ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် အား အဆိုပါကျောင်းတိုက်မှ ဖယ်ရှားရန် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့မှ ထုတ်ပြန်

True AnswerDecember 16, 20111min22015

ရန်ကုန်မြို့ ကြည့်မြင်တိုုင်မြို့နယ် သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် ဦးပညာသီဟအား အဆိုပါကျောင်းတိုက်မှ ဖယ်ရှားရန်အပါအဝင် အချက်သုံးချက်အား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်ပြီး အဆိုပါကြေညာချက်တွင် ”၁။ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်းဒေသကြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ ္စတင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ၂၀-၁၁-၂၀၁၁ နေ့တွင်ကျင်းပသော ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄ရ ပါးစုံညီအစည်းအဝေးက ဖော်ပြလတံ့ ပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်။ ဆုံးဖြတ်ချက်ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ –

(က) ရွှေညဝါဆရာတော် ဦးပညာသီဟအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်

(ခ) သံဃအဖွဲ့ အစည်းအဆင့်ဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံ၍ ဒုဗ္ဗစပုဂိ္ဂုလ်အဖြစ် သတ်မှတ်ရန်

(ဂ) နိုင်ငံတော် သံဃမဟာနယကအဖွဲ့၏ ခွင့်ပြုချက်မရဘဲ မည်သည့်ပုဂိ္ဂုလ်မျှ သာဓုကျောင်းတိုက်အတွင်း၌ မည်သည့်သင်တန်းမှ ဖွင့်လှစ်ဆောင်ရွက်ခြင်း မပြုရန်

၂။ သို့ဖြစ်ပါ၍ အထက်ပါ အပိုဒ်(၁) ပါ နိုင်ငံတော်သံဃမဟာနယကအဖွဲ့ ၄ရ ပါးစုံညီ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရေး ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူးသို့ ဆက်လက်ညွှန်ကြားဆောင်ရွက်သွားပါရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပြန်လည်တင်ပြရန် အကြောင်းကြားလျှောက်ထားအပ်ပါသည်”ဟူ၍ ဖော်ပြပါရှိပါသည်။

ရွှေညဝါဆရာတော်ကျောင်းထိုင်သည့် သာဓုကျောင်းတိုက်တွင် ဗုဒ္ဓတက္ကသိုလ်ဖွင့်လှစ်ထားပြီး ရဟန်း၊ သီလရှင်နှင့် လူ ၈၀ဝ နီးပါး လာရောက်သင်ကြားနေကြောင်း သိရှိရသည်။
သာဓုကျောင်းတိုက်အတွင်း၌ ယနေ့ (၁၅-၁၂-၂၀၁၁) နေ့လည် ၁၂ နာရီဝန်းကျင်တွင် ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်များ၊ ထောက်လှမ်းရေးသမားများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်အချို့နှင့် သတင်းသမားများ ရောက်ရှိနေခဲ့သည်။ ရွှေညဝါဆရာတော်မှ နေ့လည် ၁ နာရီ ၁ဝ မိနစ်ဝန်း ကျင်ခန့်တွင် လူစုခွဲကြရန် ပြောကြားခဲ့သည်။
နေ့လည် ၂ နာရီဝန်းကျင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးတင်ဦးရောက်ရှိလာပြီး ဆရာတော်နှင့် သီးသန့်တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုအပြီးတွင် ဦးတင်ဦးက လာရောက်ကြသည့် ပရိသတ်များနှင့် သတင်းသမားများအား ယခုကိစ္စရပ်တွင် ငြိမ်းချမ်းစွာ ပြီးစီးသွားရေရန်အတွက် ဆွေးနွေးတောင်းပန်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
သာဓုကျောင်းတိုက်အတွင်း၌ ယနေ့ (၁၅-၁၂-၂၀၁၁) နေ့လည် ၁၂ နာရီဝန်းကျင်တွင် ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်များ၊ ထောက်လှမ်းရေးသမားများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်အချို့နှင့် သတင်းသမားများ ရောက်ရှိနေခဲ့သည်။ ရွှေညဝါဆရာတော်မှ နေ့လည် ၁ နာရီ ၁ဝ မိနစ်ဝန်း ကျင်ခန့်တွင် လူစုခွဲကြရန် ပြောကြားခဲ့သည်။

နေ့လည် ၂ နာရီဝန်းကျင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးတင်ဦးရောက်ရှိလာပြီး ဆရာတော်နှင့် သီးသန့်တွေ့ဆုံခဲ့သည်။ တွေ့ဆုံမှုအပြီးတွင် ဦးတင်ဦးက လာရောက်ကြသည့် ပရိသတ်များနှင့် သတင်းသမားများအား ယခုကိစ္စရပ်တွင် ငြိမ်းချမ်းစွာ ပြီးစီးသွားရေရန်အတွက် ဆွေးနွေးတောင်းပန်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါကျောင်းတိုက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိသည့် အနှစ် ၂ဝ ပြည့်ဂုဏ်ပြုပွဲကို ကျင်းပခဲ့သည်။ ထို့အပြင် ၂၀၁၁ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ကလည်း (၈) လေးလုံး ၂၃ နှစ်ပြည့်ဆွမ်းကပ်လှူ ခြင်းကိုလည်း အဆိုပါကျောင်းတိုက်တွင် ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးနယ်ပယ်မှပုဂိ္ဂုလ်များနှင့် ပြည်သူအများအပြား တက်ရောက်ခဲ့ သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အများသိသင့်တယ်လို့ ထင်တဲ့အတွက် ELEVEN JOURNAL မှတဆင့် ကူးယူတင်ပြခြင်းဖြစ်ပါသည်။

ကျွန်တော့်အမြင် ဆရာတော်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပတ်သက်နေလို့ အရေးယူရတယ်ဆိုရင် သံဃာ့မဟာနာယက အဖွဲ့အနေနဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ဖို့လိုတယ်လို့ မြင်ပါတယ်။
နိုင်ငံရေးပါတီတစ်ခုနဲ့ပတ်သက်နေလို့ အရေးယူကြေးဆိုရင် ကြံခိုင်ရေးပါတီနဲ့ ပါတ်သက်နေတဲ့ ရဟန်းများအတွက်ကော မည်သို့ ဆုံးဖြတ်မှာပါလဲ။

သာဓုကျောင်းဆရာတော်ဟာ သာသနာအတွက် ပဋိယတ္တိသင်တန်းများကို အင်္ဂလိပ်ဘာသာ နှင့်ရော၊ ငွေကြေးမတတ်နိုင်ရှာသော ကျောင်းသားလူငယ်များအတွက် အင်္ဂလိပ်စာသင်တန်းများကို အခမဲ့ ဖွင့်လှစ်ပေးကာ သာသနာအတွက်ရော၊ တိုင်းပြည်အတွက်ရော ကျေးဇူးပြုနေသူဖြစ်ပါသည်။

15 comments

  • Thel Nu Aye

    December 17, 2011 at 7:47 am

    အင်းဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး။ သမ္မတကြီးကပြောတယ်။ နောက်ပြန်မလှည့်ပါဘူးတဲ့။ ဒီဖြစ်ရပ်က သံသယဖြစ်စရာပါ။ ဒါဟာ သမ္မတကြီးကနောက်ပြန်လှည့်တာလား။ အောက်က အကျင့် မပျောက်သေးတဲ့ဖော်လံဖား အနားပြာတွေနောက်ပြန်လှည့်တာလား ဆိုတာရှင်း ရှင်းလင်း လင်းသိရ ဖို့တော့လိုပါတယ်။ သမ္မတကြီးနောက်ပြန်လှည့်တာဆိုရင်တော့တိုင်းပြည်ရှေ့ရေးရင်လေးစရာပါ။ ကယ်လို့မရတဲ့အခြေအနေဖြစ်သွားပါပြီ။ အောက်ကအနားပြာတွေစဉ်းစားဆင်ခြင်ညဏ်မရှိတာဆိုရင်တော့ သမ္မတကြီးပြတ်ပြတ်သားသား ( အနားပြာတွေကို ) အရေးယူခြင်း ( သို့မဟုတ် ) ရှင်းရှင်းလင်း လင်းပြောပြခြင်း၊ တားမြစ်ခြင်းများလုပ်သင့်ပါတယ်။ အခုလဲကြားတာ အမေစုပုံတွေရောင်းခွင့် မရှိတော့ဘူးတဲ့။

  • မိုးချမ်းမြေ့

    December 17, 2011 at 10:04 am

    သံဃာ့မဟာနာယကဆိုတဲ့ဘွဲ့ထူးဂုဏ်ထူးကိုရရှိပြီးထားတဲ့…ဆရာတော်ကြီးများကို ကြည့်မိပြန်တော့…အားရသဗျာ…။ အာဏာဆိုတဲ့..အရသာကို မြိန်ရေယှက်ရေစားသောက်ပြီး…ကိုယ့်အထက်ကလူစစ်စစ်တွေရဲ့…လက်အောက်မှာပြားပြားမှောက်နေပေမယ့်…ကားနဲ့..တိုက်နဲ့..ရေမီးအစုံနဲ့..တပည့်တပန်းကလည်းပေါပေါများများနဲ့ဆိုတော့..။ အင်းပေါ့လေ…သာယာမှာပေါ့..။ သာသနာသန့်ရှင်းရေးဆိုတာလည်း…မြောက်များစွာသောအကြိမ်တွေကြားနေရပေမယ့်…တကယ်တမ်းလည်း မလုပ်ဖြစ်ကြသေးဘူး..။ တကယ်လို့သာလုပ်ဖြစ်မယ်ဆိုရင်…အဲ့ဒီဆရာတော်ကြီးတွေကို အဓိကထားပြီး..စစ်မေးစေချင်တယ်..။ ဘုရားအဆုံးအမများနဲ့အညီပေါ့…။ အခုအတိုင်းကတော့ဗျာ…ငရဲအိုးဇောက်ထိုးမကလို့..ဆယ်ခါပြန်ဂျွမ်းထိုးပြီးသွားရ..သွားရ…။ ကြည်ညိုလို့ကို မရဘူး…။ (၄၇) ပါးထဲက..အားလုံးတော့မဟုတ်ပါဘူး..။ တကယ့်ကို မာနတက်ပြီး..။ စည်းစိမ်တွေရဲ့အပေါ် ..။တကာတကာမများအပေါ်..။ လာဒ်လာဘရဲ့အပေါ်မှာ..သာယာနေတဲ့…ပုဂိုလ်မဟာကြီးတွေကို ပြောတာပါ..။

    • ashinthusitta

      December 17, 2011 at 8:38 pm

      ပြောရရင်တော့ ကိုယ့်ပေါင်ကို လှန်ထောင်းသလိုဖြစ်တောမှာပဲ .. တရားဟောတော့ ဒေါသကင်းဖို့ မောဟကင်းဖို့ လောဘကင်းဖို့နဲ့ အချို့ကိုယ်တော်တွေ ကျောင်းလုကြတာ ခဏခဏပဲ.. အဲဒီထဲမှာ ဓမ္မကထိက ဆိုတဲ့ တရားဆရာတော်တွေလဲ ပါတာပေါ့.. ဘာလို့ အဲဒီအကြောင်းတွေ သိလဲဆိုတော့ ဦးဇင်းတို့ စာသင်ပေးနေတဲ့ ဆရာတော်တစ်ပါးက တိုင်း ဝိနည်းဓိုရ်ဖြစ်နေလို့ပဲ.. ပြောပြန်ရင် လွန်ရာကြမယ်.. ဗုဒ္ဓဘာသာ ဆုတ်ယုတ်တာဟာ သူများတွေ နှောက်ယှတ်လို့ ဆိုတာထက် ဗုဒ္ဓဘာသာဝင်တွေ အကျင့်မမှန်ကြတော့လို့ဆိုတာက ပိုမှန်မယ်ထင်တယ်.. ဦးဇင်းကိုယ်တိုင်လဲ ဗုဒ္ဓရဲ့ အဆုံးအမတွေကို အားလုံး လိုက်နာနိုင်လားဆိုတော့ မလိုက်နာနိုင်ဘူးဗျာ့.. စိတ်ဆိုတာ တော်တော် ထိန်းရခက်သားလား..

      • mrkokopar

        December 18, 2011 at 1:49 pm

        ဟုတ်တယ်ဗျို့၊ တချို့ ဓမ္မကထိကတွေ မအောင်မြင်ခင်ကတော့ တစ်မျိုး၊ လူသိပြီး အောင်မြင်လာတော့ ငွေနောက်လိုက်ကုန်ကြတာပဲ။ ဒါ့ကြောင့် ” ပစ္စည်း၊ မာတု ဤနှစ်ခု ဘိက္ခုသေမင်း ဓားနှစ်စင်း”လို့ ပြောကြတာ။ ဒီခေတ်မှာ ဒီဓားနှစ်လက်ကြောင့် သေနေတဲ့ (ကိုယ်ကျင့်တရား သေနေတဲ့) ဘုန်းကြီးတွေ ဘယ်လောက်များနေကြပြီလဲ။ အမှုအခင်းဖြစ်လို့ ရှိရင် လူတွေကြတော့ တရားသူကြီးတွေကို လာဘ်ပေးတော့ အပြစ်ဖြစ်တယ်။ သံဃမဟာနာယက ဝိနည်းဓိုရ်ဘုန်းကြီးတွေကြတော့ လာဘ်ပေးလို့ မရဘူးတဲ့။ ဝိနည်းဓိုရ်တာလေ၊ ဒါပေမယ့် နဝကမ္မကပ်လှူရင်တော့ လှူတဲ့ဘက်ကို အနိုင်ပေးတော့တာပဲ။ အဲဒါက ထေရဝါဒ ဝိနည်းဓိုရ်ပဲ။ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ဆိုတာ သံဃမဟာနာယက ဝိနည်းဓိုရ်တို့ ကောင်းစားဖို့ပါ။

      • မိုးချမ်းမြေ့

        December 18, 2011 at 1:57 pm

        ဟုတ်ပါ့..ဆရာတော်ရေ..။ ကြီးလေး..မှားလေဆိုတော့…ကြာလေလေ..မမှီးရဲ..လေလေဖြစ်ကုန်
        ကြပြီပေါ့ဘုရား…။ အရှင်ဘုရားမိန့်ခဲ့သလို စိတ်ဆိုတာထိန်းရခက်သားဆိုတဲ့စကားအတိုင်း…..အတွေးမှားမယ့်..စေတနာဆိုတဲ့..(မနောသင်္ခါရ)၊
        အပြောမှားကိုဖြစ်စေမယ့်…စေတနာဆိုတဲ့စိတ်..(မနောသင်္ခါရ)၊ အလုပ်မှား၊ အနေမှားကိုဖြစ်စေမယ့်
        ..စေတနာဆိုတဲ့စိတ်..(မနောသင်္ခါရ)၊ စတဲ့…စေတသိတ်(မနောကံ)တွေကိုကျတော့….ဖိုးတီဆဲဗင်းထဲက…ဘယ်ဆရာတော်ကြီးများက
        သတိထားစောင့်ထိန်းကြသလဲလို့တောင်…မေးရမလို……။ ဆိုတော့….သာသနာဆိုတာကြီးကို
        ရည်ရှည်တည်တံ့ခိုင်မြဲအောင်လို့ဆိုပြီး…အသံကောင်းဘယ်လောက်ပဲဟစ်ဟစ်….ခောတ်စနစ်
        နဲ့ကြည့်ရင်…သူတို့လုပ်ရပ်က…ပြန်ပြောင်းကြီးဖြစ်မနေဘူးလား…။ အားနာပေမယ့်….တကယ့်သာသနာဆိုတဲ့ခါးမှာက…ပုဝါမပြောနဲ့…ရှက်စရာကောင်းအောင်ကို
        ဝတ်လစ်စလစ်ဖြစ်နေတော့…ကြားရသူအပေါင်းတို့ရေ….သူတို့ပြောသမျှ..ပြောင်းပြန်တာ
        ယူထားလိုက်ကြပါကုန်စို့လို့…..။

  • နွယ်ပင်

    December 17, 2011 at 11:25 am

    ဒီဇင်ဘာ ၁၄ ရက်နေ့က လက်ခံရရှိသည့် သံဃနာယက အဖွဲ့ဆုံးဖြတ်ချက် နှင့် ပတ်သက်ပြီး ရွှေညဝါဆရာတော်မှ တောင်းပန်လျှောက်ထားလွာနှင့်အတူ ကြည့်မြင်တိုင် မြို့နယ်မှ အရပ်သားများက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း လက်မှတ် တသောင်းကျော်ကိုပါ ယနေ့ ပေးပို့လိုက်ကြသည်။

    ရွှေညဝါ ဆရာတော် ဦးပညာသီဟက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်စာ အပေါ် တောင်းပန်လျှောက်ထားလွှာ ရေးသားကာ ပေးပို့ရန် စီစဉ်နေစဉ်မှာပင် ကြည့်မြင်တိုင်မြို့နယ်နေ လူပရိတ်သတ်က ဆရာတော်အနေဖြင့် ဝိနည်းနှင့် အညီနေထိုင်ပါကြောင်း ယခုကဲ့သို့ဆုံးဖြတ်ချက်မျိုး မချမှတ်သင့်ကြောင်းကို စာရေးသား လက်မှတ်ကောက်ယူပြီး တတွဲထည်း ပေးပို့ရန် စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

    လက်မှတ်ရေးထိုးသူ အရေအတွက်မှာ ယနေ့ညနေပိုင်းထိ တသောင်းတထောင်ကျော် ရရှိခဲ့သည်ဟု ရွှေညဝါ ဆရာတော်က မိန့်ကြားသည်။ လက်မှတ်ရေးထိုးသူများမှာ ကြည့်မြင်တိုင် မြို့နယ်သာမက အနယ်နယ်အရပ်မှ တပြည့်သာဝက များလည်း ပါဝင်သည်ဟုလည်း ဆက်လက်မိန့်ဆိုသည်။

    “အခုစာနဲ့ တောင်းပန်ပြီးပါပြီ ကိုယ်နဲ့ ဦးတိုက်လျောက်ထားတောင်းပန်ဖို့ပဲကျန်တော့တယ် ၊ အဲဒါပြီးရင် အားလုံးအေးချမ်းသွားမှာပါ “ဟု ကြည့်မြင်မြို့နယ်သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် ဦးပညာသီဟက YPI သို့မိန့်ကြားသည်။

    တောင်းပန်လျှောက်ထားစာတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ဘုရားကြီးများ၏ ဩဝါဒကိုစောင့်မျှော်မိကြောင်း၊ ထိုသို့ခေါ်ဆိုဆုံးမ ဩဝါဒပေးခဲ့မည်ဆိုပါက လေးနက်စွာခံယူမည်ဖြစ်ကြောင်းကို ဗန်းမော်ဆရာတော်ကြီးနှင့် တွေ့ဆုံစဉ် လျှောက်ထားခဲ့ကြောင်း ပါရှိသည်။ ထို့အပြင် တပည့်သားကဲ့သို့ဆိုဆုံးမ ပြီး သာသနာပြု အခွင့်အလမ်းများ ပြန်လည်ခွင့်ပြုခွင့်ပေးရန်လည်း တောင်းပန်လျောက်ထားကြောင်း သိရှိရသည်။

    ကြည့်မြင်တိုင် နတ်စင်လမ်းနေကိုယ်တိုင်လက်မှတ်ထိုးခဲ့သူ မသီတာက “ ဗြန်းဆို အဲလောက်ကြီးထိ ဖြစ်သွားတာတော့ စိတ်မကောင်းဘူးပေါ့ ။ သာသနာ့ အကျိုးလုပ်နေတဲ့ စာချစာသင် ဆရာတော်တစ်ပါးကို အဲလောက်ကြီး ဆုံးဖြတ်တာ တော်တော်ဝမ်းနည်းဖို့ ကောင်းတယ်” ဟု ပြောသည်။

    ရွှေညဝါဆရာတော်ကို မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံး၌ တရားဟောကြားခဲ့ခြင်းကြောင့်

    နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ပိုင် သာဓု ကျောင်းတိုက်မှဖယ်ရှားရန်။ သံဃာအဖွဲ့အစည်း အဆင့်ဆင့် ၏ဆုံးမညွန်ကြားသည်ကို မနာခံသဖြင့် ဒုဗ္ဗစပုဂ္ဂိုလ်(ဆိုဆုံးမရခက်ခဲသည့် ပုဂ္ဂိုလ်) အဖြစ် သတ်မှတ်ရန်နှင့် ကျောင်းတိုက်တွင် ခွင့်ပြုချက်မရဘဲ မည်သည့် သင်တန်းမှ ဖွင့်လှစ်ခြင်း မပြုရန် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်လက်မှတ်ဖြင့် ယခုလလ ၁၂ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

    မန္တလေး မစိုးရိမ်တိုက်ဟောင်း ဆရာတော် ဦးပညာသာမိကမူ “တိုင်းပြည်အပေါ်မတရားမှုတွေကို ဟောကြားလို့ ဒုဗ္ဗစ ပုဂ္ဂိုလ် အဖြစ် သတ်မှတ်လို့မရပါဘူး ဝိနည်းနဲ့မညီလို့ ဆုံးမမှသာမြောက်တာ”ဟုမိန့်ကြားသည်။

    ရွှေညဝါ ဆရာတော်သည် ဒီဇင်ဘာလ၂ ရက်နေ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်စဉ်က အရပ်ဖက် လူမှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ် ၁ဝ ဦးနှင့်တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် တပါးတည်းသော ဆရာတော် ဖြစ်သည်။ ။
    သတင်း…. Yangon Press International

  • cobra

    December 17, 2011 at 8:40 pm

    ဒီအစိုးရကတော့ဘယ်လိုမှယုံစားလို့မရပါလား
    သိသိကြီးနဲလည်းခံနေရတာပဲ
    ဘယ်လိုမှလည်းပြန်တုံ့ပြန်လို့မရ

    • mrkokopar

      December 18, 2011 at 2:08 pm

      ဒီမိုကရေစီ အစိုးရဆိုတာက ဘာသာရေးတွေမှာ ဘက်လိုက်မှုမရှိပဲ ကျင့်သုံးပေးရမှာ။ ဒီကိစ္စမှာ သံဃမဟာနာယက (မဟန)က အစိုးရနောက်လိုက် လုပ်ချင်နေပုံ ရတယ်။ ကိုယ့်ဘာသာ ဓမ္မလမ်းကြောင်းအရ မရှင်းနိုင်ပဲ ထစ်ခနဲရှိ အစိုးရ ကူပါ။ ကယ်ပါနဲ့၊ အစိုးရအာဏာကို သွား နားပူနေတော့ ကြာရင် အစိုးရပါ နံမယ်ပျက်လိမ့်မယ်ထင်တယ်။ ဓမ္မစက်ကို အာဏာစက်နဲ့ ကူရတယ်ဆိုတာ အစိုးရ အာဏာကို ပြောတာမဟုတ်ပါ။ ဓမ္မစက်ဆိုတဲ့ တရားတော်ကို ဗုဒ္ဓရဲ့ အာဏာဒေသနာလို့ ဆိုရတဲ့ ဗုဒ္ဓအာဏာစက်ဖြစ်တဲ့ ဝိနည်းတော်နဲ့ ကူပြီး ထိန်းရတာကို ပြောတာ၊ အစိုးရ အာဏာကို ပြောတာမဟုတ်ပါ။ ဓမ္မလမ်းကြောင်းနဲ့ မရရင် ဝိနည်း အာဏာလမ်းကြောင်းအရ အလွန်ဆုံး ရဟန်းတစ်ပါးကို ပကာသနိယကံ ပြုယုံအပြင် ဘာမှလုပ်လို့ မရပါ။ အခုတော့ အစိုးရကို နားပူနားစာ လုပ်ပြီး သူတို့ ဓမ္မလမ်းကြောင်းနဲ့ မရတာနဲ့ လူဝတ်လဲခိုင်းရတာနဲ့၊ ဖမ်းခိုင်းရတာနဲ့၊ ဘုရားတောင်မလုပ်တဲ့ အလုပ်တွေလုပ်နေတာ အဲဒါ အာဏာရှင် မဟန ပဲ။ ဒါဗုဒ္ဓဘုရားနောက်လိုက် မလုပ်ပဲ၊ လူ အစိုးရ နောက်လိုက် လုပ်ချင်နေတာ။ အဲဒါ ဒီခေတ်အစိုးရတွေကလည်း နည်းနည်း ပါးနပ်လာကြတော့ သူတို့ ခိုင်းတိုင်း မလုပ်ကြတော့ဘူး၊ ဒါ့ကြောင့် မဟနတွေ အကျပ်ရိုက်ပြီး ဥက္ကဋ္ဌဆရာတော်က တစ်မျိုး၊ အဖွဲ့ဝင်တွေက တစ်မျိုးနဲ့ ဗိုလ်တစ်ထောင်တွေ ဖြစ်နေကြပြီ။ ဝိနည်းအာဏာစက်နဲ့ ကိုင်တွယ်ဖို့ကြတော့ သူတို့ကိုယ်တိုင်က ဝိနည်းနဲ့မှ မညီကြတာ ဆိုတော့ ” ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု “လို့ အော်နေတာတွေဟာ စဉ်းစားစရာပါ။

  • skyaw

    December 17, 2011 at 11:08 pm

    အောက်ကကော်လံဖါးတွေလား၊ အပေါ်ကခွေးသခိူးေွတွလား ဘယ်သူပဲဖြ်
    ်စြ

  • mozillamedia

    December 18, 2011 at 1:49 am

    စိတ်ဓါတ် တော်တော်ကျသွားပါပြီ….
    အစိုးရ ရုပ်လုံး ကြီးကပေါ်ပေါ်လာပြီလေ…..
    ဝန်ကြီး ဝန်ချုပ် အကုန်းလုံးလည်း လတ်ငွေကို ပေါ်တင် စလက်ခံနေပါပြီ….
    ဒီလို ပေါ်တင်လက်ခံတာဟာ သူတို့လည်း အပေါ်ကို လာတ်ထိုးပြီးလို့ ပေါ့….
    ဒီတော့….. ကျွှန်တော်တို့တတွေလည်း လာတ်ပေးနိုင်အောင် ကြိုးစားရအုံးမည်….. ဟူး….

  • Thel Nu Aye

    December 18, 2011 at 7:57 am

    သန့်ရှင်းသော အစိုးရဖြစ်ဖို့အောက်ခြေဖေါ်လံဖါးတွေကိုရှင်းဖို့လိုသလို သာသနာသန့်ရှင်းရေး အတွက်လဲ စည်းစိမ်ရစ်ဆရာတော်တွေ ကိုရှင်းလင်းဖို့လိုနေပါပြီ။

  • ရွှေဘိုသား

    December 18, 2011 at 9:22 am

    ကာတွန်းလေးပြောပြမယ်

    ဘုန်းကြီးရယ် ဘာမှမသိရင်တောင် ညာမှန်းတော့ သိသင့်ပါတယ် ဒါက ရွှေညဝါ ဆရာတော်က သံဃမဟာနာယက ဆရာတော်ကိုပြောတာ
    ညာမှန်းတော့ သိပါတယ် ဘုန်းဘုန်းရယ် ဒါပေမဲ့လည်း ကိုယ့်ကိုကိုးကွယ်တဲ့ ဒကာမို့ပါ ဒါကမဟာနာယကဘုန်းကြီးပြောတဲ့စကား ဒေါက်တာလွဏ်းဆွေ ထဲက ကာတွန်းသဘောကျလို့

  • unclegyi1974

    December 18, 2011 at 8:53 pm

    အင်းတခုခုတော့တခုခုပဲ
    တရားဟောတာနဲ့ဆုံးဖြတ်ချက်ကအင်း….
    ပြောင်းလဲနေတာတွေကိုအမှီမလို်က်ကြတာများလား

  • ကြောင်ကြီး

    December 19, 2011 at 12:21 pm

    နောက်ဆက်တွဲ ထူးရင် လုပ်ပါအုံး အမှန်သစ္စာရေ။။။။
    အဖွဲ့အစည်း အတော်များများ ပြိုလဲပျက်စီးရင် အပြင်ကတွန်းဖြိုလို့ထက် အတွင်းလှိုက်စားလို့ ဖြစ်တာများပါတယ်။ အခုလည်း…. 🙄

  • mggwa

    December 20, 2011 at 2:27 pm

    အစိုးရက သံဃမဟာနာကအဖွဲ့ကို အသုံးချတာလား။ သံဃာ့မဟာနာယကအဖွဲ့က အစိုးရကို အသုံးချတာလား။ ကြားရတာတော့ သံဃာမဟာနာယကဘုန်းကြီးတွေက သူတို့ကိုယ်တိုင်ဝိနည်းနဲ့ မညီကြတော့ ရဟန်းတော်တွေကို ဝိနည်းနဲ့ အရေးမယူရဲဘူး။ ဒီတော့ သူတို့သဘောမကျတာနဲ့ အစိုးရကိုပဲ အတင်းအကြပ် ပူစာပြီး ဖမ်းခိုင်း၊ လူဝတ်လဲခိုင်းနဲ့ သံဃာတွေကို အနိုင်ကျင့်နေတဲ့ အဖွဲ့ပဲ။ ဒါ ဘာသာရေးအကြောင်းပြပြီး အစိုးရကို အသုံးချနေတာ။ မသိရင်တော့ အစိုးရကပဲလုပ်သလိုလို။ အခုတော့ အစိုးရသစ်ကလည်း သဘောပေါက်လာတော့ သူတို့ ခိုင်းတိုင်း မရတော့ဘူးလို့ သိရတယ်။ သံဃာအများသဘောကျ ဒီမိုကရေစီနည်းလမ်းမှန် အဖွဲ့ဖြစ်ဖို့လိုပြီ။ အခုကတော့ မဟနကိုက အာဏာရှင် ဘာသာရေးအဖွဲ့ဖြစ်နေပြီ။

Leave a Reply