စိတ်ထား

ashinthusittaDecember 17, 20111min1015

သူ၏မယား

ကိုယ့်အမိလားသို့

စိတ်မှားထား၍

ပြစ်မှားခြင်းမှ

ကင်းဝေးပါစေ

ချစ်မိတ်ဆွေ..

သူ၏ဥစ္စာ

ရတနာကို

ရွှ့မြေအလား

စိတ်မှားထား၍

လိုချင်မှုကင်း

ပြစ်မှားခြင်းမှ

ကင်းဝေးပါစေ

ချစ်မိတ်ဆွေ…

အခြားသတ္တဝါ

မိတ်သဟာကို

ကိုယ့်ကိုယ်အလား

စိတ်မှားထား၍

ငြှင်းဆဲခြင်းမှ

ကင်းဝေးပါစေ

ချစ်မိတ်ဆွေ…

5 comments

  • Shwemoe

    December 17, 2011 at 11:52 pm

    ဒီကဗျာ လေးကတော့ ရွာထဲမှာ အခု ဖြစ်နေတဲ့ စကားစစ်ထိုးပွဲ တာဝန်ခံများ ဖတ်သင့်
    တယ် လို့ ထင်မြင်မိကြောင်းပါ ဘုရား …

  • aye.kk

    December 18, 2011 at 5:45 am

    စိတ်သာအဓိက..
    စိတ်သာပဏာမ..
    စိတ်တစ်ခုရုပ်ကိုးဆယ်..
    စိတ်သာရှင်စောဘုရားဟောတဲ့ဗျား..။

    • ashinthusitta

      December 19, 2011 at 10:18 am

      စိတ်သာအဓိက စိတ်သာပဓာန ထားလိုက်ပါ စိတ်တစ်ခု ရုပ်ကိုးဆယ်ဆိုတာကတော့ မမှန်ဘူး အဲဒါက စိတ်တစ်ခုယုတ် ကိုးဆယ်ဆိုတာ စိတ် ရှစ်ဆယ့်ကိုးပါးကိုပြောထားတာဖြစ်တယ် ကိုးဆယ်ကို တစ်ခု နှုတ်ထားတော့ စိတ်တစ်ခုယုတ် ကိုးဆယ်ဖြစ်တာ အဲဒါကို ဂဃနဏ မသိတဲ့သူတွေက စိတ်တစ်ခုမှာ ရုပ်ကိုးဆယ်ဖြစ်တယ်လို့ ထင်တတ်ကြတာ.. အပြစ်လို့တော့ မပြောသာပါဘူး..

  • windtalker

    December 18, 2011 at 12:25 pm

    “သူ၏မယား
    ကိုယ့်အမိလားသို့
    စိတ်မှားထား၍
    ပြစ်မှားခြင်းမှ
    ကင်းဝေးပါစေ
    ချစ်မိတ်ဆွေ..” ကို ဘာသာပြန်ကြည့်မယ်နော်
    သူ၏မယား = သူ ့မိန်းမကို
    ကိုယ့်အမိလားသို ့= ကိုယ့်အမေ၊မိခင် ကဲ့သို ့ ( အမိအဖ = အမေ အဖေ )
    စိတ်မှားထား၍ = မကောင်းသော စိတ်ထား၍
    ပြစ်မှားခြင်းမှ = မကောင်းတာ လုပ်ခြင်းမှ
    ကင်းဝေးပါစေ ချစ်မိတ်ဆွေ = ရှောင်ကြဉ်ပါ သူငယ်ချင်း
    အဲဒီလို သဘောပေါက်မိတယ် ဗျ

    • ashinthusitta

      December 19, 2011 at 10:26 am

      အဓိပ္ပါယ်ကိုက အဲဒီလိုရေးထားဆိုတော့ အဲဒီလို သဘောပေါက်တာဟာ မှန်တဲ့ သဘောပေါက်ခြင်းပဲ ဒကာတော် ဒဲ့ပြောရင် လူတွေက မကြိုက်မှာဆိုးလို့ ကဗျာအဖြစ်နဲ့ ရေးထားတာ.. အဲဒီစာသားက ဟိတောပဒေသ စာအုပ်ထဲမှာ စာသားအဖြစ် ရှိတယ် ဦးဇင်းက ကိုယ်အတွေးနဲ့ကို ကဗျာ ပြန်ရေးထားတာ..

Leave a Reply