ဘိုင်ယန်မြူးနစ် VS ကိုလုံး

မောင် ပေDecember 16, 20111min848

မင်္ဂလာပါ ။
သောကြာနေ ့ည မှာ ကန်ကြမယ့် ဂျာမနီ ဘွန်ဒက်စ်လီဂါ အမှတ်ပေးပွဲစဉ် ၁ရ အကြောင်း ကို ရေးပြချင်ပါတယ် ။
ဘိုင်ယန်မြူးနစ် ရဲ ့အိမ်ကွင်း “ Allianz-Arena ” မှာ ကစားမှာ ဖြစ်ပါတယ် ။
ပွဲချိန်ကတော့ မြန်မာစံတော်ချိန် 17.12.2011 နံနက် ၂နာရီ ဖြစ်ပါတယ် ။
ဘိုင်ယန်မြူးနစ် အသင်းဟာ ၁၆ ပွဲ ကစားပြီးချိန်မှာ ၁၁ နိုင် ၊ ၁ သရေ ၊ ၄ ရှုံး ၊ ရဂိုး၄ဝ ပေးဂိုး၁ဝ ၊ ၃၄မှတ် နဲ ့အဆင့် ၁ မှာ ရပ်တည်နေပါတယ် ။
ကိုလုံးအသင်းကတော့ ၁၆ ပွဲ ကစားပြီးချိန်မှာ ၆ နိုင် ၊ ၃ သရေ ၊ ရ ရှုံး ၊ ရဂိုး၂ရ ပေးဂိုး၃၂ ၊ ၂၁ မှတ် နဲ ့အဆင့် ၁ဝ မှာ ရပ်တည်နေပါတယ် ။
ဘိုင်ယန်မြူးနစ် အသင်း ရဲ ့ယနေ ့ညပွဲမတိုင်ခင် ပြီးခဲ့တဲ့ ငါးပွဲ ရလဒ်များမှာ “ နိုင် ၊ ရှုံး ၊ နိုင် ၊ ရှုံး ၊ နိုင် ”
ကိုလုံး အသင်းရဲ ့ယနေ ့ည ပွဲမတိုင်ခင် ပြီးခဲ့တဲ့ ငါးပွဲရလဒ်များမှာ “ သရေ ၊ နိုင် ၊ သရေ ၊ ရှုံး ၊ ရှုံး ”
ဘိုင်ယန်အသင်းရဲ ့ဖြစ်နိုင်ဖွယ်ရှိတဲ့ ကစားသမားစာရင်းကတော့
ဂိုး – နျူအာ
နောက်တန်း – ဖီးလစ်လမ်း
။ – ဟိုးလ်ဂါ ဘက်စတူဘာ
။ – ဂျာရုမ်း ဘိုတမ်း
အလယ်တန်း – ရာဖင်းဟာ
။ – ဖရန် ့ရစ်ဘာရီ
။ – တိုနီ ကရူးစ်
။ – အနက်တိုလီ တိုင်မိုရှက်
။ – အာဂျန်ရော်ဘင်
ရှေ ့တန်း – သောမတ်စ် မူလာ
။ – မာရီယို ဂိုမက်
ကိုလုံးအသင်းရဲ ့ဖြစ်နိုင်ဖွယ်ရှိတဲ့ ကစားသမား စာရင်းမှာ
ဂိုး – မိုက်ကယ်ရန်စင်း
နောက် – ဟန်းနရစ် ဆာရန်နို ဖွန်ဆက်ကာ
နောက် – အမ်မာ ဂျမ်မယ်
နောက် – ပက်ဒရို ဂျီရိုမယ်
နောက် – မစ်ဆို ဘရက်ကို
နောက် – ကီဗန် ပက်ဇိုနီ
လယ် – စလော်ဝိုမီယာ ပက်စ်ကို
လယ် – ဆက်ခါ ရိုက်သာ
လယ် – ခရစ်ရှန် ကလီမန်း
လယ် – မာတို ဂျာဂျာလို
ရှေ ့- လူးကပ်စ် ပိုဒေါစကီး
*******
ဘိုင်ယန်မြူးနစ် အိမ်ကွင်းမှာ တွေ ့ဆုံခဲ့မှုများကို ကြည့်မယ်ဆိုရင်
Sep 18, 2010 FC Bayern München 0 – FC Köln 0
Jul 31, 2010 FC Bayern München 3 – FC Köln 1
Oct 3, 2009 FC Bayern München 0 – FC Köln 0
ဈေးအနေအထားအရ ဘိုင်ယန်မြူးနစ် ၂ဂိုးသွင်းရင်တောင် တစ်ဝက်ဆုံးရှုံးမှာ ဖြစ်ပါတယ် ။
ကြားရက်ထဲ မှာ ကိုလုံးအသင်းဟာ မိန် ့ဇီ အသင်းနဲ ့တစ်ပွဲကစားခဲ့ပြီး ၁-၁ သရေ ကျခဲ့ပါတယ် ။ ကိုလုံးအသင်း ပွဲပန်းတဲ ့အနေအထားမှာ ရှိပြီး ၊ ဘိုင်ယန်မြူးနစ် က တော့ လန်းဆန်းနေနိုင်ပါတယ် ။
အစဉ်အလာကို ကြည့်မယ် ဆိုရင် လည်း ဘိုင်ယန် အိမ်ကွင်းမှာ ဘိုင်ယန် ဂိုးပြတ်နဲ ့နိုင်ခဲ့တာ နည်း တာ ကို တွေ ့ရပါတယ် ။
ယခုပွဲ ကို
““ ဘိုင်ယန်မြူးနစ် ၂-၁ ကိုလုံး ””” ဟု ခန် ့မှန်းထားပါသည် ။
*********************
——- ဖိုက်တာအားလုံး အောင်မြင်ရွှင်လန်းကြပါစေ ——-

8 comments

  • KING

    December 16, 2011 at 4:05 pm

    အာရှသူများအကြိုက် ဘွတ်ကီဒိုင် မစ်စ္စတာ ဂျော်နီဝက်ကားးးးးးးးးးးကင်းးးးးးးးးးး၏ အကြိုက် ..
    3-1
    ဂိုးပေါင်းအပေါ်
    (ခပ်တည်တည်နှင့် ဝင်ရွှီးခဲ့သည်) … 😛

  • blackchaw

    December 16, 2011 at 5:59 pm

    ကိုပေရေ။
    အဲဒီပွဲ ကျွန်တော်ကတော့ ဘိုင်ယန်မှ ဘိုင်ယန်ပဲဗျာ။
    ဂိုးပေါင်းလေးပါ တွဲပေါ်ထားလိုက်ရင် နှစ်ကျပ်ကွက်ပဲဗျို့။
    သေချာပါတယ်ဗျာ ဘိုင်ယန် ကိုသာ အပေါ်စုံလိုက်စမ်းဘာ။

  • windtalker

    December 16, 2011 at 7:54 pm

    ကွန်မင့်များဖြင့် ၊ ယခုပွဲအပေါ် ခန် ့မှန်းချက် များ ကို ချီးမြှင့်ပေးကြပါသော
    သပ္ပူရိသ ကိုကင်း နှင့် ကိုဘလက်တို ့အတွက် ညီငယ် မောင်ပေ ၏ လက်ဆောင်မွန်
    ““ ဘိုင်ယန် ၂-၁ ကိုလုံး ””

  • ကိုရင်စည်သူ

    December 16, 2011 at 9:07 pm

    ကိုပေရေ.. ဂိုးပေါင်းအပေါ်နဲ့ ဘိုင်ယန်ပဲ ကြိုက်တယ်ဗျာ…
    ဘုံးလေး ငါးဆယ်လောက်ရှိ့ရင် ပစ်ထည့်ချင်တယ်… အဟီးး
    နက်ဖန်အောင်သေအောင်သားစားခဲ့ပုံကိုလည်း အောက်မှာ
    ဖော်ပြပေးဦး…
    ကိုယ့်လူကြီး တစ်ပွေတည်း အောင်သေအောင်သားတွေ
    ကြိတ်စားမနေနဲ့ဦး…. တူတူအောင်ပွဲခံကြမယ်… ချီးယားစ်…. 😆 😆

    • windtalker

      December 16, 2011 at 9:16 pm

      ငါ က နင်ချက်ကျွေးတဲ့ ဟင်းနဲ ့မှ
      အောင်ပွဲ ကျင်းပ ချင်တာ ဟ
      ဒီတစ်ခါတွေ ့ရင် ရေးတင်သမျှ ဟင်းအကုန် ချက်ကျွေးရမယ်နော
      ဟွင်းဟွင်း

  • amatmin

    December 16, 2011 at 10:28 pm

    ကိုပေရေ..
    မှန်းထားတာလေး ကြိုက်တယ်ဗျာ.. ဂိုးပေါင်းတော့ မယုံရဲဘူး
    ဒီညတော့ ဘိုင်ယန်ကို အပိုင်ကြံလိုက်တော့မယ်.. 🙂
    ဖိုက်တာအမတ်မင်း အပြတ်ဗျင်းပြီဗျို့…..

    PS. ကိုပေ ဘောပို့စ်ထဲကျမှ လွတ်လွတ်လပ်လပ် မန့် ရတော့တယ်..
    ဟိုဘက်တွေ မှာ တိုက်ပွဲခေါ်သံ တညံညံဖြစ်နေတာကိုးး 🙂

  • windtalker

    December 17, 2011 at 11:31 am

    မနေ ့ည က ဘိုင်ယန် ပွဲ အကြောင်း က တော့ စိတ်နာလွန်းလို ့ပါဗျာ
    ဘိုင်ယန် ၃-ဝ ကိုလုံး တဲ့
    ဘိုင်ယန် ပေါက်ဈေး က သုံးလုံးသွင်းမှ ၈၀% အနိုင် နဲ ့ဂိုးပေါင်း က ၄ဂိုး ၄၅% ပေါက်တာ ဆိုတော့
    အောက်စုံ ထိုင်တာပေါ့ဗျာ
    ပထမ ပိုင်း မကြည့်ဖြစ်ပေမယ့် ဘိုင်ယန် တစ်ယောက်ထုတ်ထားတယ် ဆိုတာ သိရတယ် ဗျ
    ပထမ ပိုင်း ၃၃ မိနစ်မှာတင်ဘဲ ရစ်ဘာရီ အဝါကတ် ပြခံရကာနေ ၊ အဲဒီမှာဘဲ နောက်တစ်ဝါ ထပ်ထိပြီး နှစ်ဝါ တစ်နီ နဲ ့အထုတ်ခံ လိုက်ရတယ် ။
    ကိုယ် က ကိုလုံး အားပေးထားတဲ့သူ ဆိုတော့ ၊ ဘာပြောကောင်းမလဲ ၊ ပျော်လိုက်တာမှ….
    ဒီလိုနဲ ့ပထမ ပိုင်း ၄၅မိနစ် ဟာ ဝ-ဝ နဲ ့ပြီးသွားတယ်
    ဒုတိယ ပိုင်းလဲ ရောက်ရော ၊ ၁ဝ နဲ ့ကစားရတဲ ့ဘိုင်ယန် တိုက်စစ် ဒရစပ် ဆင်လာတယ် ။
    ကိုယ်လဲ မျက်ခုံးခပ်လှုပ်လှုပ်ပဲပေါ့ ။ ကိုယ့် ကိုလုံး အသင်းကလဲ ဗျာ ၊ ၁၁ယောက် ၁ဝယောက် ကစားရတာ ကို ညံ့တာဗျာ ။
    ကိုလုံးကစားသမားတွေဟာ ပွဲပန်းနေလို ့ အင်တိုက်အားတိုက် မကစားတာလား ၊ သို ့မဟုတ် ဘာကြောင့် လဲ တော့ မသိဘူး ၊ သိပ်ကြိုးစား တာ ကို မတွေ ့ရဘူးဗျာ
    ဒုတိယ ပိုင်း ၄၈ မိနစ်မှာဘဲ ဘိုင်ယန် အဖွင့်ဂိုး ရသွားတယ် ။ သောမတ်စ်မူလာ ရဲ ့ဖန်တီးပေးမှု ကနေ မာရီယိုဂိုမက် က အပိုင် သွင်းသွားတာ ။
    အဲဒီနောက် ဆက်တိုက် တက်ကြွစွာ တိုက်စစ်ဆင်ကစားသွားတာ ဘိုင်ယန်ပါဘဲ ။
    ကိုလုံးအသင်း ကစားပုံကြည့်ပြီး အားမရ ဖြစ်မိတယ်ဗျာ
    ဒုတိယပိုင်း ၆၃မိနစ်ကြတော့ ဘိုင်ယန် တစ်ဂိုး ထပ်ရသွားတယ် ။ ၂-ဝ တဲ့
    ကရူးစ် ရဲ ့ဖန်တီးပေးပို ့မှုကနေ အယ်လာဘာ က အဆုံးသတ်ကောင်းသွားတယ် ။
    အဲဒီ ၂-ဝ လဲ ဖြစ်ရော ၊ ကိုလုံးအားပေးထားတဲ့ ကျုပ်မှာ ပွဲမြန်မြန်ပြီးပါစေ ဆုတောင်းတော့တာပေါ့
    ပွဲပြီးဖို ့က လဲ သိပ်မကျန်တော့ဘူး ။ ကစားနေကြပုံများ ဗျာ ။ ဘရာဇီးအသင်း နဲ ့အာရှက အရှေ ့တီမော လို အသင်းမျိုးကစား ရင်တောင် ၊ ဘရာဇီးကို အရှေ ့တီမော အသင်း က ဘတစ်ပြန် ကျားတစ်ပြန် ယှဉ်လိမ့်ဦးမယ် ။ ၁၁ယောက် ကိုလုံးအသင်း နဲ ့၁ဝယောက် ဘိုင်ယန် အသင်းတို ့ကစားပုံကတော့ ၊ ဘောလုံးက ဘိုင်ယန်ခြေထဲမှာဘဲ ။
    ဘောလုံးပိုင်ဆိုင်မှုအနေ နဲ ့ဘိုင်ယန် က ၆၈% ရှိပြီး ကိုလုံး ကတော့ ၃၂% ဘဲ ရှိတယ်ဗျို ့
    ၈၅ မိနစ်ကြတော့ သက်ပြင်းနဲနဲချနိုင်ပြီ ။ ပွဲပြီးဖို ့ကလဲ သိပ်မှ မလိုတော့တာ
    ဘိုင်ယန် ၂-ဝ နဲ ့ဘဲ နိုင်သွားရင် ၊ ကိုလုံး နဲ ့ဂိုးပေါင်းအောက် အားပေးထားတော့ အပြည့်ပျော်ရပြီပေါ့ ။
    ခဏလေး ပျော်မိနေတုန်းရှိသေး ၊ ၈ရမိနစ်အကျော်မှာ ၊ ဘိုင်ယန်ဘက် က ထိုးဖောက်ကစားပြန်လာတယ် ။ မှတ်မိသလောက် ဘိုင်ယန်ရှေ ့တန်း မှာ ၄ ယောက်တောင် ရှိတယ် ။ ကိုလုံး နောက်တန်းမှာ ၃ ယောက် လားဘဲ ရှိတယ် ။ ဘိုင်ယန် က အယ်လာဘာ ဘောလုံးဆွဲပြေးလာတယ် ။ ကိုလုံး ပင်နယ်တီ ဧရိယာ ထဲ ဝင်တယ် ဆိုရင်ဘဲ ကိုလုံးနောက်တန်းကစားသမား က ခြေထိုးလိုက်တယ် ။ အယ်လာဘာ လဲကျသွားတယ် ။ ဒိုင်က ပြစ်ဒဏ်ဘော မပေးဘူး ။ အဲဒီမှာ ကိုလုံးနောက်တန်း က လဲကျနေတဲ့ အယ်လာဘာ ခြေ ကို ဝင်တိုက်ပြီးသူပါလဲသွားတယ် ။ လဲကျနေတဲ့ အယ်လာဘာ က ဘောလုံးကို ခတ်ပေးလိုက်တယ် ။ အဲဒါကို ကရူးစ် က ဝင်ဆွဲပြီး ဂိုးသမား တည့်တည့် ကို ကန်သွင်းတယ် ။
    ကိုလုံးဂိုးသမား ရန်ဆင်း ရဲ ့တော်ပုံများကတော့ ၊ ဘောလုံးက ကိုယ်နဲ ့တည့်တည့်လာတာကို အောက်ထိုင်ချ ပစ်လိုက်တယ် ။ ဘောလုံးက သူ ့ကို ကျော်ပြီး ဝင်သွားတယ် ။
    ဘိုင်ယန် ၃-ဝ ကိုလုံး
    သွားပေါ့ ၈၀%
    ၃ဂိုးမြောက် လည်း သွင်းပြီးရော ၂ မိနစ်အကျာမှာ ပွဲပြီးသွားတယ် ။
    ဂိုးပေါင်း အောက် က တော့ အပြည့်အောင်ခဲ့ပါရဲ ့ ။
    ကိုလုံးရဲ ့၃ ဂိုးအလှူပေးမှုကြောင့် ၈၀% ပြုတ်သွားတော့ ၊ ပွဲအပြီးမှာ ၂၀% ဘဲ ကျန်ခဲ့တယ် ။
    ရင်နာတယ် ကိုလုံးရယ်
    ( ပွဲအပြီး သုံးသပ်ချက် ရေးပေးပါဟု တောင်းဆိုထားသူများသို ့)

  • KING

    December 17, 2011 at 7:31 pm

    တော်တော်ဆိုးတဲ့ ကိုလုံးးးးးးး
    ငါမှန်းတဲ့အတိုင်း 1 ဂိုးတောင် ဝင်အောင်မသွင်းဘူးး
    ငါ့နာမည်ကို ဖျက်တယ် ကျေနပ်ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Leave a Reply