မောင်တို့ ကင်မလာမန်း ဆိုသည်များဝယ်….

ムラカミDecember 17, 20116min24229

သည်တပုဒ်တော့ ခေါ်ဖီ ဖေ့စ့် … တင်မယ်နော. ….

ဖိုတို ဂလပ်ဖီ ဆိုတာ မလွယ်တဲ့အကြောင်းရယ်ပါ ….

တိုက်ဆိုင်မှု ရှိရင် ခွင့်လွှတ်….

အာဟိ …

ကဲ စလိုက်ကြရအောင်…

 

၁. ဖိုက်ဒီ ပါခည…

 

 

၂. အသာလုပ်ပါ အမေရယ်..

ဒါ … အန်တီဝေဝေ ..ဖြစ်မယ်ဂျ… ခစ်ခစ်..

 

 

၃. အဲ့သလို စိတ်ကြီးထှာ..

 

 

၄. အသာလုပ်ပါ ဆြာ ရွှေတိုက်စိုး ….

 

 

 

၅. တလုံးလောက် စွန့်ပါလားဟင်င်င်…

 

 

၆. ဂီ့လို ပဲ low angle သိပ်ကြိုက်တဲ့ ဆြာ ထင်ပါ့…

လက်စသက်တော့ M-Lulin လေးကိုး …

 

 

၇. ဒါက high-angle သိပ်ကြိုက်တဲ့ ဦးနိုပါခင်ဗျား…

 

 

 

၈.  နကွန်း ဆြာတွေလည်း တူတူဗျဲ… ဘဘဘလက်များလား မသိ…??

 

 

 

 

၉. ပုဝါမကူ ရေမရှူကြေး …

 

 

 

၁၀. ဒါမျိုးတော့ဖြင့် ကျွန်ုပ် မရိုက်ရဲပေ…

(ကမှော်ရီး …ခင်ညား တွားရိုက်လိုက်ပါလားဟင်င်င်)

 

 

၁၁.အားကိုးပါတယ် ဆြာသော့စ်…

 

 

 

 

၁၂. အဲ့လိုလူ တကယ်ရှိတာဗျ…

 

 

 

၁၃. ကြိုပြောပါရစေ …အဲ့လာ …ဂီ မီဟုတ်ဝူးနော်…..

 

 

 

 

၁၄. လွတ်အောင်ပြေး ပါအောင်သယ်…ကမေပေါင်ရေ့ …

 

 

၁၅. ဦးဖက်တီး လေများလား …..???

 

 

 

16. လက်ဆော့ တဲ့လူတွေများ ပြောပါတယ် ..ငယ်ငယ်ကတည်းက …အာဟိ..

 

 

၁၇. အဲ့လာဒွေကြောင့် ဂီက စိုင်ပစ်ရင် တကောင်တည်းပစ်တာ…

 

 

၁၈. ဒါကမှ ဦးဖက် အစစ်ပါခင်ညား…

 

 

၁၉. ဖေ့စဘုတ်မှာတော့ ဘောဒါတွေက ရေးတယ် …အဲ့လာ ဂီတဲ့…

ဟုတ်ကဲ့ ..ပေးတဲ့ဆုနဲ့ ပြည့်ပါစေ…

 

 

၂၀. သင်ပေးပါလို့ ခနခန ပြောသော်လည်း မသင်ပေးခင်က တတ်နေပြီးဖြစ်သည့် ကိုရင်အီးတီ

 

 

 

 

၂၁. ခုတလော ရွာထဲမှာ ပျောက်နေသည့် ..ဝီအာရ်ဝမ်း လေးများလား???

 

 

 

၂၂. အဆိုပါ နိုက်ကွန်ကြီးသည် …သောစ့်လော ၊ မှော်လော ၊ …လော …လော…

 

 

 

၂၃.ကနွန်း တပ်ပေါင်းစု … အင်အားပြနေစဉ်…

 

 

 

တွေ့လား ဒါ့ပုံရိုက်စားရတာ မလွယ်ဝူးခည….

ကျုပ်လည်း …. ရေကူးဝတ်စုံ ထုတ်တဲ့ ကန်ပနီ တခုခုကနေ

ပါမန့်နန့် ဖိုတိုဂလပ်ဖာ ခန့်ရင် …ဦးနှောက်ခြောက်တဲ့ …အလုပ်တွေကနေ

အနားယူဖို့ စဉ်းစားထားတယ်. ….

 

အဲ့သည့်အခါ

အလုပ်ခွင်က …ကမ်းခြေတွေမှာပဲအဖြစ်များမှာမို့ ….

အသားလေး … ညိုပြာညက်သွားရင် .မစိမ်းကားရဝူးနော် …ရွာသူတို့….ခိခိ

 

 

ခင်တဲ့..

Inz@ghi

29 comments

  • koyinmaung

    December 17, 2011 at 8:01 pm

    အောင်မလေဂိဂိရေ ကင်မရာမင်းအလုပ်ကလဲမလွယ်ပါလားနော်
    သူတို့ကိုင်တဲ့ကင်မရာတွေတင်ပဲမနဲမနော်…..
    ကင်မရာမင်းမလုပ်ခင်ဝိတ်မ လေးကျင့်ခန်းလုပ်ရမယ်ထင်တယ်
    ခုလိုပုံတွေတင်ပေးတာကျေးဇူးဘဲနော ်ခုမှမြင်ဘူးတယ်….

  • naywoonni

    December 17, 2011 at 8:22 pm

    မစိမ်းကားရဝူးနော် …ရွာသူတို့….ခိခိ)) လို့ ဆိုလေတော့ ရွာသားတွေကျတော့ စိမ်ချင်စိမ် ကာချင်ကာ ပေါ့ အဲဂလိုလား …။ နီ့ ထော်တော့ဘူး….။ ငယ်ချာယင်းဖျက်လယ်……..။

  • windtalker

    December 17, 2011 at 8:27 pm

    ဟုတ်ပ ၊ ကျုပ် သာ သူတို ့လို ကင်မလာ ကိုင်ပြီး လိုက်ရိုက်ရမယ် ဆိုရင် အာနိုးလို ဘော်ဒီ ဖြစ်နေလောက်ပြီ

  • MaMa

    December 17, 2011 at 9:23 pm

    ပုံကောင်းတာလည်း မပြောနဲ့ ရိုက်တဲ့လူတွေ ပြောင်းတွေကိုလည်း ကြည့်ဦးလို့ ပြောလိုက်သလိုပါပဲ … 🙂

  • MaMa

    December 17, 2011 at 9:24 pm

    ပုံကောင်းတာလည်း မပြောနဲ့ ရိုက်တဲ့လူတွေ ပြောင်းတွေကိုလည်း ကြည့်ဦးလို့ ပြောလိုက်သလိုပါပဲ … 🙂

    (ကင်မရာ၏နောက်ကွယ်ကို မြင်လိုက်ရလို့ ကျေးဇူးပါ။)

    • inz@ghi

      December 17, 2011 at 9:28 pm

      တချို့ပြောင်းတွေ သိန်း ၁၀ဝ ကျော်ပါတယ်ဗျာ…
      ဘော်ဒီတွေလည်း သိန်း ၅ဝကျော် တွေရှိပါတယ်ဗျ….

      မဝယ်နိုင်ပါ …..ကြုံလို့ …. ဒီပါ့မန့် စတိုးတွေမှာ စမ်းနှိပ်ကြည့်တော့
      ရုပ်ထွက် လွန်စွာ ကွာပါတယ်ခညား..

      🙁

      • M-Lulin

        December 18, 2011 at 12:06 am

        7D ဝယ်မယ်.. 7D ဝယ်မယ်… အာဟိ .. လှမ်းကြွားတာ ..

  • TTNU

    December 17, 2011 at 10:25 pm

    မောင်ဂီ .. မင်းအမည်ကို မြန်မာFont မပြောင်းဘဲ ရိုက်ရင် armif အာမိဖ် ဆိုတဲ့
    စာလုံးရတယ်။

    ပြောချင်တာကသတ်သတ်ပါ။ မောင်ရင့် ပုံတွေနဲ့ စာသားနဲ့ ကြည့်ကောင်းဖတ်ကောင်းတယ်။
    စိတ်ဝင်စားစရာကောင်းတယ်။

    ဓာတ်ပုံကောင်းတစ်ပုံထွက်ဖို့ တကယ်ခက်တာကို
    တီချာတို့က “လှတယ်နော်။ ကူးသွားပြီနော်” နဲ့ အားနာစရာကြီးနော်။

    • inz@ghi

      December 17, 2011 at 10:47 pm

      ကျေးဇူးပါ တီချယ်ကြီးရေ …
      ကြိုးစားဆဲ သင်ယူဆဲ..လေ့လာဆဲပါဗျာ ..

      တနေ့တော့ .. ဆိုတဲ့အတွေးနဲ့ပေါ့ …
      ကူးပါဗျာ… ကျနော်တို့အတွက် အားပေးမယ့်လူ တကယ်လိုအပ်တာပါ…
      desktop တင်ထားပေးမယ့် ပရိတ်သတ်ကစလို့ … သတင်း ဒါ့ပုံအလယ်
      ဈေးကြီးပေးဝယ်ရတဲ့ ပရီမီယမ်တွေအဆုံးပေါ့ဗျာ ….

      ပုံကောင်းရဖို့ အနည်းငယ်တော့ ရီစရာကောင်းမယ့် ကြိုးပမ်းအားထုတ်ရမှုတွေ…
      ရှိကြောင်းလေးတော့ …ပြောပြခွင့်ရလို့ ကျေးဇူးပါ…

      ကိုကြည် ကပြောတယ် … တယောက်ရဲ့ ဒုက္ခဟာ တခြားအယောက်အတွက်ဟာသ
      တဲ့ …
      တဲ့တဲ့ မှန်ပါတယ်ဗျာ …

      ခင်တဲ့
      Inz@ghi

      p.s ကျနော် သည်၂၀၁၁အတွက် ရိုက်ဖူးသမျှထဲက greatest hits လုပ်နေပါသည်
      တင်ဖြစ်ရင်အားပေးကြပါဦးနော်..

      • M-Lulin

        December 18, 2011 at 12:09 am

        ဒီနေ့တော့ စိတ်မကောင်းစရာပဲ .. နှစ်ချပ်ပူး ခံလိုက်တာ filter တစ်ချပ် ပြုပ်ကျသွားတယ်။ holder မကောင်းလို့ .လေ .. ဂါး .. filter တစ်ချပ် က နဲနဲကြီးတော့ ချောင်ကျ သွားတာ.. ဂျပန် မိတ် holder လေးများရရင် သိပ်ကောင်းမှာပဲ … လိုကယ် မှာ . adapter ring တွေ တော့ ပေါပါ့ .2000 ပဲ ပေးရတယ်။ 🙂

      • kai

        December 18, 2011 at 10:23 am

        ၂၀၁၁ အတွက် ရွေးထားတာလေးတွေတင်ပေးပါဥင်္ီး..။
        ဝိုင်းရွေးပေးချင်လို့ပါ…။

        ပြောရရင်.. မြန်မာပြည်က ဒါ့ပုံဆြာတွေ ဝင်ငွေအင်မတန်ကောင်းတယ်တဲ့..
        တလ ၂သောင်းအေးဆေးဆိုပဲ..။
        ဟုတ်လားဟင်င်င်င်…။ 😆

        • inz@ghi

          December 18, 2011 at 10:43 am

          တင်ပါ့မယ် သဂျီး …
          ကတ်တီဂိုရီ ခွဲတာ ..နည်းနည်း လက်လွန်သွားလို့ ..၂၅ခုဖြစ်နေဒယ်…
          တခု ၅ပုံဆို ..၁၂၅ပုံခည…..(ငြိုငြင် တွားဘီ ထင်ဒယ် ..အာဟိ)
          ကိုယ်မွေးထားတဲ့ သားသမီးများလိုပဲ …ဟိုဟာလေးလည်းချစ်
          ဒီဟာလေးလည်း မပစ်ရက် …..

          တလ၂သောင်း … ?အစိမ်းကိုပြောတာလားဗျာ …
          ရချင်လည်း ရမပေါ့လေ. ..
          ကျနော့် မြင်ဆရာ ချက်ဆရာ တယောက်ကတော့ …
          တပုံ ၁၀၀ဝ တော င်းတယ်ဗျ ….တောင်းရလောက်အောင်လည်း ကောင်းတယ်…

          ကော်မာ ရှယ်လ် သမား ဖိုင်းအတ် သမား ကွာသေးသကိုးဗျာ …
          ဖိုင်းအတ်တွေထဲမှာပဲ တောင် …. ဆြာဝန်လောကစကား ငှားပြောရရင် …
          OG, child, cardiac, ortho ….ဘလား ဘလားဘလား …
          ဇောင်းပေးလေ့လာလိုက်စားတဲ့ ဖီးလ်တွေ ကွာသေးတာကိုးဗျ…

          skill + technique
          gear + sense
          သည်လိုမျိုး … ပါရမီ နဲ့ ရုပ်ဝတ္ထုပိုင်း သမ မျှတအောင် လုပ်ရတဲ့အလုပ်ပါဗျာ..
          အတော် မလွယ်ဘူး…

          သည်တော့ ….
          ရွာသူလေးများ ခင်ဗျား ..
          ကင်မလာမန်းများကို တန်ဖိုးထားပါ ချစ်ပါ ရိုသေပါ လေးစားပါ. ..ကြင်နာပါ သနားပါ အသိအမှတ်ပြုပါ..

          ပုံ …..
          Antonymous MarketoGrapher…

    • naywoonni

      December 18, 2011 at 7:25 pm

      armif အာမိဖ် ဆိုတဲ့စာလုံး ကိုမြင်လိုက်တော့ ကျွန်တော်တော့ အာခိမိဒိ ကို သွားသတိရတယ် ဆရာမကြီးရေ…….။ ရေချိုးခန်းထဲက ရေချိုးရင် ထပြီး လမ်းပြေးထွက်မိတဲ့ သိပ္ပံ ပညာရှင်ကြီးလေ…….။

  • လှချင်လှမလှချင်နေ
    မောင်ဂီရေ
    အဲလောက်ကြီးတော့ ရေမလောင်းနိုင်တာ သိပ်ကိုသေချာပါတယ်။
    လက်ဆော့တဲ့ကိုပေါက်

  • “ဘီလူးကြီး”ogre

    December 18, 2011 at 9:08 am

    ဟမ်းမလေး..ဟမ်းမလေး
    နည်းနည်းနောနော မှန်ပြောင်းကြီးတွေမဟုတ်ဘူး
    ဒီမှန်ပြောင်းကြီးတွေနဲ့ အချိန်ခံလိုက်ရရင်တော့
    အောင်မငီး …တွေးရဲဘူး ကြောက်ထှာ 🙂 😛

  • hmee

    December 18, 2011 at 3:58 pm

    ဓါတ်ပုံတွေကြည့်ပြီး အရမ်းအရမ်းကို သဘောကျမိသွားပါတယ်။ ကိုယ့်ဝါသနာနဲ့ကိုယ် ရူးသွပ်နေကြတာများနော်။ ပြောင်းတောင် ၁၀ဝတဲ့ အနားတောင် မသီနိုင်ဘူး။ 🙂

  • blackchaw

    December 18, 2011 at 6:18 pm

    ဘဘ ဘလက် ကို
    ပို့စ်ထဲတွင်
    အမှတ်တရ ရေးသားပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်ဗျာ။

  • weiwei

    December 18, 2011 at 6:25 pm

    အန်တီဝေဝေက သားတွဲလောင်းနဲ့ မဟုတ်ရပါဘူး ဂီဂီရယ် … 😛
    ခရီးသွားဖြစ်တိုင်း သူငယ်ချင်းကို ဓါတ်ပုံရိုက်ပေးရတဲ့အခါတိုင်း အမြဲအပြောခံရတာက ” တော်တော်ညံ့တဲ့ ကင်မလာမန်းတဲ့ ” သူတို့ကပြောတယ် ရုပ်ဆိုးတာကို လှအောင်ရိုက်နိုင်မှ ကင်မလာမန်းတော်တာဆိုပဲ ….
    ” အခုထိ မလှတဲ့သူကို လှအောင်မရိုက်တတ်သေးဘူး ” 🙂

  • တညင်သား

    December 18, 2011 at 7:25 pm

    “ရွာသူလေးများ ခင်ဗျား ..
    ကင်မလာမန်းများကို တန်ဖိုးထားပါ ချစ်ပါ ရိုသေပါ လေးစားပါ. ..ကြင်နာပါ သနားပါ အသိအမှတ်ပြုပါ..”
    ကင်မလာလေး ရှေ့ထားပြီး သုံးခါတောင် မန်းပစ်လိုက်တယ်…..ဥုံ…..ဥုံ ….ဥုံ…. :p :p

  • pooch

    December 18, 2011 at 8:04 pm

    တချို့ ကင်မရာမန်းပုံတွေက သတင်းသမားတွေရဲ့ တစိတ်တဒေသပုံတွေလို့ထင်တယ်…
    သတင်းသမားများ ကင်မရာကို အသက်ထက်ချစ်တယ်ဆိုတာ Bang Bang Club ကို ကြည့်တုန်းက သေခါနီးနေတာတောင် ကင်မရာကို လက်ကမချဘူး…..

    အသက်တမျှကို ဖက်တွယ်ထားကြတယ်.. ဩချလောက်တယ်……

    • inz@ghi

      December 18, 2011 at 8:09 pm

      yes… i married to my miss.550D …
      absolutely true

      thx u

      😀

  • မှော်ဆရာ

    December 20, 2011 at 10:09 am

    မောင်ဂီရေ အဘနဲ့ သွားတွေ့နေလို့ ရွာထဲ မဝင်ဖြစ်တာဟေ့ ..
    တို့တွေရဲ့ သရုပ်အမှန်ကို မင်းက ထုတ်ပြန်လိုက်တာပါပဲ ..
    ကောင်းတာပေါ့ကွာ …..

  • မှော်ဆရာ

    December 20, 2011 at 12:27 pm

    အဘနဲ့သွားတွေ့နေလို့ ခုမှ ပြန်ရောက်တယ်ဟေ့ ..
    ကင်မရာသမားတွေဘဝကို မီးမောင်းထိုးပြလိုက်သလို ရှင်းရှင်းလင်းလင်း မြင်ရပါ၏

  • မှော်ဆရာ

    December 20, 2011 at 12:30 pm

    အဘနဲ့ သွားတွေ့နေလို့ ခုမှ ပြန်ရောက်တယ်ဟေ့
    ကင်မရာသမားတွေ ဘဝကို မီးမောင်းထိုးပြလိုက်သလို မြင်ရပါတယ်…

  • Khaing Khaing

    February 29, 2012 at 1:58 pm

    အဟိ အဟိ ရီရတယ် အဂီရဲ့ တစ်ချို့ပုံတွေကို ကြည့်ဖူးတယ် သူငယ်ချင်းတွေ ရှယ်ပေးထားတာ တစ်ချို့ပုံတွေကမကြည့်ဖူးဘူး စာလေးနဲ့ပုံလေးက သိပ်လိုက်ဖက်တယ်…နူးဘာဂီ ပုံကဘာလို့မပါတာလဲ…အဂီနားရောက်ရင်တော့ သတိထားရမယ်…

  • နွေဦး

    February 29, 2012 at 3:23 pm

    ပင်ပင်ပန်းပန်း ခက်ခက် ခဲခဲ
    တပုံကောင်းရဘို့ ပုံတသောင်းလောက် ရိုက်ကြရပါတယ်
    ဒီခေတ် ဓါတ်ပုံဆရာတွေက ငွေကုန်ကြေးကျ နည်းသွားပြီ
    အရင်က ဖလင်နဲ့ ကူးဆေးခက ဝါသနာရှင်တွေကို မဟေသီတွေက
    အိမ်ပေါ်က မောင်းချ ချင်လောက်ပါရဲ့…
    ခုတော့ ဓါတ်ခဲမကုန်မချင်း ကတ် မပြည့်မချင်း ရိုက်ပါလေ့
    ကောင်းမကောင်းပြန်ကြည့်ချင်လဲ ကူးဆေးစရာ မလို ချက်ချင်း ပြန်ကြည့်
    မကြိုက်ရင် ချက်ချင်းပြင် လိုတာ ချက်ချင်းဖြည့်
    သူတို့ခေတ်က မိုက်မှမိုက်

  • သူရဇော်

    February 29, 2012 at 3:40 pm

    ဂီ ရွှေတိုက်စိုး လုပ်နေပုံက မြေကြီးကို ဒုက္ခပေးနေသလိုပဲနော်…….

Leave a Reply