အပေါစားအယ်ဒီတာတွေ များနေပြီလား

phone_kyawDecember 17, 20111min19817

အယ်ဒီတာတစ်ယောက်ဖြစ်ဖို ့အတွက် အဓိက စာဖတ်နာရပါတယ်။ စာရေးတက်ရပါတယ်။ ဗဟုသုတကြွယ်ရမယ်။ ဒါက အယ်ဒီတာတစ်ယောက်မှာ မရှိမဖြစ် အရည်အချင်းဖြစ်မယ်လို ့ထင်တယ်။

အခုခေတ်မှာ အယ်ဒီတာတွေ မှိုလိုပေါက်လာတယ်။ အရည်အချင်းလည်းမရှိဘူး။စာလည်းမရေးတက်ဘူး။ ပြီးတော့ အယ်ဒီတာလည်း လုပ်ချင်သေးတယ်။ အဲလို အယ်ဒီတာတွေရွေးချယ်တဲစာတွေကိုစာဖတ်သူတွေက ငွေပေးပြီး ဖတ်ရသေးတယ်။

သူများနိုင်ငံတွေမှာ အယ်ဒီတာတစ်ယောက်ဖြစ်ဖို ့အတွက်ဘယ်လိုလုပ်ရလဲဆိုတာကို ဗမာအယ်ဒီတာတွေ လေ့လာသင့်တယ်။ ဖတ်ပါမှတ်ပါလေ့လာပါဆိုရင် သတင်းစာကိုဇောက်ထိုးဖတ်ပြီး ကားမှောက်တယ်လို ့ပြောတဲ့ အယ်ဒီတာတွေ လက်ရှိ ကာလမှာ တစ်ပုံကြီးဖြစ်နေပြီ။ စောက်ပေါအယ်ဒီတာတွေသတိထားပါ။ ဒါပဲ။

 

17 comments

  • Thel Nu Aye

    December 17, 2011 at 8:25 am

    အင်းဟိုတခါ မဂ္ဂဇင်းတစောင်က အယ်ဒီတာခေါ်တာ မိန်းကလေး၊ အပျိုဖြစ်ရမည်၊ အသက် ၂၈ နှစ်အောက် ( သေချာမမှတ်မိ၊ ၃ဝ မကျော်တာတော့သေချာတယ် )၊ ၁ဝ တန်းအောင်တဲ့။ အင်းဘယ်လိုပြောရပါ့။ အဲဒီအယ်ဒီတာဦးစီးတဲ့ဂျာနယ်တော်တော်ကောင်းမှာပဲနော်။

  • icecube

    December 17, 2011 at 9:20 am

    အင်းပေါ့နော် သွားလျှောက်ခဲ့လို့ ဝန်ထမ်းခန့်ပြီဆိုတာနဲ့ အလုပ် နှစ်မျိုး လုပ်ရတော့မှာ
    သေချာသလောက်ပါ ။ ဒီပုတ်ထဲက ဒီပဲချည်းပါပဲ ။

  • koyinmaung

    December 17, 2011 at 9:22 am

    ခဏလောက်တော့သီးညီးခံလိုက်ပါအုံးမောင်ဖုန်းကျော်လေးရေ
    ခုလိုစပ်ကူးမတ်ကူးအချိန်လေးမှာဒီလိုဘဲရှိကြမှာပေါ့
    စီးမရှိကမ်းမရှိအဖျက်ဆီးခံထားရတဲ့တိုင်ပြည်မဟုတ်လား
    မင်းကိုယ်တိုင်တောင်အရွယ်မရောက်ခင်တောထဲတွက်ပြေးနေရတယ်လေ
    အပြုသဘောကိုရေးစေချင်ပါတယ်….

  • amatmin

    December 17, 2011 at 9:41 am

    ကိုယ့်လူရဲ့ ပို့စ်တွေ ကိုဖတ်ပြီး ပြောချင်တာ တခုပဲ ရှိတော့တယ်..
    သူများကိုမပြောခင် ခင်ဗျားပို့စ်တွေကို ဆယ်ခါပြန်လောက်ပြန်ဖတ်ကြည့်ပါလားဗျာ..
    ကျုပ်တို့လဲ ငွေမပေး ရပေမဲ့အချိန်ပေး ပြီးဖတ်နေရတာမို့လို့ပါ…..

    • manawphyulay

      December 17, 2011 at 3:40 pm

      ဒါဆို အင်တာနက်သုံးခ မကုန်ဘူးလား။ ငွေမပေးရဘူးပြောတော့… ကိုုယ်ပိုင်နက်သုံးနေတာပေါ့နော်။

      • amatmin

        December 17, 2011 at 10:15 pm

        အမ မနောရေ..
        ပြောချင်တာ ကတော့အင်တာနက်ကတဆင့် ငွေကြေးပေးစရာမလိုပဲ ဖတ်ခွင့်ရရင်တောင် အချိန်တော့လူတိုင်းပေးကြရတာပဲလို့ဆိုလိုရင်းပါ..
        ကိုယ်ပိုင်နက် အကြောင်းကတော့ ကြုံမှရှင်းပြတော့မယ်ဗျာ…

  • မှော်ဆရာ

    December 17, 2011 at 9:42 am

    လာပြန်ချည်သေးရဲ့ တဖန် …. မြန်မြန်ဆန်ဆန် မြန်မြန်..
    ဟဲ့သာလှ … ဗျ ဗျာ ဗျ ..

  • memeseku

    December 17, 2011 at 9:56 am

    အင်းဘယ်လိုကွန်မန်.တွေနဲ.ဆော်ကြအုံးမလဲဆိုတာစောင်.မျော်နေပါတယ်……. 🙂

  • kokoover

    December 17, 2011 at 10:00 am

    မောင်ဘုန်းကျော်. လူတွင်ကျယ်လုပ်ချင်နေတယ်လို.ထင်ပါတယ်။ ဤလိုpostတော့မတင်စေချင်ဘူး။ လူလေးပြောမှသိရမယ့်အရာတွေမှမဟုတ်တာဘဲကွယ် ။နေရာတိုင်းမှာ၁၀ဝအပြည့်တော့ဘယ်ရှိမလဲကွယ်။ ဝါးလုံးရှည်နဲ.တော့မရမ်းစေချင်ဘူးကွယ် ။မောင်ဘုန်းကျော်လေး အဂါရဝဖြစ်နေဥိးမယ်။

  • winkyawaung

    December 17, 2011 at 10:13 am

    အင်း.. အပြင်လောကနဲ့ အယ်ဒီတာအချို့ကို မကြေနပ်လို့ တော့ မန္တလေးဂေဇက်ထဲမှာ ဒေါသ မကြီးစေချင်ပါဘူးဗျာ..။ ဘယ်ဂျာနယ် ဘယ်မဂ္ဂဇင်းက အယ်ဒီတာက ဘယ်လိုကြီး ဖြစ်နေတယ် ဆိုတာ ခိုင်မာတဲ့ အထောက်အထားလေးတွေ ပြပေးစေချင်ပါတယ်ခင်ဗျာ..။ ကျွန်တော်လည်း အယ်ဒီတာ မဟုတ်ပါ။

    ဥပမာ။ ။ ဒီနေ့ထုတ် The Voice Weekly Vol.8/ No.1 က စာမျက်နှာ(8) မှာ အမှားပြင်ဆင်ချက်ကို ဖတ်ပြီး ရယ်မိနေပါတယ်။ သူတို့မှားတာ တောင်းပန်တာက ပေါ့ပေါ့လေးရယ်..။ မြန်မာပြည်မှာ ပဲကုန်သည် လူလိမ်တွေများနေသလို ဖြစ်သွားပါတယ်။

    The Voice Weekly Vol.7/ No.52 မျက်နှာဖုံးပါ (ပဲကုန်သည် ၁၄ဦး ထပ်မံလိမ်လည်) သတင်းတွင် ခေါင်းစဉ်ကို (ပဲကုန်သည် ၁၄ ဦး ထပ်မံ လိမ်လည်ခံရ) ဟု ပြင်ဆင်ဖတ်ရှုပါရန်နှင့် အယ်ဒီတာအဖွဲ့၏ ပေါ့လျော့မှုှုကြောင့် ထိုသို့ မှားယွင်းဖော်ပြမိသဖြင့် နစ်နာသူများကို တောင်ပန်အပ်ပါသည်။
    အယ်ဒီတာ

  • comegyi

    December 17, 2011 at 1:55 pm

    အယ်ဒီတာတစ်ယောက်ဖြစ်ဖို ့အတွက် အဓိက စာဖတ်နာရပါတယ်။ စာရေးတက်ရပါတယ်။ ဗဟုသုတကြွယ်ရမယ်။ ဒါက အယ်ဒီတာတစ်ယောက်မှာ မရှိမဖြစ် အရည်အချင်းဖြစ်မယ်လို ့ထင်တယ်။
    ူူူူူူူူူူူူ……………………….
    ……………………….

    ကိုဘုန်းကျော်က အယ်ဒီတာတစ်ယောက်ဖြစ်ဖို့
    ဒီလိုဒီလိုအရည်အချင်းတွေရှိရမယ်လို့ပြောပြီးသကာလ
    တင်တယ်………လို့ဆိုပြန်တယ်
    ထင်ရင်တော့မပြောနဲ့လေဗျာ
    ခင်ဗျားလေနဲ့ ပြောရရင်
    ကျုပ်တို့က အယ်ဒီလည်းမဟုတ်
    အဲသဟာကြောင့် စာလည်း မရေး (တက်) ပါခင်ဗျား
    တက်ချင်ရင်တော့ ကြောင်သျှာသီး၊ ကြက်ဟင်းခါးသီး၊ ဒညင်းသီး၊ အစရှိသော
    အာဟာရများကိုသာ သုံးဆောင်ပါမည် အဆွေ….

  • eveningstar

    December 17, 2011 at 4:36 pm

    ဒါညိုရေးရင် မန်နဲ့လူညားရိံး ညားညားမန့်တော့
    တားတားရှရာဂျိံး ခြစ်ပြိံ…ဟဲဟဲ…ဟဲဟဲ

  • kyawkoko

    December 17, 2011 at 5:29 pm

    ဒေါသ ရှေ့မထားပါနဲ. ခင်ဗျာ…
    မန်းလေးဂေဇက်က သူကြီးဦးခိုင် လက်ဆော့ထားတာပါ….
    သူကြီးဆီဖုန်းဆက်ပြောရင်တောင် တားတား တိဝူး လို.ဘဲ ပြောမှာဘာ… ဟီးဟီး
    မန်းလေးဂေဇက်ကိုလဲ ဘယ် အယ်ဒီတာမှ မဖတ်လောက်ပါဘူးဗျာ 😛
    ဒီတော့ ဒေါသလေးလျော့ပါနော် (ဦးခိုင် တားကိုမဘန်းနဲ.နော် .. တားက ပြေရာပြေကြောင်းပြောတာ :P)

  • Shanma TUmdy

    December 17, 2011 at 9:21 pm

    အယ်ဒီတာတစ်ယောက်ဖြစ်ဖို ့အတွက် အဓိက စာဖတ်နာရပါတယ်။ စာရေးတက်ရပါတယ်။ ဗဟုသုတကြွယ်ရမယ်။
    ———————-
    ဟိုနေ့ကပိုစ့်နဲ့ ပွားပြီးတွေးကြည့်ရင်..
    အယ်ဒီတာတွေလည်း.. စောက်ပျင်းအလုပ်မဖြစ်မနေလုပ်ရမှာပေါ့နော်.. ဟဟဟ

  • volcano101

    December 18, 2011 at 1:48 am

    အဲ့ဒီဖုန်းကျော် ဆိုတဲ့ကောင်က မွေးတုန်းက သူ့အမေက နို့မတိုက်ဘဲ တရိဆန်နို့တွေတိုက်ပြီးကြီးပြင်းလာတာနဲ့တူတယ် ပြီးတော့မြန်မာ ပြည်မှာမွေးလိုက်လို့လူဖြစ်လာတာကို မြန်မာပြည်အကြောင်းကို ပိုင်ပိုင်နိုင်နိုင် ကစ်နေတယ် မြန်မာပြည်သားပါပဲ ဘယ်တော့မှ ဩစတျေးလျနိုင်ငံသားဖြစ်မလာဘူး အဲ့တော့ကိုယ့်ဖင်ကိုလန်ထောင်းမနေနဲ့တော့ မင်းအဆင့်ကိုမင်းသိပါ မင်းကသူများ တစ်ကာတတွေးခွက် ထဲမှာဘဲမျော် နေတော့မယ်ဆိုတာကောကို့ကိုယ်ကိုသတိထားမိရဲ့လား
    မင်းရေးထားတဲ့ ပိုစ့်တွေထဲမှာ အချက်အလက် ခိုင်ခိုင်မာမာ ဘာပြနိုင်လို့လဲ ဘာတစ်ခုမှအထောက်အထားမပြနိုင်ပဲနဲ့ ကိုယ့်ကိုကိုမှန်တယ်ထင်ပြီး ဘဝင်မြင့်မနေနဲ့ မင်းကကိုရေးတဲ့ပိုစ့်ကိုကိုယ်တာဝန်ယူတယ်ဆိုတော့ မင်းရေးတဲ့ပိုစ့်ကိုဘဲ ထောက်အထားခိုင်ခိုင်လေးနဲ့ပြန်ပြင်လိုက်ပါ မင်းမှာအဲ့လောက်တော့အရေအချင်းရှိမယ်လို့ထင်တယ်

  • မိုးချမ်းမြေ့

    December 18, 2011 at 2:23 pm

    အော်..ဖုန်းကျော်တဲ့လား…။ ကိုယ့်ကိုယ်ကို ဖေါ်တဲ့နေရာမှာတော့..ကျုံးသွင်းခံလိုက်ရတဲ့…ဆင်တစ်ကောင်လို…အော်ချင်သလိုအော်..ဆဲချင်သလိုဆဲပြီး..နေတာကိုး…။ ဘယ်ကြောက်ပါ့မလဲလေ…။ လူတွေရှေ့မှာရောက်နေတာမှမဟုတ်တာ…။ ကောင်းပြီး မျက်စိစပ်တယ်ဆိုတာက..လက်ခံလို့တော်ပေမယ့်…။ `စ´တယ်ဆိုကတည်းကနေ..စောင်းပြီး..ပေကပ်ကပ်နိုင်နေလိုက်တာ…။ တရားဆိုတာက…ကိုယ်ဆိုးတာကိုသာမြင်ရတာဗျ..ကိုယ့်လူရ…။ သူများမကောင်းတာပြောတာတော့….ကျုပ်လည်းပြောလားပြောရဲ့…ပါ..။ ဒါပေမယ့်…ကောင်းကောာင်းပြောပါ…။ ကောကောပြီးပြောတာတော့..မကောင်းပါဘူး…။

  • unclegyi1974

    December 18, 2011 at 9:23 pm

    မောင်ဘုန်းကျော်ရေ
    ရေးမယ်ဆိုလည်းအချက်အလက်အထောက်အထား
    ဥပမာ ဘယ်ဂျာနယ်ဘယ်လိုရေးသွားတာဘယ်လိုမှားနေတယ်
    ဒါဆိုမဖတ်လိုက်ရသေးသူတွေလည်းသိသွားကိုယ့်ဘက်ကလည်း
    မှန်ဆိုတော့သူများအပြောလွတ်
    အခုကအတင်းစာလိုဖြစ်နေတယ်ကွယ်

Leave a Reply