For Treasure Hunter

မောင် ပေDecember 17, 20113min1235








ပန်းကန်ပြား ဖင်ဘက်တွင် ပါသော အသားတံဆိပ်
ပန်းကန်ပြား ဖင်ဘက်တွင် ပါသော အသားတံဆိပ်

အသားတံဆိပ်
အသားတံဆိပ်



ယခုရက်ပိုင်းအတွင်း မန်းတလေးမြို ့နှင့် အနီးတစ်ဝိုက်တွင် တောက်တဲ့ ဖမ်းသူများ ၊ ရောင်းသူများ ၊ ပွဲစားများ ကိုသော် လည်းကောင်း ၊ မီးအိမ် ၊ ဟင်္သာအလေး ၊ နာရီ ၊ ပန်းကန်ပြား လိုက်လံ ရှာဖွေ ဝယ်ယူနေသူများ ဖြင့် လည်းကောင်း တွေ ့ခဲ့ရပါသည် ။
ဂျာနယ်များတွင်လည်း အဆိုပါအကြောင်းများ ကို ဖတ်ရပြီး သကာလ ၊ အဆိုပါ ပစ္စည်းများ ကို မြင်ဖူးချင်စိတ်များ ဖြစ်ပေါ် မိပါသည် ။
ကံကောင်းချင်တော့ ၊ အကိုလိုမျိုး ခင်မင်ရသော ဘော်ဒါတစ်ယောက် က သူ ့ထဲ တွင် ရှေးတုန်း က အင်ဂလန် မိတ် ပန်းကန်ပြားတစ်ချပ်ရှိကြောင်း ပြောလာရာမှ ၊ ဓါတ်ပုံ ရိုက်ရန် ချိန်းဖြစ်သွားပါသည် ။
အဆိုပါ ပန်းကန်ပြား ကို ဝယ်မည့်သူများ က အရက်ပြန်စွတ်ထားသော ဂွမ်း ဖြင့် စမ်းသပ် ကြသည် ။ ကျွန်ုပ် ၏ အိုင်ဒီယာအရ ဆိုလျှင်တော့ ၊ ရှေးဟောင်းပစ္စည်း သက်တမ်းစစ်ဆေး သည့် အဆင့်မြင့် နည်းပညာသုံး ဌာနများတွင် သွားရောက်စစ်ဆေးချင်ပါသည် ။
အဝယ်တော် များ စမ်းသပ်သည့် နည်းလမ်းမှာ ၊ ဂွမ်း ကို အရက်ပြန် စိမ်လိုက်ပြီးနောက် ၊ ပန်းကန်ပြားပေါ်တွင် တင်ကာ ၁၅ မိနစ် ၊ ၃ဝ မိနစ် ၊ ၄၅ မိနစ် ခန် ့၊ အပေါ်မှာ အဖုံးတစ်ခုခု ဖြင့် ဖုံးထားလိုက်ကြသည် ။ ထို ့နောက် ထိုဂွမ်းကို ပြန်ထုတ်ပြီး မီးရှို ့ကြည့်လျှင် မီးမလောင် လျှင် အစစ် ၊ မီးလောင် လျှင် အတု ။
ပန်းကန်ပြား ၏ အစွမ်းမှာ အရက်ပြန် ၏ ဂုဏ်သတိ္တကို ပျောက်သွားစေပြီး ၊ ရေအဖြစ် ပြောင်းလဲ လိုက်သည် ။ ထိုအခါ အရက်ပြန် စွတ်ထားသော ဂွမ်းမှာ ရေစိမ်ထားသလို ဖြစ်ပြီး မီးမလောင်တော့ခြင်း ဖြစ်သည် ။
ထို ့အပြင် ပန်းကန်ပြား၏ နောက်ထပ် အစွမ်းမှာ အဆိပ်တင်ကြည့်လျှင် ၊ တင်လိုက်သော အဆိပ် ပြယ် စေ နိုင်သတဲ့ ။
အဆိပ်ကတော့ မစမ်းကြည့်ရသေး ။ ပြောစကား အဖြစ်သာ ကြားရသည် ။
ကျွန်ုပ် ယခု ရိုက်တင်သော ပန်းကန်ပြား ၏ ရှေ ့မျက်နှာပြင်တွင် စက်ဝိုင်းပုံ တံဆိပ်လေး ပါပြီး အထဲတွင် ဒေါင်းရုပ်ကလေး ပါသည် ။ အရောင်မှာ အစိမ်းရောင် အနု ။
စက်ဝိုင်းထဲတွင် ရေးထားသော စာမှာ
THE IRRAWADDY FLOTILLA COMPANY LIMITED 1876
ကျောဘက်တွင်တော့ သရဖူ (crown) တံဆိပ်လေး ပါပြီး ၊ ယင်းအောက်တွင်မှ
DUNN BENNCTT & CoLTD ROYAL VICTORIA POTTERY BURSLEM ENGLAND
ထို ့နောက် အသားတံဆိပ်ပါသည် ။
737 PATENT တဲ့
အဆိုပါ ပန်းကန်ပြားဓါတ်ပုံများ နှင့် ကြားခဲ့ရသော စမ်းသပ်ပုံများ ကို ဂေဇက်လာ နှင့် ဂေဇက်ဝင် ရွာသူားများအတွက် ပြန်လည် ဝေမျှလိုက်ပါသည် ။
*********************
အဆိုပါ ပန်းကန်ပြား ပိုင်ရှင်မှာ ၊ ယခု ပန်းကန်ပြား ကို ပြန်ရောင်းမည် ဖြစ်ပြီး ၊ ဝယ်ယူဖို ့စိတ်ဝင်စားသူများ အနေဖြင့် ​
aunglin6@gmail.com ကို ဆက်သွယ်နိုင်ပါကြောင်း ။
——- အားလုံးကို ကျေးဇူးတင်ပါသည် ——-

5 comments

Leave a Reply