အင်္ဂလန်နိုင်ငံထုတ် ရှေးဟောင်းကြွေပန်းကန်တွေ

Diamond KeyDecember 17, 20111min31521

 အင်္ဂလန်နိုင်ငံထုတ် ရှေးဟောင်းကြွေပန်းကန်တွေ

        တစ်လောက ဟိုမှာဒီမှာ မောင်ကောင်း ၊ စံလင်း လက်မှတ်ပါတဲ့ ရှေးပိုက်ဆံတွေ ရှာကြ၊ ရောင်းကြ၊ ဝယ်ကြ နဲ့ အသံစုံ ကြားလိုက်ကြ ရပါသေးတယ်။ နောက်တော့လည်း တဖြည်းဖြည်းနဲ့ အသံတွေ တိမ်ကာ ညိမ်သွားခဲ့ပါတယ်။ ရွာထဲမှာတောင် ပိုက်ဆံပုံတွေ ပြကာရေးခဲ့ကြလို့ ဗဟုသုတ ရလိုက်ပါသေးတယ်။

ဟော..အခု ရက်ပိုင်းပြန်ကြားလာရ ပြန်တာက အင်္ဂလန်နိုင်ငံထုတ် ရှေးဟောင်းကြွေပန်းကန်တွေ၊ အင်္ဂလိပ်ခေတ်က ရှေးဟောင်းအောက်လင်းမီးအိမ်တွေ၊ ဟင်္သာပုံ ရှေးဟောင်းအလေးတွေ လိုက်ဝယ်နေကြတဲ့ အကြောင်းပါ။ ဘယ်လိုအနေအထားဆို ဘယ်လောက်တောင်ပေးနေတယ် ဘာညာ ကြားနေရပေမယ့် ကိုယ်နဲ့ အလှမ်းဝေးတော့ စိတ်လည်း သိပ်မဝင်စား ဖြစ်ပါဘူး။

တနေ့က အင်္ဂလန်နိုင်ငံထုတ် ရှေးဟောင်းကြွေပန်းကန်တစ်လုံးကို ရောင်းဖို့ဝယ်ဖို့ လုပ်နေတယ်ဆိုလို့ ရွာထဲမှာ သတင်းလေးအဖြစ် ပြောရရင်  ကောင်းမလားဆိုပြီး လိုက်ကြည့်ဖြစ်လိုက်ပါသေးတယ်။ ဝယ်တဲ့သူ (သူက တဆင့် ဝယ်ပေးတဲ့ သူလို့ ဆိုပါတယ်၊ ပင်မ ဝယ်ခိုင်းတဲ့ သူဌေးတော့ လိုက်မလာပါဘူး) ပြောတာကတော့ သူတို့လိုက်ဝယ်တဲ့ အင်္ဂလန်နိုင်ငံထုတ် ရှေးဟောင်းကြွေပန်းကန်တွေက အဆိပ်ပျယ်စေတဲ့ ဂုဏ်သတ္တိရှိလို့ လိုချင်သူတွေ အတွက် လိုက်ရှာဝယ်ပေးတာလို့ ဆိုပါတယ်။

ဒါနဲ့ ကြုံတုန်း ကျွန်တော် ဓါတ်ပုံရိုက်လိုက်တာလေး ပြပါအုံးမယ်။

JOHNSON BROs တံဆိပ်နဲ့ ရွှေဆေးစက်လေး အမှတ်လေး၂ခုပါရမယ်တဲ့
အင်္ဂလန်နိုင်ငံထုတ် ရှေးဟောင်းကြွေပန်းကန်

ဒီနေ့မနက်က မန္တလေးမှာ မြို့သစ် ၅၄ လမ်းက အမည်သုံးလုံးပါတဲ့ လက်ဘက်ရည် ဆိုင်လေးတစ်ဆိုင်မှာတော့ ဒီလိုပန်းကန် အရောင်းအဝယ်လေးတစ်ခု ဖြစ်သွားတာကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ မိတ်ဆွေက ပြန်ပြောပြလို့ အရောင်းအဝယ် ဖြစ်ပုံလေး သိလိုက်ရပါတယ်။

ဝယ်သူတွေ စစ်တာက ပန်းကန်ထဲကို အရက်ပျံထည့်ကာ အပေါ်က အဖုံးပိတ်ပြီး ခဏထားပါတယ်။ ပြီးတော့ ဂွမ်းစလေးတွေကို အဲဒီ အရက်ပျံထဲ နှစ်ကာပြန်ဆယ်ပြီး မီးရှို့ကြည့်ပါတယ်။ မီးက လုံးဝ မလောင်ပါဘူးတဲ့။

နောက်စိတ်ဝင်စားစရာ စစ်တဲ့နည်းက ဝယ်မဲ့ ခွက်ရယ်၊ အခြားကြွေခွက်တစ်ခွက်ရယ်မှာ ယူလာတဲ့ အစာတွေ နှစ်ခွက် ခွဲထည့်ပြီး အသင့်ပါလာတဲ့ ကြက်၂ကောင်ကို ကြွေးပါတယ်။ ကြက်နှစ်ကောင် စားပြီးတဲ့ အချိန်မှာ တခြားကြွေခွက်ထဲက အစာကိုစားခဲ့တဲ့ ကြက်က ခဏမှာ လဲကျသွားပြီး အရောင်းအဝယ် လုပ်နေတဲ့ ကြွေခွက်ထဲက အစာကို စားခဲ့တဲ့ ကြက်ကတော့ ဘာမှ မဖြစ်ဘူးလို့ ဆိုပါတယ်။

ဒါနဲ့ အဲဒီပန်းကန်ကို သိန်း ၁၀ဝ နဲ့ အရောင်းအဝယ် ဖြစ်ကာ ပွဲခအဖြစ် ၅ သိန်းကို ရောင်းတဲ့သူက ပေးရတယ်လို့ သိရပါတယ်။ ဒါကြောင့် အသံအမျိုးမျိူးတွေ ကြားနေရတဲ့ အထဲက မိတ်ဆွေတစ်ယောက်ရဲ့ ကိုယ်တိုင်တွေ့တယ် လို့ပြောလာတဲ့ အသံလေး ရွာထဲဝေလိုက်တာပါ။

21 comments

  • manawphyulay

    December 17, 2011 at 4:03 pm

    အိမ်မှာတော့ အဘွားလက်ထက်ထဲက သိမ်းဆည်းထားတဲ့ ကြွေပန်းကန်တွေရှိပါတယ်။ အဲဒါတွေကော ရောင်းလိုရပါသလား ဦးဦးစိန်သော့ရှင့်…

    • Diamond Key

      December 17, 2011 at 4:13 pm

      အထက်က အချက်တွေကို ကိုယ်တိုင်အရင် စမ်းသပ်လေ။ 😀
      ကြက်နှစ်ကောင်ကို လည်း မညာမတာ အဆိပ်ကျွေးအုံးနော်။ 😆
      မန္တလေးက အသိတစ်ယောက်ကလည်း ဒီလိုပဲ အိမ်မှာ ရှေးဟောင်းပန်းကန်တွေ သေတ္တာကြီးနဲ့ ရှိနေတာ စမ်းကြည့်တော့ သူတို့အပြော “မအောင်ဘူး” ဆိုပဲ။ :mrgreen:

      • ဆူး

        December 17, 2011 at 4:28 pm

        လဲသေသွားတဲ့ ကြက် ချက်စားလို့ ဘယ်ရတော့မလဲနော်.. ဟိဟိ..
        သိန်း ၁၀ဝ ကွ.. အို…… ဟိုးးးးးးးးးးးး ဟိုးးးးးးးးးးး

  • မှော်ဆရာ

    December 17, 2011 at 4:23 pm

    ဒါဆို ရောင်းချင်တဲ့ တစ်ခုပြောမယ်
    အင်္ဂလန်ကထုတ်တဲ့ ရေနံဆီပန်ကာ အကောင်း ရောင်းချင်တယ်
    သူက အောက်က မီးထွန်းရင် ပန်ကာလည်တယ်။အခုထိ အကောင်းအတိုင်းလယ်တုန်း …
    ဘယ်လောက်လောက် ဈေးပေါက်မလဲ
    ပုံလိုချင်ရင် တင်ပေးမယ်
    အဆက်အသွယ်များရှိရင် ကွန်မန်းလေးများပေးခဲ့ပါ …။

    • Diamond Key

      December 19, 2011 at 11:58 am

      ပေးလိုက်ပြီးနော် နေရာလေးတွေ 😀

  • kai

    December 17, 2011 at 4:52 pm

    စိတ်ဝင်စားစရာ.. ဝက်ဘ်ဆိုက်လေးတခု၂ခုတွေ့တယ်..
    သူတို့မှာလည်း… ရွှေအမှတ်အသားလေးပါတယ်..။
    http://www.figurines-sculpture.com/pottery-mark-query-old-english-above-crown-johnson-bros-england-by-gold-handpainted-h-well-away-from-stamp-on-back.html

    How to Identify Antique China
    By Kochava R. Greene, eHow Contributor

    Antique china, whether from America, Britain, the European continent or China itself, is highly collectible. There are a number of ways of identifying and finding out about the origins, maker or designer, date of manufacture and rarity of your china. Anyone can learn how to discern antique china, armed with a few facts and a sharp eye.

    Read more: How to Identify Antique China | eHow.com http://www.ehow.com/how_5086909_identify-antique-china.html#ixzz1gmngVkNL

  • “ဘီလူးကြီး”ogre

    December 17, 2011 at 7:45 pm

    အလုပ်ကပြန်ရင်
    အိမ်ကပန်းကန်စင်မှာထားတဲ့ ကြွေပန်းကန်ရော သံပန်းကန်ရော
    စတီးဇလုံပါမကျန် ဖင်ပြန်ခေါင်းပြန်လှန်ပြီးရှာခြေမှပဲ
    တံဆိပ်ပါလို့ကတော့ …ဒါ့ပုံ ရိုက်ပြီးတင်အုံးမယ်.. 🙂 😛

  • windtalker

    December 17, 2011 at 8:48 pm

    ကိုစိန်သော့ရေ ၊ ပန်းကန်ပြား ဝယ်တဲ့သူနဲ ့များ ဆုံဖြစ်ခဲ့ရင်
    ညီငယ် မောင်ပေ့ ကို ဆက်သွယ်ပေးပါဦး ခင်ဗျ

    • naywoonni

      December 17, 2011 at 9:07 pm

      မောင်ပေက ဘာရောင်းချင်လို့လဲ …….? ပိဿာချိန်နဲ့ ဝယ်တဲ့ အထမ်းသယ်လွှတ်လိုက်ပြီ…။ 😛

      • Diamond Key

        December 19, 2011 at 12:00 pm

        ကိုပေရေ ၊ လာရင်တော့ ရောင်းတော့ဗျို့ :mrgreen:

  • nigimi77

    December 17, 2011 at 11:03 pm

    ပြောရရင် သရဖူ ပုံပါတဲ့ အသုံးအဆောင် ပစ္စည်းတွေက ငယ်စဉ်ကတည်း

    အများကြီး မြင်ဖူးခဲ့တယ် ။

    ကျုပ်အဖွား (ကွယ်လွန်) အိမ်မှာ BOC လား BOAC တံဆိပ်လားတော့ သေချာ မမှတ်မိဘူး ။

    မီးဖိုချောင်သုံး ပစ္စည်းတွေ ဒင်းဂျမ်းပဲ ။

    ပုဂံ ၊ ခွက် ၊ ဇွန်း ၊ ခရင်း …..အစုံပဲ ။

    ဈေးကောင်း ရမယ် ဆိုရင်တော့ ညှင်းညှင်းညှင်း……..

  • unclegyi1974

    December 17, 2011 at 11:09 pm

    ကိုစိန်ရေပန်ကန်က၁၀ဝဆိုနည်းသွားပြီထင်တယ်
    ကျွန်တော်ကြားတာသူ့ထက်များတယ်
    အကြားပြောတာနော်ကိုယ်တွေ့မဟုတ်

    • Diamond Key

      December 19, 2011 at 12:04 pm

      အန်ကယ်ကြီးရေ။ ဒီနေ့ ထူးထူးဆန်းဆန်း သတင်းတစ်ခု ထပ်ကြားရ ပြန်ပြီ။ ဒီတစ်ပတ် နောက်ဆုံး ဆိုလားတဲ့ ။ မနေ့က တံတားဦး လက်ဆောင်ယူ ရွာဖက်ကို လာဝယ်နေကြသေးသတဲ့ဗျာ ။ 😀

  • ဦးဦးပါလေရာ

    December 17, 2011 at 11:17 pm

    အော်…. ဒေါသဆိုတာများ အတော်ကို ကိယ်ကျိုးနဲစေပါကလား..။

    အရင်တုန်းက ကျုပ်တို့ရဲ့ အဘိုးနဲ့အဘွားသာ နေ့တခြိမ်းခြိမ်း ည တခြိမ်းခြိမ်း ရန်မဖြစ်ခဲ့ကြရင်….

    အခုလောက်ဆို ကျုပ်တို့ထောပြီ… 🙁

    • Diamond Key

      December 19, 2011 at 12:08 pm

      ဦးပါလေရာတို့ အဖိုးနဲ့ အဖွားက အချစ်ကြီးတယ်ပေါ့လေ၊ 😛
      တစ်ဦးနဲ့တစ်ဦး လက်ဖျားနဲ့ မတို့ရက်တော့ အင်္ဂလန်ပန်းကန်တွေ လေမှာ ဝဲခဲ့တယ်ပေါ့ 😀
      ဟုတ်ပါ့ဗျာ…….ခုများ ဒါတွေ ရှိသေးရင် (တစ်ကယ်ရောင်းရ မရောင်းရ) မီးလာစမ်းသူတွေနဲ့ ခြေရှုတ်နေမှာ မြင်ယောင်သေးတော့ :mrgreen:

  • water-melon

    December 18, 2011 at 9:57 am

    အရက်ပြန်စမ်းသပ်ချက်ကိုပြန်ပြောပြရစေ
    ကြွေပန်းကန်တွေက အေးတဲ့ဓာတ်ရှိပါတယ်။ အရက်ပြန်ကလည်း အခိုးပြန်ပါတယ်။
    ဒီတော့အေးတဲ့ ကြွေပန်းကန်းကို အခိုးပြန်တဲ့အရက်ပြန်ထည့်ပြီး ခဏပိတ်ပြီး မီးရှိ့တော့ ဘယ်မီးလောင်မလဲ။
    အိမ်မှာလဲရှိတယ်ဗျ။ အဘိုး အီးအိုးလားသေးအိုးလားမသိဘူး။
    😀 စတာပါ

    • Diamond Key

      December 19, 2011 at 12:10 pm

      Water-melon ရေ၊ ဒါတောင် ရှိသေးသဗျ၊ စက်မှု (၁) က ထုတ်တဲ့ အရက်ပျံနဲ့ စမ်းရမှ ဆိုပြီး :mrgreen:

  • Novy

    December 19, 2011 at 4:51 pm

    ကိုစိန်သော့ရေ.
    မနိုမှာလဲ အဲလိုတံဆိပ်ရှေးဟောင်းကြွေပုဂံတွေ ရှိတယ်
    အဘွား ငယ်ငယ်တုံးက ဆုရထားတာ အဂ်င်္လန်ကနေဆုချတာ
    အခုထိရှိသေးတယ် အိမ်တွေများလို့ ပြန်တော့ရှာရအုံးမယ်
    အရက်ပျံနဲ့တော့ စမ်းရဲတယ်
    ဆေးနဲ့တော့မစမ်းရဲဘူး

  • ဆူး

    December 19, 2011 at 5:18 pm

    ဒါနဲ့ စကားအတင်းစပ်ပြီး ပြောရရင် အိမ်မှာ အဲဒီ တံဆိပ်ပါတဲ့ မုန့်ပန်ကန် ၄ချပ်.. တချပ်က တံဆိပ် မပါဘူး။ နောက်ထပ် ထမင်းပန်ကန် ၁ချပ်.. သရဖူနဲ့ အင်္ဂလန် မဟုတ်ပဲ ဂျပန်လို့ ရေးထားတာ တချပ်.. ရှာတွေ့ထားတယ်။

  • inz@ghi

    December 19, 2011 at 6:03 pm

    ပန်းကန် ခေတ်စားနေပြန်ပါပေါ့လား ….
    ဒီက မိတ်အင်ဂျာပွန် ၁၀၀% စစ်စစ် ယွန်း ပန်းကန်လေးတွေ
    အင်ပို့ လုပ်ရကောင်းမား ……???

  • naywoonni

    December 19, 2011 at 9:43 pm

    ငယ်ငယ်တုန်းကကြားဖူးတာကတော့ ပိုင်းလော့ ဖေါင်တိန်က နစ်သွားတွေလား အဲဒါတွေ ဝယ်တယ်တဲ့…။ ဟိုတစ်လောကလည်း မားသားဘုတ်အပျက်တွေ လိုက်ဝယ်ဆို…။ ပြိးတော့ စံလင်းနဲ့ မောင်ကောင်း…။ အဟောင်းတွေ ဝယ်နေတုန်း တောက်တဲ့ လည်း မနေရ…။
    (အဲ…..တောက်တဲ့ ဆိုလို့ မသံမမြည်ပဲနဲ့ နိုင်ငံခြား ထွက်နေကြတာက ငါးရှဉ့်တဲ့ ဗျ…။)
    နောက်ဘာတွေ ဝယ်ကြဦးမလဲ…။ ဒီမှာ အဟောင်းရောင်းဖို့ စောင့်နေတယ်……….။
    ဒါပေမဲ့ ဈေးကောင်းရမှ ဖြစ်မှာနော်………… ဒါဗျဲ……..

Leave a Reply