စာအုပ်ထုတ်လုပ်ပုံ အဆင့်ဆင့်??

NoMoreDecember 17, 20111min1315

ကျွန်တော်သည် မန္တလေးမြို့မှ IT သမားကလေးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် IT အကြောင်း များကိုလေ့လာမှတ်သားခဲ့ရသည်။ ကျွန်တော်သည် IT နှင့် ပတ်သတ်သော စာအုပ်များထုတ်လုပ်ဖြန်ဝေ(တရားဝင်း) ရန် ဟိုယခင်ကပင် အိပ်မက်မက်ခဲ့ရသူဖြစ်သည်။ သို့သော် ကျွန်တော်သည် စာပေအသိုင်းအဝိုင်းတွင်ကြီးပြင်းသောသူမဟုတ်သည်ကတကြောင်း ကျောင်စာများနှင့် ရှုပ်နေသည်ကတကြောင်းနှင့် ထိုရည်ရွယ်ချက်ပျက်ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်သည် ယခုအချိန်၌ IT နှင့်ပတ်သတ်သောစာအုပ်ထုတ်ရန် အထူးသဖြင့် Windows 7, Windows Xp နှင့်ပတ်သတ်သော စာအုပ်ထုတ်လုပ်ရန် ဆုံးဖြတ်ချက်ချခဲ့သည် ဖြစ်သော်လည်း ကျွန်တော်သည် စာအုပ်ထုတ်လုပ်ရန်မည်သည့် စာပေတိုက်၊ စာပေစီစစ်ရေး၊ မည်မျှကုန်ကျမည် စသည်တို့ကို တစ်ခုမျှနာမလည်ပါသဖြင့် အခက်အခဲတွေနေရပါသည်။ ထို့ကြောင့် ဤ မန်ဂေးဇက်တွင် စာပေထုတ်လုပ်ရေးနှင့် ပတ်သတ်၍သိရှိသူများ အစ်ကြီးများ အစ်မကြီးများ စာအုပ်ထုတ်လုပ်ရန် ပြုလုပ်ရမည့် အဆင့်ဆင့်ကို ကျွန်တော့်အားပြန်လည်မျှဝေပေးပါခင်ဗျား။ ကျွန်တော်သည် တတ်နိုင်လျှင် မန်းမြို့တွင်သာအပြီးအစီး ထုတ်လုပ် ဖြန့်ဝေလိုပါသည်။

 

အားလုံးကိုလေးစားလျက်

5 comments

  • “ဘီလူးကြီး”ogre

    December 17, 2011 at 6:24 pm

    စာအုပ်ထုတ်ဖို့ဆိုလျှင်တော့
    သဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေရန်
    ကျွတ်ကျွှတ်အိတ်နှင့်မထုတ်ပါနှင့် စက္ကူဖြင့်သာထုတ်ပါရန်…. 🙂 😛
    ““Windows 7, Windows Xp နှင့်ပတ်သတ်သော စာအုပ်ထုတ်လုပ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်””
    ဒါမျိုးစာအုပ်တွေက ဆော့စ်ဝဲပိုင်း ဟတ်ဝဲ ပိုင်းတွေအတွက်
    စာအုပ်တွေပလူပျံအောင်ထွက်ပြီးသားလို့ထင်တယ်ဗျ
    ခင်ဗျားရေးထားတဲ့စာမူကိုတိုက်တွေလိုက်ပြရင် ခေါင်းခါကြ လိမ်မယ်ထင်တယ်
    စာအုပ်ဖြစ်ဖို့ကတော့……….
    စာပေတိုက်တွေလိုက်ပြဗျာ
    သူတို့ကြိုက်လို့ထုတ်မယ်ဆိုရင် လက်ခံလိမ်မယ်
    ပြီးရင်သူတို့ဖာသာစာပေစီစစ်ရေးတင်လိမ်မယ်
    စီစစ်ရေးပြန်ကျရင် ဟိုဖြုတ်ပါဒီဟာထည့်ပါပြောလိမ်မယ်
    အဲဒါပြင်ပေးပြီးရင် စာအုပ်ရိုက်လို့ရပြီ
    စာမူခကတော့ တိုက်နဲ့ညှိပေါ့….သိသလောက်ရမ်းတုတ်ပေးလိုက်တာပါ.. 😛

    • NoMore

      December 17, 2011 at 8:29 pm

      ဟုတ်တယ်ဗျ ကိုBလူးကြီး ရေ ကျွန်တော်ပြောချင်တာက Windows အသုံးပြုတဲ့အပိုင်မဟုတ်ဘူးဗျ Windows ကို ကိုယ်စိတ်ကြိုက်ပြင်ဆင်တဲ့အပိုင်ဗျ ထွက်ပြီးသားစာအုပ်တွေနဲ့ CONTENT တွေကွာမှာဗျ.. ဥပမာ content တွေပေရမယ်ဆိုရင်
      1. CD အထုတ်အသွင်းလုပ်ဖို့ desktop ပေါ်မှကိုယ်တိုင် shortcut
      2. Monitor ပိတ်ဖို့ desktop ပေါ်မှကိုယ်တိုင် shortcut
      3. Registry Editor ကို Control Panel ထဲးသို့ထည့်သွင်းမည်
      4. Installing Internet Information Services
      စသည်ဖြင့် ပေါ့.
      Windows7 အတွက်နောက်ကျနေရင်လည်း Windows8 အတွက်ပေါ့ဗျား။။ ကျွန်တော် Windows8 developer edition ကိုစမ်းသုံးဖူးတယ်ဗျ Windows8 ရဲ့ interface က အရမ်းလွယ်လွန်းလို့လားတော့မသိဘူး shutdown လုပ်ဖို့ ခလုပ်လိုက်ရှာတာ 10 မိနစ်လောက်ကြာသွားတယ်ဗျ.ဟိဟိ
      အစ်ကိုပေးတဲ့ idea အရမ်းကောင်းတယ်.. ကျွန်တော်လုပ်တာကနောက်ကျနေ Windows8 အတွက်ပဲပြင်ဆင်ရင်ပိုကောင်မယ်လို့ထင်တယ်ဗျ..

  • inz@ghi

    December 17, 2011 at 6:33 pm

    ဖယ်ဖျော်ရီ ဆို … windows-8 မိတ်ဆက်တော့မှာ ညီလေးရေ့ …
    ခုချိန် ကိုဘီလူးပြောသလိုပဲ …windows 7 တောင် အတော်များများက ရေးပြီးသွားကြပီဆိုတော့
    xp ဆို ဆိုဖွယ်ရာ မရှိပြီပေါ့ကွာ …

    အစ်ကို့ အမြင် ပြောရရင် …စာအုပ်တိုက်နဲ့ အရင်ဆွေးနွေးပါလားကွာ …
    သူတို့ ဘာထုတ်ချင်တယ် ဈေးကွက်က ဘာဖတ်ချင်တယ်. .အဲ့ဒါသိပြီမှ…ရေးပါလား …

    ဂေဇက်မှာ ဆိုရင်တော့
    ကိုယ့်ကို အနံ့ထုတ်တဲ့ ပရင်တာ အကြောင်း ဂျာပွန် ဇိမ်ဘုန်းတော်ဂျီး တစ်ပါးက
    ရေးခိုင်းတယ်ဟေ့ … ကိုယ်မရေးတတ်လို့ ညီလေး ရေးပေးမလားဟင်င်င်…

    ခင်တဲ့
    Inz@ghi

  • ဖီးကျူ

    December 17, 2011 at 11:04 pm

    မန္တလေးမှာ စာအုပ်ထုတ်ဝေရေးစာပေတိုက်တွေ ရှိနေတာပဲကွာ .. လိုက်မေးပေါ့ ငါ့ညီကလဲ ။
    ဒါမှမဟုတ် ဦးခင်မောင်ချို(ရူပ) တို ့လို မှတ်ပုံမတင်ပဲ ခပ်တည်တည်နဲ ့ထုတ်ပြီး စာပေတိုက်တွေ လိုက်ဖြန် ့ပေါ့။
    တစ်ခုတော့ သတိပေးလိုက်မယ် ထုတ်ဝေသူ သူဌေးဆိုတာ သမာသမတ်ရှိဖို ့ထက်
    ခေါင်းပုံဖြတ်ဖို ့က ဦးစားပေးတယ်။
    အရင်းတဝက်စိုက်မှ ထုတ်ပေးမယ်တို ့…..
    စာအုပ်မရောင်းရလို ့ စာမူခမပေးဘူးတို ့….
    အုပ်ရေလျော့ပြီး .. ခိုးရိုက်တာတို ့ …
    ဒုတိယအကြိမ်ကို ပထမအကြိမ်လိုလို ခိုးရိုက်ပြီးစာမူခ မပေးတာတို ့ …
    စာအုပ် ဘယ်နှအုပ်ထုတ်ပြီးမှ စာမူခပေးမယ်တို ့ …
    အဲလိုညစ်ပတ်တာတွေ အမြဲကြုံရတတ်တယ်။ ထုတ်ဝေသူနဲ ့တွေ ့ရင် စကားကို ပွင့်ပွင့်လင်းလင်းပြောပါ။
    သဘောတူညီချက်ကို စာချုပ်မှာချရေးပါ။

    • NoMore

      December 18, 2011 at 12:27 am

      အစ်ကို ဖီးကျူ ကိုရှယ်ကျေးဇူးတင်တယ်ဗျား အခုလို ပြန်လည်မျှဝေပေးတဲ့အတွက် ရော အကြံဥဏ်ပေးတဲ့တ အတွက်ရောပါ.. 🙂

Leave a Reply