ဘယ့်နှယ်ဗျာ၊ ဒါဘာသဘောလည်း၊ရုံးမှပြန်ရောက်ပြီးအ၀တ်စားလဲပြီးရုံရှိသေး၊ဒေါသကထွက်ရပြန်ပြီ၊
ကိုင်း ရွာသားတွေ၊ရွာသူတွေ စဉ်းစားသာကြည့်၊ ပြောတော့ သန့်ရှင်းတဲ့အစိုးရဖြစ်အောင်လုပ်မယ်ဆိုပြီး၊
ကျုပ်တို့မှာ အပြောကောင်းလှချည့်လို့ ထင်ကြေးပေးကြ၊မီဒီယာတွေကလည်းဒါဆိုကြိုဆိုပါတယ်ရေးကြ
နဲ့၊ တစ်ခါ မြစ်ဆုံကိစ မှာလည်းပြည်သူ့အသံကိုနားထောင်လိုက်လျှောပေးတဲ့ ဒို့ သမ္မတကြီးဆိုပြီးလက်ခုပ်
ရော၊ပေါင်ခမောင်းပါထခတ်လိုက်ကြတာ —ဒါအများသိပြီးသားမဟုတ်လား၊ နောက် အတိုက်အခံတွေနဲ့ဆွေး
နွေးပြီးလိုက်လျှောလမ်းဖွင့်ခဲ့တာတွေ၊ ခုလည်း တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်နေတာတွေကိုရပ်ပြီး၊ငြိမ်း
ချမ်းရေးပြန်လုပ်နေတာတွေ၊ ဘယ်လောက်အားရစရာလည်းဗျာ။
ဒါပေမည့်သည်နေ့ ညကျုပ် အိမ်ပြန်ရောက်တော့ ခေါင်းဆောင်ပိုင်းတွေကရှေ့က၊မားမားမတ်မတ်လုပ်ပြ နေသလောက်၊ သူရို့အောက်ခြေအသင်းအဖွဲ့တွေ ရဲ့ အရှက်မရှိ၊အတင်းရောအဓမရော လုပ်နေပုံတွေမြင်ရတော့၊ သူရို့ လုပ်နေတာတွေဟုတ်ကောဟုတ်ပါ့မလားတွေးမိပြန်တယ်၊အစိုးရတစ်ရပ်ဟာ သန့်ရှင်းတယ်လို့ပြောနိုင်ဘို့ အတွက်၊ သူရို့လူတစ်စုထည်းတာဝန်ရှိတာမဟုတ်ပါဘူး၊အဲသည်အစိုးရရဲ့အဆင့်ဆင့်သော၊အဖွဲ့၊စည်းယန္တယား တစ်ခုလုံးမှာပါတာဝန်ရှိတာပါ၊ သူရို့တွေအရင်ဆုံးပြုင်တာဝန်ကျေမှ ပြည်သူလူထုကိုလည်းဦးဆောင်ပြုင်ခိုင်း လို့ရမှာပေါ့ ၊ ခေါင်းဆောင်ပိုင်းတွေက ဒေါင်းမကလေးကသလို ရှေ့ကတော့ ကြည့်လို့လှပါရဲ့၊သူ့နောက်ဘက်လှည့်ကြည့်တော့ ဖင်ပေါ်နေတယ် ဆိုတာမျိုးလို၊ ဘယ်လောက်ရှက်စရာလည်းဗျာ၊ ကိုင်းသည်လောက်တောင်တို့ ဘ ကြီးတစ်ယောက်ဘာ လို့ဒေါသတွေထွက်နေရတာလည်းမမေးနဲ့ ၊စာသင်ကျောင်းကစတာပဲ၊ ဘယ့်နှယ်ဗျာ – ငါးတန်းကျောင်းသူကလေးတွေ၊ဆယ်နှစ်လောက်ခလေးတွေ ဘာစဉ်းစားတတ်အုန်းမှာလည်း၊
ကျောင်းဆရာမတွေကိုကြောက်ရတော့၊ အမှန်အမှားဆိုတားဘေးချိတ်၊ဒါလုပ်ဆို၊ခလေးတွေမှာဘယ်ပြန်ပြောရဲပါ့မလည်း လုပ်ရတာပေါ့၊ ဒါကိုအခွင့်ရေးယူပြီး ဟို အမျိုးသမီးရေးရာအဖွဲ့က ဟာမတွေက အဲသည် ဘာမှမဆုံးဖြတ်တတ်သေးတဲ့ ငါးတန်းအရွယ်ခလေးမလေးတွေကိုသူရို့အမျိုးသမီးရေးရာအဖွဲ့ဝင်ရမယ်ဆိုပြီးဝင်ခွင့်ဖေါင်တွေဖြည့်ခိုင်းတယ်ဗျာ၊ ကဲ စဉ်းစားသာကြည့်၊ လူ့အညွန့်ခူးစားပုံများ၊ နောက်ပြီး ဘာတဲ့- အတန်းထည်းမှာ အဆင့်တစ် မှ တစ်ဆယ် အတွင်း ရှိတဲ့ကျောင်းသူတွေဖြစ်ရမယ်တဲ့လေ၊ သူတို့ရည်ရွယ်ချက်ကဘာလည်း၊ဦးတည်ချက်ကဘာလည်း၊ ပြည်သူမိဘ တွေကိုချ မပြသင့် ဘူးလား၊ အဲသည်ကိစ္စတွေကိုအဲသည်ခလေးတွေဘာမှတောင်သိခွင့့််မရဘူး၊နောက် ၊သူရို့ဖေါင်မှာ၊ကတိသ စ္စာပြု ပါသည်ဆိုတဲ့အချက်ပါပါသေးသတဲ့၊ ဘာကို ခလေးတွေ ကသစ္စာပြုရမှာ တုန်း၊ အသက်(၁၈)နှစ်မပြည့်သေးတဲ့ ၊ကလေး တွေကို အဓ္ဓမ သူရို့အဖွဲ့ထည်းဇွတ် ၀င်ခိုင်းတာဟာ လူ့အခွင့်အရေးကို ဖေါက်ဖျက် တဲ့လုပ်ရပ်ပါပဲ၊ပြောရရင်- ဒါ – တာမွေမြို့နယ်ကအထက်တန်းကျောင်းတွေမှာလုပ်နေတဲ့ကိစ ပါ။ သည့်ပြင် မြို့နယ်တွေတော့ကျုပ်မသိဘူး။
ပြည်သူတွေအများစုက အဲသည် အဖွဲ့အစည်းကိုနဂိုကတည်းကအမြင်မကြည်ပါဘူး၊ရွေးကောက်ပွဲမဲခိုးခဲ့တာ၊ကြံ့ဖွံ့ရဲ့အမတေ အဖွဲ့လို့မြင်တာကလား၊ သည်တော့သူရို့အဖွဲမျိုးတွေကိုမှန်မှန်ကန်ကန်မြင်ပြီးလူကြည်ညိုစေချင်ရင်၊ထောက်ခံစေချင်ရင်၊ပြည်သူချစ်အောင်နေမှ၊ ရိုးရိုးသားသားဆောင်ရွက်ပြမှ ရမှာမဟုတ်ဘူးလား၊အဲသည်တာမွေမှာ တစ် ချို့ ကြံ့ဖွံ့ တွေ ပြည်သူကို ကူညီဘို့ အထက်အဖွဲအစည်းက ချေးငွေတွေထုတ်ချေးစေတာကို၊ အခွင့်ကောင်း ယူပြီး၊ သူရို့ထံမှငွေချေးသူတွေကို မာဖီးယားဂိုဏ်းလိုသဘောထား၊သူရို့နဲ့အစဉ်မပြေတဲ့ အခြားအရပ်သူ၊ အရပ်သားတွေကို မကြားတစ်ကြား ဆဲခိုင်း တာတွေ၊ မဟုတ်မတရား၊သပုတ်လေလွင့်လျှောက်ဝါဒဖြန့်တာတွေ ရှိနေပါတယ်၊ သည်ကိစ္စ တွေကို အဖြစ်မှန်သိချင်ရင်ပိုက်ဆံချေးတဲ့သူတွေကိုခပ်ကြမ်းကြမ်းလေး၊ ထောက်လှမ်းရေးနည်းပညာသုံးပြီး ဖေါ်ထုတ် ပြုင်သင့်ပါတယ်၊တာဝန်ခံအဆင့်ဆင့်မေးနေရင် ပျက်စီးခဲ့တဲ့ မဆလ တုန်းကလိုပဲ အဆင့်ဆင့် အကာကွယ်ပေးပြီး လိမ်နေကြ အုန်း မှာပါ။ကျနော်ပြောချင်တာက သန့်ရှင်းတဲ့အဖွဲ့အစည်းကပေါ်ပေါက်လာတဲ့ အစိုးရ အဖြစ်တစ်ကယ်မြင် ချင် လို့ပါ။မင်းကကောင်းချင်ပေမည့်၊ မင်းမြှောင်ဖျက်တဲ့ကိစ္စတွေ မြန်မာပြည်မှာဆိတ်သုန်းသင့်ပါပြီခင်ဗျား။
တစ်ကယ်သန့်ရှင်းမွန်မြတ်၊ကိုယ်ကျိုးစွန့်ပြီး၊ တိုင်ပြည်ကောင်းအောင်လုပ်လျှင် ဘယ်အဖွဲ့ကိုမဆိုကျုပ်တို့ပြည်သူတွေယုံကြည်ကိုးစား၊ အားပေးလာကြမှာ မလွဲပါခင်ဗျား။ ( ပြုင်စေချင်ပါသည်၊သန့်ရှင်းစင်ကြယ်စေချင်ပါသည်) သက်ဆိုင်ရာများပြုင်နိုင်ကြပါစေ။

About ba gyi

ba gyi has written 34 post in this Website..