တောသားဟာသ

phone_kyawDecember 17, 20111min823

ကျနော့်မှာ ချင်းလူမျိုး သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက မလေးရှားကနေ ဩစတျေးလျနိုင်ငံကို ဒုက္ခသည်အဖြစ်နဲ ့ရောက်ခဲ့တဲ့လူပါ။ ဗမာစကားကောင်းကောင်းမတက်ဘူး။ တနေ ့တော့ သူ ့ကို ကားမောင်းသင်ပေးတယ်။ ကားမောင်းသင်တဲ့အခါမှာ ဗမာစကားမတက်တဲ့လူ၊ အင်္ဂလိပ်စကားမတက်တဲ့လူကို သင်ရတာ အတော်ခက်တယ်။ ဘာပြောပြောနားမလည်တော့ အတော်စိတ်ညစ်ရတယ်။ တခါတလေ မောင်းချင်သလိုမောင်းတယ်။ ပြီးတော့ သူက သိပ်ပြီးကျပ်မပြည့်ဘူး။

တနေ ့တော့ ကောင်းမောင်းရင်းနဲ ့ မီးပွိုင့်မှာ မီးနီနေတာကို ဘာမပြောညာမပြောနဲ ့အတင်းမောင်းထွက်သွားတယ်။ ဘေးက သင်ပေးတဲ့ကျနော်လည်း အတော်လန် ့သွားတယ်။ ဒါနဲ ့ဒေါသထွက်ပြီး သူ ့ကို မေးတယ်။

ဟေ့လူ ခင်ဗျား ဘာလို ့မီးနီနေတာကို ဖြတ်တာလဲ။ မီးနီနေရင် ကားကိုရပ်ထားရမယ်ဆိုတာ ခင်ဗျားမသိဘူးလားလို ့မေးတော့….သူ ့ခဗျာ မျက်နှာငယ်ငယ်နဲ ့ဒီလိုဖြေတော့ သင်တဲ့သူက စိတ်လည်းမတိုနိုင်တော့ဘူး။

သူပြောတာက….

“အနောက်ကကားတွေကို အားနာလို ့…”

ဒါ့ကြောင့် မီးနီနေတာကို ဖြတ်တာပါတဲ့ဗျာ။ ကဲ…မြန်မာပြည်က တိုင်းရင်းသားတွေဘယ်လောက် တဘတ်သားအပေါ်မှာ အားနာတက်လဲဆိုတာကြည့်။

နောက်တစ်ယောက်က ကရင်လူမျိုး။ သူလည်း ဒုက္ခသည်အဖြစ်နဲ ့နယ်စပ်ကနေ ဩစတျေးလျကိုရောက်လာတဲ့လူ။ အသက် (၆၀) အရွယ်အဘွားကြီး။ မြို ့ကြီးပြကြီးမှာ မနေဘူးတော့ ဗမာစကားလည်း ကောင်းကောင်းမတက်ဘူး။ ကရင်ပြည်နယ်က တောင်ယာတဲမှာ ကြီးပြင်းလာပြီး နအဖထိုးစစ်မှာ မခံနိုင်လို ့ဒုက္ခသည်စခန်းထဲရောက်ပြီး ကံကောင်းစွာနဲ ့ မိသားစုတစ်စုလုံး ဩစီကို ရောက်လာကြတယ်။ ဩစတျေးလျရောက်ရင် ထုံးစံအတိုင်း သူများတွေကားရှိရင် သူလည်းလိုချင်ကြတယ်။ ဒါနဲ ့အဘွားကြီးက အစိုးရပေးတဲ့ထောက်ပံ့ကြေးကို စုပြီး ကားတစ်စီးဝယ်လိုက်တယ်။ သူက ကားမောင်းသင်ထားတဲ့အခါကြတော့ ကားလည်းနဲနဲမောင်းတယ်တယ်။ သူများတွေကားရေဆေးတာ သန် ့ရှင်းရေးလုပ်တာကိုလည် သူတွေ ့ဘူးတော့ သူဝယ်ထားတဲ့ကားအစုတ်ကို ရေဆေးတယ်။

သူများတွေကားရေဆေးရင် တံခါးပိတ်ပြီးအထဲက ဆိုဖာခုံတွေကို ရေမစိုအောင် ရေးဆေးကြတယ်။ ဒါပေမဲ့ကရင်အဘွားကြီးက သူ ့ကားကို အတွင်းကော အပြင်ကော ရေဆေးတယ်။ ဆိုဖာခုံတွေကို ဆပ်ပြာမှုန် ့ လျှော်တယ်။ ရေတွေအားရပါးရလောင်းတော့ ကားထဲမှာ ဆပ်ပြာတွေကော ရေတွေကော စိုပြီး ဘယ်လို မှ ကားကိုမောင်းလို ့မရတော့ဘူး။ ခုံတွေလည်းစိုပြီး ဘယ်သူမှ ကားထဲမှာ ထိုင်လိုမရတော့ဘူး။ ဒါနဲ ့သူ ့သမီးက အဘွားကြီးကို ဒီလိုမေးတယ်။

အမိုး…ကားဆေးရင် ခုံတွေကို မဆေးရပြီး။ စိုကုန်ရင် ဘယ်လိုမျိုး ကားကိုစီးမလဲ။ မောင်းမလဲပေါ့။

ဒါနဲ ့ကရင် အဘွားကြီးကပြန်ပြောတာက….။

နင်တို ့မစီးနဲ ့။ ငါပဲစီးမယ်…။

www.phonekyaw.blogspot.com

3 comments

  • Thel Nu Aye

    December 17, 2011 at 8:27 am

    ဒါမျိုးလေးတွေလဲဖြစ်တတ်ပါတယ်။

  • မိုးပွင့်ဖြူ

    December 17, 2011 at 10:19 am

    မကြားဖူးတာတွေကြားရလို ကျေးဇူးပါရှင့်……

  • ရွှေဘိုသား

    December 18, 2011 at 9:16 am

    သူများတွေများ အစိုးရထောက်ပံ့ကြေးနဲ့ ကားစီးနိုင်တယ်တဲ့
    ကိုယ်တွေ တစ်နေ့လုံး အလုပ်လုပ်နေတာတောင် စက်ဘီစုတ်တောင် မစီးနိုင်ပါလားကွ

Leave a Reply