မေတ္တာ Campaign (အထက်မြန်မာပြည်)က မန ္တလေးမြို့တွင် မြန်မာကျောင်းသားများနေ့ကျင်းပမည်

DaveDecember 16, 20111min1071

မေတ္တာ Campaign (အထက်မြန်မာပြည်)က မန ္တလေးမြို့တွင် မြန်မာကျောင်းသာများနေ့ကျင်းပရန် စီစဉ်လျက်ရှိသည်။ ကိုလိုနီခေတ် နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းနှင့် ကျောင်းသားသမဂသမိုင်းတွင် ထင်ရှားခဲ့သော ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးခဲ့သည့် ဒီဇင်ဘာလ ၂ဝရက်နေ့ကို မြန်မာကျောင်းသားများနေ့ဟု သတ်မှတ်ကာ အခမ်းအနားပြုလုပ်ရန် မေတ္တာ Campaign (အထက်မြန်မာပြည်)က အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာကျောင်းသားလူငယ်များ၏ အမျိုးသားရေး၊ငြိမ်းချမ်းရေး၊ဒီမိုကရေစီအရေး နှင့် ပတ်သက်၍ တိုင်းပြည်အကျိုး သည်ပိုးဆောင်ရွက်ခဲ့သည့် အစဉ်အလာကောင်းကို ပြန်လည်ဖော်ထုတ်ရန်၊ခေတ်အဆက်ဆက်က ကျဆုံးခဲ့ရသော ကျောင်းသားများနှင့်ကျောင်းသားခေါင်းဆောင်များ၏ အခန်းကဏ္ဍကို အလေးအနက်ထားအောက်မေ့ကြရန် စသော ရည်ရွယ်ချက်များဖြင့် မြန်မာကျောင်းသားများနေ့ အခမ်းအနားကို ကျင်းပရန် စီစဉ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။