အခုတစ်လောဗျာ ဖတ်ရမှတ်ရတာတွေက တော်တော်ကို ဗဟုသုတနဲ့ ပြည့်စုံအောင် စွမ်းဆောင်ပေးနိုင်ကြတယ်ဗျ … တစ်ချို့ကြတော်လည်း လူတွေက လူတော်တွေဗျ ဒါပေမယ့်ဗျာ သူတို့တွေက လူသာတော်ကြတာ လူကောင်းတွေ မဖြစ်ပြန်ဘူးဗျ … လူတော် တစ်ယောက်က လူကောင်းတစ်ယောက် မဖြစ်ပြန်ရင် ကမ္ဘာလောကကြီးကို အန္တရာယ်တွေ ကျရောက်စေနိုင်တယ်လို့ သမိုင်းမှတ်တမ်းမှတ်ရာတွေက သက်သေ အခိုင်အမာ ပြနေပြန်ရောဗျ … သမိုင်း မှတ်တိုင်ဆိုလို့ ပြောရအုံးမယ်ဗျ မှတ်တမ်းမှတ်ရာတွေကို သူတို့တွေ မှတ်တမ်းတင်လို့သာ နောက်လူတွေဖြစ်တဲ့ ကျွန်တော်တို့တွေက သမိုင်းထဲကနေ သင်ခန်းစာ ယူစရာတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေ ပြုလုပ်ရင်း ပိုမိုကောင်းမွန်သော လောကကြီး ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ကြတာလေ …. ရွာထဲက လူတစ်ယောက် ရေးသလို   ” စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေ လက်ကြောမတင်းသူတွေကွ ” ဆိုရင် ကျွန်တော်တို့ ကမ္ဘာလောကကြီးဟာ အခုလောက် တိုးတက်လာမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်ရဲရဲကြီး ပြောရဲပါတယ် … ကဲ ဒါတွေလည်း ထားလိုက်ပါတော့ဗျာ … လိုရင်းတောင်ပျောက်ကုန်ပြီ စိတ်တိုတာနဲ့ …. ဒုတိယကမ္ဘာစစ်တုံးက ဂျာမနီက အာဏာရှင် ဟစ်တလာဆိုရင်လည်း လူတော်တစ်ယောက်ဗျ ဖိနပ်တိုက်တဲ့လူတစ်ယောက်ကနေ ဂျာမနီဆိုတဲ့ နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာတယ်ဆိုတာ သူမတော်ဘဲနဲ့တော့ မဖြစ်နိုင်လောက်ဘူးဗျ … ဒါပေမယ့် သူဟာ လူကောင်းတစ်ယောက်တော့ မဟုတ်ခဲ့ဘူးဗျ … ဘာလို့လဲဆိုတော့ သူ့မှာ မှားယွင်းတဲ့ အယူအဆကို လက်ခံထားလို့ပါ … သူ့ကြောင့် အပြစ်မဲ့တဲ့ ဂျူးလူမျိုးတွေ ဘယ်နှစ်သန်းလောက် သေကျေ ပျက်ဆီးကုန်ခဲ့ပြီလဲဗျ …  မိဘနှစ်ပါးက ဘ၀ကိုပေးသည် ဆရာများက အနာဂတ်ကို ပေးသည်တဲ့ … ဒါကြောင့် ဆရာတင်မယ်ဆိုရင် သတိထားစေချင်ပါတယ်ဗျ … ဒေ၀ဒတ်ဆိုတာ အကောင်းဆုံးဥပမာ တစ်ခုပဲ ဖြစ်တယ်လေ … ဆက်ပြောရင် မောင်မိုးပြာတို့ အကြောင်းတွေပါ ပါကုန်တော့မယ် … ကိုယ့်ပို့စ်ရဲ့ ခေါင်းစဉ်နဲ့လည်း လွဲကုန်တော့မယ် ဒီတော့ ခေါင်းစဉ်အတိုင်းပဲ ဆက်ရေးလိုက်တော့မယ်ဗျ ………….

လူတော်တွေရဲ့ အားသာချက်တွေကို အရင်ပြောမယ်ဗျာ (အားသာချက်/အားနည်းချက်များကို ကျွန်တော့်ဆရာ၏ ဖြတ်သန်းခဲ့ရသော ကျောင်းဆရာဘ၀ အတွေ့အကြုံ များထဲမှ ပြောပြပေးခဲ့သော ဆရာကြီးအား ဒီနေရာကပဲ ကန်တော့လိုက်ပါတယ်)

၁။ လူတော်တွေက ဥာဏ်ရည်မြင့်မားကြတယ် (ဒါကတော့ သိပ်ပြောစရာတော့ မလိုဘူးထင်ပါ့ ….  လူတော်ဆိုမှတော့ ဥာဏ်ရည်မြင့်ပြီပေါ့လို့ ဆင်ခြေတက်လာရင်လည်း တက်ပေါ့ဗျာ)

၂။ ရည်မှန်းချက်ကြီးမားတယ် (မဟုတ်တဲ့ ရည်ရွယ်ချက်တွေလည်း ဖြစ်ချင်ဖြစ်နိုင်တာပေါ့ဗျာ)

၃။ ရည်မှန်းချက်ကို ပေါက်မြောက်အောင် အကောင်အထည်ဖော်နိုင်သည့် စွမ်းပကား ရှိကြတယ် (ရည်မှန်းချက်ကြီးကြီး ထားတတ်တဲ့သူဆိုတော့ ကိုယ့်ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်ဖို့ဆိုတာ အထူးပြောစရာတော့ မလိုလောက်ဘူးထင်ပါတယ်နော့်)

၎။ ဇွဲ၊ လုံ့လ၊ ၀ိရိယ ကြီးမားသည်တဲ့ (ဒါကြောင့်လည်း လူတော်ဖြစ်တာပေါ့ဗျ … ဟုတ်တယ်ဟုတ်)

၅။ ထူးချွန် ထက်မြက်သည်တဲ့

ဒီအားသာချက်တွေကတော့ လူတော်တော်များ သိကြပါတယ်ဗျ … နောက်ထပ် ဖော်ပြပေးမှာကတော့ လူတော်တွေရဲ့ အားနည်းချက် ဒါကတော့ လူတော်တော်များများ သိချင်သိမယ် မသိချင်ဘူးပေါ့ဗျာ … ဒီထဲကအချက်တွေအကုန်လုံးလည်း ဖြစ်ချင်မှ ဖြစ်မယ်ပေါ့ဗျာ … ဒါပေမယ့် တော်တော်များများကတော့ ဒါတွေနဲ့ ငြိတတ်ကြတယ်ဗျ ဘာလို့လဲဆိုတော့ ကျွန်တော့်အတွေ့အကြုံနဲ့ ကျွန်တော်ကြုံတွေ့ဖူးလို့ ပြောတာပါ 80% ကတော့ မငြိဘူးဆိုတာ မဖြစ်နိုင်သလောက်ပဲဗျ …

၁။ တစ်ကိုယ်ကောင်းဆန်တတ်သည် … (အိမ်မှာ ကလေး ၃ ယောက်ရှိတယ်ဆိုပါစို့ တစ်ယောက်က စာတော်တဲ့ ကလေးဆိုရင် မိဘကလည်း အိမ်အလုပ် မလုပ်ခိုင်းဘူး ကျောင်းက ဆရာမကလည်း ကလေးကို ထူးချွန်စာမေးပွဲဖြေဖို့ စာပဲ လုပ်ခိုင်းနေမယ် ကျန်တဲ့ကလေးတွေကတော့ ကျောင်းလုပ်ငန်းတွေရော/ အိမ်လုပ်ငန်းတွေရော အကုန်လုပ်ရတာပေါ့ … ကြာလာတော့ ကလေးက သူဘာမှမလုပ်ရဘဲ အားလုံးအဆင်အသင့်နဲ့ ကြီးပြင်းလာတော့ တစ်ကိုယ်ကောင်း ဆန်တတ် လာမယ်ဆိုတာတော့ ငြင်းလို့ မရနိုင်တဲ့ အချက်တစ်ချက်ပေါ့ဗျ)

၂။ မိမိကိုယ်ကို အထင်ကြီးသည် .. (အရာရာမှာ ထိပ်ဖြစ်နေတော့ ကျန်တဲ့သူတွေကို ငါ့လောက် မတော်ဘူး မတတ်ဘူးစိတ်ထားဝင်လာပါလေရော … ဟုတ်တယ်ဟုတ်)

၃။ စည်းကမ်းလိုက်နာမှု အားနည်းတတ်သည် ... (လူတော်ဆိုတဲ့ အခွင့်အရေးနဲ့အတူ အခွင့်အရေးတွေ ယူတတ်သလို လူတော်ဆိုတော့ စည်းကမ်းတွေ စည်းမျဉ်းတွေကို လက်တစ်လုံးခြား လှည့်စားဖို့ စမ်းသပ်ကြပြန်ရော … တစ်ခါတစ်လေ ကြာဖူးပါတယ် ဟတ်ကာတွေပေါ့ သူတို့ရဲ့ ပညာကို စမ်းသပ်တဲ့အနေနဲ့ ဟိုဟတ် ဒီဟတ် ဟိုဖောက် ဒီဖောက်နဲ့ပေါ့ဗျာ)

၎။ ပရဟိတ စိတ်ထား အားနည်းတတ်သည် … (ငယ်ငယ်ကတည်းက သူများတွေက သူတို့တွေကို ပံ့ပိုးလာတော့ သူတို့တွေက သူများကို ပံ့ပိုးပေးဖို့ဆိုတဲ့ စိတ်ထား အားနည်တတ်လာတယ်ဗျ .. အကျယ်တော့ မရေးတော့ပါဘူးလေ)

အားလုံးပဲ ၀ိုင်းဝန်းဖြည့်စွက်ပေးကြရင်းနဲ့ ဆွေးနွေးပေးကြပါအုံးလို့

ခပ်ကင်းကင်းနေတဲ့ (စာကြွင်း။ မိန်းမပျိုလေးဆိုရင်တော့ မကင်းနိုင်တဲ့)
KING

 

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................