လူလည်ကျဖိနှိပ်သော ဂေဇက်

theint theintDecember 17, 20111min22316

ကိုယ့်ညီကိုတို ့ရေ….ခုဒီနေရာ၊ဒီစာမျက်နှာ၊ဒီဝက်ဆိုဒ် မန်းဂေဇက်မှသည် ရွာသူ၊
ရွာသားအားလုံးကို ပြောပြချင်တာတွေကုန်အောင်ပြောသွားမည်။ထွက်ကန်,ကန်တယ်ပြောလဲ
ပြောနိုင်သလို ဘယ်သို ့သောအပြစ်မဟူခံယူရန်အသင့်ဖြစ်ပါကြောင်း အမျိုးသီလကိုစောင့်စိသော ရက္ခိတနွယ်ဖွားတစ်ယောက်အနေဖြင့် ပန်ကြားတောင်းဆိုလိုက်သည်။ကျနော်တောင်းဆိုလိုသည်များမှာ___
၁။လွတ်လပ်စွာရေးသားခြင်းအပေါ် နှောင့်ယှက်တားဆီးခြင်းနှင့် အဖြစ်မှန်များရေးသားခြင်းအပေါ်ထိရောက်စွာ ဖြေရှင်းချက်မပေးနိုင်သော လူပုဂ္ဂိုလ်များကို အရေးမယူခြင်း
၂။မဆိုင်သောကျနော်၏ ပို ့စ်ကို ပိတ်သိမ်းခြင်း၊ထိရောက်သေချာသောဖြေရှင်းချက်ပေးရန်တောင်းဆိုနေသည်ကို အယ်ဒီတာလုပ်သူကိုယ်တိုင်
ဝင်ရောက်နားလည်မပေးခြင်း
၃။သံတွဲသားများအပေါ် အထင်အမြင်လွဲမှားနေသောရွာသူ၊ရွာသားများအားလုံး ကိုယ့်ငါးချဉ်ပိုချဉ်နေကြခြင်း၊(အားနည်းသော အများသူငါအပေါ်တွင် ပြောမှားဆိုမှား၊လိမ်စကားများပြောဆိုပေးခဲ့မိသော ကျနော်ကိုယ်၌ နောင်တရမိခြင်း)
၄။ပွင့်လင်းစွာပြောဆိုရေးသားပိုင်ခွင့် ကို ပိတ်ပင်တားဆီးသော မန်းဂေဇက်ကို စောက်မြင်ကတ်မိနေခြင်း
၅။ထိမိသေချာရေရာမှုမရှိသော PM အလိမ်များအပေါ်ယုံကြည်နေသော အယ်ဒီတာအရူးအပေါ်နားမလည်နိုင်ခြင်း
၆။သံတွဲသား များ၏အကျင့်သီလ ပျက်ဆီးအောင် ဖျက်ဆီးနေသူမှာ Thantwetharနှင့် maythakhin နှစ်ယောက်သာရှိနေသည်ကို မသိကျိုးပြုနေခြင်း၊

စသည်ဖြင့်……စသည်ဖြင့်……
ဘက်လိုက်မှုပေါင်းများစွာဖြင့် မန်းတလေးဂေဇက်အား သပိတ်မှောက်ဆန္ဒပြလိုက်သည်။

16 comments

  • laypai

    December 17, 2011 at 2:04 pm

    မကျေနပ်ရင် မကျေနပ်သလို ရေး၊ တယောက်ချင်း နာမည်ပါ တပ်ရေးလို့ ရတယ်။
    အောင်ပု လို မဆဲရင် ပြီးရော။

    • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

      December 17, 2011 at 2:16 pm

      ဒါဆိုလဲပျီးဒါဘဲကွာ နောက်ဆိုလီးလဲမဆဲတော့ဘူး
      ဒါဗျဲ 😀 😀 😀

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 17, 2011 at 2:30 pm

    ရေးတာလဲရေးတာပေါ့
    ကိုယ့်လူရေးထားတာလေး ကျံကျံဖန်ဖန် ထုတ်နှုတ်ပြတာပါ
    ( အမျိုးသီလကိုစောင့်စိသော ) ဆိုတာက တော်တော် အတွင်းအားနဲ့ဖတ်ရတယ်
    ကြည့်လုပ်ပါဦး
    ဆိုတော့ကာ
    ( အမျိုးသီလကိုစောင့်သိသော ရက္ခိတနွယ်ဖွားတစ်ယောက်အနေဖြင့် ) ဆိုတဲ့
    စာကြောင်းလေးကို သူများတော့သိဘူး ကျုပ်ကတော့ အသိမှတ်ပြု ဂုဏ်ယူပေးလိုက်ပါတယ်
    သို့သော်
    အမျိုးကို စောင့်သိတဲ့သူက ကိုယ့်ခံယူချက်နဲ့ ကိုယ်လုပ်ကိုင်နေတဲ့ဟာ
    ကိုယ်ရေးထားတာလဲ ကိုယ်ပြန်ကြည့်ပါဦး တော်တော်လေးနွဲ့နေတော့
    အမျိုးမစောင့်ဘဲ မီးကင်းစောင့်တာကမှ လခရဦးမယ် ငါ့လူရာ
    မှတ်မိမလားတော့သိဘူး
    ဘယ်နေရာမှာလည်းသိဘူး ကျုပ်ကအပြတ်ပြောထားတာဘဲ
    မသမာမှု့တွေကို ပြောတာကတော့ပြောလို့ရတာပေါ့ ကောင်းတာပေါ့
    ကိုယ်ပြောတာက ဟုတ်လို့လား
    ဘာအထောက်ထားတွေရှိလည်း ဘာညာပေါ့
    NLD နှင့် ပြည်သူလူထုကြီးတစ်ခုလုံးကိုတောင် ထိပ်ပြောင်တို့အဖွဲ့ လိမ်ထားသေးတာ
    ခင်ဗျားလို ကျုပ်လို ဘာမဟုတ်တဲ့ကောင်စကားကို ဘယ်ကောင်က ( သာမန်မျှဖြင့် ) ယုံမှာလဲ
    အခက်ခဲတွေတော့ရှိမှာပေါ့ကွ
    သဂျီးကိုဘလိုင်းကြီး တက်ကလိုင်းတာကတော့ မမိုက်ဘူး 🙁
    နောက်ပုဂ္ဂိုလ်တွေ ပြောဘို့ချန်ထားလိုက်ဦးမယ်
    တစ်ခုတော့အကြံပေးလိုက်ဦးမယ်
    တော်တော်နွဲ့တယ်နော် ဇာတ်နင်းသားလုပ်ပါလား 😀 😀 😀
    ( စိတ်ဓာတ်လေးတော့ ကြံ့ခိုင်မှပေါ့ ဘယ်သူမှန်းမသိတဲ့ အွန်လိုင်းထဲမှာတောင်
    ချောင်းဆိုးရင်ကြပ်ဖြစ်နေရင် လက်တွေ့ ဘာလုပ်စားလို့ရမှာလဲ )
    တော်တော်

  • Foreign Resident

    December 17, 2011 at 5:42 pm

    ကိုရင်တို့ သံတွဲ ရဲ့ ” လွတ်လပ်စွာရေးသားခြင်း ” ဆိုတာကလည်း
    ပစ်စာ တွေကြီးပါပဲလားကွယ် ။
    ရခိုင် တစ်မျိုးသားလုံးရဲ့ စရိုက် လေလား လို့တောင် ထင်စရာဖြစ်နေတယ် ။

    ရဲရဲ ဝံ့ဝံ့ နှင့် နာမည် လိပ်စာ အမှန်ဖေါ်ပြီး ရေးတဲ့
    တိုင်စာ လောက်ဆိုရင်တော့ လေးစားချင်ပါရဲ့ ။

    အခုကတော့ ပစ်စာ တွေကြီးပဲ အစဉ်တစိုက် ပို့နေတော့ကာ
    ကိုရင်တို့ သံတွဲ ရဲ့ ပစ်စာ တွေအတွက် သူကြီး Kai က
    ဆာဗာ Server ဖိုး မှန်မှန်ပေးပေး နေရမယ်ဆိုရင်
    မဟုတ်သေးဖူး ထင်တယ်နော် ။

    လွမ်းလှလို့တော့ မဟုတ်ပါဘူး ။
    ဘေးအမြင်မှာ ငပြူးက ပြန်ပြီး ပြဲပြသလို ဖြစ်နေလို့ပါ ။

    ပြန်မလာတော့မှာသေချာရင် တခါတည်း နှုတ်ဆက်လိုက်ပါတယ် ။ Bye ။ 😛

    • blackeye

      December 17, 2011 at 10:36 pm

      sever ခ ပေးခြင်း မပေးခြင်း တွေ သိလည်းမသိချင်ပါ ၊
      ပို့စ်မြင်တိုင်း (ငွေရလိုဇောဖြင့်) လိုက်ရေးနေတာမျိုးလဲ မရှိကြောင်း သိမြင်နိုင်ပါစေ ၊
      တိုင်စာသဘောမျိုးကို အမည်တပ် မှတ်ပုံတင်နံပါတ်နဲ့တကွ ရေးခိုင်းရအောင်
      ခင်ဗျားမို့ပြောရက်တယ် ၊ ခင်ဗျားသာသဂျီးဖြစ်ရင် ဒီလိုဩဇာပေးပုံမျိုးနဲ့
      ကြည့်ကောင်းဦးမယ် ။

  • aye.kk

    December 17, 2011 at 5:43 pm

    သားရည်ပေါ်အိပ် ၊ သားရည်နားစား..
    သူ ့အရိပ်ခို ၊ သူ ့အခက်မချိုးနှင့်..
    စကားအရာ ၊ ပျားသကာသို ့ချိုပါစေ..
    လူလိမ္မာသား ၊ ယဉ်ပါး..မိုက်ရိုင်းတာတော့မကောင်းဘူးပေါ့ဗျာ..။

  • kyawkoko

    December 17, 2011 at 5:50 pm

    အယ်… ဦးခိုင်က ရခိုင်ဝန်ကြီးလား အယ်ဒီတာကြီးကောလုပ်သေးတယ်လား
    တားလဲမတိလိုက်ပါလား အာရက္ခ မြေသား ပြောတာတွေလုပ်ပေးလိုက်လေ … သွား … လူဇိုး 😀

  • “ဘီလူးကြီး”ogre

    December 17, 2011 at 6:47 pm

    မမန်းတော့ဘူးလို့ထားတာ
    မန်းလိုက်အုံမှပါပဲ
    အာရက္ခမြေသား က တော်တော်စေးပုံရတယ်
    ကျုပ်နဲ့တော့အဝေးကြီးဘာဗျာ
    ခင်ဗျားတို့ရေးတဲ့ပို့စ်တွေဖတ်ကြည့်တယ်ဗျ
    တိုင်စာလဲမဟုတ် ဘာမဟုတ်
    ပစ်စာကြီးပဲဗျ
    အဲလိုပစ်စာကြီးတွေဒီမှာလာပစ်ရအောင်
    အမေလိကံ က တဂျီး က သမ္မတမဟုတ်ဘာမဟုတ်
    ခင်များတို့ ရေးရေးနေတဲ့ ဟိုမထသက ကောင်ဆိုလား
    ဒီတစ်ကောင်အကြောင်းပဲရေးစရာရှိတိုင်စရာရှိတယ်ထင်တာပဲ
    အော်…ရှိသေးတယ် ကြက်တောင်ပံ ဆိုလားတစ်ယောက်
    တိုင်တဲ့စာရေးရင်နဲ့ ခင်ဗျားတို့အချင်ချင်း ထဖဲ့ရင်ဖဲ့ နေသေတော့
    ကျုပ်တိုက ဘာလုပ်လိုလုပ်ရမှန်းမသိ
    ခင်ဗျားတို့ ကိုလက်ခံတယ် မောင်းထုတ်တယ် ဆိုတာက
    ကျုပ်တို့ တဂျီးတို့မှာ လုပ်ပိုင်ခွင်မရှိပါဘူးလို့ထင်တယ်ဗျာ
    သတင်းလွတ်လပ်ခွင့်ကိုဗျ…ဒါပေမယ့်
    ခင်ဗျားတို့လုပ်ရပ်တွေကြောင့်ပဲ
    မောင်းထုတ်ခြင်း လက်မခံခြင်းတွေ အသံထွက်လာရတာလေ
    အဲဒါကျုပ်တို့လုပ်တာမဟုတ်ဘူး
    ခင်ဗျားတို့လုပ်ရပ်ပေါ်မှာပဲဖြစ်လာရတာ
    ဒါပေမယ် တစ်ကယ်တိုင်ခြင်ရင်တော့ ဒီမှာရေးမနေနဲ့ မထိရောက်ဘူး
    တိုင်စာရေး နာမည်ရေးလက်မှတ်ထိုး မှတ်ပုံတင်နံပါတ်ပါထည့်
    ပြီးရင် ခင်ဗျားတို့ဆီက တိုင်းအဆင့်လူကြီးအခန်းသွားပြီး
    ““တိုင်စာပါခင်ဗျာ ကျွန်တော်က ဘယ်သူ့ကိုတိုင်တာပါဆိုပြီးအပ်လိုက်””
    ပြတ်ကရောပဲ
    ဒီမှာရေးနေသမျှတော့ ဘာမှဖြစ်မလာနိုင်ပါဘူး
    ကျုပ်တို့ရွာသူားတွေက
    ခင်ဗျားတို့အပေါ်
    ““အမြင်လဲမလွဲပါဘူး ကိုယ်ငါချဉ်လဲမချဉ်ပါ အမြင်အတိုင်းသာမှန်မှန်လေး မန်းနေကြပါကြောင်း””

  • မောင်တုတ် ကြီး

    December 17, 2011 at 6:50 pm

    မောင်တုတ်ကြီး အနေဖြင့်ပြောရမယ်ဆိုရင် လဲသူမလွန်ဘူးလဲမပြောသာသလို၊ခင်ဗျားတို ့လွန်တယ်ပြောဖို ့လဲ
    ခက်ပြန်တယ်။ဒါပေမယ့် သူကြီးဆိုတဲ့ ကိုkai ကိုလဲအားနာရပါတယ်။ကျွန်တော်၊ကိုအာရက္ခ၊seahorseသုံးယောက်
    က အမှားတွေကိုအမှန်လုပ်၊အမှန်တွေကို အမှားယောင်ယောင်မြင်အောင် တစ်ချို ့နေရာတွေမှာဝင်ရေးမိတော့
    တောင်းပန်သမှုလဲ ပြုခဲ့ပြီးပါပီ။အဖြေသေချာအောင်ရှင်းမပြနိုင်ပါဘဲ လိမ်ဇတ်အားလုံးကို အထုပ်ဖြေမပြနိုင်သေးတာ
    တော့ သံတွဲသားနဲ ့မေသခင် ကိုယ်တိုင်သာဖြစ်ပါတယ်လေဗျာ။ဒါပေမယ့် ရပ်ကွက်ထဲမှာရော၊မြို ့ထဲမှာပါ
    ဘယ်သူအော့ကျောလန်ဆိုတာ အားလုံးသူသိပြီးသားမို ့ရှင်းနေတာကို ထပ်မရှုပ်တော့ဘူး။

  • captainamerica

    December 17, 2011 at 8:46 pm

    ဟုတ်လား အဲ ဒါဆိုလည်းဒိုးတော့ အားလုံးအတွက်တော့
    ကောင်းဆုံးပဲ သူငယ်ချင်း …………………….

  • lukar

    December 17, 2011 at 9:53 pm

    သိသာပါတယ် စာရေးဆရာ ကဗျာဆရာ ပို့စ် မှာလဲ သံတွဲသားတို့နည်းတူ မန်းဂေဇက်မှ
    ဝါတော် သမတော် ကြီးရင့်သူ (ချိနီယာ) ကြီးများကိုယ်တိုင် ငယ်သံပါအောင် ငြင်းခုံ ဆဲဆို
    နေကြသည်မဟုတ်ပါလား
    ထပ်၍ ပြောချင်သည်မှာ အနှီ ချိနီယာ များသည် အုပ်စုလိုက် အသင်းလိုက် အဖွဲ့လိုက် စုစည်း
    ၍ သားကောင်တစ်ကောင်အဖြစ်ကျရောက်သူကို ဝိုင်းဝန်းပြီး အသေကောင်ပုပ် လဒ ဆွဲသလို
    အဖြစ်များ လဲ ရှိနေကြောင်းပါ ငါသည်သာလျှင် ဆရာကြီး ဟု
    မိမိကိုယ်ကိုမိမိ ဘဝင် မြင့်မနေပါပဲ သေချာစွာ ဆန်းစစ်ကြည့်ကြပါရန် ဒေါသမဖက်
    စေဒက တက်၍ ပြောလိုက်ပါတော့သည် ။

  • အာရက္ခ မြေသား

    December 17, 2011 at 10:51 pm

    အမျိုးသီလကို စောင့်သိသောသူဟုရေးလိုက်တာပါဗျာ။အလျင်စလို မအားမလပ်တဲ့ကြားက
    တကူးတကလာထိုင်ရတော့ အမှားပြန်မစစ်မိတာလေးတော့ ခွင့်လွှတ်ပါဗျာ။ခုလို ဝိုင်းဖဲ့ တိုက်
    ခိုက်မယ်ဆိုတာကို သိပြီးသားပါဗျာ။အနှီ စီနီယာများရော သူကြီးပါ ထိုမသာလောက်ကောင်
    အပုပ်အပွ၏ အရှုပ်ထုပ်များမှာ ပစ်စာဟုသဘောထားလျှင်လဲ မိတ်ဆွေကိုယ့်ညီကို တို ့မြို ့ရွာ
    တို ့တွင် ထိုသူကဲ့သို ့ကြုံဆုံခဲ့ကြလျှင် ဖြင့်…….

  • pyar tar

    December 17, 2011 at 11:11 pm

    မဟုတ်လောက်ဘူး.. သူတို့တွေက ဒီလိုအဖြစ်မျိုးတွေ့နိုင်စရာ အကြောင်းမှ မရှိတာ ၊
    အများစုက နိုင်ဂျန်ဂါး က လူတွေ ဆိုတော့ အနေသာကြီးလေ ၊
    ဒီတော့ Air အများကြီးပေးလို့ရနေတာပေါ့ ။

  • ရွှေဘိုသား

    December 18, 2011 at 9:12 am

    ဘာတွေဖြစ်နေတာလည်းကွ ရွာနဲ့ဝေးတာကြာတော့ ဘာမှနားမလည်တော့ဘူး

  • water-melon

    December 18, 2011 at 11:11 am

    အကောင်းဆုံးနည်းက ကိုယ်တိုင် wet site ထောင်ပြီး ရေးကြပေါ့ကွာ။
    နာမည်လေးကတော့ သံတွဲသားတွေရဲ့ ပေါက်ကွဲချက်ပေါ့။

  • ကြောင်ကြီး

    December 18, 2011 at 11:33 am

    လုပ်သင့်တာ သဂျီးဆီကို ပါဆယ်ဗုံးလက်ဆောင် ပေးရမှာ။။။။ 👿

Leave a Reply