အာမခံမထား၍ မင်္ဂလာဈေးမီးလောင်မှုလျော်ကြေးရဖွယ်မရှိ

klnMay 27, 20101min741

ဆိုင်ခန်းတစ်ခန်းလျှင် ဈေးနှုန်းအနည်းဆုံးကျပ်သိန်းရာချီတန်သော မင်္ဂလာဈေးမီလောင်မှုတွင် မြန်မာ့အာမခံလုပ်ငန်းမှ လျော်ကြေးပေးရဖွယ်မရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူကပြောသည်။ “ပထမထပ်နဲ့ မြေညီထပ်ပဲ အာမခံထားတယ်။ ဆိုင်ခန်းစုစုပေါင်း ၃၂ခန်းက သူတို့ပိုင်ပစ္စည်း တွေအတွက် ထားတာပါ။ အခုလက်ရှိစုံစမ်းချက်အရ အဲဒီဆိုင်တွေက ထိခိုက်မှုမရှိပါဘူး။ ဒါကြောင့် အာမခံလျော်ကြေးငွေပေးရဖို့ တော်တော်နည်းပါတယ်” ဟု မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာဒေါက်တာမောင်မောင်သိမ်းက ပစ္စည်းအာမခံထားသည့်ဆိုင်များမှာ မီးမလောင်၍ မီးအာမခံလျော်ကြေးမပေးရနိုင်ကြောင်း ကိုရှင်းပြသည်။ မင်္ဂလာဈေးမီးလောင်မှုတွင် စတုတ္ထထပ်နှင့် အမိုးပေါ်ရှိစားသောက်ဆိုင်များ မီးလောင်ဆုံးရှုံးခဲ့ရသော်လည်း မင်္ဂလာဈေးကြီးအနေဖြင့် အာမခံထားရှိခြင်းမရှိသဖြင့် လျော်ကြေးငွေရရှိမည်မဟုတ်ကြောင်းသိရသည်။ ၂၀၀၈ခုနှစ်က မန္တလေးမြို့တွင် မန္တလေးရတနာပုံဈေးကြီး မီးလောင်မှုအတွက် အမေရိကန်ဒေါ်လာ ၂ဒသမ ၆သန်းကျော်အပြင် မြန်မာကျပ်ငွေဖြင့် သန်းချီ၍ အာမခံပေးအပ်ခဲ့ရသည်။ ထို့အပြင် ရန်ကုန်မြို့တွင် ၂၀၀၉ခုနှစ်ကလောင်ကျွမ်းခဲ့သော မြန်မာ့ဝိုင်နှင့်အရက်ချက်စက်ရုံ ( MWDC) မီးလောင်ကျွမ်းမှုတွင်လည်း အာမခံထားခဲ့၍ လျော်ကြေးဒေါ်လာသန်းနှင့်ချီ၍ ပေးခဲ့ရကြောင်း ၂၀၁ဝခုနှစ်မေလ ၂ရရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။