မနေ့ညက ရုံးဆင်းတော့ … အာမခံဌာနက ငတိမလေး လက်ဆောင်ပေးတဲ့
ပန်းဖလက်လေး ထုတ်ဖတ်ဖြစ်တယ်.. …ဘာရယ်မဟုတ်…ဒီဇင်ဘာမှာ
မီးအလှတွေ ထွန်းတဲ့ နေရာတွေ ကို ရေးထားတာ ..ကြော်ငြာဆိုပါတော့….

ဘယ်မှာ ဘာရှိတယ် ၀င်ကြေးဘယ်လောက် or FOC … သည်တော့
ဖုန်း ထုတ်လိုက်တယ် …လက်ချောင်းများ ပြေးလွှား …. အိုခေ…
သွားမယ်တဲ့ … ဘယ်သွားမလဲ?? Daiba …

ရတယ်လေ Odaiba ဆိုလည်း ..Odaiba ပေါ့…

သည်နေရာက အစိမ်းတော့ မဟုတ် ….မကြာခန ရမယ်ရှာပြီး
လက်အယားဖြေနေကျ နေရာ ၃ခုထဲက ၁ခု …. ရွာထဲမှာတောင်
Odaiba ပုံတွေ တင်ဖူးသေးတယ်….ခုကတော့ …မီးအလှဆင်
တာတွေနဲ့ ရိုက်ရမယ်ဆိုတော့ … အင်း …ကောင်းပါ့ …..

အဲ့ဒါနဲ့ လက်ပကျွတ်အိတ်လေး ဆွဲပြီး ချီတက်သွားသပေါ့….
သြ ပြောရဦးမယ် ..လက်ပကျွတ်အိတ် ဆိုလို့ …လက်ပကျွတ်ပါတာမဟုတ်
အထဲမှာ ကင်မလာ ပဲပါတာ …အဲ့ဒါနေ့တိုင်းပဲ …
ဟုတ်တယ်လေ…ရုံးတက်တာ ရုံး ကန်ပျူတာပဲ သုံးမှာပေါ့
အိမ်ကဟာ ဘာလို့ အလေးခံ သယ်မလဲ …
ဘာမှ မသယ်ဘဲ လက်ချည်း သက်သက် ရုံးလာတက်လို့ကလည်းမကောင်း…

သည်တော့ လက်ပကျွတ်အိတ်ကလေး ထဲ ကိုယ်ကြိုက်တာလေးထည့်
သယ်ရတာပေါ့ဗျာ ….. ရန်ကုန်မှမဟုတ်ဘဲ နော …
ရန်ကုန်ရုံးဆိုရင်တော့ …အေးဆေး ..လက်ချည်း လာပြီး
လက်ချည်း ပြန် …. ကိုယ့်အရပ် ကိုယ့်ဇာတ် …ဘာမှမပါဝူးလား
လာမေးရင် …နားထင်ကို လက်ညှိုးနဲ့ ထောက်ပြီး ဒါပါတယ်လေ…လို့
ပြန်ရိ လို့ရသေးရဲ့ …သူများ တိုင်းပြည်မှာကတော့ ….အင်းပေါ့လေ….ထားပါတော့….

ကဲ တင်ပြီဗျာ … သိပ်တော့ ..လက်ရာ မကောင်းဘူးဗျ …
ဘာလို့လဲဆို ..
၁.ထလိုင်ပေါ့ မပါဘူး ….
(ထလိုင်ပေါ့က အိတ်ထဲ ဆန့်ဝူးရယ် ..သပ်သပ်ခွဲထမ်းရမှာ…ရုပ်ပျက်တယ်)

၂. ရေလည် အေးတယ်ဗျ …လေကလည်း လွှတ် တိုက်နေတာ ….လက်ဖျားတွေ က ထိလို့
ထိမှန်းတောင် မသိဝူးရယ်…. သည်တော့ ဘာ့ဇ်မုဒ် ဖွင့် …၄-၅ပုံ တောက်လျောက်ဆွဲ …
ဟန်းရှိတ်ခ် ပါတဲ့ဟာ ပြန်ဖျက် … ဂလို ရိုက်လာတာပါ….
အင်း လျှာ ကလည်း ရှည်ပါ့ …တင်ပြီ…အင့် အင့်…

 

၁. နံပါတ်-၁

 

ရှေ့ က ဟာကြီးရှိမှ နောက်က ဟာကြီးတွေ ဖြစ်လာမယ် လို့ ပြောချင်တာ .. ရှေ့က ဟာကြီးက ဘာကြီးပါလိမ့် ဟင်င်င်..

 

၂. အပေါစားရိုက်ချက်

 

နေရှင်နယ်လ် ထရယ်ရှာ ထဲကလိုတော့ သိုက်စာ အညွှန်း မရေးထားဘူး …

ဘယ်ဘက်လက်ထဲမှာတော့ သိုက် တည်ဆောက်နည်း ပါတယ်..

 

၃. သည်လိုဆောက်မလား ..

 

သည်လိုကြီးတော့ မဆောက်လိုက်ကြပါနဲ့ ခင်ဗျား …အသာလုပ်ကြပါ…

 

၎. လက်ပဲ ညံ့လာတာလား … မျက်စိကပဲ မှုန်လာတာလား ….ကင်မလာကပဲ စုတ်လာတာလား … မပြောတတ်..

noise မသတ်ဘူးဗျ…. အကုသိုလ်ဖြစ်မှာစိုးလို့ ဟီး ..(ပျင်း ရင် ပျင်းတယ်ပေါ့….)

 

၅. လှေတွေစုံတဲ့ည …

ကျုပ်အကြိုက်ဆုံး လှေ မပါဘူးဗျာ … အဲ့လှေက ကျုပ် ပြန်တော့မှ …အစခုစ ဘက်က ပြန်မောင်းလာတာ တွေ့ရတယ်..

သည်လောက် လှေတွေစုံတာတော့ မမြင်ခဲ့ဖူးတာအမှန်… အရင်က ၅စီးလောက်ဆိုရင်ကို အတော် လှနေပြီဟာ …

tripod ယူလာပြီး long-exposure ဆွဲ လိုက်လို့ကတော့ အဲ့လှေတွေ အငြိမ်မနေပုံနဲ့ဆို… neon-on-sea ရမှာ…

ခုတော့ ကတောက် ….

 

၆. Love for Money?

 

ဘက်ဂရောင်း ဖိုးဂရောင်း မီးရောင်စုံဆင်တယ်…ထလိုင်ပေါ့ ဖလက်ရှ် အသေတပ်ထားတယ် …

လာသမျှ စုံတွဲတွေ သည်းခြေကြိုက်ပေါ့ … ဂငယ်တွေများ လုပ်စားတတ်တာ ပြောပါတယ်…

အဲ့မှာ ဒါ့ပုံရိုက်ရင် ပေးရတာ ကကျုပ် ထမင်း ၂ရက်စားလို့ရတဲ့ ပမာနလောက်…..

လုပ်ပါ လုပ်ကြပါ. ..ရှင်တို့ကရဲတွေဘဲ….

 

၇. ဒါ စောစောက အသည်းပုံရဲ့ ဘက်ဂရောင်း…

 

 

၈. Nothing but Christmas…

 


.....well it goes like this, The fourth, the fifth, the minar fall
adn the major lift ... The baffled king composing Hallelujah.....

 9. Merry X'mas

 

10.Out of focus ကွာ ဘာဖစ်တုန်း ….

 

 

 

 

11.  လ、တယ်နော …. ဗီးနပ်စ် ဖော့်ထ်မှာ

 

 

12. ဒါက ပါဆင်နယ် ကိစ္စ …ဟုတ်တယ် …တခြမ်းဘဲ…

 

 

13. Venus fountain

 

14. the Oracle

 

 

15. Oracle 45 degrees

 

 

16. silky Net

 

 

 

17. Lil’ italia

 

 

18. Oracle from 2nd floor

 

ကို စိုးကြီး ကပြောတယ် …..သူ့ကိုယ်သူ poemgrapher တဲ့ …

ကျုပ်ကတော့ သူ့လို မရိုက်တတ်ဘူးဗျာ ….

အင်းလေ ..ဘာပဲဖြစ်ဖြစ်… သည်နှစ်ထဲမတော့ ..ကျုပ်လည်း

ဒါ့ပုံ အရိုက် နည်းသွားတော့မှာပါ…..

 

 

ခင်တဲ့

Inz@ghi

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011