးဗျာ ဒီ related post နှစ်ခု ကို ဒီအတိုင်း ထားတော့မှာလား .. သူကြီး ..
    တော်ပြီ … ဒါ့ပုံ ပဲထွက်ရိုက်တော့မယ်.. Golden Time ရောက်နေပြီ …

    • M-Lulin

      December 16, 2011 at 5:05 pm

      ဟီး.. တော်သေးတယ်. ဒါ့ပုံဆြာ တွေ ဘက် လှည့်မလာ သေးလို့ ..

  • laypai

    December 16, 2011 at 5:12 pm

    “စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေ လက်ကြောမတင်းသူတွေကွ”

    အဲဒီ ပို့ အတွက် ပြန်ရေးထားတာလား၊ ကောင်းပါ့။

    အဲဒီ ပို့ ကိုတော့ အချိန်ကုန် မခံနိုင် လို့ ဖတ်ကို ဖတ် မကြည့် ဘူး။

  • blackchaw

    December 16, 2011 at 6:10 pm

    ကိုနေ ရေ။
    လီဗာနုင်းတာ နည်းနည်းပျော့နေသေးတယ်ဗျို့။
    ဂီယာလေးပါ ချိန်းဗျာ။
    ပြီးရင် တစ်ဆုံးနင်းပြီး အဲဒီပို့စ်ကို ဝင်တိုက်ပစ်လိုက်ဗျာ။ ဒါဗျဲ။

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 16, 2011 at 6:18 pm

    သာမန် အကြောင်းတစ်စုံတစ်ခုပေါ်မှာ ဝိပဿနာရှု့သလို လိုက်ခံစားရင်တော့မှားမယ်ထင်ပါတယ်
    ( အထင်ပါ )
    တစ်ယောက်နဲ့တစ်ယောက် မြင်ဘူးတာလဲဟုတ်ဘူးနော
    လွယ်လွယ်လေး သဘောထားလိုက်ဂျဇမ်းဘာအရပ်ဂဒို့
    သူ ဗရုပ်သုက္ခလုပ်တာ ကိုယ်က သွားခံစားတော့
    ကိုယ်က ခလေးလုံးလုံးမဖြစ်ဘူးလား
    ခက်တော့တာဘဲဒီလူတွေ
    သူ့စကားကို ခွေးဇဂါးလို့ နားလည်လိုက်တော့
    ကိုယ်က ခွေးဇဂါးနားလည်သလိုလို ဘာလိုလို
    ( ဝိုးအူး ဝုတ်အူး ယေးယေ့ ဂိန်ညောင်ညောင်…. I love you more than I can say…… )
    ကိုကြောင်ကြီးရေ အဲ့ဒါခွေးသံလား ??? ကြောင်သံလားဗျ ??? 😀 😀 😀
    …………………………..
    ရွှေဝါညဆရာတော်နဲ့ပတ်သက်တဲ့အကြောင်းကတော့ တော်တော်ဆိုးတာဘဲ
    မတော်တစ်စလား ဘာလားတော့သိဘူး
    ကျုပ်စာဖတ်ခဲ့ဘူးတဲ့ သက်တန်းတစ်လျှောက်မှာ
    စစ်အာဏာရှင်တွေလုပ်လေ့လုပ်ထရှိတဲ့ သဘောလေးဘဲဗျ
    သူတို့က လုပ်တတ်တယ် မသိမသာ လေးဖက်ထောက်ပြီးဝင် အော်သွားတာ
    တော်တော်ကြောက်စရာကောင်းတယ်
    ရံခါ ပြည်ပနေအတိုက်ခံတွေလည်းလုပ်တတ်တယ် ဆော်ဩတယ်လို့ခေါ်တာပေါ့နော
    အထူးသဖြင့် အားလုံးကို တိုက်တွန်းပါတယ်
    အုပ်စုဖွဲ့ပြီးအတိုက်ခံလုပ်တာထက်
    သဘောတစ်ခုကို မြင်အောင်ကြည့်ပြီး တုံ့ပြန်ကြဘို့ပါ
    တော်တော်နောက်တဲ့လူဘဲ
    Aဘေး
    Aဘေး က B
    B ဘေးက C
    C ပြီးတော့ D E F G H I J K L M N O P Q R S T U V W X Y Z
    😀 😀 😀
    သဂျီးမင်း အလိုတော်အတိုင်းပါ
    ထုံစံအတိုင်း
    ဘူနဲ့မှ မတူအောင် 😀 😀 😀

  • aye.kk

    December 16, 2011 at 6:19 pm

    စာရေးဆရာ ကဗျာဆရာဆိုတာ..
    အတွေးအခေါ်မြင့်မားမှုရှိမှသာရေးသားနိုင်တာပါ..
    ပညာမတတ်ပဲနဲ့တော့စာပေကဗျာဘယ်လိုပြုစုရေးသားနိုင်မှာလဲ..
    စာရေးဆရာကဗျာဆရာတွေကိုငပျင်းလို့စွပ်စွဲပြောဆိုတာဟာ..
    သူကိုယ်တိုင်ကကျပ်မှမပြည့်ရှာဘဲ..သနားစရာပါ..။

  • nayminn

    December 16, 2011 at 6:27 pm

    လကြော…အဲ လက်ကြောတင်းကြောင်းတော့ပြလိုက်ပြီ။

  • Zippo

    December 16, 2011 at 6:48 pm

    စာရေးဆြာ ၊ ကဗျာဆြာ ပို့စ်ထက်ဆိုးတာ သံဃာ တော်တွေကို ဖာချတဲ့အဆင့်ထိရေးတာ
    အဆိုးဆုံး မဟုတ်ဘူးလား ၊ ( မှန်သည်ထင်၍ ဆက်လှော်ပါသည် )

  • winzaw

    December 16, 2011 at 7:23 pm

    သို့သော်လည်းပေါ့နော် *****
    12. ……
    – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် အခွင့်မရှိ….
    *****************************************************************

  • captainamerica

    December 16, 2011 at 7:59 pm

    ွုွု့ွုု့့ဖြစ်မှ ဖြစ်ရလေခြင်းလို.ပဲ………………………..စာရေးဆရာတွေဟာငပျင်း…………
    အော်မင်းဘာစားပီးကြီးလာတာလဲလို.ပဲ‌ေ ပြာချင်တော့တယ်။

  • koyinmaung

    December 16, 2011 at 9:47 pm

    ကိုနီရေ…
    ဒီကောင်ရွာထဲပွဲဆူအောင်လာလုပ်နေတာပါ
    ၁၃နှစ်သားနဲ့တောခိုတဲ့အကြောင်း
    ဘယ်ကကလေကချေကောင်မှန်းမသိ
    ခွေးဟောင်တိုင်းထကြည့်ယင်အိပ်ရေးပျက်ပါတယ်ဗျာ….
    ကိုယ့်စာ ကိုယ်တာဝန်ယူတယ်လဲပြောသေး
    ဘာမှလဲပြန်မဖြေရှင်းနိုင်တဲ့ကောင်ပါ….

  • Yan Shin

    December 16, 2011 at 10:12 pm

    နေဝန်းတော့ နေဝန်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေဝန်းနီ………..

    ရက်ရက်စက်စက်ကို ကြိုက်ပြီ ကိုနီရေ…..
    ဒါပေမဲ့ဗျာ

    ခံစား မရတာက
    အဲဒီလို စကားပြောတဲ့ post ထဲမှာ comment ပေးထားတဲ့ တစ်ချို့သော ရွာသူရွသားများ
    ဒီ post ထဲမှာ comment ပြန်ပေးတော့ တစ်မျိုးပါလား ဟရို့……..

    ဪ လောက လောက….

  • chityimhtoo

    December 17, 2011 at 7:58 am

    dog language academy ကပါ အူနည်း ဟောင်နည်းသင်တန်းကိုရက်တိုနဲ့လူကြီးမင်းတို့ စိတ်တိုင်းကျ
    သင်ကြားပေးပါ့မယ်။ ခရစ်စမတ်အတွက်လည်း discount ပေးပါ့မယ်…..:P

  • eveningstar

    December 17, 2011 at 4:06 pm

    ဝမ်းချိုချို ဝမ်းချိုချို

  • jaryitt

    December 17, 2011 at 6:21 pm

    အင်း ခက်တော့ နေပြီ…။ အပြင်မှာ ဒီစကားက ကလေးတွေဆီရောက်နေလို့ ဘာဖြစ်တာလဲ ဝင်ကြည့်တာ…။ ကလေးတွေ သူတို့ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ဆန့်ကျင်ဘက်ငြင်းရင် တစ်ယောက် စကားကို တစ်ယောက်က သဘောမတူရင် ဘာပြောကြတယ်ထင်သလဲ…။ ” ဟေ့ကောင်…… မင်း ခွေးစကားမပြောနဲ့” တဲ့လေ………။ အပြောခံရတဲ့ ကောင်လည်း ရယ်ကျဲကျဲ နဲ့ ရန်မဖြစ်ကြဘူး…။ ဒါနဲ့ ဒီကောင်လေးတွေ ဘာ စတိုင်လဲ ဆိုပြီး မေးကြည့်တော့ မှ ” ဦးလေး ပြထားတဲ့ ဝက်ဆိုဒ်ထဲမှာ တွေ့တာ ” လို့ ပြောတော့ …………….. အင်တာနက်ဆိုင် ပိုက်ဆံပြတ်လို့ မထိုင်နိုင်တဲ့ ငတိ လ္ဘက်ရည် မသောက်ပဲ လာကြည့်သွားရပါကြောင်း……… ခင်ဗျာ စကားလုံးက ကလေးတွေ ပါးစပ်ထဲ ရောက်ကုန်ပြီ…။ အစထောင်ထဲ့ သူကလည်း ထောင် ရိုက်ချတဲ့ သူကလည်း ချနဲ့ ဟုတ်တော့ ဟုတ်နေတာပဲ…။ နောက်တော့လည်း ဘာမှမဟုတ် ပြီးသွားမဲ့ဟာ…………………

  • naywoonni

    December 17, 2011 at 9:42 pm

    အင်း …..ရွာထဲမလဲ အနီ ကဒ်ပြတဲ့ ဒိုင်တွေ များသား ….။ တစ်ယောက်ထဲ ကလုပ်နေတာတော့ မဟုတ်လောက်ဖူး…ထင်တာပဲ… ။ ဥရောပ ဘောလုံးပွဲ စဉ်ကြနေတာပဲ…။ ဒိုင်တွေ များတာပြောပါတယ်…။

    • pyar tar

      December 17, 2011 at 11:24 pm

      သူတို့လဲ အလာကား အနီကဒ် ရထားတာ မဟုတ်လောက်ဖူး ။
      အပြောအဆိုလေးတွေ ယဉ်ကျေး လှပေသကိုး ။
      ဪ . . လောက . လောက သူတို့မှာလဲ လောကီသားမို့ ။

  • lukar

    December 17, 2011 at 10:06 pm

    ချိနီယာ ကီး တို့ခင်ဂျာ စိတ်ထိန်းကြပါ ဆဲနည်း ကျမ်း ကုန်ပါတော့မယ်
    ခွေးအကြောင်း ဖယ်လို့ ပွက်ဆိတ် အကြောင်းလေးများ ပြောကြပါလား
    အော် ချိနီယာ လူကြီးတွေရယ် သူများတွေကျ ပြောတတ်လိုက်ကြတာ
    ကိုယ့်သဏ္ဍာန် ကိုယ် မှန်ပြန်ကြည့်ကြဖို့ပါ ၊
    တော်လောက်ပါပြီ ။

  • unclegyi1974

    December 17, 2011 at 10:30 pm

    ကိုနီရေစိတ်လျှော့
    ပြောတာမလွန်ပေမဲ့
    ကျွဲဘေးစောင်းတီးသလိုဖြစ်နေတာ
    သူ့သတ်မှတ်ချက်ကသူ့အလုပ်ထဲပါသွားပြီလေ
    စာရေးဆရာကဘာအကြောတင်းသလဲသူမသိဖူး
    ( ဥဏှောကြောတင်းတာ)

  • ရွှေဘိုသား

    December 18, 2011 at 9:59 am

    နဲနဲတော့ စဉ်းစားရကြပ်သေးတယ် စဖတ်တုန်းက အဲဒီ ပို့စ်ကို သူပဲရေးပြီး ငပျင်းတွေလို့ပြောလို့
    အခုလို ပြောလိုက်တော့လည်း ကောင်းတာပဲ ကိုယ်တောင်ရေးမလို့ စာရေးရမှာ ပျင်းနေလို့ မရေးတာ
    အခုလို ကိုနေဝန်းနီ ရေးလိုက်တော့ ကောင်းပါတယ် သိသင့်တယ်ထင်လို့ရေးပေးလိုက်တာပဲ ရွာထဲမှာလည်း အမြဲ ဒေဝဒတ် ကရှိနေတယ် အမွေများဆက်ခံနေသလားအောက်မေ့ရတယ်

  • water-melon

    December 18, 2011 at 10:23 am

    အော် ဒို့ mandalaygazette လဲ ခွေးဝင်ရတာနဲ့ ဓားပြဝင်ရတာနဲ့
    ရွာသူရွာသားတွေလဲ အေးအေးချမ်းချမ်းမနေရပါလား။
    အရင်ကဆို အိမ်တံခါးပိတ်ပြီး ဘုန်းကြီးကျောင်းသွားလို့ရသေးတယ်။
    ခုတော့ သူကြီးနှစ်လုံးပြူး သေနတ်မရှိတော့တာလား
    အခုတော့ Lဆိုင်းဇီသီချင်းလို “ဝေခွဲမရလား” ဖြစ်နေပြီဗျို့
    mandalaygazette နှစ်ပေါင်းများစွာအောင်မြင်ပါစေ ဆုတောင်းရင်း…………..

  • Ka Yin Lay

    December 18, 2011 at 10:28 am

    hote pa ~ 😛
    ဒဂလိုမှလည်း ရသစုံမှာ . . အမြဲတမ်း စာသံပေသံ ဖတ်နေရတော့လဲ ပျင်းခြောက်ခြောက်ကြီး ..
    ဗဟုသုတ တွေကလဲ သိမ်းဆည်းရတာ များလို့ လျှံထွက်နေပြီ ..
    ဂဇက်ကြီးကလဲ တခါတခါ Facebook နဲ့တူလာသလိုလို ..
    ခြုံကြည့်လိုက်တော့ ရသစုံ သတင်းစာတိုက်ကြီး လိုပါပဲခင်ဗျာ ..။

    • water-melon

      December 18, 2011 at 10:59 am

      mandalaygazette ကို Facebook နဲ့မနှိုင်းပါနဲ့။Facebook က ဘာကောင်းလို့လဲ အားအားယားယား အဖော်အချွတ်ဓာတ်ပုံတင် ပြီးတော့ စောက်စကားတွေပြော ဘာကောင်းလဲ
      ဟာသဘဲ

  • December Snow Lay

    December 18, 2011 at 5:36 pm

    လာပြန်ပီ စောက်စကားတဲ့ အကျင့်ကောင်းတွေ ဗိုင်းရပ်စ် လို ကူးနေ ။
    facebook မကောင်းပါဘူး ပြောတယ်ဆိုတော့ wall ပေါ်မှ ဟိုဟာဒီဟာ အတင်ခံရပီလား ။

  • cobra

    December 18, 2011 at 10:15 pm

    အားးးးပါးးးးပါးးးး
    ဘာတွေဖြစ်နေကြတာလဲ
    ရွာထဲကိုမရောက်တာကြာတာနဲ ့ဘာတွေဖြစ်နေကြမှန်းကိုမသိတော့ဘူး
    ဘယ်သူကဘယ်သူ့ကိုဘာတွေပြောလို့
    ဘာတွေပြန်ပြောပြီး
    ဘာတွေဖြစ်နေတာလဲ
    ဘယ်သူကမှန်တာလဲဘယ်သူကမှားတာလဲ
    လို့တော့မေးမနေတော့ပါဘူး
    လူမှန်ရင်တော့လူလိုနားလည်ပေါ့
    “စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေ လက်ကြောမတင်းသူတွေကွ”
    အဲလိုပြောရအောင်မင်းက မွေးကထဲကဘာစာအုပ်မှမဖက်ခဲ့ဘူးလား
    မဖက်ခဲ့လို့လဲအဲလိုရိုင်းနေတာပေါ့
    ခွင့်လွှတ်ပါတယ်ကွာ….

Leave a Reply