ဟတ်ထိသော ဟာသများ

goldstarDecember 17, 20111min994

ဖတ်မိတဲ့ဟာသလေးတခုသဘောကျလွန်းလို့ ဖေါက်သည်ချလိုက် ပါတယ်။

ဘုရားသခင်နဲ့ တွေ့ခွင့်ရသော လူသားခေါင်းဆောင်သုံးဦးကို ဘုရားသခင်က မေးခွန်းတစ်ခုစီ မေးခွင့်ပြုတော်မူ၏။

ပထမဆုံးဂျော့ဘု(ချ)က…

အမေရိကန်သည် လက်နက်ဖြင့် ကမာ္ဘကြီးကို စိုးမိုးအုပ်ချုပ်နိူင်ပါမည်လား ဟုမေးရာ…

ဘုရားသခင်ကခဏ စဉ်းစားပြီး…

ဖြစ်လာပါ့မယ်။ ဒါပေမဲ့မင်းလက်ထက်မှာ မဟုတ်ဘူး။ မင်းတော့ မမီနိူင်ဘူး ….ဟုဖြေပါသည်။

သမ္မတဘု(ချ) ကဝမ်းနည်းစွာဖြင့် ငိုတော့သည်။

 

နောက်တိန့်ရှောင်ဖိန် အလှည့်တွင်…

တရုပ်ပြည်သည် စီးပွားရေးအင်အားဖြင့် ကမာ္ဘကြီးကို စိုးမိုးအုပ်ချုပ်နိူင်ပါမည်လား ဟုမေးရာ…

ဘုရားသခင်လည်း ခဏ စဉ်းစားပြီးဖြေပါသည်။

ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ မင်းလက်ထက်မှာမဟုတ်ဘူး။ မင်းလဲမမီနိူင်ဘူး ။ ဟုပြောပြန်ရာ…

တိန့်ရှောင်ဖိန် မှာလဲ ကြူကြူပါအောင် ငိုတော့သည်။

 

နောက်ဆုံး…………နိူင်ငံမှ နိူင်ငံ့တော်အကြီးအကဲ မေးရမည့် အလှည့်ဖြစ်သည်။

ဘုရားသခင်ကို ဘာမေးလိုက်သည်မသိ…. ဘုရားသခင်အားပါးတရ ငိုပါလေ တော့သည်။

????? ဘာမေးခွန်းဟုထင်ပါသလဲ မိတ်ဆွေတို့။

 

…………….မေးလိုက်သည့်မေးခွန်းမှာ

မြန်မာနိူင်ငံတွင် မီးနှင့်ရေမှန်မှန်လာပါမည်လား ဟူ၍ ဖြစ်၏ ။

 

ဘုရားသခင် ငိုပြီးမှ ဖြေတော်မူသည်မှာ…

မင်းမပြောနဲ့ ငါထာဝရဘုရားသခင်တောင် မမှီနိူင်ဘူး…. ဟု ဆိုသတဲ့ကွယ်။

 

ရေနဲ့မီးမမှန်သောဒုက္ခကြားထဲမှ တသက်လုံး ရုန်းကန်ကြရသော အောက်ဆုံးမှ အလယ်အလတ်တန်းစားအထိ

 

( VIPများမပါ။ ) ဒီဟာသလေးနဲ့ ဘဝအမော ပြေနိူင်ကြပါစေ။

 

4 comments

  • volcano101

    December 18, 2011 at 2:42 am

    တစ်ခြားမြို့မှာတော့မသိဘူး အနော်တို့ ဆီမှာ ရေကောမီးကော မှန်နေတာပဲ မှန်တာမှ ညကြီးကိုနေ့ခင်းကြီးကြနေတာပဲ

  • aye.kk

    December 18, 2011 at 5:38 am

    ရေနဲ့မီးမလာတဲ့ဒုက္ခကြီးမားတာမခံနိုင်လို့..
    ခပ်စွာစွာကောင်မငယ်လေးတစ်ယောက်ပြောဘူးတာက..
    နောင်ဘဝလူပြန်ဖြစ်ရင်တောင်..
    ရေမီးလာတဲ့ဆီမှာလူပြန်ဖြစ်ရပါစေ၏လို ့ဆုတောင်းတယ်တဲ့လေ..။

  • cobra

    December 18, 2011 at 3:21 pm

    မီးနဲ ့ရေမမှန်ရတဲံကြားထဲ
    မီတာခကိုတိုးတောင်းနေပြန်ပီ
    ပြောတော့ရေအားလျှပ်စစ်
    ကတစ်နိုင်ငံလုံး
    သုံးလို့ရတယ်တဲ့
    ဓာတ်ငွေ ့တွေကပိုလို့
    တရုတ်ကိုရောင်းတာတဲ့
    ခုကြတော့မီတာခကတိုး
    တောင်းတယ်
    စောက်ရှက်မရှိတဲ့ကောင်တွေ

Leave a Reply